← Chapters

Arc 4 အခန်း (၁၃၅၈)

Vol. 123 Ch. 4.1358

Arc 4 အခန်း (၁၃၅၈)

Vol. 123 Ch. 4.1358

ဟိုးအရင်က မဝေးတဲ့ အကွာအဝေးကနေ လှမ်းကြည့်မိပေမယ့် အခုက အရမ်းနီးကပ်နေပြီလို့ ထင်လာရလေသည်။ ရုတ်​တရက်​ သူ့​ခြေဖဝါး​အောက်​မှ အလင်း​ရောင်​​များ တောက်​ပလာ​ကာ စိတ်​ထဲက စိတ်​လှုပ်​ရှားမှု အပြည့်​နှင့်​ ​ကောင်းကင်​သို့ အလျင်​အမြန်​​ ပြေးတက်သွားသည်​။ သူသည် အလွန်လျင်မြန်ပြီး ပွင့်ချပ်ပေါ်က တစ်စုံတစ်ခုကိုပင် ယောင်ဝါးဝါး မြင်လိုက်ရသည်။

သို့သော် ချက်ချင်းဆိုသလိုပင် အလင်းစူးစူးက သူ့ကို ဖုံးလွှမ်းသွားကာ မလွတ်မြောက်နိုင်တော့အောင် ဖြစ်သွားတာကြောင့် လုရွှမ် တိုက်ရိုက် ဘေးသို့ ပို့ဆောင်ခြင်းအစီအရင်သဖွယ် ပြေးထွက်လာခဲ့သည်။

သူ့ခန္ဓာကိုယ်ပေါ်ရှိ ငွေရောင်အလင်း သားရဲဝတ်ရုံက ဆုတောင်းရုံနဲ့ လုံးဝ အကျိုးသက်ရောက်မှု မရှိပေ။ လုရွှမ် သူ့ခန္ဓာကိုယ်ကို ရွှေ့လိုက်သည်နှင့် တစ်ပြိုင်နက် ချီထျန်းပု စွမ်းအင်က တုနှိုင်းမရသော အခိုက်အတန့် တစ်ခုကို ခံစားလိုက်ရသလို လျင်မြန်စွာ ရပ်တန့်လိုက်ပြီး ကောင်းကင်တွင် တည်ငြိမ်စွာ ထိန်းထားလိုက်သည်။

ထို့နောက် သူ့ပတ်ဝန်းကျင်က လှုပ်ရှားမှုကို တစ်ချက်ကြည့်လိုက်တော့ ရယ်ရမလား ငိုရမလား မသိတော့အောင် ဖြစ်သွားသည်။ အမှန်တကယ်တော့ ပတ်ဝန်းကျင်က သူ့ကို လှောင်အိမ်နဲ့တူတဲ့ အရာတစ်ခုထဲကို ပို့ဆောင်ထားခဲ့ပြီ။ သူ့ခန္ဓာကိုယ်ကို အရပ်ရပ်ကနေ စူးစူးရှရှ ညွှန်ပြနေတဲ့ အရာတွေကလည်း ရုတ်တရတ် မလှုပ်ရှားနိုင်အောင် တားဆီးထားပါ၏။

ဒီလှောင်အိမ်ကို ဘယ်သူဆောက်တာလဲတော့ မသိ။

သို့သော် လုရွှမ် သူ့ပတ်ဝန်းကျင်၌ လူ သို့မဟုတ် မိစ္ဆာသားရဲများ၏ ထွက်သက်ဝင်သက်ကိုမျှ မခံစားရသေးပေ။ ၎င်းကိုမည်ကဲ့သို့ ကြည့်သည်ဖြစ်စေ လှောင်အိမ်က သဘာဝအတိုင်း ဖွဲ့စည်းထားသကဲ့သို့ မခံစားရဘဲ ဖြစ်နေသည်။

ပတ်ဝန်းကျင်တွင် လူများ သို့မဟုတ် သားရဲများ မရှိသောကြောင့် လုရွှမ် သက်ပြင်းတစ်ချက် ချကာ ထိုပြဿနာကို ဖြေရှင်းရန် အချိန်လုံလောက်နေပြီ ဖြစ်သည်။

ဂရုတစိုက် ကြည့်ရှုပြီးနောက် ပျံသန်းကြည့်လိုက်သည်။ ဤနေရာက အချွန်များက အလွန်ဟောင်းနွမ်း​နေကြောင်း တွေ့ရသည်။ လေနှင့်နေက လွင့်စင်သွားကာ ကောင်းကင်နဲ့မြေကြီးရဲ့ ဝိညာဉ်စွမ်းအင်နှင့် မိုးခြိမ်းသံကြောင့် စိုစွတ်နေသော ကျောက်တုံး အလွှာများက အလွှာလိုက် အလွှာလိုက် ဖြစ်ပေါ်ထားသည်။ ယင်းပေါ်တွင် သမိုင်း​ရေစီးကြောင်းမှ ကျန်ရစ်ခဲ့သော အမာရွတ် အနည်းငယ်ကို တွေ့နိုင်သည်။

အချိန်အတော်ကြာအောင် ဘာလှုပ်ရှားမှုမှ မရှိခဲ့ပေ။ မဟုတ်ရင်တော့ ဒီလိုထူးဆန်းတဲ့ နေရာကို မိစ္ဆာသားရဲတွေဘက်က အရင် သတိပြုမိလိမ့်မယ်။ လုရွှမ် ချင်ထျန်းဓားကို လွှဲယမ်းလိုက်သော်လည်း လုံးဝ မလှုပ်ပေ။ အချွန်အတက်နဲ့ ကျောက်ဓားများကို ခုတ်လိုက်ရာ ၎င်းတို့သည် သက်တမ်းရင့်သော်လည်း အလွန်စူးရှ​နေဆဲ ဖြစ်သည်။

ကျောက်တုံးထိပ်ဖျားကို လက်ညှိုးဖြင့် ခြစ်ကြည့်လိုက်တော့ သွေးများ ထွက်ကျလာသည်။ လုရွှမ်ရဲ့ ခန္ဓာကိုယ်ဟာ ယခုအချိန်တွင် ဘယ်လောက် အစွမ်းထက်လဲ ဆိုတာ စိတ်ကူးကြည့်ရန်ပင် ခဲယဉ်းနေပေပြီ။ သို့သော် ယခုလို ချွန်ထက်သော ကျောက်တုံးကြီးဆီကနေ သွေးထွက်အောင် အခြစ်ခံခဲ့ရသည်။

လုရွှမ် ဤကျောက်ဓားရှည်များကို ဂရုတစိုက် သတိထား၍ ကြည့်မိသည်။ အမှန်ပင် ကျောက်ဓားများသည် ဓားများနှင့် ပုံစံတူနေရုံသာ ရှိပြီး နိယာမစွမ်းအင် သဲလွန်စများလည်း ရှိနေပါသည်။ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ မသေချာသော်လည်း လုရွှမ် သူ့လက်ဖဝါးကို အသုံးပြုကာ ကျောက်တုံးပေါ်တွင် ကောင်းကင်မီး ဘောလုံးတစ်ခုကို တောက်လောင်​စေခဲ့သည်။

နောက်​အခိုက်​အတန့်​တွင်​ ​ကျောက်​တုံးက ​ကောင်းကင်​မီး​ကြောင့်​ ထိမှန်​ပြီး​နောက်​ ရုတ်​တရက်​ ​ရှေ့သို့ ​ပေါက်​ထွက်​လာပြီး သူ့ရင်​ဘတ်​ထဲသို့ နစ်​မြုပ်​သွားသည်​။ နောက်ထပ် တစ်မိနစ်သာကြာခဲ့​လျှင် သူ့ခန္ဓာကိုယ်ကို ဤကျောက်တုံးများဖြင့် ထိုးဖောက်သွား ခံရလိမ့်မည်ဟု စိတ်ကူးကြည့်နိုင်သည်။

ဂရုမစိုက်ဘဲ မနေဝံ့​တော့ဘဲ လုရွှမ် သူသုံးမယ့် မီးတောက်ကို ဆန်းကြယ်ရေခဲမီးတောက် အဖြစ် ပြောင်းလဲခဲ့သည်။

နောက်ထပ်တစ်ခါ ထပ်ဖြစ်သော်လည်း ကံကောင်းထောက်မစွာဖြင့် ယခုတစ်ကြိမ်တွင် ကျောက်ဓားတစ်ချောင်းစီ ဝင်လာမယ့် နေရာများရဲ့ ခန္ဓာကိုယ်ရှေ့တွင် နတ်ဝိညာဥ်ဒိုင်းလွှာများကို ချထားလိုက်၏။ မဟုတ်ပါက တကယ်ထိုးဖောက် ခံရလိမ့်မည်။

ထူးဆန်းမီးတောက်က အလုပ်မလုပ်ဘူး ဆိုရင် တခြားဟာတွေကရော။

ကောင်းကင်မိုးကြိုး၊ မဖြစ်နိုင်ပါ။ ဤ​နေရာတွင် မရေမတွက်နိုင်သော မိုးခြိမ်းသံများနှင့် မီးလောင်ကျွမ်းမှုတို့ကို တွေ့ကြုံခံစားခဲ့ရမှာ သေချာသည်။ ဒါကြောင့် သူစဥ်းစားထားတာတွေက အသုံးမဝင်မှာ သဘာဝပင်။

ဘာလုပ်သင့်လဲ?

"ကျီးဖိုးဖိုးရေ... ကူညီပေးနိုင်မလား"

လုရွှမ်ခမျာ ရွှေကျီးကန်းကို ရှာဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ပေ။ ရွှေကျီးကန်းသည် ပျံသန်းထွက်လာပြီး တစ်ချက် ကြည့်လိုက်ပြီးနောက် တုန်လှုပ်သွားသည်။

"ကောင်လေး မင်း ဒီအခြေအနေကို ဘယ်လိုလုပ် ရောက်လာ​ပြန်တာလဲ"

ရွှေကျီးကန်းဟာ သူ့ပတ်ဝန်းကျင်က ကျောက်ဓားရှည်တွေကို ကြည့်ရင်း သူ့လျှာကို လှုပ်ရှားလိုက်သည်။

"ကျီးဖိုးဖိုး... ကျေးဇူးပြုပြီး ကျွန်တော့်ကို မလှောင်ပြောင်ပါနဲ့တော့ မြန်မြန်ပြောပြ... ကျွန်တော့်အရိုးတွေ ကျိုးသွား​တော့မလို ခံစား​နေရတယ်"

ရွှေကျီးကန်းက သက်ပြင်းချလိုက်ပြီး "ကောင်လေး မင်းကံကောင်းတာလား ကံဆိုးတာလား ဘာပြောရမှန်းတောင် မသိ​တော့ဘူး... မင်းဒီလိုမျိုး ဖြစ်သွားနိုင်တယ်...ငါ့ရဲ့ ခန့်မှန်းချက်က မှန်တယ်ဆိုရင် ဒါက လှောင်အိမ်ရဲ့ မူရင်းပုံစံ ဖြစ်လိမ့်မယ်... မင်းနဲ့ လှောင်အိမ်က တကယ်ပဲ ဆက်နွယ်နေပုံရတယ်..."

"ဘာကြီး?" လုရွှမ် ထိတ်လန့်တကြားနဲ့ အော်လိုက်သည်။

ရွှေကျီးကန်းက ခေါင်းညိတ်ပြီး "အပြင်မထွက်နိုင်ရင် တစ်သတ်လုံး ပိတ်မိသွားလိမ့်မယ်"

"ဒီလှောင်အိမ်ကြီး ပေါ်ပေါက်လာတာက ပထမပုံစံပဲ ဖြစ်မယ် မဟုတ်ရင် မင်းဆိုတဲ့ ကောင်လေး သေသွားတာ ကြာပြီလေ... ဒါပေါ့ နောက်ပိုင်း လှောင်အိမ်တွေက ပိုကြင်နာတတ်လာတယ်... လူတွေကို အဆုံးမဲ့ အချိန်နဲ့အမျှ ထောင်ဖမ်းတယ် ပြီးရင် သက်ရှိသတ္တဝါတွေကို ပြာဖြစ်တဲ့အထိ သတ်လိုက်တာပဲ”

လုရွှမ် ပို၍ပင် ထိတ်လန့်သွားသည်။ နဂိုက သန့်စင်ထားတဲ့ လှောင်အိမ်ရဲ့ ရှေ့ပြေးပုံစံက ဘာတွေ ပြောင်းလဲလာမလဲဆိုတာ ဘယ်သူက သိမှာလဲ။

လုရွှမ် ကျောက်ဓား၏ အစွမ်းကို မြည်းစမ်းခဲ့ပြီး ဖြစ်တာကြောင့် ထုံးစံအတိုင်း ၎င်းကို ထပ်၍ မမြည်းစမ်းချင်တော့ပေ။

"စိတ်မပူပါနဲ့... လှောင်အိမ်ထဲက ထွက်သွားနိုင်မယ့် နည်းလမ်းရှိတယ် မင်း အဲဒါကို ရှာနိုင်သရွေ့ သဘာဝအတိုင်း ထွက်သွားနိုင်လိမ့်မယ်"

ပြောပြီးနောက် ရွှေကျီးကန်းက ပြန်ဝင်သွားသည်။ လုရွှမ် ဆွံ့အသွားသည်။ ဒါပဲလား။ သူအခု ဘယ်ကို သွားရမလဲ။ ဒီကျောက်ချွန်တွေကြောင့် ခန္ဓာကိုယ်ကို တင်းတင်းကြပ်ကြပ် မတ်မတ်ထားပြီး အနေအထိုင်ကပင် အလွန်ထူးဆန်းနေသည်။ အနည်းဆုံးတော့ ပိုကောင်းတဲ့ နည်းလမ်းနဲ့ ပိုကြာကြာ နေရလျှင် တော်သေး၏။

လက်ရှိအခြေအနေအရ သူ နောက်ထပ်ရက် အနည်းငယ် ကြာတဲ့အထိ ထိန်းထားနိုင်မည် မဟုတ်ဟု ခန့်မှန်းခဲ့သည်။ ဒီလှောင်အိမ်ကြီးကို ဖောက်ချင်ရင်တော့ လှောင်အိမ်ရဲ့ သဘောသဘာဝကို ရှင်းရှင်းလင်းလင်း သိအောင် စဉ်းစားဖို့ လိုပါသည်။

၎င်းတို့အားလုံးသည် ကျောက်တုံးများဖြင့် ပြုလုပ်ထားသော်လည်း ဤကျောက်မျိုးသည် ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်ပစ္စည်းများနှင့် များစွာကွာခြားခြင်းမရှိပေ။ တကယ်တော့ ဒါက မူလကမ္ဘာ မခွဲခင်ကတည်းက တည်ရှိခဲ့တဲ့ အရာပဲ ဖြစ်ပေမည်။

စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားကို အသုံးပြုလျှင် ရမရ မစမ်းကြည့်ရသေးသော်လည်း ယခုအခါတွင်မူ သူ့ခန္ဓာကိုယ်ကိုပင် မလှုပ်ရှားနိုင်ဘဲ စွမ်းရည်သုံးမျိုးနှင့် အသက်သုံးချောင်းဓားကို ကစားကြည့်ဖို့ လုံးဝ မဖြစ်နိုင်ချေ။

ဒါ့အပြင် ဒီလှောင်အိမ်ဟာ ရှည်လျားလွန်းတဲ့ သမိုင်းကြောင်းကို အခြေခံထားလို့ သူအနေနဲ့ မမှတ်မိတော့ပါဘူး။ ထို့အပြင် လက်ရှိနေရာပေါ်ရှိ ကောင်းကင်နှင့် မြေကြီး၏ အငွေ့အသက် အနည်းငယ်ကို ခံစားရကြောင်း ထင်ရှားသည်။

ဒါကြောင့် ချိုးဖျက်ဖို့က အရမ်းခက်နိုင်သည်။

ထူးဆန်းလိုက်တာ၊ တခြားသူတွေ အဆင်ပြေနေချိန်မှာ သူ့ကိုဘာလို့ ဒီထဲ ဆွဲခေါ်လာရတာလဲ။

တခြားနည်းလမ်းကို မစဉ်းစားနိုင်သောကြောင့် လုရွှမ် သူ၏ ခွဲခြမ်းစိတ်ဖြာမှုကို စတင်ခဲ့သည်။

သုံးရက်​​ကျော်​သွား​တဲ့အထိ မလှုပ်​နိုင်​​သေးပေ။ ပြောင်းလဲမှု တစ်စုံတစ်ရာ ရှိခဲ့ပါက သူ့ခန္ဓာကိုယ်ကို ကျောက်တုံးဓားဖြင့် ထိုးဖောက်ကာ သွေးများ ရွှဲနေခြင်းသာ ဖြစ်ပေလိမ့်မည်။ ကံကောင်းထောက်မစွာနဲ့ ဤကျောက်တုံးများက သွေးစုပ်မယ့် အစွမ်းမရှိပေ။ မဟုတ်ပါက လုရွှမ်တစ်ယောက် သွေးဆုံးရှုံးပြီး သေဆုံးသွားပေလိမ့်မည်။

သို့သော် ယခုအချိန်ကပင် လုရွှမ်အတွက် အလွန်အရှက်ရနေပြီ ဖြစ်ပါ၏။ ပြင်းထန် ကြံ့ခိုင်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော်လည်း သူဟာ သွေးများစွာကို ဆုံးရှုံးခဲ့ရပြီး ခွန်အားတွေလည်း ကုန်ဆုံးသွားတော့မလို ဖြစ်လာသည်။

ဒီလိုသာ ဆက်ရှိနေရင် နောက်ဆုံးမှာ အသက် ရှင်သန်နေရင်တောင် သေချာပေါက် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားလိမ့်မည်။ နောက်ဆက်တွဲ အန္တရာယ်နဲ့ ရင်ဆိုင်နေရရင် သေဖို့ သေချာသလောက်ပါပဲ။

သို့သော် ယခုအချိန်တွင် လုရွှမ်သည် အစပိုင်းက စိတ်မရှည်ခဲ့သော သူ့စိတ်များက ငြိမ်သက်သွားခဲ့ပြီ။ သူ့ပတ်ဝန်းကျင်က လှုပ်ရှားမှုတွေကို ကြည့်ပြီး အပြောင်းအလဲတွေကို ခံစားရင်း ဒီကျောက်ဓားရှည်တွေ အကြောင်း တဖြည်းဖြည်း နားလည်လာသည်။

All Chapters