← Chapters

အမြောက်စာများ

Vol. 123 Ch. 4.1357

အမြောက်စာများ

Vol. 123 Ch. 4.1357

"ကလေးမက မဆိုးပါဘူး ဒီကနေ လွတ်မြောက်နိုင်ရင် သူမရဲ့ အနာဂတ် အောင်မြင်မှုတွေကို လျှော့တွက်လို့ မရဘူး"

လုရွှမ်လည်း ခေါင်းညိတ်ပြလိုက်သည်။ ကျီရွှေဟာ ဂုဏ်အသရေနှင့် အရှက်ကွဲမှုကို သိသည်။ ရှေ့ကို ဘယ်လိုလှမ်းပြီး ဘယ်အချိန်မှာ နောက်ဆုတ်ရမလဲလည်း သိသည်။ သူ့ကိုယ်သူ တိုက်ခိုက်ဝံ့လောက်အောင်လည်း ငြိမ်သက်နေ၏။

ကျီရွှေ မရှိတော့တဲ့အခါ လုရွှမ်ရဲ့အရှိန်ကလည်း ပိုမြန်လာသည်။ ရွှေကျီးကန်းက ယခင် ငွေရောင်သားရဲဆီက ရထားသော အမွေးဖြင့် သန့်စင်ထားသော အဝတ်တစ်ထည်ကို ထုတ်ယူလိုက်သည်။

"မင်းရဲ့ ယွမ်စွမ်းအင်ကို ဒီအဝတ်ပေါ်မှာ သုံးလိုက်... အပြင်အမွေးတွေ မညစ်ညမ်းသွားသရွေ့ တခြားသူတွေ မမြင်နိုင်ဖို့က ပြဿနာ မရှိဘူး... ဒါပေမဲ့ မသေမျိုးနယ်ပယ်ကို တက်သွားတဲ့ သူတွေကိုတော့ ဖုံးကွယ်ထားလို့ မရဘူးနော်... ကောင်းကင်နဲ့မြေကြီး စွမ်းအင်တွေ တစ်ပြေးညီရှိနေရင် ဘယ်ပညာပဲဖြစ်ဖြစ် ဖုံးကွယ်ထားလို့ မရဘူး..."

လုရွှမ် စိတ်လှုပ်ရှားစွာ လက်ခံယူပြီး ရွှေကျီးကန်းကိုလည်း ထပ်ခါထပ်ခါ ကျေးဇူးတင်နေမိသည်။ ရွှေကျီးကန်း ပါးစပ်သည် တစ်ခါတစ်ရံ အနည်းငယ် အဆိပ်ပြင်းသော်လည်း သူ့သဘောသဘာဝမှာ မဆိုးလှဘဲ များစွာ အထောက်အကူ ပြုခဲ့သည်။

လုရွှမ် တစ်လမ်းလုံး ဂရုတစိုက်နဲ့ သားရဲတွေနောက်ကနေ လိုက်လာခဲ့၏။

သူ့အပြင် တစ်စုံတစ်ယောက်က မိစ္ဆာသားရဲတွေနောက် လိုက်နေကြောင်း မကြာမီ သတိပြုမိသော်လည်း လုရွှမ်အား စိတ်လှုပ်ရှားသွား​စေခဲ့သည်။ နောက်ဆုံးတွင် အသိမိတ်ဆွေ တစ်ဦးဖြစ်သော ဟောက်ထျန်းကို တွေ့ရပြီ။ ထိုလူက မိစ္ဆာသားရဲ၏ ဝမ်းဗိုက်အောက်တွင် ပုန်းအောင်းနေခြင်းပင်။

မိစ္ဆာသားရဲက အရပ်ရှည်နေတာတော့ မဟုတ်။ ၎င်းသည် မျှော်စင်နယ်ပယ် အဆင့်သုံးတွင် ရှိနေသည်။ ၎င်းဝမ်းအောက်တွင် လူသားတစ်ဦး ရှိနေသည်ကို မသိလိုက်သကဲ့သို့ ရိုင်းစိုင်းစွာ ပြေးလွှားနေဆဲ ဖြစ်သည်။

လုရွှမ်လည်း ဟောက်ထျန်း မမျှော်လင့်ထားသော တစ်စုံတစ်ခု ဖြစ်ပေါ်လာမည်ကို စိုးရိမ်သဖြင့် အဝေးမှကပ်၍ လိုက်ခဲ့၏။ နောက်ဆုံးတွင် မိစ္ဆာသားရဲအုပ်စုက နှေးကွေးသွားကာ ၎င်းတို့ရှေ့တွင် တိမ်ဖြူရောင် ကန့်လန့်ကာတစ်ခု ပေါ်လာသည်။ ၎င်းတို့အားလုံး အခြားကမ္ဘာတစ်ခုသို့ ဝင်ရောက်သွားရသလိုပင်။

လုရွှမ်လည်း တိမ်ဖြူများထဲသို့ အပြေးအလွှား ပြေးဝင်လာခဲ့သည်။ သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မမြင်နိုင်လောက်အောင် မြူမှုန်​တွေက ဖုံးလွှမ်းနေခဲ့သည်။

အဝေး၌မူကား တောက်ပ​နေသော အရောင် ကိုးရောင်ရှိ ပန်းတစ်ပွင့်သည် လှပသော တိမ်ထီးကို ဆောင်းလျက် လွင့်မျောနေသည်။ မိစ္ဆာသားရဲများ တစ်ကောင်ပြီး တစ်ကောင် သေတော့မတတ် ကိုးရောင်ပန်းပွင့်ဆီသို့ အသဲအသန် ပြေးသွားကြသည်။

နာမည်အရ တစ်ဖက်ကမ်းပန်းကတော့ တစ်ဖက်သာရှိတဲ့ ပန်းတစ်ပွင့်ပါပဲ။

လုရွှမ်နှလုံးက ဒိတ်ကနဲ လှုပ်ရှားသွားပြီး ရှေ့သို့ အပြေးအလွှား အစား ဂရုတစိုက် စိုက်ကြည့်နေလိုက်သည်။ ထိုအချိန်တွင် အရှေ့မှ အော်ဟစ်သံများ ထွက်ပေါ်လာ၏။

သူ နီးကပ်လာတာနဲ့ ကြီးမားသော မြစ်တစ်စင်း ရှေ့၌ ပိတ်ဆို့နေတာ တွေ့လိုက်ရသည်။ အောက်တွင် စီးဆင်းနေသော မြစ်တစ်စင်းရဲ့ ရေတွေဟာ အနက်ရောင်ဖြစ်ပြီး ၎င်းကို မြူခိုးများက ဖုံးကွယ်ထားသောကြောင့် မည်းသွားတာမျိုး မဟုတ်ဘဲ မူလကတည်းက အနက်ရောင် ဖြစ်နေတာပဲ ဖြစ်သည်။

မိစ္ဆာသားရဲ တစ်ကောင်က နေ​ရောင်အောက်က မြစ်ထဲတွင် ပက်လက်လန်ကျထားကာ အသံကလည်း သူ့ထံက ထွက်လာတာ သေချာ၏။ သူ့တစ်ကိုယ်လုံးက အနက်ရောင် ဖြစ်နေကြောင်း ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

ထိုအသံသည် ရေထဲသို့ ဝင်သွားပြီးနောက် ချက်ချင်းပင် ပျောက်ကွယ်သွားကာ အရိုးစုတစ်ခုသာ ထွက်ပေါ်လာသည်။ ထို့နောက် အဖြူရောင် အရိုးစုသည်လည်း ရေနှင့်အတူ တက်လိုက်ကျလိုက် လွင့်မျောသွားကာ ခဏအကြာတွင် အရိုးစုတွေပါ ပျောက်သွားသည်။

ရေထဲနစ်မသွားဘဲ အနက်ရောင် ဆိုးသွားသည့် အတိုင်းပင်။ လုရွှမ်လည်း ဒါကိုမြင်တော့ ထိတ်လန့်သွားသည်။ သို့သော် တခြားသားရဲများဘက် ကြည့်လိုက်တဲ့အခါ ၎င်းတို့က တစ်ကောင်ပြီး တစ်ကောင် ရှေ့က ချောက်ကမ်းပါးဆီသို့ ပြေးသွားကြသည်။

ထို့နောက်တွင် တချို့က မြစ်ထဲ ပြိုကျသွားပြီး တချို့ကလည်း ပျံတက်သွားကြသည်။ အဲဒါတွေအားလုံးက အတောင်ပံရှိတဲ့ သားရဲတွေပါပဲ။ တောင်ပံမပါသော သားရဲများက အနက်ရောင် အရိုးရေကန် အဖြစ်သို့ ပြောင်းလဲသွားကာ အောက်ဘက်ရှိ ချောက်ကမ်းပါးထဲသို့ ကျဆင်းသွားခဲ့သည်။

ဘာတွေဖြစ်နေတာလဲ?

ဒီလိုဆိုရင် သားရဲအများစုဟာ တစ်ဖက်ကမ်းပန်းကြောင့် သေသွားရတော့မှာ မဟုတ်ပါလား။ ဒါကို တွေးကြည့်တော့ လုရွှမ် အနည်းငယ် မယုံနိုင်သလို ခံစားခဲ့ရသည်။ သို့သော်ငြား မျှော်စင်နယ်ပယ် ပထမအဆင့်ဖြစ်သည့် မိစ္ဆာသားရဲတစ်ကောင်ကို ရှောင်တခင်ဖမ်းကာ ၎င်းနဲ့အတူ ပြေးလိုက်သွားခဲ့သည်။

၎င်းရဲ့ ခွန်အားက ပျမ်းမျှဖြစ်ပြီး အရည်အချင်းကလည်း သာမန်ပါပဲ။ ဒါတွေက အမြောက်စာ သားရဲတွေပါပဲ။ တကယ့် သားရဲပါရမီရှင်များက မရောက်လာကြသေးချေ။ ဒါကို နားလည်လိုက်တော့ လုရွှမ် ၎င်းတို့နောက်သို့ မလိုက်ခဲ့ပေ။ အဲဒီအစား သူက အချိန်တစ်ခုကို စောင့်နေခဲ့သည်။

ယခုဆို မိစ္ဆာသားရဲများ၏ ရောင်ဝါများက ယခင်ကထက် ပိုမိုအားကောင်းလာတာ ထင်ရှားပါသည်။ ဤမိစ္ဆာသားရဲများဟာ အလွန်ကြည်လင်သော စိတ်ရှိပြီး အခြားတစ်ဖက်က ဒဏ်ကို လုံးဝ မခံရကြောင်း ၎င်းတို့၏ မျက်လုံးများမှ မြင်တွေ့နိုင်သည်။

ယခုဆို မျှော်စင်နယ်ပယ် အဆင့်၅ သို့မဟုတ် ထိုအထက်တွင်ရှိပြီး တစ်ဖက်ကမ်းပန်း၏ အလင်းရောင်အောက်တွင် ၎င်းတို့၏ ဦးခေါင်းပေါ်က မျှော်စင် အပိုင်းအစများကပါ တောက်ပနေပါသည်။

ချောက်ကမ်းပါးအစွန်းသို့ ရောက်သောအခါ ထိုသားရဲများက ၎င်းတို့၏ အတောင်ပံများကို တစ်ခုပြီးတစ်ခု ဖြန့်ကာ ပျံဝဲသွားကြသည်။ အတောင်မရှိသူသည် အတောင်ပံရှိသော ဘီလူး၏နောက်ဘက်တွင် ရပ်ကာ ပျံဝဲနေ၏။

ရှင်းရှင်းပြောရရင် ဒီချောက်က ဘယ်လောက်တောင် တန်ခိုးကြီးတယ်ဆိုတာ သူတို့ သိပြီးသား ဖြစ်ပေမည်။ လုရွှမ်ကလည်း မိစ္ဆာသားရဲတွေ ဖြတ်ကျော်ပျံသန်းရန် စောင့်မျှော်ခဲ့ပြီး ၎င်းတို့နောက်မလိုက်မီ နောက်တစ်ရက် ရပ်စောင့်​နေခဲ့သည်။

နှစ်ထောင်ပေါင်းများစွာ ကြာအောင် ဘဝလှေကို ရွက်လွှင့်ခဲ့ရာတွင် သတိထားရမည့် အရာများကို သူပို၍ နားလည်လာခဲ့ပြီ။ မဟုတ်ပါက မည်သည့်အချိန်တွင် လှေမှောက်မည်ကို ဘယ်သူက သိနိုင်မလဲ။

တစ်ဖက်ကမ်းပန်းလို အစွမ်းထက်သော အရာကို လိုချင်သူတိုင်း ရနိုင်မှာတဲ့လား။ ထို့အပြင် ဤမိစ္ဆာသားရဲများလည်း တစ်ဖက်ကမ်းပန်းကို လုယူရခြင်းအတွက် ကြီးမားသော တိုက်ပွဲများ မလွဲမသွေ ဖြစ်လာမယ်ဆိုတာ မှန်းဆနိုင်သည်။

ဒါ့ကြောင့် အခြေအနေကို အရင်ဆုံး စောင့်ကြည့်လိုက်တာက ကောင်းပေသည်။ ရှေ့ကို အပြေးအလွှား သွားပြီး အမြောက်စာ ဖြစ်နေတဲ့ အကောင်တွေ ထသတ်ကြတဲ့အခါ သူက အမြတ်အစွန်းအတွက် အခွင့်ကောင်း ဝင်ရောက်ယူလိုက်ရုံပင်။

မိစ္ဆာသားရဲများနှင့် ဝိညာဥ်သားရဲများ ရောနှောသွားသောကြောင့် ဟောက်ထျန်းရဲ့ ခြေရာများကို ရှင်းရှင်းလင်းလင်း မြင်နိုင်ရန်လည်း ခက်ခဲလာသည်။ လုရွှမ် သူ့နှလုံးသားထဲတွင် ဟောက်ထျန်း အတွက် တိတ်တဆိတ် ဆုတောင်းရုံသာ တတ်နိုင်ခဲ့ပြီး သူဘေးကင်းမည်ဟု မျှော်လင့်ထားရသည်။

ချောက်ကမ်းပါး အစွန်းသို့ ရောက်သောအခါ သူ့ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်သော တွန်းအားတစ်ခုကို ခံစားလိုက်ရပြီး သူ့ကို အောက်သို့ ဆွဲချဖို့ ကြိုးစားနေတဲ့ အရာတစ်ခုခု ရှိနေသယောင် ခံစားလိုက်ရသည်။

ထို့အပြင် အောက်တွင် အကြွင်းမဲ့ဝိညာဉ်စွမ်းအင်များ နှင့် အလွန်အဆိပ်သင့်စေသော အရာများ ပါဝင်နေခြင်းကို အထက်မှ ကြည့်လိုက်လျှင်ပင် ခန့်မှန်းနိုင်သည်။ ရေများ စီးဆင်းလာသည်နှင့်အမျှ ​ရေပူဖောင်းနဲ့ အရိုးများ အဆက်မပြတ် စီးဆင်းနေတာ ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သည်။

ရွံရှာဖွယ် ကောင်းသော ရနံ့တစ်ခုကလည်း ထွက်​နေသည်။ လုရွှမ်လည်း မတော်တဆ ပြုတ်ကျသွားပါက အသက်ရှင်ရန် မျှော်လင့်ချက် မရှိနိုင်ကြောင်း ရိပ်မိပါသည်။

လုရွှမ်ခန္ဓာကိုယ်မှ ဓားစွမ်းအင်များ တဟုန်ထိုး ထွက်ပေါ်လာပြီး သူ့ကိုယ်ခန္ဓာဟာ ဓားတစ်လက်အဖြစ်သို့ ပြောင်းလဲကာ တစ်ဖက်ကမ်းသို့ ပျံသန်းရန် ကြိုးစားခဲ့သည်။

အောက်ဖက်မှ တပွက်ပွက် အသံကြီးတစ်ခု တက်လာသည်။ နောက်တစ်ကြိမ်၌ ရေထဲတွင် မျောပါနေဆဲ အလောင်းများအားလုံး အောက်ရေထဲ နစ်မြုပ်သွားသလား မသိတော့အောင် ဖြစ်သွားသည်။

ဒီကိုရောက်ပြီး နောက်မှတော့ လုံးဝ လက်ဗလာနဲ့ မပြန်ချင်ပေ။ လုရွှမ်ဟာ ငွေရောင်သားရဲရဲ့ အမွေးအင်္ကျီကို ၀တ်ဆင်ခဲ့ပြီး ကောင်းကင်မှာ ပျံသန်းနိုင်ခဲ့သည်။ ဤအချိန်တွင် မြင့်မားသော ကောင်းကင်ယံ၌ အရောင် ကိုးရောင်ရှိသော ပန်းပွင့်လေးတစ်ပွင့်ကို လုရွှမ် ကြည်လင်ပြတ်သားစွာ မြင်လိုက်ရသည်။

ကံမကောင်းချင်တော့ ၎င်းက ပန်းရဲ့ အရိပ်သာ ဖြစ်သည်။ ဒါပေမဲ့ တကယ့် ကိုးရောင်ခြယ် တစ်ဖက်ကမ်းပန်း အစစ်ရဲ့ သဲလွန်စမှာ လုံးဝ မရှိပေ။

All Chapters