← Chapters

ကောင်းကင်လက်နက် သွေးကို တွေ့ပြီ

Vol. 123 Ch. 4.1361

ကောင်းကင်လက်နက် သွေးကို တွေ့ပြီ

Vol. 123 Ch. 4.1361

လုရွှမ် ယခုအချိန်တွင် အင်အားကို အတိုချုံး ခန့်မှန်းကြည့်ရာ အနည်းဆုံး 50% ရှိသည်။ နတ်ဓားရဲ့ အဆင့်ကို တိုးတက်စေရုံသာမက ရုပ်ပိုင်းဆိုင်ရာ ခွန်အားကလည်း တိုးလာသည်။ သူ့ရဲ့ လျင်မြန်စွာ တုံ့ပြန်နိုင်စွမ်းက ပိုကောင်းလာသလို စွမ်းအင် ဗုံးကြဲတိုက်ခိုက်ခြင်းရဲ့ စွမ်းအားကလည်း ပို၍ပို၍ အားကောင်းလာသည်။

အထူးသဖြင့် ကောင်းကင်မြေကြီးရဲ့ အငွေ့အသက်တွေက ယွမ်ယန်ကျင့်စဥ်ကို နှိုးဆွသောအခါ လုရွှမ်သည် ယွမ်ယန်ကျင့်စဥ်နဲ့ အရင်ကထက် ပိုရင်းနှီးလာသလို ခံစားမိ​လေသည်။ လက်ချောင်းနဲ့ လက်မောင်းများပေါ်က စွမ်းအင်လှိုင်းတွေက သူ့အား ပို၍ ကျေနပ်အားရစေသည်။

စွမ်းရည်သုံးမျိုး၊ အသက်သုံးဓား၏ နောက်ဆုံးဓားကိုးချောင်းကို လက်ရှိအချိန်အထိ အသုံးမပြုနိုင်သေးသော်လည်း ထိုဓားသိုင်းကိုယ်တိုင်ကတော့ လှုပ်ရှားနိုင်တဲ့ အကွက်တွေက ပြီးပြည့်စုံသွားပါပြီ။ ဓားသွားများ ရှေ့ဆက်ရာတွင် များစွာတိုးတက် ကောင်းမွန်လာရုံသာ ရှိတော့သည်။

လုရွှမ် လက်ရှိတွင် ယုံကြည်မှု ရှိလာသော်လည်း ယခုခွန်အားက ချောင်ယန်လောက် မကောင်းမွန်သေးချေ။ လုရွှမ် သူ့ခြေထောက်ကို အမြန်ရွှေ့လိုက်သည်။ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို နှေးကွေးစေပေမယ့် လျင်မြန်စွာ လှုပ်ရှားနိုင်စေပါသည်။

အရိပ် တစ်ခုအဖြစ်သို့ ပြောင်းလဲကာ လုရွှမ် အဝေးဆီသို့ ထွက်ပြေးသွားခဲ့သည်။ အမဲလိုက်ကွင်း တစ်ခုလုံး၏ အပြင်ဘက်တွင်ရှိ အဆင့်မြင့် မိစ္ဆာသားရဲများစွာဟာ အတွင်းပိုင်း လှုပ်ရှားမှုကို သတိပြုမိကြသည်။

“အရင်က ဘယ်လို ရောင်ဝါမျိုး ထွက်သွားတာလဲ... ကောင်းကင်မြေကြီးရဲ့ တန်ခိုးနဲ့တူတယ်လို့ ခံစား​နေရတယ်... တချို့ပါရမီရှင်တွေ အတိဒုက္ခကို အောင်အောင်မြင်မြင် ကျော်လွှားပြီး မသေမျိုးနယ်ပယ်ထဲကို ဝင်သွားတာ ဖြစ်နိုင်လား?"

မသေမျိုးနယ်ပယ်ကို ဖြတ်သွားသော မိစ္ဆာသားရဲတို့ အမြင်တွင် ပြီးပြည့်စုံသော မျက်လုံးများ ရှိသည်။ ဒီလူသားတွေက ဘယ်အဆင့်ရှိလဲ သူတို့ ကောင်းကောင်းသိကြသည်။ လူသားတွေက အရည်အချင်း မပြည့်စုံကြချေ။ ကျင့်ကြံမှုကို ရှေ့တိုးလိုပါက ရုပ်ပိုင်းဆိုင်ရာ စွန့်လွှတ်ခြင်း သို့မဟုတ် စိတ်ဝိညာဉ် ပျက်စီးမှသာလျှင် မသေမျိုးနယ်ပယ်သို့ ရောက်ရှိနိုင်သည်။

မသေမျိုးနယ်ပယ်ထဲ ရောက်သွားရင်တောင် တတိယတန်းစား မသန်စွမ်းသူတစ်ယောက် ဖြစ်နေဦးမှာပင်။ ဒါကြောင့် မသေမျိုးနယ်ပယ်က လူသားဟု ခေါ်ဝေါ်ကြသော်လည်း သူတို့၏ တိုက်ပွဲဝင် စွမ်းအားကတော့ များစွာကွာခြားပါသည်။

သူတို့၏ မျှော်စင်နယ်ပယ် မိစ္ဆာသားရဲများနှင့် နှိုင်းယှဥ်ပြော၍ပင် မရပေ။ ၎င်းတို့၏ ထိပ်တန်း မျှော်စင်နယ်ပယ်များနှင့် နှိုင်းယှဥ်လျှင်ပင် ၎င်းတို့သည် မိစ္ဆာသားရဲတို့၏ ပြိုင်ဘက်များပင် မဟုတ်ပေ။

မသေမျိုးနယ်ပယ်ကို ဖြတ်ကျော်လိုသော ထိုကဲ့သို့သော လူသားတစ်ယောက်အတွက်ကတော့ မိုက်မဲသော အိပ်မက်တစ်ခု ဖြစ်နေမှာ သေချာပါသည်။

လုရွှမ်ကတော့ အပြင်က မိစ္ဆာသားရဲတွေ ဘာတွေ တွေးနေမှန်း မသိခဲ့ပါဘူး။

သို့သော် တစ်ဖက်ကမ်းပန်းရဲ့ အသွင်အပြင်က ဤအမဲလိုက်နယ်မြေတွင် မမျှော်လင့်ထားသည့်အရာတစ်ခု ဖြစ်စေခဲ့တာတော့ သိသာထင်ရှားပါသည်။ ဘာပဲဖြစ်ဖြစ် ဒါက အခွင့်ကောင်းတစ်ခု ဖြစ်တာကြောင့် သူ့အနေနဲ့ သဘာဝအတိုင်း လက်လွှတ်မခံနိုင်ပါဘူး။

ရွှေကျီးကန်းက သူ့​အစွမ်းသတ္တိသည် လူသားများကြားတွင် ထူးထူးခြားခြား ဖြစ်ကြောင်း ရှင်းလင်းစွာ ပြောခဲ့သည်။ သို့သော် ဝိညာဥ်သားရဲများနှင့် နှိုင်းယှဥ်ကြည့်လျှင် အနည်းဆုံး ဘဝတံခါး ဆယ်ပေါက်ကို ဖွင့်ခြင်းက ၎င်းတို့ထက် များစွာ နောက်ကျနေသေးသည်။

လူသားများအတွက် ဘဝတံခါး ကိုးပေါက်သည် ပြီးပြည့်စုံခြင်းကို ဆိုလိုသော်လည်း ဒဏ္ဍာရီလာ သားရဲများဟာ လူသားများထက် ထူးကဲပြီး အမှီအခိုကင်းသည့် အကြောင်းရင်းမှာ ၎င်းတို့သည် နောက်ထပ် ဘဝတံခါးတစ်ခုဖြင့် မွေးဖွားလာသောကြောင့်သာ ဖြစ်သည်။

တစ်ခုပဲ ကွာပေမယ့် လုံးဝကို ကွဲပြားသွားသည်။

ဒါကြောင့် လုရွှမ်လည်း တစ်ဖက်ကမ်းပန်းကို ရရှိရန် ရည်မှန်းထားသည်။ တစ်ရက်ကျော် ပျံသန်းပြီးနောက် လုရွှမ်သည် နောက်ဆုံးတွင် မိစ္ဆာသားရဲများ၏ လှုပ်ရှားမှုများကို ဖမ်းမိခဲ့သည်။ သူတို့လည်း သရုပ်ဆောင်တာကို ရပ်လိုက်ပြီး သတိကြီးကြီးထားလိုက်ပါပြီ။

အမှန်တော့ ဘယ်သူမှ တခြားသူတွေအတွက် အမြောက်စာတွေ မဖြစ်ချင်ပါဘူး။ မထင်မှတ်ပဲ၊ မတော်တဆ မိစ္ဆာလေးကောင် ဝိုင်းထားတဲ့ စက်ဝိုင်းထဲကို သူ ပြုတ်ကျသွား၏။

"ဟမ့် ငါမင်းကိုပြောတာကြာပြီ... တစ်ချိန်လုံး ငါ့နောက်ကို တစ်ယောက်ယောက်က လိုက်နေသလို ခံစားရတယ်လို့... မင်းပြောနေတဲ့သူက ခိုနဲ့ သိပ်မခြားနားတဲ့ ငှက်တစ်ကောင်ပဲကိုး..."

မိစ္ဆာသားရဲ၏ မျက်လုံးများသည် သွေးဆာနေသော အနီရောင် အလင်းရောင်ဖြင့် တောက်ပနေပြီး ထိုအလင်းရောင်က အလွန်ဆိုးရွားလှသည်။ နောက်တစ်ကောင်ရဲ့ ချစ်စရာကောင်းတဲ့ အသွင်အပြင်ကလည်း တုနှိုင်းမရတဲ့ ထိတ်လန့်မှုကို ဖြစ်ပေါ်စေလေသည်။

အထူးသဖြင့် ၎င်းရဲ့ မျက်လုံးနှစ်ဖက်လုံးဖြင့် ကြည့်လာသောအခါ လုရွှမ်မှာ မရေမတွက်နိုင်သော သရဲတစ္ဆေများ သူ့ဆီသို့ ပြေးလာနေသလို ခံစားရပြီး မရေမတွက်နိုင်သော ကျိန်စာများ ကျဲချလိုက်သလိုလည်း ခံစားလိုက်ရသည်။

တခြား မိစ္ဆာသားရဲ သုံးကောင်မှာမူ မြွေတစ်ကောင်၏ ခန္ဓာကိုယ်လို အလွန်ကြီးမားသည်။ မီတာတစ်ရာနီးပါး ရှည်လျားသော လျှာကြီးကို တံတွေးနဲ့အတူ ထုတ်လိုက်တိုင်း အနံ့အသက်ဆိုးများ ထွက်လာသည်။ ဤသားရဲဟာ အလွန်မာနကြီးပုံ ပေါက်ပေမယ့် အရသာရှိသော အစားအစာကိုတော့ နှစ်သက်သလိုပင်။

"ငါအရင်က လူသားစားဖူးတယ်... ကျစ် ကျစ် အရသာ အရမ်းကောင်းတယ်! မိုးခြိမ်းသံတွေလည်း ဖြာထွက်နေတာလေ... ​​ဟားဟား အရည်အချင်းတွေက အကုန်ကောင်းပါတယ် ဒါပေမယ့် ဒီကလူတွေက ဒီလောက် ရက်စက်ကြမ်းကြုတ်တဲ့ စွမ်းအားတွေ ရှိလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး... ငါ့ဦးနှောက်ကို သနားလိုက်တာ... သူက​တော့ အကိုက်ခံရပြီး အဆိပ်မိသွားတယ်လေ ဟားဟားဟား...."

လုရွှမ်သည်လည်း သူ့ခန္ဓာကိုယ်ပေါ်တွင် လျှပ်စီးကြောင်းတွေ ဖြာထွက်နေသည်။ ဤမြွေကြီး၏ အဆင့်သည် မျှော်စင်နယ်ပယ် အဆင့်၈ တွင် ရှိတာကြောင့် မျိုချခံရသူမှာ လိန်မင်ဖြစ်နိုင်သည်။

လိန်မင်? သူ သေသွားပြီလား။

ဤနေရာသို့ ဝင်ရောက်ပြီးနောက် ၎င်းတို့အနက်မှ တစ်ယောက်ယောက်ကတော့ ကျိန်းသေ သေမည်ဟု သူမျှော်လင့်ထားပြီးသား ဖြစ်သော်လည်း ဤမျှလျင်မြန်ပြီး ကျင့်ကြံမှု အဆင့်မြင့်လာသော လိန်မင်က အမှန်တကယ်သေဆုံးသူ ဖြစ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။

"သြော် မင်းက အရမ်းဒေါသ ထွက်နေတာလား... အဲဒီလူက မင်းနဲ့ တစ်ခုခုတော့ ပတ်သက်နေပုံရတယ် ဟဲဟဲ ငါ့အကြိုက်ဆုံးက လက်စားလာချေတဲ့ လူသားတွေပဲ...ငါသူ့ကို မျိုချလိုက်ရတာ အရမ်းပျော်စရာ ကောင်းတယ်ကွ!"

ကျန်တဲ့ အကောင်ကြီး နှစ်ကောင်ကတော့ စုံတွဲတစ်တွဲဖြစ်နိုင်သလို သူတို့ရဲ့ ကြီးမားလှတဲ့ ခန္ဓာကိုယ်ကြီးကလည်း လုရွှမ်ရဲ့ လမ်းပတ်ပတ်လည်က တောင်ကုန်းတွေလို စိတ်လှုပ်ရှားနဲ့ ပိတ်ဆို့ထားသည်။ ၎င်းတို့က လောဘကြီးစွာဖြင့် လုရွှမ်ကို တစ်ကျိုက်တည်း မျိုချပစ်ချင်လာ၏။

လုရွှမ်သည် ယခုအခါတွင် ကောင်းကင်မြေကြီး၏ အငွေ့အသက်များကို သဘာဝအတိုင်း သယ်ဆောင်ထားတာကြောင့် ဘယ်သားရဲကမှ အလျင်စလို မျိုမချချင်ပေ။ နတ်မီးနယ်ပယ် အဆင့်၉ လူတစ်ဦးက ကောင်းကင်နှင့်မြေကြီး၏ အရောင်အသွေးကို အဘယ်ကြောင့် သယ်ထားရလဲ နားမလည်သော်လည်း သူတို့နဲ့ ဘာဆိုင်လဲ။ လူသားတွေကို ကိုက်စားနိုင်သမျှ အရာအားလုံး အဆင်ပြေသွားမှာပင်။

"ကောင်းပြီ... ငါ ခေါင်းကို ယူမယ်"

ခိုဖြူက ပြောပြီး လုရွှမ်ရဲ့ ခေါင်းကို ရှည်လျားသော နှုတ်သီးဖြင့် စိုက်ကြည့်ကာ မကောင်းဆိုးဝါး အပြုံးများဖြင့် ပြည့်နှက်နေသည်။

မြွေရှည်ကြီး: "ခန္ဓာကိုယ်ပိုင်း ငါ လိုချင်တယ်"

"ငါတို့က သူ့ခန္ဓာကိုယ်ကို ယူမှာ!!"

ကျန်ဖားနှစ်ကောင်က မြွေရှည်ကြီးကို စိုက်ကြည့်ကာ အော်ဟစ်​နေခဲ့သည်။ ရှည်လျားသော မြွေသည် ၎င်း၏အမြီးကို လှုပ်ယမ်းကာ ကြီးမားသော လျှာကိုထုတ်ရင်း အသံထွက်လာသည်။

"မင်းတို့ ဘာပြောလိုက်တယ်??"

"ဟေး ဟေး ဆူညံမနေနဲ့ ဘာလို့ စိတ်ရှုပ်ခံ​နေတာလဲ သူက လူသားတစ်ယောက်ပဲလေ... လူသားကို အရင်သတ်လိုက်ရင် ရပြီ! ဘာလို့ ငါတို့ရဲ့ ဆက်ဆံရေးကို ဖျက်စီး​နေရတာလဲ"

လုရွှမ်: "ဟမ့် မင်းက ငါ့ကို သတ်ချင်နေတယ်ပေါ့?? ခိုအသားက အရသာရှိပြီး မြွေသားစွပ်ပြုတ်ကလည်း ကောင်းတယ်လို့ ကြားတယ်... ဒါပေမဲ့ ဖားက သိပ်အသုံးမဝင်ဘူး... အပိုင်းပိုင်းခွဲပြီး မီးကင်လိုက်တာက အကောင်းဆုံးပဲ"

သားရဲလေးကောင်ရဲ့ အမြင်အရတော့ ဒီကလေးဟာ သူတို့ရဲ့အစာ သက်သက်သာ ဖြစ်သည်။ သူတို့ကို ကျီစားရဲတဲ့ လူကတော့ သေခြင်းတရားကို ရှာဖွေ​နေခြင်းသာ ဖြစ်ပေလိမ့်မည်။

ဒါပေမဲ့ ဖားနှစ်ကောင်က အသုံးမဝင်ဘူးလို့ ပြောလိုက်တာက ဒီကောင်က သတ္တိအရှိဆုံးပဲလို့ ပြောရမည်။ မြွေရှည်ကြီးက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး။

"မင်းတို့ ပုရွက်ဆိတ်နှစ်ကောင်က အသုံးမဝင်ဘူးတဲ့!"

"အရူး! လူသားက မင်းကို စွပ်ပြုတ်လုပ်တော့မှာလေ... ဒါပေမဲ့ မင်းကိုကြည့်ရတာ ပျော်နေသလို​ပဲ" ခိုကလည်း ဟောက်လိုက်သည်။

၎င်းသည် ၎င်း၏ရှည်လျားသော နှုတ်သီးကို ထုတ်၍ လုရွှမ်ရဲ့ခေါင်းကို တစ်ချက် ကိုက်ရန် ကြိုးစားလိုက်သည်။

နတ်ဓားနှင့် ယှဉ်လုနီးပါးရှိသော တဖြည်းဖြည်းကြီးထွားလာသော နှုတ်သီးကို ကြည့်ရင်း လုရွှမ်သည် ကောင်းကင်လက်နက်ကို ဖြုန်းတီးရာကျတာကြောင့် သူ့နှလုံးသားထဲတွင် လှောင်ရယ်နေခဲ့သည်။ ကောင်းကင်လက်နက် သွေးသောက်ချိန်တန်ပြီ။

အလင်းတန်း တစ်ခုနှင့်အတူ လုရွှမ်နောက်ကွယ်မှ ကောင်းကင်ဓားသည် တောက်ပလာသည်။ တစ်ဆက်တည်း ချွင်းကနဲ အသံနှင့်အတူ ကျိုးနေသော နှုတ်သီးနှစ်ခုကို တစ်ဖက်သို့ ဖြတ်တောက်ပေးလိုက်သည်။ ခိုကတော့ မြေပြင်ပေါ်သို့ လဲကျသွား၏။

၎င်းက စူးစူးဝါးဝါး အော်ဟစ်နေလေသည်။ ပါးစပ်ကတော့ နှစ်ပိုင်း အခွဲခံလိုက်ရပြီ။

All Chapters