← Chapters

အောင်မြင်မှု

Vol. 123 Ch. 4.1360

အောင်မြင်မှု

Vol. 123 Ch. 4.1360

လုရွှမ် နာကျင်မှုကို ကြံ့ကြံ့ခံကာ ချင်ထျန်းဓားကို အစွမ်းကုန် ဆုပ်ကိုင်ထားသည်။ ကောင်းကင်နဲ့ မြေကြီးရဲ့ အငွေ့အသက်ကို အပေါ်က ချင်ထျန်းဓားထဲ ပေါင်းစည်းကာ ကိုင်ဆောင်ထားရသည်။

မဟုတ်ပါက ကောင်းကင်နဲ့မြေကြီးရဲ့ ဝိညာဉ်စွမ်းအင်သည် သူ့ခန္ဓာကိုယ်အတွင်း ဘယ်ညာ ထိပ်တိုက်တွေ့သွားပါက သူ့ခန္ဓာကိုယ်ကို ပေါက်ကွဲသွားစေမှာပဲ ဖြစ်သည်။

သို့သော် အလားတူပင် ချင်ထျန်းဓားသည် ကောင်းကင်နဲ့မြေကြီးရဲ့ အငွေ့အသက်ကို မရရှိနိုင်ပါက ၎င်း၏ ပြောင်းလဲမှုဟာ ပျက်စီးသွားလိမ့်​မည်။ သို့ဆိုလျှင် လူသားနှင့် အရင်းအနှီး နှစ်ခုစလုံးကို အမှန်တကယ် ဆုံးရှုံးသွားရလိမ့်မည်။

နာကျင်မှုက သူ့ခန္ဓာကိုယ်ရဲ့ ဦးခေါင်းခွံထဲက ပေါက်ကွဲလုနီးနီး ထွက်နေသော်လည်း တောင့်ခံထားသည်။

ကံကောင်းထောက်မစွာနဲ့ သူ့ခန္ဓာကိုယ်ထဲရှိ ယွမ်ယန်ကျင့်စဥ်သည် ကောင်းကင်နဲ့မြေကြီးရဲ့ အငွေ့အသက်ကြောင့် ခန္ဓာကိုယ်ကို ထိရောက်စွာ ကာကွယ်ထားနိုင်ခဲ့သည်။ ဒါကြောင့် ပထမပိုင်းတွင် ကောင်းကင်နဲ့မြေကြီးရဲ့ အငွေ့အသက်ကြောင့် သူ့​ခန္ဓာကိုယ်ကို မဖျက်ဆီးနိုင်ခဲ့ပေ။

တဖြည်းဖြည်းနဲ့ လုရွှမ်သည် ယွမ်ယန်စွမ်းအင်က သူ့ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင် ပေးလာတာအား ခံစားလိုက်ရသည်။ ဒါကို ကျင့်ကြံသူတွေကြားမှာ သာမန်အားဖြင့် ကောင်းကင်နဲ့မြေကြီးရဲ့ အသွင်အပြင်ကို ဖန်ဆင်းခြင်းနဲ့ ပြုပြင်ခြင်းလို့ သိကြသည်။

ယွမ်ယန်ကျင့်စဥ်ကြောင့် ပြန်လည် ကြီးထွားလာသော အရိုးများသည် သန်မာပြီး ပိုအားကောင်းလာသည်။ ခန္ဓာကိုယ်တွင်းရှိ အရေပြားနှင့် အသားများရဲ့ ခံနိုင်ရည်အားကလည်း ပိုမိုပြင်းထန်လာသည်။

လုရွှမ် ကျောက်ဓားကို ထပ်မံထိလိုက်ရာ သူ့အရေပြားက သိသိသာသာ မာကျောလာတာ တွေ့လိုက်ရသည်။

ရန်သူ၏အာဏာစက်သည် သူ့ခေါင်းထက်က ချင်ထျန်းဓားကို အဆမတန် အမြတ်အစွန်း ရစေသည်။ ၎င်းက နတ်မိုးခြိမ်းသံကို ဆွဲဆောင်ကာ ကောင်းကင်နဲ့မြေကြီးရဲ့ ရောင်ဝါနှင့်လည်း ရောနှောကာ ချင်ထျန်းဓားပေါ်တွင် ရစ်ပတ်နေသည်။

ချင်ထျန်းဓား၏ အပြောင်းအလဲများကို သာမန်မျက်စိဖြင့် မြင်နိုင်ပြီး လုရွှမ်စိတ်ထဲတွင် ပေါ်နေသော ဓားသည်လည်း ပြောင်းလဲနေကာ ပိုအားကောင်း၍ ပိုလေးလာတာကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။

၎င်း၏ အမည်ကဲ့သို့ပင် လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းနှင့် ကွက်ကွက်ကွင်းကွင်း တက်ကြွမှုက အပြည့်ရှိသည်။

လုရွှမ်၏ ခန္ဓာကိုယ်သည်လည်း အဆက်မပြတ် ကွဲအက်နေရာမှ ပြန်လည် ကောင်းမွန်လာသည်။ ချင်ထျန်းဓားကလည်း သူ့လိုမျိုးပဲ လျင်မြန်စွာ ဖျက်ဆီးခံရပြီး ပြန်လည် မွေးဖွားလာ၏။ ပတ်ဝန်းကျင် ကမ္ဘာ၏ အငွေ့အသက်များသည် လုရွှမ်ကိုယ်ခန္ဓာအတွင်းသို့ လျင်မြန်စွာ ဖြတ်သန်းလာပုံမှာ ယခင်ကထက် အဆများစွာ ပိုမြန်လာသည်။

သူ့ခန္ဓာကိုယ်ကို ထိုးမိသော ကျောက်ဓားက တဖြည်းဖြည်း အားနည်းလာတာကို ခံစားလိုက်ရသည်။ ကောင်းကင်နဲ့မြေကြီးရဲ့ ရောင်ဝါက အလွန်အားကောင်း နေသေးသော်လည်း အစပိုင်းတုန်းကလောက် ပြင်းထန်ခြင်း မရှိတော့ပေ။

ယခု သူ့ခန္ဓာကိုယ်သည် ကောင်းကင်နဲ့မြေကြီးရဲ့ အရိပ်အာဝါသနှင့် ပြည့်နှက်နေသည့်တိုင် လုရွှမ်သည် လှောင်အိမ်က သူ့ကို ပိုသ​ဘောကျလာပြီး သူနှင့် အနည်းငယ် နီးကပ်ချင်နေတယ်လို့ ခံစားလာရသည်။

ဤအခိုက်အတန့်တွင် သူသည် ဤလှောင်အိမ်မှ ထွက်သွားလိုပါက တားဆီးနိုင်တာတွေ လုံးဝ မရှိတော့ကြောင်း ခံစားခဲ့ရသည်။ သို့သော် လုရွှမ် မလှုပ်ရှားသေးဘဲ ကောင်းကင်နဲ့မြေကြီးကို ဓားရှည်ကြီးအဖြစ်သို့ ပြောင်းလဲကာ ရောင်ဝါတွေကို ဆက်လက် ပြောင်းလဲသွား​စေခဲ့သည်။

ချင်ထျန်းဓားသည် အတွင်းပိုင်းကစ၍ တဖြည်းဖြည်း ဓားပုံသဏ္ဌာန် ဖြစ်လာသည်။ လုရွှမ်သည် အရာအားလုံးကို အာရုံစိုက်လိုက်သောအခါတွင် ကောင်းကင်နဲ့မြေကြီးရဲ့ ရှူရှိုက်မှုကို ခံစားလိုက်ရသည်။ ဒါဆိုရင် ချင်ထျန်းဓားဟာ နတ်လက်နက်ကနေ ကောင်းကင်လက်နက်အဖြစ် ပြောင်းလဲသွားတဲ့ အချိန်ဆိုတာ ထင်ရှားပါ၏။

ချင်ထျန်းဓား၏ ဓားကိုယ်ထည်မှ မြေကြီးမီးသည် နတ်နဂါးမိသားစုတွင် ရှိစဉ် လက်နက်သန့်စင်ရေး တောင်ကြားမှ ရရှိထားသော မြေမီးဖြစ်သည်။ ၎င်းတွင် ကောင်းကင်မြေကြီးရဲ့ ထွက်သက်ဝင်သက် သဲလွန်စများ ပါရှိသည်။

ထိုအရာက လက်ရှိ ကောင်းကင်နဲ့ မြေကြီးရဲ့ အရိပ်အာဝါသနဲ့ နှိုင်းယှဥ်ကြည့်မယ်ဆိုရင် နောက်ကျ ကျန်နေပါသေး၏။ အမှန်တော့ ဤနေရာ၌ ကောင်းကင်မြေကြီး၏ ရောင်ဝါသည် နှစ်ထောင်ပေါင်းများစွာ မရေမတွက်နိုင်အောင် စုစည်းနေခဲ့ပြီးသားပင်။

၎င်းသည် ကျောက်ဓားများထဲ၌ အလွန်အမင်း စိမ့်ဝင်နေပြီး တည်ငြိမ်လျက် ရှိတဲ့အပြင် အကန့်အသတ်မရှိလည်း သန့်စင်နေသည်။ သူသန့်စင်ထားသော နတ်လက်နက် သုံးလတ်ကို အခြားသူများထံ ပေးအပ်ထားပြီး​ပြီ ဖြစ်သည့်အတွက် ယခုအခါ သူနှင့်အတူရှိသည့် လက်နက်က သုံးမျိုးသာ ကျန်တော့သည်။

၎င်းတို့၏ အရည်အသွေးသည် ကောင်းကင်မြေကြီး၏ လက်ရှိအငွေ့အသက်ကို ခံနိုင်ရည် မရှိသော်လည်း ၎င်းတို့သည် အဆင့်နိမ့်သော ကောင်းကင်နယမြေကြီး၏ အသွင်အပြင်ကိုတော့ လွယ်ကူစွာ ခံနိုင်ရည်ရှိ​ကြသည်။

မူလက လုရွှမ်သည် ကျိုးပဲ့နေသော မိုးနတ်ဘုရားဓားကို ဖယ်ထုတ်ချင်ခဲ့သော်လည်း ယခုတော့ ၎င်းကို တွေးတောကာ နောက်မှ သေချာ ပြန်လည် သန့်စင်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။

သူ့ခန္ဓာကိုယ်သည် ယခုအခါ ကောင်းကင်မြေကြီး၏ ရောင်ဝါ အထောက်အပံ့ကို ခံနိုင်ရည်ရှိနေပြီ။ ဒါကြောင့် ထိုရောင်ဝါကို ချင်ထျန်းဓားထဲသို့ ခွန်အားအပြည့်ဖြင့် သဘာဝအတိုင်း ပို့ဆောင်နိုင်သည်။ ချင်ထျန်းဓားရဲ့ ပေါင်းစပ်တဲ့ အရှိန်က အလွန်မြန်သည်။

ဓားကိုယ်ထည်လည်း လျင်မြန်စွာ ပုံသဏ္ဌာန်တည်လာသည်။ လုရွှမ်သည် သူ့ခေါင်းထက်မှ နတ်လက်နက်ရဲ့ အော်ဟစ်လိုက်သံကို ခံစားလိုက်ရသောအခါတွင် အော်သံက ကြည်နူး​နေသလို ဖြစ်နေသည်။ လုရွှမ် လှောင်အိမ်ထဲတွင် မနေတော့ဘဲ ကောင်းကင်သို့ တိုက်ရိုက် ခုန်တက်ကာ လေထဲတွင် လွတ်လွတ်လပ်လပ် ပျံသန်းနေသော ဓားကို ဖမ်းကိုင်လိုက်သည်။

ယခုအချိန်တွင် ချင်ထျန်းဓားက ကောင်းကင်လက်နက်အဖြစ် လုံးဝ ပြောင်းလဲသွားခဲ့ပါပြီ။

သန့်စင်သော ကောင်းကင် မြေကြီးရဲ့ ရောင်ဝါဆီက အကျိုးကျေးဇူးများကြောင့်ပဲ ဖြစ်လိမ့်မည်။ သို့သော် လက်ရှိသူ့ဓားတွင် အသုံးပြုသည့် ပစ္စည်းများသည် ကောင်းကင်လက်နက်များနှင့် နှိုင်းယှဉ်ပါက အလွန်ကောင်းမွန်ခြင်း မရှိကြောင်း ကောင်းကောင်းကြီး သိပါသည်။

သို့သော် ဓားသွားအတွင်းမှ ကောင်းကင်မြေကြီး၏ ရောင်ဝါကို ပေါင်းစပ်လိုက်ရင် ၎င်းရဲ့ စွမ်းအားသည် လုံးဝ ရက်စက်ကြမ်းကြုတ်ပြီး အလွန်အစွမ်းထက်​ပေလိမ့်မည်။ လုရွှမ် ဓားကို ဝေ့ယမ်းကြည့်လိုက်စဥ် မျက်လုံးများ တောက်ပလာ၏။ နောက်ဆုံးတော့ စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားရဲ့ ဓားချက် ကိုးချက်ကို သုံးလို့ရပြီ။

စွမ်းရည်သုံးမျိုးလို့ အမည်ပေးထားရတဲ့ အကြောင်းရင်းကတော့ လူသားဓား၊ မြေကြီးဓားနဲ့ ကောင်းကင်ဓားတို့ကြောင့်ပဲ ​ဖြစ်ပါ၏။

ကောင်းကင်လက်နက် အသုံးပြုလိုပါက ကောင်းကင်မြေကြီး စွမ်းအင်ကို ပိုင်ဆိုင်ရမည် ဖြစ်သော်လည်း ယခုအခါတွင် သူ့ခန္ဓာကိုယ်သည် ကောင်းကင်မြေကြီး၏ ရောင်ဝါဖြင့် သန့်စင်သွားခဲ့ပြီ ဖြစ်သည်။ နောက်ဆုံးတော့ ဓားသိုင်း ၉ ကြိမ်ကို လွယ်လွယ်ကူကူ အသုံးမပြုနိုင်သေးပေ။

ကိုးချက်လောက်သုံးပြီးတာနဲ့ လုရွှမ်ဟာ မြေပြင်ပေါ်ကို တိုက်ရိုက်ပဲ ပြန်ပြုတ်ကျသွား၏။ ဤဓားနည်းသိုင်းက စွမ်းအင်များစွာ သုံးစွဲရသည်ဟု မထင်နိုင်ပေ။ သူ၏ လက်ရှိ ကျွမ်းကျင်မှုဖြင့် ဓားစွမ်းရည်ကို ဒီလောက်တော့ ပြသနိုင်ခဲ့သည်။

သူသည် သူ့ဓားစွမ်းရည်ကို စိတ်ဆန္ဒအပြည့်ဖြင့် အသုံးပြုလိုပါက အနည်းဆုံး မျှော်စင် နယ်ပယ်သို့ ရောက်သည်အထိ စောင့်ရပေမည်။ ဒါက သူရဲ့ ယွမ်ယန်ကျင့်စဥ် ခွန်အားကို အခြေခံနေသေးလို့ပါပဲ။ မဟုတ်ရင်တော့ သူဟာ နတ်ခြေလှမ်းနယ်ပယ် ရောက်တဲ့အထိ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။

သို့သော် လုရွှမ် အခုလည်း အလွန်စိတ်လှုပ်ရှားနေပါပြီ။ နောက်ဆုံးတွင် သူသည် ဤပြဿနာမှ လွတ်မြောက်ခဲ့သည့်အပြင် မတော်တဆ ချင်းထျန်းဓားကို ကောင်းကင်လက်နက် အဖြစ်ပါ သန့်စင်ခဲ့သည်။ ထပ်ပေါင်း၍ စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားရဲ့ နောက်ဆုံးဓား ကိုးချောင်းကိုလည်း ထုတ်သုံးနိုင်ခဲ့သည်။

ခန္ဓာကိုယ်ကို ကောင်းကင်မြေကြီး၏ ရောင်ဝါဖြင့် သန့်စင်ပြီးနောက် ကာယခွန်အားဟာ အနည်းဆုံး သုံးဆအထိ တိုးလာခဲ့သည်။

လက်ရှိခန္ဓာကိုယ်ကို တွေးတောကြည့်လျှင် သူ့နယ်ပယ်ကို မတိုးတက်စေဘဲ ခန္ဓာကိုယ်အတွင်းက ခွန်အား အနည်းငယ် တိုးတက်လာစေဖို့ ဘယ်လောက်တောင် ခက်ခဲမလဲ တွေးကြည့်နိုင်သည်။

လုရွှမ် ကျောက်နံရံလှောင်အိမ်သို့ ပြန်လာပြီး ဤကျောက်ဓားရှည်များကို ညင်သာစွာ ပွတ်သပ်လိုက်သောအခါတွင် တစ်ခုစီက သမိုင်းရေစီးကြောင်း ခံစားချက်များ ပြည့်နှက်နေသယောင် ယောင်ဝါးဝါး ခံစားလိုက်ရသည်။

လုရွှမ် သူ့လက်ကို ထိတ်လန့်တကြား မြှောက်လိုက်သော်လည်း ကျောက်နံရံနှင့် ကျောက်ဓားရိုးတို့သည် အပိုင်းပိုင်း ကွဲအက်ကာ ကျောက်တုံးများအဖြစ်သို့ ပြောင်းလဲသွား​တော့သည်။ ထိုအချိန်မှစ၍ လှောင်အိမ်သည် လုံးဝ အပိုင်းပိုင်း ကွဲသွားသည်။

"ဒါက?"

ရွှေကျီးကန်း: "ဒါက အံ့သြစရာ ကောင်းနေလို့လား? ကောင်းကင်နဲ့ မြေကြီးရဲ့ ​ရောင်ဝါကို သယ်ဆောင်ပြီးသွားပြီ... ဒါကြီးရှိနေဖို့ လိုအပ်နေသေးတယ်လို့ ထင်လို့လား?"

အမှန်တရားက အမှန်တရားပဲ။ ဒါပေမဲ့ နည်းနည်းတော့ စိတ်ကူးယဉ်ဆန်တယ်လို့ ခံစားရလေ၏။

"မေ့လိုက်ပါတော့ ဒါက အကြောင်းတရားနဲ့ အကျိုးတရားပဲ... အချိန်တန်ပြီ ဆိုရင်တော့ လမ်းထဲဝင်ဖို့ အချိန်ကျပြီ"

လုရွှမ် အောက်ဘက်ရှိ ကျောက်တုံး အပိုင်းအစများကို ဦးညွှတ်ပြီး လှည့်ထွက်သွားသည်။ သူ ဒီမှာ အချိန်တွေ အများကြီး ကုန်ဆုံးခဲ့ပြီးပြီ။

All Chapters