← Chapters

ဓားတန်ခိုး

Vol. 123 Ch. 4.1362

ဓားတန်ခိုး

Vol. 123 Ch. 4.1362

"ဒါက ဘယ်လိုဓားလဲ?"

မြွေရှည်ကြီးက အော်ဟစ်ကာ သူ့မျက်နှာမှာလည်း ထိတ်လန့်တကြားနှင့် မယုံနိုင်သော အမူအရာတွေက ပြည့်နှက်နေသည်။

သားရဲလေးကောင်ထဲမှာ ခိုက အဆင့်အတန်း အမြင့်ဆုံးရထားတဲ့ အကြောင်းရင်းက အသန်မာဆုံး ဖြစ်နေလို့ မဟုတ်ဘဲ သူ့ရဲ့ချွန်ထက်တဲ့ ပါးစပ်ဟာ အလွန်ကြောက်စရာ ကောင်းတဲ့ လက်နက်တစ်ခု ဖြစ်နေလို့ပဲ ဖြစ်ပေသည်။ နတ်လက်နက် ဖြစ်ရင်တောင် တစ်ချက်တည်းနဲ့ ကိုက်ဖြတ်နိုင်ပါ၏။

ဒါပေမဲ့ အခုတော့ လက်နက်ကြီး တစ်ခုကြောင့်နဲ့ ပြတ်သွားပြီ။

လုရွှမ်က သူ့ဓားလှုပ်ရှားမှုများကို မရပ်ဘဲ ရှည်လျားသော မြွေကြီးကိုပါ ဓားဖြင့် ခုတ်လိုက်သည်။ အမြန်နှုန်းက အလွန်လျင်မြန်တာကြောင့် မြွေရှည်ကြီး ထင်ထားတဲ့ အရှိန်ထက်ကို လုံးဝ ကျော်လွန်သွားခဲ့ပေပြီ။

မြွေရှည်ကြီးသည် မျှော်စင်နယ်ပယ် အဆင့်၈ ဖြစ်သောကြောင့် သူ့ရဲ့တုံ့ပြန်မှုကလည်း အလွန်လျင်မြန်သည်။ ခန္ဓာကိုယ်က အထက်သို့ လိမ်တွန့်သွားပြီး မျက်လုံးတစ်မှိတ်အတွင်း လုရွှမ်ရဲ့ လူသတ်ဓားကို ရှောင်လိုက်သည်။ သို့သော် ၎င်းသည် ညည်းတွား​နေရဆဲပင်။ ၎င်း၏ ဝမ်းဗိုက်အောက်ပိုင်း၌ သွေးအမှတ်အသားတစ်ခု ရှိနေသဖြင့် ၎င်းကို ချင်ထျန်းဓားဖြင့် ဆွဲခြစ်ခဲ့ကြောင်း သိသာစေသည်။

ကံကောင်းထောက်မစွာပဲ ၎င်းက လျင်မြန်စွာ တုံ့ပြန်ခဲ့သည်။ မဟုတ်ပါက ယခုအခါ ၎င်းခန္ဓာကိုယ်ကလည်း နှစ်ပိုင်းကွဲသွားလောက်ပြီ။ တခြား ဖားနှစ်ကောင်သည်လည်း လုရွှမ်လာရာ လမ်းမှ လျင်မြန်စွာ ရွေ့သွားသည်။ ရန်သူ့ဓားက ကောင်းကင်လက်နက် ဖြစ်နေကြောင်း အားလုံး ရှင်းရှင်းလင်းလင်း သိလိုက်ရပြီ။

ကောင်းကင်လက်နက်ရှိရင် နတ်ခြေလှမ်းနယ်ပယ် တက်သွားတဲ့ သခင်တွေကတောင် သတိထားရလိမ့်မည်။

ဒီတော့ ဒါကို အစောကမှ သန့်စင်ခဲ့တာလား။

ဖားနှစ်ကောင်သည် လွန်ခဲ့သည့် ရက်အနည်းငယ်က ခံစားခဲ့ရသော ကောင်းကင်နှင့်မြေကြီး တိုက်မိမှုအား ရုတ်တရက် တွေးလိုက်ပြီးနောက် လုရွှမ်ခန္ဓာကိုယ်မှ မှေးမှိန်မသွားသော ကောင်းကင်နှင့် မြေကြီး စွမ်းအင်ကိုပါ ရောထွေး တွေးကြည့်လိုက်သည်။

ဘယ်သူက ဓားကို ပြုပြင်လိုက်တာလဲ။ ဒီကောင်လေးကလား။ ဒါပေမဲ့ အဲဒါက သူတို့အတွက် ပိုလို့တောင် မယုံနိုင်စရာ ကောင်းနေတယ် မဟုတ်ပါလား။ ဒီလို ဉာဏ်ရည်ဉာဏ်သွေး ရှိတဲ့ လူသားတစ်ယောက် ဘယ်တုန်းကများ ပေါ်ထွန်းလာခဲ့တာလဲ။

ဒါက မိစ္ဆာသားရဲတွေအတွက် ကြီးမားတဲ့ ပြဿနာ ဖြစ်လာပြီ။

ဖားနှစ်ကောင်သည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ အဝေးတစ်နေရာသို့ တစ်ချိန်တည်း ပြေးထွက်သွားတော့သည်။ အမှန်ပင် ဒီလိုလူက လက်စားလိုက်ချေမယ့်သူပင်။ မိစ္ဆာသားရဲ နှစ်ကောင်သည် ဒီလူက သူတို့ကို အလွတ်ပေးမှာ မဟုတ်ဟု ယုံကြည်ကြသည်။

မြွေရှည်ကြီးနဲ့ ခိုတို့သည် အလွန်အစွမ်းထက်သော်လည်း ခိုးဝင်တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသွားသည်။ ယခုအချိန်မှာ ပြန်လည် တိုက်ခိုက်တာကလည်း အချိန်ကောင်း မဟုတ်တာ ထင်ရှားပါသည်။

မည်သို့ပင်ဆိုစေကာမူ ဒီလူသား ကျင့်ကြံသူက ဒီနေရာမှာ ပိတ်မိနေသ၍ နတ်ခြေလှမ်းနယ်ပယ် တက်သွားသော အကြီးအကဲများ ရောက်လာခဲ့ပါက ဤကလေးဟာလည်း သဘာဝအတိုင်း လွတ်မြောက်နိုင်မည် မဟုတ်ပေ။

ခိုက လုရွှမ်ကို မုန်းတီးစွာ စိုက်ကြည့်နေပြီး မြွေရှည်ကြီးကလည်း သူ့တံတွေးများကို ထွေးထုတ်ကာ ဒေါသအပြည့်ဖြင့် လှည့်ထွက်သွား၏။ လုရွှမ် လှောင်ပြောင် ရယ်မောလိုက်သည်။ ဒီနတ်ဆိုးလေးကောင်က သူ့သတင်းကို ပို့ချင်ရုံနဲ့ သူ့ကို လုပ်ကြံဖို့ စောင့်နေကြတာပဲ။

"ထွက်သွားချင်တယ်ပေါ့? ဒီမှာပဲနေခဲ့စမ်း!"

လုရွှမ်၏ဓား ရည်ရွယ်ချက်သည် ကောင်းကင်သို့ ရုတ်တရက် ထိုးတက်သွားသည်။ ထိုစဥ် ကောင်းကင်နှင့်မြေကြီး၏ ရောင်ဝါသည် သဘာဝအတိုင်း လိုက်လာကာ ချင်ထျန်းဓားထဲ ပေါင်းစပ်သွားခဲ့သည်။ လုရွှမ်လည်း စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားကို တိုက်ရိုက် ဝေ့ယမ်းလိုက်၏။

ဓားသွား ဖြတ်သွားစဥ် အလင်း​ရောင် ကိုး​ရောင့အဖြစ်သို့ ပြောင်းလဲသွားကာ မိစ္ဆာသားရဲလေးကောင်၏ ခန္ဓာကိုယ်ပေါ်တွင် တောက်ပနေသည်။ ထိုလေးကောင်၏ ဦးခေါင်းများ တစ်ပြိုင်တည်း ပျံတက်လာခဲ့သည်။

ဒီဓားက ဘာကြောင့် ဒီလောက်တောင် ပြင်းထန်နေသေးတာလဲလို့ပင် သူတို့မှာ တွေးချိန်မရလိုက်ပေ။ ထိုဓားအောက်တွင် နတ်မီးနယ်ပယ်က မျှော်စင်နယ်ပယ်ကို တိုက်ခိုက်နေတာ မဟုတ်ဘဲ နတ်ခြေလှမ်းနယ်ပယ်က သူတို့မျှော်စင်နယ်ပယ်အား သတ်လိုက်သလိုသာ သူတို့ ခံစားခဲ့ရသည်။

ကောင်းကင်နှင့်မြေကြီး၏ အသွင်အပြင်ကို ပေါင်းစပ်ပေးသော ပြင်းထန်သည့် လူသတ်ရောင်ဝါဖြင့် လွှမ်းမိုးချုပ်ကိုင်ထားပုံက ရက်စက် ကြမ်းကြုတ်လွန်းသဖြင့် လူ့နှလုံးသားကို ထိတ်လန့်စေပါသည်။

ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားသည် ၎င်းတို့အား ဦးတည် တိုက်ခိုက် နေသကဲ့သို့ပင်။ ရုတ်တရက် နိုးလာပြီး ခုခံရန်ကြိုးစားသော်လည်း အချိန်နှောင်းသွားခဲ့ပြီ ဖြစ်သည်။

လုရွှမ် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။ နောက်ဆုံး ဓားကိုးချောင်းက သူထင်ထားတာထက် ပိုမို၍ စွမ်းအင်ကို သုံးစွဲခဲ့သည်။ ချက်ချင်းဆိုသလို သူ့ခန္ဓာကိုယ်တွင်းရှိ စွမ်းအားများ ကုန်ဆုံးသွားသလို ခံစားလိုက်ရပြီး ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင် သူ့ခန္ဓာကိုယ်မှ ထုတ်ယူလိုက်ခြင်းပဲ ဖြစ်သည်။

ထိုအခိုက်အတန့်၌ သူ့ရုပ်ခန္ဓာက အချည်းနှီး သေရတော့မလို ထုံကျင်နေလေသည်။ ကံကောင်းထောက်မစွာပဲ ဓားသိုင်းက အလွန်အစွမ်းထက်လို့သာ ဤသားရဲများကို သတ်နိုင်ခဲ့တာပဲ ဖြစ်လေသည်။

လုရွှမ် မြေပြင်ပေါ်သို့ လဲကျသွားစဥ် ရွှေကျီးကန်းက ခုန်ထွက်လာသည်။

"ကောင်လေး.. မင်းကတော့ အံ့သြစရာပဲ... ဟိုတုန်းက ကျီးဖိုးဖိုး အံ့သြခဲ့ရတာထက် နည်းနည်းတော့ ပိုအံ့သြစရာ ကောင်းလာပြီ!"

လုရွှမ် သူ့ကို မျက်လုံးပြူးပြဖို့ပင် အာရုံမရှိတော့ပေ။

"ဒီမိစ္ဆာသားရဲတွေဆီမှာ ကောင်းတာတွေ ရှိတယ်... အဲဒါတွေကို အရင်သိမ်းရအောင်"

လုရွှမ်လည်း ဤအမှန်တရားကို သဘာဝအတိုင်း သိပါသည်။ ခဏ​ကြာလို့ မိစ္ဆာသားရဲ တစ်ကောင်သည် အပြေးအလွှား ရောက်လာပါက မိမိဟာ အခြားသူများအတွက် မင်္ဂလာဝတ်စုံကို ဖန်တီးပေးသလိုသာ ဖြစ်သွားလိမ့်မည်။

လုရွှမ်လည်း မိစ္ဆာသားရဲ လေးကောင်၏ အလောင်းများကို ကောက်ယူပြီးနောက် လှည့်ကြည့်ကာ ဆေးလုံးတစ်လုံးကို မျိုချကာ ဂရုတစိုက် ထွက်ပြေးသွားခဲ့သည်။ သူ့ခန္ဓာကိုယ်ထဲက စွမ်းအားတွေက အနည်းငယ်သာ ပြန်လည် ကောင်းမွန်လာတယ်လို့ ခံစားနေရ၏။ သူ့အတွက် ယခင်ဆေးတွေက ထိရောက်မှု လုံးဝမရှိတော့ဘူး ဆိုတာ သိလိုက်ရသည်။

ဒီတစ်ခါ အပြင်ထွက်ပြီးရင်တော့ အဂ္ဂိရတ်ဆေး တချို့ကို ပြန်ပြီးသန့်စင်ဖို့ အချိန်တန်ပါပြီ။

လျှို့ဝှက်လို့ရမယ့် နေရာကို ရှာတွေ့ပြီးနောက် လုရွှမ်ဟာ သူ့ရဲ့စွမ်းအားကို ပြန်လည်စုစည်းရန် စတင်ခဲ့ပြီး ဆေးလုံး အမြောက်အမြားလည်း သူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာခဲ့ရသည်။ ဆေးက ထိရောက်မှု နည်းပေမယ့် အနည်းဆုံးတော့ နည်းနည်းပါးပါး ကူညီပေးခဲ့ပါသေးသည်။

ထိုနေရာတွင် သုံးရက်ဆက်တိုက် နေထိုင်ပြီးနောက် လုရွှမ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ဆုံးရှုံးမှုများက နောက်ဆုံးတွင်တော့ ပြန်လည် ဖြည့်တင်းနိုင်ခဲ့သည်။ အပြင်ထွက်ကြည့်တော့ မိစ္ဆာသားရဲတွေ အားလုံး ထွက်သွားသလိုမျိုး ပတ်ဝန်းကျင်မှာ သားရဲတွေရဲ့ လှုပ်ရှားမှု သိပ်မရှိတော့ချေ။

လုရွှမ်မှာ တစ်လောကလုံးတွင် သူတစ်ယောက်တည်း ကျန်နေသကဲ့သို့ နားမလည်နိုင်သော တိတ်ဆိတ်မှုကို ခံစားလိုက်ရသည်။

ဘာဖြစ်တာလဲ?

လုရွှမ် ရှေ့ဆက်လျှောက်ခဲ့သည်။

အရှေ့မှာတော့ လူသေအလောင်း များစွာကို ပထမဆုံးမြင်ရပြီးနောက် မိစ္ဆာသားရဲ များစွာရဲ့ အလောင်းတွေလည်း တွေ့ရလေ၏။ သေဆုံးရသည့် အကြောင်းရင်းမှာ အလွန်ရိုးရှင်းသော်လည်း အလွန်ရက်စက်စွာ သေဆုံးသွားခဲ့ရသည်။

သူပြန်လည် ကောင်းမွန် လာချိန်အတွင်း အပြင်မှာတော့ ကြေကွဲဖွယ် အဖြစ်ဆိုးကြီး ဖြစ်ပျက်ခဲ့တာပဲ ဖြစ်ပေလိမ့်မည်။ လုရွှမ်သည် သေဆုံးသွားသော သူငယ်ချင်း၏ အေးစက်သော အလောင်းကို တွေ့ရမည်ကို စိုးရိမ်သဖြင့် လူအုပ်ကို စတင်ရှာဖွေခဲ့သည်။

ခဏကြာတော့ သူ့မျက်လုံးတွေ နီရဲလာခဲ့သည်။

ရယ်မောရတာကို အလွန် နှစ်သက်သော အငယ်တန်းညီမ တစ်ယောက်ကို သတိရသွား၏။ တစ်ခါတလေ သူမရယ်သံက ကြောက်စရာကောင်းသော်လည်း သူမကို ပိုသိလာပြီးနောက် သူမဟာ အလွန်စိတ်အားထက်သန်ပြီး ဟာသ လုပ်ရတာကို နှစ်သက်ကြောင်း သူသိလိုက်သည်။

ယခုမူကား ချိုတစ်ချောင်းက သူမခေါင်းကို ထိုးဖောက်လိုက်သည်။

ဒါပေမဲ့ ကွဲသွားတဲ့ နှုတ်ခမ်းတွေက သူမသေသွားပေမယ့် ပါးစပ်ထောင့်က အနည်းငယ် ပွင့်နေခဲ့ကာ သူမ ပြုံးနေပါတယ် ဆိုတာကို ပြသနေခဲ့သည်။ ချွန်ထက်သော ဦးချိုက သူမဦးခေါင်းကို ထိုးဖောက်လိုက်သောအခါ သူမရဲ့ ဓားရှည်ကလည်း မိစ္ဆာသားရဲ၏ဝမ်းကို ထိုးဖောက်ထား၏။ နှစ်ယောက်စလုံး ဒဏ်ရာရသွားကာ သူမအတွက်သူမ လက်စားချေခဲ့ခြင်းလည်း ဖြစ်သည်။

နောက်ထပ် အကြီးတန်းအစ်ကို တစ်ယောက်ကို ထပ်တွေ့ရပြန်သည်။ သူ့ရုပ်ရည်က အရမ်းချောကာ မိန်းမတွေထက်တောင် ပိုလှ၏။ သူသည် လူတိုင်းနဲ့ ခပ်ခွာခွာ နေတတ်သော်လည်း သူ့ကျောကို မတ်မတ်ထားကာ သူ့ကိုယ်သူ အမြဲတမ်း ယုံကြည်မှုရှိသည်။

ယခုမူကား သူသည် သူ့ခန္ဓာကိုယ်ကို အပိုင်းပိုင်းများစွာ ဖြတ်တောက်ထားကာ မိစ္ဆာသားရဲက သူ့အနောက်မှ တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပေလိမ့်မည်။

အကြီးတန်းအစ်ကို!

လုရွှမ် သူပြောခဲ့သည့်အတိုင်း သူတို့၏ အလောင်းများကို တိတ်တဆိတ် ကောက်ယူလိုက်သည်။ သူတို့ဒီမှာသေရင် သူတို့အလောင်းကို ပြန်ယူပြီး သူတို့မွေးရပ်မြေဆီမှာ သင်္ဂြိုဟ်ပေးရမည်။

၎င်းတို့ကို အာကာသ ကျောက်စိမ်းပြားထဲ ထည့်ပြီးနောက် လုရွှမ်လည်း သူ့မျက်ရည်များကို သုတ်လိုက်ပြီး ဆက်သွားခဲ့သည်။

All Chapters