ငွေရောင်သားရဲ
Vol. 123 Ch. 4.1355
လုရွှမ်က လုံးဝ မယုံကြည်နိုင်ဟန်ဆောင်ကာ အဆက်မပြတ် ပြန်ဆုတ်သွားလေရာ ဆွဲဆောင်မှုရှိသော မိစ္ဆာသားရဲကလည်း သူ့အနောက်က လိုက်လာသည်။ လုရွှမ် သူ့လက်ကို ဝှေ့ယမ်းကာ ပေါက်ကွဲပစ္စည်းအား ပစ်လွှတ်လိုက်စဥ် မိစ္ဆာသားရဲက ၎င်းကို သူ့လက်ထဲတွင် ဆုပ်ကိုင်ထားလိုက်ကာ ဝုန်းဆို တိုက်ရိုက် ပေါက်ကွဲသွားတော့သည်။
"ဟားဟား ဒီစွမ်းအားလေးလောက်ကတော့ ရှက်စရာကြီး!!"
ခေါင်းသုံးလုံးသားရဲက ရယ်မောပြီး သုံးလွှာယွမ်မီး၏ မီးတောက်စွမ်းအားကို ပိုအားကောင်းလာအောင် လုပ်လေသည်။ လုရွှမ်လည်း ဖျက်ကနဲ ပြေး၍ သူဓားကို ပြင်းပြင်းထန်ထန် ဓားဖြင့် ခုတ်ထစ်လိုက်သော်လည်း အမာရွတ်တစ်ခုပဲ ကျန်ရစ်ခဲ့သည်။
"ဟမ့်... မိစ္ဆာသားရဲတွေ သေဆုံးရတဲ့ အကြောင်းရင်းက ဒီပေါက်ကွဲမှုကြောင့်ပဲ... မင်းမှာ အစွမ်းထက်တဲ့ နည်းလမ်းတွေ ရှိတယ်လို့ ငါထင်ခဲ့တာ... နတ်မီးအဆင့် ကိုးအဆင့်က လူတစ်ယောက်နဲ့ မျှော်စင်နယ်ပယ်က ရုပ်ဆိုးတဲ့ ကောင်မတစ်ယောက်!! ဒီလှည့်ကွက်လေးနဲ့များ ဒီလောက်များတဲ့ မိစ္ဆာသားရဲတွေကို သတ်နိုင်တယ်ပေါ့??...အဲဒါဆိုရင် ငရဲကို သွားလိုက်တော့!!"
သူ့အော်သံနဲ့အတူ ခန္ဓာကိုယ်က ရုတ်တရက် အရှိန်တက်လာသည်။ ၎င်း၏ ဖြူဖွေးသော သွားများက ညကောင်းကင်အောက်တွင် မယုံနိုင်လောက်အောင် လင်းလတ်သွားသည်။ လုရွှမ်ကလည်း ချီထျန်းပု ခြေလှမ်းများဖြင့် ပြေးထွက်သွားရာ အလွန်လျင်မြန်လွန်းသဖြင့် အစွယ်တွေကို ရှောင်သွားနိုင်၏။
သူ့ခန္ဓာကိုယ်သည် ပို့ဆောင်ခြင်းအစီအရင်ဖြင့် အခြားနေရာသို့ ရွေ့သွားသလို ပတ်ပြေးရင်း မိစ္ဆာသားရဲ တစ်ကောင်၏။ ဓားဖြင့် ခုတ်ထစ်သွားလေသည်။
ကျယ်လောင်သော အော်သံနှင့်အတူ နောက်ထပ်တစ်ကောင်သည် ၎င်း၏ငွေရောင် အမွေးများ ကျွတ်ထွက်သွားလေသည်။ သေးငယ်သော အသား အပိုင်းအစလေး လှီးထုတ်ခံလိုက်ရတာကြောင့် ငွေရောင်ပေါ်၌ အနီရောင် ဆိုးထားတဲ့အတိုင်း ဖြစ်သွားသည်။
"ငါဒီမှာ ပုန်းနေတယ်ဆိုတာ မင်းသိနေတယ်ပေါ့??"
ငွေရောင်သားရဲက သူ့မျက်နှာပေါ်က မယုံကြည်နိုင်သော အကြည့်များဖြင့် အော်ဟစ်လိုက်သည်။ ခေါင်းသုံးလုံးရှိသော သားရဲလည်း ငွေရောင်အလင်းသားရဲက ဤအနီးတွင် ပုန်းအောင်းနေမယ်လို့ မမျှော်လင့်ထားတာကြောင့် အံ့သြသွားမိသည်။ လုရွှမ်က စကားမပြောဘဲ သူ့ဓားဖြင့် တိုက်ရိုက် ခုတ်ချလိုက်ပြန်သည်။
ယခင်ဓားချက်နှင့် နှိုင်းယှဉ်ပါက ဤဓား၏ စွမ်းအားက သုံးဆကျော် တိုးလာသည်။ ခေါင်းသုံးလုံးသားရဲလည်း အကြောင်းပြချက်မရှိဘဲ တစ်ခုခုမှားနေပြီလို့ ခံစားမိပေမယ့် အခုအချိန်မှာတော့ သူတို့က နှစ်ကောင် ရှိနေပြီမလို့ လူသားတစ်ယောက်ကို ဖြုတ်ချလို့ မရနိုင်သေးတာ ဖြစ်နိုင်ပါ့မလား။
ဒီလူသားက အနည်းငယ် ထူးခြားနေပေမယ့်ပေါ့။
သို့သော် ငွေရောင်အလင်းသားရဲကတော့ ဤအချိန်တွင် ကမ္ဘာနှင့်မြေကြီးက သူ့အပေါ် ချည်နှောင်ထားသကဲ့သို့ ခံစားလိုက်ရသည်။
၎င်းက ထိတ်လန့်တုန်လှုပ်သွား၏။ ၎င်း၏ အကြီးမားဆုံးသော မှော်စွမ်းအင်သည် သဲလွန်စမရှိဘဲ ပုန်းနေနိုင်သည်။ သို့သော် ရန်သူက သူ့ကိုအမိဖမ်းလိုက်ပြီမလို့ ထပ်မံ လွတ်မြောက်လိုပါက အောင်မြင်မှုနှုန်းမှာ များစွာ နည်းပါးသွားမည် ဖြစ်သည်။
ဤဓားက ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအင်တွေကို ထုတ်လွှတ်နိုင်သည်။
လုရွှမ်ဟာ သူ့ပတ်ဝန်းကျင်တွင် နတ်ဆိုးတစ်ကောင် ရှိနေကြောင်းကို အစောကတည်းက ခံစားခဲ့ရသော်လည်း ၎င်းက မမြင်နိုင်လောက်အောင် ဖုံးကွယ်ထားနိုင်ခဲ့သည်။ အဲဒါကြောင့် ခေါင်းသုံးလုံးသားရဲနဲ့ ဇာတ်ကွက်တွေ ခင်းရင်း ထိုငွေရောင်သားရဲ ထွက်လာအောင် ဆွဲဆောင်ချင်ခဲ့တာပဲ ဖြစ်၏။
ဒီသားရဲက ဘယ်လောက်ကြာကြာ ပုန်းနေခဲ့သလဲ ကောင်းကင်ကပဲ သိလိမ့်မည်။
ထို့ကြောင့် လုရွှမ် ခံစားမိပြီးနောက် ထိုငွေရောင်သားရဲ၏ ခွန်အားကို မြင်နိုင်အောင်၊ ၎င်းက ခြိမ်းခြောက်မှု ရှိနိုင်သလား သေချာအောင် လုပ်လိုက်တာပါပဲ။ ငွေရောင်သားရဲရဲ့ လှုပ်ရှားမှုက လေထဲမှာ တကယ် ပုန်းနေနိုင်မယ်လို့ သူ မမျှော်လင့်ထားခဲ့ချေ။
ထို့ကြောင့် လုရွှမ်ဟာ ငွေရောင်သားရဲ ပုန်းအောင်းနေသည့် နေရာရောက်အောင် ခေါင်းသုံးလုံးသားရဲကို တိုက်ခိုက်ရန် ဆက်လက် သွေးဆောင်ကာ ငွေရောင်သားရဲ ပုန်းအောင်းနေသည့် နေရာကို ရုတ်တရက် ထိုးနှက်ကာ လုပ်ကြံလိုက်လေသည်။
လုပ်ကြံခံလိုက်ရပြီ ဆိုမှတော့ လေထဲမှာ ဘယ်လိုလုပ် လွယ်လွယ်ကူကူ ဝှက်ထားနိုင်ပါတော့မလဲ။ ငွေရောင်သားရဲကောင်၏ အမွေးသည် လေထဲတွင် ပုန်းအောင်းနိုင်သည့် အကြောင်းရင်းကြီးပဲ ဆိုတာ လုရွှမ် ခန့်မှန်းကြည့်နိုင်သည်။ ယခုအချိန်တွင် ငွေရောင်သားရဲ၏ အမွေးများ ပျက်စီးသွားပြီမလို့ လုံးဝ မဖုံးကွယ်နိုင်တော့ပါ။
သို့သော် ခြင်္သေ့တစ်ကောင်က ယုန်တစ်ကောင်အား အစွမ်းကုန် တိုက်ခိုက်ရတော့မည်။ ယခုလို ရက်စက်ကြမ်းကြုတ်သော စွမ်းအားရှိသည့် သားရဲတစ်ကောင်ကို ဒီအတိုင်း ချန်ထားလို့ မဖြစ်တာကြောင့် လုရွှမ် ငွေရောင်အလင်းသားရဲကို ဓားတစ်ချောင်းဖြင့် သတ်ရန် သူ့ခွန်အားရှိသမျှကို အသုံးပြုခဲ့သည်။
ဒီလောက်ထိ အစွမ်းထက်သော ဓားကို ပထမဆုံးအကြိမ် အသုံးပြုခဲ့ခြင်းပဲ ဖြစ်သည်။ စွမ်းအားက ကောင်းကင်နဲ့မြေကြီးရဲ့ အငွေ့အသက်ကို စုပ်ယူထားကာ အလွန်ကြီးမားသဖြင့် တိုက်ခိုက်သည့် နေရာကို တိုက်ရိုက် ဖြတ်ထုတ်ပစ်နိုင်သည်။
သူထပ်ပြီး တိုက်လိုက်တာနဲ့ ဒီငွေရောင်သားရဲကြီး သေတော့မယ်ဆိုတာ သေချာသည်။ နောက်ထပ် ဓားချက် ဝင်လာတဲ့အခါ ငွေရောင်သားရဲလေးဟာ အချည်းနှီး အဖြစ်မခံဘဲ သူ့ရဲ့လက်ဖဝါးကို မြှောက်လိုက်တော့သည်။ သူ့ရဲ့ လက်သည်းတွေက ထက်ရှပေမယ့် ချင်ထျန်းဓားရဲ့ ခုတ်ထစ်တာကို မခုခံနိုင်တော့ဘဲ နှစ်ပိုင်းပိုင်းဖြတ်သွားခဲ့သည်။
နေရာတိုင်းကို သွေးများ ဖျန်းကျလာကာ ငွေရောင်သားရဲရဲ့ ခန္ဓာကိုယ်က လဲကျသွားသည်။
ခေါင်းသုံးလုံးသားရဲမှာ ရပ်ကြည့်နေရင်း အလွန်အမင်း အံ့အားသင့်သွားရလေသည်။ ငွေရောင်သားရဲကို ဓားတစ်ချက်တည်းဖြင့် နှစ်ပိုင်းခွဲပစ်တာကို သူ့ခမျာ မယုံနိုင်လောက်အောင် ဖြစ်သွားသည်။
ငွေရောင်သားရဲရဲ့ ခွန်အားက သူ့ထက်တော့ အားနည်းတာမျိုး မဟုတ်။ သူက တကယ်ပဲ လုရွှမ်ရဲ့ ပြိုင်ဘက် မဟုတ်ဘူးလား။ ဒါဆို သူရော။ လုရွှမ်ရဲ့ပြိုင်ဘက် ဖြစ်နိုင်ပါဦးမလား။
ခေါင်းသုံးလုံးရှိတဲ့ သားရဲက ချက်ချင်း လှည့်ထွက်ပြေးသွားသည်။ လုရွှမ်က ရယ်ပြီး။
"မင်းက အခုမှ ပြေးဖို့ တွေးနေတာလား... အရမ်းတောင် နောက်ကျနေပြီ"
သူ့ခြေဖဝါးအောက်မှ ခြေလှမ်းများက အလွန်လျင်မြန်သော အရှိန်ဖြင့် ရွေ့လျားသွားသည်။ တစ်ခဏချင်းမှာပဲ လုရွှမ်ဟာ ခေါင်းသုံးလုံးသားရဲ ရှေ့မှာ ရပ်ပြီးနေပြီ။ ထို့နောက် ခေါင်းသုံးလုံး သားရဲ၏ ခေါင်းဘယ်ဘက်သို့ ဓားတစ်ချောင်းတည်းဖြင့် ဖြတ်ချလိုက်သည်။
ဦးခေါင်းသုံးလုံးရှိသော သားရဲဟာ လူသားတွေက သူတို့အား မုန်းတီးကာ လိမ္မာပါးနပ်ကြောင်း သိပါဖြစ်သော်လည်း ၎င်းတို့နှင့် တစ်ချိန်လုံး ကစားနေခဲ့သည်။
မျက်လုံးကို မှိတ်ထားလိုက်သည်နှင့် ၎င်း၏ဦးခေါင်းသုံးလုံးက အရာများစွာကို သဘာဝအတိုင်း မြင်တွေ့နေရသည်။ သူ ချက်ချင်းပဲ ကျီရွှေကို အာရုံစိုက်လိုက်၏။ ဒီရုပ်ဆိုးတဲ့ကောင်မက ဒီလူရဲ့ အချစ်ဆုံး ဖြစ်ပုံပေါက်ပေသည်။
လုရွှမ်ဓားကို ကောင်းစွာခုခံပြီးနောက် ကျီရွှေနောက်ကို လိုက်သွားခဲ့လေသည်။ လုရွှမ် မျက်နှာပျက်သွားသည်။ ကျီရွှေက သူ့အပေါ် လေးစားမှု အရိပ်အမြွက် ပြခဲ့ပြီး သူကလည်း ကျီရွှေကို လမ်းညွှန်ပေးရန် ဆန္ဒရှိခဲ့သည်။
သနားစရာကောင်းပြီး လေးစားစရာ ကောင်းတဲ့ ကလေးမကို ဒီနတ်ဆိုးက တကယ်သတ်ချင်နေတာလား။
လုရွှမ်ဆီမှ ဓားစွမ်းအင်သည် ကြယ်အလင်းများ ပေါက်သွားသကဲ့သို့ ဟောက်သွားကာ အလင်းတန်းများ ပေါက်ကွဲထွက်လာသည်။
ထိုကဲ့သို့ လျင်မြန်သော အရှိန်နှင့် ပြင်းထန်သော စွမ်းအားကြောင့် ခေါင်းသုံးလုံးသားရဲလည်း အလွန်ထိတ်လန့်သွားသည်။ သူရှောင်ချင်ပေမယ့် ဒီဓားဟာ လုရွှမ်ရဲ့ နှလုံးသားထဲက ဒေါသနဲ့ မတရားမှု အားလုံးကို ဓားမှာ မှုတ်သွင်းထားတာကြောင့် ရောင်ဝါက မသေးချေ။
ဦးခေါင်းသုံးလုံးရှိ သားရဲမှာ ရုတ်တရက် ဘယ်လိုရှောင်ရမှန်းမသိ ဖြစ်သွားသည်။
ဓားစွမ်းအင်က ခေါင်းသုံးလုံးသားရဲ၏ ဘယ်ဘက်ဦးခေါင်းကို တိကျစွာ ထိမှန်သွားသည်။ လုရွှမ် ၎င်းရဲ့ခေါင်းကို ခွဲဖို့ထက် သတ်ပစ်ဖို့ စဥ်းစားနေတာပဲ ဖြစ်သည်။ နဂါးများတွင် ပြောင်းပြန် အကြေးခွံများ ရှိသည်။ ၎င်းတို့ကိုထိလျှင် ထိမိသူက သေလိမ့်မည်။
ခေါင်းသုံးလုံးသားရဲက အော်ဟစ်လိုက်ပြီး ၎င်း၏ခန္ဓာကိုယ်သည် လျင်မြန်စွာ ရှောင်ထွက်သွားသည်။ ဒါပေမဲ့ အခုအခြေအနေက သူထိန်းချုပ်နိုင်တာထက် ကျော်လွန်နေပါပြီ။ ကျီရွှေက ပို၍ပင် ထက်မြက်လာကာ သူ့လက်ကို မြှောက်ကာ ဖောက်ခွဲရေး ပစ္စည်းများကို တစ်ခုပြီးတစ်ခု ပစ်လိုက်သည်။
တဝုန်းဝုန်း ပေါက်ကွဲသံများကြောင့် အနည်းငယ် စုတ်ပြဲသွားသော ခေါင်းသုံးလုံးသားရဲခမျာ ပတ်ဝန်းကျင်က သစ်ပင်များအား ထိမှန်သွားခဲ့သည်။ နောက်အခိုက်အတန့်မှာ ဟစ်အော်ဖို့တောင် မလှုပ်နိုင်ဘဲ မြေပြင်ပေါ် တိုက်ရိုက် လဲကျသွား၏။
ခဏလောက် တဆက်ဆက် တုန်လှုပ်သွားပြီးနောက် ၎င်းခန္ဓာကိုယ်က မလှုပ်တော့ပေ။
"မင်း အဆင်ပြေရဲ့လား" လုရွှမ် မေးလိုက်သည်။
ကျီရွှေက လုံးဝ မကြောက်ခဲ့ပါဘူး။
"ရပါတယ်... အဆိုးဆုံး ဖြစ်လာရင်တောင် ချလိုက်ရုံပဲ"