← Chapters

ဟောက်ထျန်းကို ထပ်တွေ့ရပြီ

Vol. 123 Ch. 4.1363

ဟောက်ထျန်းကို ထပ်တွေ့ရပြီ

Vol. 123 Ch. 4.1363

ဓားအလင်းတန်း တစ်ခုက လုရွှမ်ရဲ့အာရုံကို စွဲဆောင်သွားခဲ့သည်။ ထိုအလင်းသည် လင်းလက် တောက်ပနေသည့် နတ်လက်နက်၏ အလင်းပဲ ဖြစ်သင့်သည်။ ဒါက ဟောက်ထျန်း ဖြစ်နိုင်တာကြောင့် လုရွှမ် အမြန်ပဲ ပြေးထွက်သွား၏။

ဟောက်ထျန်းဟာ သူ့ကိုယ်သူ ထောက်ပံ့ရန် ပြင်းပြင်းထန်ထန် ကြိုးစားခဲ့သော်လည်း ကျင့်ကြံမှု သို့မဟုတ် အရေအတွက်အရ တစ်ဒါဇင်ကျော်သော မိစ္ဆာသားရဲများနှင့် မယှဉ်သာတာ ရှင်းပါသည်။ ထို့အပြင် အစွန်အဖျားတွင် စောင့်ဆိုင်းနေသော မိစ္ဆာသားရဲ တစ်ဒါဇင်ကျော်ကလည်း ရှိနေသေးသည်။

အလယ်ကလူကို သူတို့ သတ်လိုက်ဖို့က မခက်ခဲချေ။ လုရွှမ်မျက်လုံးများ ရုတ်တရက် နီရဲလာခဲ့သည်။ ညီအကို မောင်နှမ ငါးယောက် ခေါင်းဖြတ်ခံရသည်ကို သူမြင်ပြီးပြီ။

ပထမဆုံး စတွေ့ချိန်ကစလို့ သူနဲ့ ဟောက်ထျန်းဟာ စိတ်တူကိုယ်တူဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် အရမ်းသဘောကျ၏။ ယခု ဤလူများနှင့် မိတ်ဆွေဖြစ်ရခြင်းကလည်း ဟောက်ထျန်းရဲ့ ပံ့ပိုးကူညီမှုကြောင့်ပဲ ဖြစ်သည်။

ဟောက်ထျန်းမှာ တစ်ကိုယ်လုံး သွေးများဖြင့် ဖုံးလွှမ်းနေပြီ။ မြေပြင်မှာ သူ့ရဲ့သွေး အနီရောင်များ စွန်းထင်းနေသည်မှာ အတော်ကြာအောင် ရုန်းကန်နေခဲ့ရတာ ထင်ရှားပါသည်။

သို့သော် မိစ္ဆာသားရဲများက အတူတူ တိုက်ခိုက်တာမျိုး မရှိဘဲ တစ်ကောင်ချင်း ဝင်တိုက်နေသည်။ ဘာကြောင့်ဆိုတာ မသိသော်လည်း ၎င်းတို့တွင် ဆိုးရွားသော ရည်ရွယ်ချက်များ ရှိနေမှာတော့ သေချာလေ၏။

ဟောက်ထျန်း ဘယ်လက်ဖြင့် ဓားကို ကိုင်ဆောင်ထားသော်လည်း ညာဘက်လက်မှာ သိသိသာသာ ဒဏ်ရာရသွားခဲ့ပြီ။ လုရွှမ် သည်းမခံနိုင်တော့ဘဲ ရှေ့ကို ပြေးထွက်သွားသည်။

ရှည်လျားသော ဟောက်သံနှင့်အတူ သူ့ခန္ဓာကိုယ်ပေါ်ရှိ နတ်နဂါးက တိုက်ရိုက် ​ပြေးဝင်သွား၏။ ပန်းများကြဲပက်နေသော နတ်သမီးတစ်ပါးကဲ့သို့ နတ်ဆိုးအုပ်စုဆီသို့ ရိုက်ချိုးလိုက်ရာ ကောင်းကင်မြေကြီး၏ ရောင်ဝါသည် ခြိမ်းခြောက်မှု အပြည့်ရှိသော နတ်မိုးခြိမ်းသံထဲသို့ အလိုအလျောက် ပေါင်းစပ်သွားသည်။

လုရွှမ် ရုတ်တရက် ရောက်လာပြီး နတ်နဂါးကလည်း အလွန်လျင်မြန်စွာ ဗုံးကြဲတိုက်ခိုက်လာသည်။ ထိုကဲ့သို့သော အချိန်မျိုးတွင် တစ်စုံတစ်ယောက် အလျင်အမြန်ထွက်လာလိမ့်မည်ဟု မိစ္ဆာသားရဲများလည်း မမျှော်လင့်ထားပေ။

ဟောက်ထျန်းလည်း လုရွှမ်ကိုတွေ့တော့ သူ့မျက်လုံးတွေ နီရဲလို့ သူ့စိတ်ထဲလည်း တုန်လှုပ်သွား၏။ သူသေဖို့ အဆင်သင့်ဖြစ်နေပြီ။ နောက်ထပ် အကြိမ်အနည်းငယ် သေတဲ့အထိ တိုက်ပွဲဝင်ဖို့ ကြိုးစားနေသေးရုံသာ။ ဒါပေမဲ့ လုရွှမ် ရောက်ရှိလာတဲ့အထိ စောင့်နိုင်မယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး။

လက်ရှိ အခြေအနေက လုရွှမ် ရှိရင် ပိုအန္တရာယ်မရှိနိုင်ဘူး ဆိုတာကိုလည်း သူကောင်းကောင်းသိပါသည်။ သို့သော် ဒီသားရဲ တစ်ကောင်စီဟာ အလွန်အားကောင်းပြီး အရေအတွက် များ၏။ အကြီးတန်းညီအစ်ကို ချောင်ယန်နဲ့ တခြားသူတွေက တစ်ယောက်တည်း လာကြည့်ရင်တောင် အရမ်းအန္တရာယ် များလိမ့်မည်။

သူ့ကိုယ်သူ ကယ်တင်ဖို့အတွက် သူ့ညီအကို မောင်နှမတွေကို အန္တရာယ်ဖြစ်စေဖို့ လုံးဝ ဆန္ဒမရှိတော့ဘူး။

ထို့ကြောင့် အစမှအဆုံးအထိ အခြားညီအစ်ကိုများကို အန္တရာယ်နှင့် မတရားပြုမည်ကို ကြောက်ရွံ့ရုံမျှဖြင့် အကူအညီတောင်းရန် တစ်ချက်မျှ မဟခဲ့ပေ။ ဒါပေမဲ့ လုရွှမ် အမြန်ထွက်လာမယ်လို့ မထင်ထားခဲ့။

သူ့ရှေ့က သားရဲတစ်ကောင်ကို ဓားနဲ့ တွန်းထုတ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့ပေမယ့် နောက်ကျောကိုသာ ဓားနဲ့ အထိုးခံခဲ့ရသည်။

လုရွှမ် အပြေးအလွှား ပြေးသွားကာ သူ့မျက်လုံးများက သွေးနီရောင်ပြောင်းလာ၏။ သူ့ပါးစပ်ကို ဟလိုက်စဥ် ဓားစွမ်းအင်က ဟောက်ထျန်းကို အပိုင်းပိုင်း ပိုင်း၍ တိုက်ခိုက်ချင်နေသေးသော ဘီလူးကောင်ကို တိုက်ခိုက်သည်။

သူသည် ဟောက်ထျန်းကို ကျောပိုးကာ သယ်ဆောင်သွားပြီး ကောင်းကင်သို့ ထိုးတက်သွားသည်။

"ထွက်သွားချင်တယ်ပေါ့! အကုန်နေခဲ့စမ်း!"

ကယ်ဆယ်ရန် လာသူသည် နတ်မီးနယ်ပယ် အဆင့်၉ လူသားတစ်ယောက် ဖြစ်နေတာကို မြင်တော့မှ အကုန်လုံး အလွန်စိတ်ရှုပ်သွားကြသည်။ ဒါပေမဲ့ ထိုသူရဲ့ တိုက်ခိုက်မှု အရှိန်ကို ကြည့်ရင် လျှော့တွက်လို့ မရတာ သိသာ၏။

မိစ္ဆာသားရဲ ပစ်လိုက်သော လျှပ်စီးကြောင်း၏ ပေါက်ကွဲသံကို လျင်မြန်စွာ ရှောင်ရှားရင်း လုရွှမ်သည် နတ်ဆိုးကို ဓားတစ်ချောင်းဖြင့် ခုတ်သတ်လိုက်သော်လည်း အချိန်အနည်းငယ် နှောင့်နှေးသွားကာ အနီးနားရှိ မိစ္ဆာသားရဲများက သူ့သွားရာလမ်းကို ပိတ်ဆို့လိုက်ကြသည်။

လုရွှမ်ကလည်း အားလုံးကို တွက်ချက်ထားပြီးသား ဖြစ်လို့ အရပ်ရပ်မှ ထွက်သွားမည့်အစား ကောင်းကင်ထက်မှ တိုက်ရိုက် ခုန်ချလိုက်သည်။ ကောင်းကင်မီး​တောက်ရဲ့ မီးစအုပ်စုများက သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး မိစ္ဆာသားရဲ အုပ်စုဆီသို့ ပစ်ခွင်းလိုက်သည်။

ပြင်းထန်သော ကောင်းကင်မီးဟာ မြေကြီးမီးနှင့်လည်း ရောနှောတာကြောင့် လေထုကပါ တောက်လောင်နေသလို အပူချိန်က အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။ မိစ္ဆာသားရဲတိုင်း စူးစူးဝါးဝါး အော်ဟစ်ပြီး လုရွှမ်ကို လမ်းကြောင်းတစ်ခုမှ အမြန်ထွက်ခွင့် ပြုလိုက်သည်။

"မင်းက ထွက်သွားချင်တယ်ပေါ့ ရမလား"

ရွှေချိုတစ်ချောင်းက သူ့နောက်က လိုက်လာသည်။ အမြန်နှုန်းက အလွန်လျင်မြန်၏။ ၎င်းက လေထဲသို့ တိုက်ရိုက်ဝင်ကာ လုရွှမ်အနားသို့ ချက်ချင်းနီးပါး ​ရောက်သွားလေသည်။ လုရွှမ်က နောက်ပြန်ဓားဖြင့် ပြန်ဝေ့ယမ်းလိုက်သည်။ ၎င်းကို နောက်တစ်ကြိမ် ထပ်တိုက်ခိုက်ခိုင်းရင် ဟောက်ထျန်း သေမှာ သေချာသည်။

သူ့နောက်က ခြိမ်းခြောက်မှုကို သတိထားမိပြီးသားမို့ လုရွှမ် သူ့ဓားကို ပြင်ဆင်ထားပြီးသား ဖြစ်လေသည်။ ဝုန်းကနဲ အသံဖြင့် ရွှေရောင်အလင်းတန်းများ ကွဲထွက်သွားသည်။

အဲဒီနောက် လုရွှမ်နဲ့ ဟောက်ထျန်းတို့ လျင်မြန်စွာ ပြေးထွက်သွားကြသည်။

"အဲဒီလူက ဘယ်သူလဲ... သူကိုင်ထားတာ ကောင်းကင်လက်နက်လား"

မိစ္ဆာသားရဲ တစ်ကောင်က အော်လိုက်သည်။ ကောင်းကင်လက်နက် တစ်ခု ဤအမဲလိုက်မြေထဲသို့ အမှန်တကယ် ၀င်ရောက်လာခဲ့တာက အံ့ဩစရာ ကောင်းလှသည်။

"လူကြီးတွေကို အကြောင်း ကြားလိုက်တော့!"

လုရွှမ်သည် ဟောက်ထျန်းကို ကျောပေါ်တင်ကာ အဝေးသို့ ပြေးထွက်သွားကာ နောက်ဆုံး တစ်နေရာ၌ ရပ်တန့်သွားသည်။ ပတ်ဝန်းကျင်က မြူမှိုင်းများ အုပ်မိုးထားတာကြောင့် ခဏရှောင်နေဖို့ အဆင်ပြေသည်။

ဟောက်ထျန်း သတိလစ်သွားသည်နှင့် လုရွှမ် ဆေးမျိုးစုံကို အမြန်ထုတ်ယူလိုက်သည်။ ဆေးလုံးတွေက မျှော်စင် နယ်ပယ်ရှိ ကျင့်ကြံသူများအပေါ် သက်ရောက်မှု အနည်းငယ်သာ ရှိသော်လည်း အနှစ်သာရ အနည်းငယ်တော့ ပေါင်းစပ်နိုင်သေးသည်။

ဟောက်ထျန်းပခုံးပေါ်၌ သူ့လက်များကို တင်၍ ယွမ်ယန်စွမ်းအင်များကို ဖြည်းညှင်းစွာ သွင်းလိုက်သည်။ ကောင်းကင်မြေကြီး၏ အငွေ့အသက် အနည်းငယ်ကလည်း သူ့ခန္ဓာကိုယ်ထဲသို့ ဝင်သွားတာကြောင့် သိပ်မကြာခင်မှာပဲ ဟောက်ထျန်းရဲ့ ခန္ဓာကိုယ် တုန်ခါသွားပြီး နိုးလာခဲ့၏။

လုရွှမ်ကို တွေ့သောအခါ သူက နူးညံ့စွာ ပြုံးပေမယ့် ဘာမှပြန်မပြောလာပေ။

"တောင်းပန်ပါတယ် ငါ့ကြောင့်သာ မဟုတ်ရင် ငါတို့ဒီထဲကို ဝင်လာစရာမလိုဘူး..."

လုရွှမ်ရဲ့နှလုံးသားဟာ ကိုယ့်ကိုယ်ကို အပြစ်တင်​နေတဲ့ ခံစားချက်တွေနဲ့ ပြည့်နေ၏။ ဟောက်ထျန်း လှုပ်ရှားလာတာကြောင့် လုရွှမ်လည်းသူ့ကို ထထိုင်ရန် ကူညီပေးခဲ့သည်။

"မဟုတ်ဘူး... ဒါက မင်းအပြစ်မဟုတ်ဘူး အကြီးတန်းအစ်ကိုကြီး လိန်မင်က တစ်ခါက ကောင်းကင်မှာ နားမလည်နိုင်တဲ့ အလင်းရောင်တစ်ခု ရှိနေတာကို ခံစားခဲ့ရတယ်လို့ ပြောခဲ့တယ်...အဲဒါက ငါတို့ ဒီကို ဝင်လိုက်တာနဲ့ မျှော်လင့်ချက်တွေ တောက်ပလာစေတာ...."

လုရွှမ်၏ မျက်လုံးများ မှိန်သွားကာ သူ ပိုပိုပြီး နာကျင်လာသည်။

"ငါလည်း အဲ့လိုပဲ ခံစားရတယ်... အစ်ကိုလိန်မင်လည်း ရှိပါတယ် ဒါပေမဲ့ သူ သေသွားပြီ"

သားရဲလေးကောင်၏ အလောင်းများကို ခွဲခြမ်းစိပ်ဖြာ ကြည့်သောအခါ လုရွှမ်သည် အစ်ကိုလိန်မင်ရဲ့ အလောင်းက တစ်ဝက်တစ်ပျက် ကြေညက်သွားခဲ့ပြီး ဦးခေါင်းသာ ကျန်ရှိတော့တာ တွေ့ရလေ၏။ တကယ် အစ်ကိုလိန်မင်ရဲ့ အလောင်းပါပဲ။

"အစ်ကိုလိန်မင် သေသွားပြီလား"

လုရွှမ် အရင်က ဖြစ်ပျက်ခဲ့တာတွေကို ပြောပြပြီး နှစ်ယောက်လုံး ဝမ်းနည်းစွာ တိတ်ဆိတ်သွားကြလေသည်။

"အခြားလူငါးယောက်ရော ဘယ်မှာလဲ?"

ဟောက်ထျန်းက သူတွေ့ခဲ့ဆဲ့ အလောင်း ၃ လောင်းကို ရေတွက်ပြရာ မကြာခင်မှာပဲ လူကိုးယောက် သေသွားခဲ့ပြီ ဆိုတာ သိလိုက်ရသည်။ စုစုပေါင်း ဆယ့်ခုနစ်ယောက်သာ ရှိခဲ့ရာမှ ယခု လူရှစ်ယောက်သာ ကျန်တော့သည်။

လုရွှမ် :"သူတို့ဘယ်ရောက်နေလဲ သိလား"

ဟောက်ထျန်းက သူ့ခေါင်းကို ခါယမ်းလိုက်ပြီး။

"သူတို့တွေ တစ်ဖက်ကမ်းပန်း​နောက်ကို ဖြစ်နိုင်တယ်... ငါ သားရဲတွေဆီကနေ အဲဒီနာမည် ပြောတာကို ကြားလိုက်တာ"

လုရွှမ်လည်း တစ်ဖက်ကမ်းပန်းရဲ့ လက္ခဏာတွေကို ပြောပြလိုက်တော့ ဟောက်ထျန်းက စကားဆက်လေ၏။

"အဲဒါက ဒီမိစ္ဆာသားရဲတွေရဲ့ လက်ထဲကို ထည့်ပေးလိုက်လို့ မဖြစ်ဘူး... ငါတို့ မယူနိုင်ရင်တောင် အဲ့မိစ္ဆာတွေကို ယူသွားဖို့ ခွင့်မပြုနိုင်ဘူး"

လုရွှမ်ကလည်း လေးလေးနက်နက် ယုံကြည်စွာ ခေါင်းညိတ်လိုက်သည်။ လူရှစ်ဦး၏ အလောင်းများကို ထပ်မံ သိမ်းဆည်းပြီးနောက် လုရွှမ်သည် ဟောက်ထျန်းနှင့်အတူ ဒဏ်ရာများ ပြန်လည်သက်သာလာအောင် ကုသခဲ့သည်။

ကောင်းကင်တွင် မကြာခဏ အပြောင်းအလဲများ ဖြစ်ပေါ်နေ၏။ သားရဲများ ဖြတ်သန်းပျံသန်းလာသော အရိပ်အယောင်များ တဖြည်းဖြည်းနှင့် သိပ်သည်းလာသည်။ အဝေးမှနေ၍ မိစ္ဆာသားရဲတွေရဲ့ အငွေ့အသက်တွေကိုပင် နှစ်ယောက်သား ခံစားမိလေသည်။

All Chapters