သုံးလွှာယွမ်မီး
Vol. 123 Ch. 4.1354
ညဘက်တွင် အမဲလိုက်ကွင်းသည် ပို၍ပင် အထီးကျန်နေပုံ ပေါက်သော်လည်း အဆုံးမရှိ လူသတ်ချင်နေသော အငွေ့အသက်များကတော့ အပြည့်ပင်။ အမှောင်ထဲမှာ မရေမတွက်နိုင်တဲ့ မိစ္ဆာသားရဲတွေက ပုန်းအောင်းနေပြီး အချိန်မရွေး အပြေးအလွှား ထွက်လာကာ လူသားတွေကို သတ်ဖို့ စောင့်ဆိုင်းနေကြလေသည်။
ကျီရွှေရဲ့ ရဲစွမ်းသတ္တိက အစကတည်းက ကောင်းသည်။ သူမသည် မိစ္ဆာသားရဲများကို ဆွဲဆောင်မိမှာ ကြောက်သောကြောင့် ညဘက်တွင် မီးကို ဘယ်တော့မှ မထွန်းဝံ့ခဲ့ပေ။
ဒါပေမဲ့ တစ်လကျော်ကြာတော့ အမဲလိုက်ကွင်းက ငြိမ်သက်သွားကြောင်း သူမ တွေ့ရှိခဲ့သည်။ သူမနှလုံးသားထဲမှာ မိစ္ဆာသားရဲတွေအပေါ် ကြောက်ရွံ့မှု အရိပ်အယောင်တွေ ရှိနေပေမယ့် ပေါ့ပါးသွားပါပြီ။
အထူးသဖြင့် အဆင့်နိမ့် မိစ္ဆာသားရဲတွေရဲ့ ဦးနှောက်ကို နတ်ဓားဖြင့် အထပ်ထပ်အခါခါ ထိုးဖောက်ကာ ထိုမိစ္ဆာသားရဲများ၏ မျက်လုံးများထဲက ကြောက်ရွံ့မှုကို မြင်ရသောအခါ သူမစိတ်ထဲတွင် စွဲမြဲနေခဲ့သော အယူအဆများက တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။
မိစ္ဆာသားရဲများက ကြောက်စရာ မဟုတ်ပါ။ သူမတို့သည် မိမိတို့လာသာ ကြောက်ရွံ့ရန် ကြိုးစားနေသည့် လူသားများသာ ဖြစ်လေသည်။
ခံနိုင်ရည်ရှိသရွေ့ ဒီလို သားရဲအသားတွေကို ကင်ပြီး စားလို့ ရပြီ။ မိစ္ဆာသားရဲတွေဟာ ၎င်းတို့အား ရှာတွေ့ရှိခဲ့သော်လည်း အလျင်စလို မထွက်လာဝံ့ပေ။ သို့မဟုတ် ၎င်းတို့အနီးနားတွင် ရှိနေသည့် သတင်းကို ကြားကာ အသတ်ခံရမည်ကို စိုးရိမ်သောကြောင့် အဝေးသို့ ထွက်ပြေးသွားခြင်းလည်း ဖြစ်နိုင်သည်။
သူမ၏ နှလုံးသားထဲတွင် လုရွှမ်အပေါ် အဆုံးမရှိ ကြည်ညိုလေးစားမှု အပြည့်ဖြင့် ဆက်ဆံနေသည်။ လုရွှမ် ဘယ်ကလာတာလဲ သူမ မသိပေမယ့် 100% ယုံကြည်မှုရှိ၏။ လုရွှမ်ဘက်က ပေါ့ပေါ့တန်တန် ညွှန်ပြပြီးနောက် သူမရဲ့ ဓားစွမ်းရည်က အလွန်ပင် အစွမ်းထက်လာသည်။
ဒါက လူသားတွေရဲ့ ဓားသိုင်းတစ်ခုရော ဟုတ်ရဲ့လား??
အမှန်တော့ လုရွှမ်သုံးတဲ့ ဓားသိုင်း အမျိုးအစားက သဘာဝအားဖြင့် လူသားတွေ ဖန်တီးထားတာနှင့် တူသော်လည်း ယင်းက သူမကို ပို၍ပင် စိတ်လှုပ်ရှားစေသည်။
မိစ္ဆာသားရဲတွေက အမြဲတစေ အစွမ်းထက်နေကာ မွေးဖွားခြင်းသစ်ပင်၏ နွယ်ပင်များရှေ့တွင် ၎င်းတို့၏ မှော်အစွမ်းများကို ပြသလေ့ရှိသည်။ ရှင်းရှင်းလင်းလင်း ပြောရရင် လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာက လူသားတွေတောင်မှ လက်ခံခဲ့ကြတဲ့ အရာတစ်ခု ဖြစ်သည်။ ဆိုလိုတာက လူသားတွေရဲ့ အရည်အချင်းနဲ့ သားရဲတွေရဲ့ ကွာခြားချက်ဟာ ကြီးမားတဲ့ ခြားနားချက် တစ်ခုပါပဲ။
ဒါပေမဲ့ လုရွှမ်ရဲ့ အရည်အချင်းကို ကြည့်ပြီးတော့ ကျီရွှေဟာ လူသားတွေရဲ့ စွမ်းရည်ဟာလည်း အလွန်အားကောင်းပြီး မှော်အစွမ်းတွေ ရှိနိုင်တယ် ဆိုတာကို နောက်ဆုံးတော့ သိလာရသည်။
မျှော်လင့်ချက် မရှိတော့သလို ခံစားရပေမယ့် ဖြစ်နိုင်လျှင် သူ တပည့်ဖြစ်လာနိုင်လျှင် ကောင်းပေလိမ့်မည်။ လုရွှမ်နဲ့ အငယ်တန်းညီမ မဖြစ်လာရင်တောင် လုရွှမ်ရဲ့ တပည့် ဖြစ်နိုင်ရင် အရမ်းကောင်းမယ်လို့ တွေးနေမိသည်။
လုရွှမ်: "မိစ္ဆာသားရဲ တစ်ကောင် လာနေပြီ!"
ကျီရွှေရဲ့ စိတ်ဝိညာဉ်က ဇတ်ကနဲ တုန်လှုပ်သွားသည်။ သူမသည် နတ်ဓားကို ထုတ်ကာ သူ့ရင်ခွင်ရှေ့၌ ထားကာ ကြောက်ရွံ့မှုမရှိဘဲ ငြိမ်သက်လျက် ရှိနေသည်။
ဝူး
အူသံတစ်ခု ထွက်ပေါ်လာပြီးနောက် ခေါင်းသုံးလုံးနဲ့ မိစ္ဆာတစ်ကောင် ထွက်လာသည်။
လုရွှမ်: "နောက်ဆုံးတော့ မင်းထွက်လာပြီပေါ့"
"မင်းငါ့ကို စောင့်နေတာလား"
ခေါင်းသုံးလုံးသားရဲက အလွန်ထူးဆန်းနေသည့် ပုံဖြင့် ပြောလာသည်။ အလယ်တစ်လုံးကသာ စကားပြောနေကာ ကျန်ခေါင်းနှစ်လုံးမှာ ဒေါသဖြစ်ပြီး သွားများကို ဖြဲပြနေတာကြောင့် ကြည့်ရတာ ကိုးရို့ကားယားကြီး ဖြစ်နေသည်။
ထိုသားရဲက လုရွှမ် သိနေတာကို အနည်းငယ် အံ့သြသွားပုံရသည်။ လူနှစ်ဦး၏ ခြေရာများကို ရှာတွေ့ပြီးနောက် အစပိုင်းတွင် တခြားမိစ္ဆာသားရဲများကို ခေါ်ယူရန် တွေးတောခဲ့သော်လည်း ၎င်းတို့နှစ်ဦးက ဒီလောက် မြန်မြန်ကြီး သိသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
နောက်ဆုံး အားကိုးရာအနေဖြင့် ၎င်းသည် အခြားမိစ္ဆာသားရဲများကို ခေါ်ယူရန် စိတ်ကူးကို စွန့်လွှတ်ကာ ၎င်း၏ကိုယ်ပိုင် သားရဲနှင့် နောက်ဆက်တွဲ လုပ်ဆောင်ရန် စဥ်းစားလိုက်သည်။ အဲဒီအချိန်မှာ လူသားအသံကို ကြားလိုက်ရ၏။ ထိုလူသားက သူ့ကို စောင့်မျှော်နေခဲ့မယ်လို့ မထင်ထားခဲ့။
လုရွှမ်: "မင်းရဲ့ ဘယ်ဘက်ခေါင်းထဲမှာ အရိုးတစ်ခုရှိတယ်... အဲဒါက အရမ်းတန်ဖိုး ရှိတယ်... အရက်ချက်ရင် အရမ်းကောင်းမှာ ငါအရမ်းကြိုက်တယ်"
“ဘာလဲ မင်းက ငါ့အရိုးတွေကို အရက်ချက် သောက်ချင်နေတာလား!"
ခေါင်းသုံးလုံးပါသော မိစ္ဆာသားရဲက ဒေါသတကြီး အော်ပြောလာသည်။ သူ့နှလုံးသားထဲတွင် ကြောက်ရွံ့မှု အရိပ်အမြွက် ပြနေသည်။ လူသားများက သားရဲများကို မုန်းတီးကြသည်။ မိစ္ဆာသားရဲတွေ အတွက်ကလည်း ၎င်းတို့သွေးနဲ့ အသားကို စားသောက်နေတာက လူသားများအပေါ် အဆုံးမဲ့ အာဃာတပဲ ဖြစ်သည်။
ဒါပေမဲ့ သူ့ရှေ့ကလူက သူ့ဦးနှောက်ဘယ်ဘက်ခြမ်းက အရိုးသေးသေးလေးကို အတိအကျ ညွှန်ပြခဲ့သည်။ သူ့ဘဝရဲ့ အနှစ်သာရက ဘယ်မှာလဲဆိုတာကို လူသားက သေချာပေါက် သိနေလေသည်။
ကံမကောင်းစွာပဲ လုရွှမ် ညွှန်ပြသော ထိုနေရာသည် သူ့ဘဝအနှစ်သာရ တည်ရှိရာ နေရာဖြစ်သည်။ အများစုက သူ့မှာ ဦးခေါင်းသုံးလုံး ရှိတယ်လို့ ထင်ကြကာ ဦးခေါင်းတစ်ခု ရှင်သန်နေသရွေ့တော့ ရှင်သန်နိုင်ပါတယ်လို့ ပြောကြ၏။
ဒါပေမဲ့ တကယ်တော့ ခေါင်းသုံးလုံးကိုလည်း ဦးစားပေး ခွဲခြားထားရသည်။ သဘာဝအားဖြင့် အလယ်ကခေါင်းသည် အရေးကြီးဆုံး ဖြစ်သော်လည်း ၎င်း၏ဘဝနှင့် သေဆုံးမှုကို အမှန်တကယ် ဆုံးဖြတ်ပေးသည့် အရာက ဘယ်ဘက်ဦးခေါင်း ဖြစ်သည်။
ဒီလူက သူ့ကို စကားလုံး တစ်လုံးတည်းနဲ့ သေခြင်းတရားအား ညွှန်ပြနေပြီ။ ဤလူသည် အမှန်ပင် လိမ်ညာနေခြင်း မဟုတ်ကြောင်း စောင့်ဆိုင်းနေတာက သက်သေပြပြီးပြီ။ သို့ပါသောကြောင့် သူ့အမွေးများက အထိန်းအကွပ်မဲ့စွာ ထောင်တက်သွား၏။
ဒီလူသားက နတ်မီးနယ်ပယ် နဝမအဆင့်သို့သာ ရောက်ထားကြောင်း အကြိမ်ကြိမ် အတည်ပြုပြီးနောက် ခေါင်းသုံးလုံးရှိသော သားရဲသည် နောက်ဆုံးတွင် သူ့စိတ်နှလုံးထဲက ကြောက်ရွံ့မှုကို ဖျောက်ဖျက်ကာ ငြိမ်သက်သွားခဲ့သည်။
"ဟမ့် မင်းတို့လူသားတွေ အားလုံးကလည်း ကောက်ကျစ်တဲ့ ကောလဟာလတွေ ကြားဖူးမှာပါ... မင်းငါ့အသက် ရှိတဲ့နေရာကို ထိန်းချုပ်နိုင်လိုက်ရုံနဲ့... ငါက ကြောက်လာမယ်လို့ ထင်နေတာလား... လူသားတွေ အိပ်မက်မက်နေလိုက်ကွ!!"
"မင်းပြောခဲ့တဲ့နေရာက ငါ့ဘဝတံခါးပေါက် မဟုတ်ဘူး....တကယ်တော့ မင်းငါ့ကို မတွေ့လိုက်ဘူး ဒါပေမဲ့ မင်းငါ့ကို ရှာတွေ့ချင်ယောင်ဆောင်ပြီး ငါ့ကို စိတ်ရှုပ်သွားအောင် လုပ်နေတာ..."
"မင်းက အရမ်းထက်မြက်သေးတယ်လို့ ပြောရမယ်... ကံမကောင်းစွာပဲ ခွန်အားနဲ့ ကြည့်ရင် အားလုံးက ထင်ယောင်ထင်မှား ဖြစ်နေတတ်တယ်... မင်းက နတ်မီးနယ်ပယ် နဝမအဆင့်က ကလေးတစ်ယောက်ပဲလေ.. ငါ့လိုဖြစ်ချင်ရင်တော့ နောက်ကျလွန်းနေပြီကွ"
ကျီရွှေ ထိတ်လန့်သွားပြီး ဒီနတ်ဆိုးက အမှန်အတိုင်း ပြောနေတာလား ထတွေးမိသွားသည်။ သို့သော် လုရွှမ်မျက်နှာက လှည့်ကာ ချက်ချင်း ပြောင်းလဲသွားသည်။
"ဟမ့် မင်းဘာတွေ ပြောနေတာလဲ မင်းက ဉာဏ်ကောင်းပြီး ငါ့အတွေးတွေကို နားလည်နိုင်မယ် ထင်လား အိပ်မက်မက်နေလိုက်! ကျီရွှေ မြန်မြန် ပြေးတော့!"
လုရွှမ်က ကျယ်လောင်တဲ့ အသံနဲ့ အော်ပြေးတော့သည်။ သူက ကျီရွှေကိုလည်း ပြင်းပြင်းထန်ထန် တွန်းလိုက်ရုံရာ ကျီရွှေလည်း မြန်မြန်ဆန်ဆန် ထွက်ပြေးလေ၏။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း၌ လုရွှမ်၏ လှည့်ကွက်များကို သူမ မြင်တွေ့ခဲ့ရပြီးပြီမို့ သူမရဲ့ စိုးရိမ်မှုများက ချက်ချင်း သက်သာရာရသွားသည်။ လုရွှမ်က ဒီမိစ္ဆာသားရဲကောင်ကို နောက်တစ်ကြိမ် ထပ်ကြံစည်နေမှန်း သိသာသည်။
နောက်ဆုံးတော့ ဒီနတ်ဆိုးကောင်ဟာ မျှော်စင်နယ်ပယ် အဆင့်၇ ခွန်အားရှိပြီးသားဖြစ်လို့ တကယ်ကို အစွမ်းထက်လွန်းပါသည်။ ကျီရွှေ လျင်မြန်စွာ လှည့်ထွက်ပြေးသွားခဲ့သလို လုရွှမ်ကလည်း တစ်ဖက်သို့ ပြေးသွားချင်သည်။
ဝူး!
ဟောက်သံနှင့်အတူ ခေါင်းသုံးလုံးရှိ သားရဲက ရိုင်းစိုင်းစွာ ရယ်မောလေ၏။
“ဟာဟား... လူသား... မင်းက အမှိုက်မှန်း ငါ သိသားပဲ... လှည့်ကွက်လေးတွေ သုံးပြီး မင်းက ဘာလုပ်နိုင်မှာလဲ... မင်း ငါ့ကို ကြောက်လာအောင် ဘယ်လိုလုပ် လုပ်နိုင်မှာလဲ... ငါမင်းကို စားပစ်မယ်ကွ!"
၎င်းက အလျင်အမြန် ခုန်ထကာ ပါးစပ်ကြီးကို ဖွင့်ဟလိုက်ရာ အလယ်ရှိ ပါးစပ်ကြီးမှ မီးတောက်များ ထွက်လာသည်။ တစ်ဆက်တည်း နှစ်ဖက်လုံးရှိ ဦးခေါင်းများသည်လည်း မီးလျှံများ လျှံထွက်လာသည်။
အရောင်တွေ မတူပေမယ့် သုံးခုကို ပေါင်းစပ်လိုက်တဲ့အခါ စွမ်းအားက အရမ်းတိုးလာ၏။
"ငါ့ရဲ့သုံးလွှာယွမ်မီးကို ကြည့်လိုက်စမ်း... မင်းဘယ်လောက်ထိ ခံနိုင်ရည်ရှိမလဲ ကြည့်ရသေးတာပေါ့"
လုရွှမ် မျက်လုံးများ တောက်ပသွားသည်။ မိစ္ဆာသားရဲ တစ်ကောင်က အခုလို မီးတောက်များကို အသုံးပြုသည့် နည်းလမ်းကို အမှန်တကယ် တီထွင်နိုင်မည်ဟု သူတကယ်ပင် မမျှော်လင့်ခဲ့ပေ။
သူဟာ မီးတောက်များနှင့် ကစားရာတွင် ကျွမ်းကျင်သူ ဖြစ်သောကြောင့် ဤမီးတောက်သုံးမျိုးတွင် မတူညီသော ဂုဏ်သတ္တိများ ရှိကြောင်း သဘာဝအတိုင်း တွေ့မြင်နိုင်သော်လည်း ၎င်းတို့ကို ပေါင်းစပ်လိုက်သောအခါတွင် ခြိမ်းခြောက်မှုမှာ သုံးဆ ပိုများလာသည်။
မီးလုံးသုံးလုံးသည် တစ်ခုနှင့်တစ်ခု ဝါးမျိုမသွားဘဲ စုံလင်စွာ ပေါင်းစည်းနေသည်။
လုရွှမ်: "သုံးလွှာယွမ်မီးက ကြီးစိုးလိုက်တာ... ဒါက မင်းရဲ့ထူးခြားတဲ့ အရည်အချင်းပဲလား"
ခေါင်းသုံးလုံးရှိတဲ့ မိစ္ဆာသားရဲကြီးက တဟားဟား ရယ်မောလိုက်လေသည်။