တွေ့ဆုံရန်
Vol. 123 Ch. 4.1364
"တစ်ဖက်ကမ်းပန်းသာ တကယ် မွေးဖွားချင်ရင် ယဇ်ပူဇော်ဖို့ အများကြီးလိုတယ် လို့ အဲဒီမိစ္ဆာသားရဲတွေ ပြောနေတာကို ကြားလိုက်သေးတယ်...."
ဟောက်ထျန်း နောက်ပိုင်း အရာတွေကို ပြောရန်မလိုအပ်တော့ပေ။ အမဲလိုက်ကွင်းက မိစ္ဆာသားရဲတွေ ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားသော သတ်ဖြတ်မှုဖြစ်ပြီး ယင်းယဇ်များဟာလည်း ယဇ်ပူဇော်မှု ဖြစ်လာကာ တစ်ဖက်ကမ်းပန်းကို ပွင့်စေသည်။
"မင်း ဒဏ်ရာက ဘယ်လိုလဲ"
ဟောက်ထျန်း ခေါင်းခါလိုက်သည်။ သူ့ဒဏ်ရာက ပြင်းထန်နေသေးတာ သိသာပါ၏။ လုရွှမ်ဟာ သူ့အဂ္ဂိရတ်ဆေးများက မျှော်စင်နယ်ပယ်ရှိ လူများအတွက် များစွာ ထိရောက်မှု နည်းပါးကြောင်းလည်း သိထားသော်လည်း ပိုမိုကောင်းမွန်သော အဂ္ဂိရတ်ဆေးကို သန့်စင်လိုပါက ပစ္စည်းနှင့် သန့်စင်ဖို့မီးဖို နှစ်ခုစလုံး လိုအပ်နေပါသေးသည်။
အရိုးရှင်းဆုံး အဆင့်ကတော့ လုရွှမ်ဟာ ဒီရောက်လာစဥ်က တချို့အပင်တွေကို ဆေးလုံး သန့်စင်နိုင်ရမယ် ဆိုတာကို တစ်ချက်ကြည့်ရုံဖြင့် သိခဲ့သော်လည်း ဘယ်လိုဆေးက ဘယ်နေရာမှာ အသုံးဝင်ကြောင်း မသိခဲ့ပါ။ သူ့အတွက် ထိုဆေးပင်တွေက စစ်ဆေးကြည့်ဖို့ လိုအပ်ပါသေးသည်။
မဟုတ်ပါက အပင်များစွာသည် အလွန်ကောင်းမွန်သော အာနိသင်များ သို့မဟုတ် အသက်များကိုပင် ကယ်တင်နိုင်သော်လည်း ၎င်းတို့၏ ထိရောက်မှုကို မသိပါက ဆေးလုံး ပေါင်းစပ်မှုက အဆိပ်ဖြစ်လာလျှင် ဝမ်းနည်းစရာတွေ ဖြစ်လာလိမ့်မည်။
အခုတော့ အဓိက ကတော့ ဒီအဂ္ဂိရတ်ဆေးတွေကို ဘယ်လို သန့်စင်ရမလဲဆိုတာ သိတဲ့သူ ရှိဖို့ပါပဲ။ တကယ်တော့ ကျီရွှေက ဗဟုသုတ တော်တော်ကောင်းပေမယ့် ပြန်ဆုံနိုင်ပါ့မလားဆိုတာ ကံကြမ္မာပေါ်မှာပဲ မူတည်နေပြီ။
"မင်းသွားပါ... ငါ မလှုပ်နိုင်တော့ဘူး တစ်ဖက်ကမ်းပန်းကို အဲဒီသားရဲတွေရဲ့ လက်ထဲကို မရောက်စေနဲ့!"
လုရွှမ်က မဆိုင်းမတွ ငြင်းဆိုသည်။
"မဟုတ်ဘူး... ငါ မင်းကိုထားခဲ့မှာ မဟုတ်ဘူး.. အခုဆို မင်းရဲ့ ကံကြမ္မာက သေခြင်းပဲ ဖြစ်လိမ့်မယ်.... ငါတို့အခုမှ ပြန်တွေ့ကြတာ.... မင်းကို ငါ ဘယ်တော့မှ စွန့်လွှတ်ပြီး ထားခဲ့မှာ မဟုတ်ဘူး"
"တစ်ဖက်ကမ်းပန်းက တကယ့်ကို အဖိုးတန်ပေမယ့် မင်းအသက်နဲ့ နှိုင်းယှဥ်လိုက်ရင်တော့ လာမှမဟုတ်ဘူး... အဲ့ကောင်တွေ ယူသွားခဲ့ရင်တောင် ငါတို့က အဲဒါကို အနာဂတ်မှာ ပြန်ဖမ်းယူလို့ရတယ်... ငါတို့ ပန်းကို ပြန်မသိမ်းနိုင်ရင်တောင် အဲ့ကောင်တွေကို သတ်ပစ်မယ်!!"
ဟောက်ထျန်း လုရွှမ်လက်ကို တင်းတင်းကြပ်ကြပ် ဖမ်းဆုပ်ထားသည်။ လူချင်း ခွဲခွာသွားပါက လက်ရှိဒဏ်ရာကြောင့် သူသေလုနီးပါးဖြစ်မည်ကို သူမသိတာ မဟုတ်။ သူ လုရွှမ်ကို ဆွဲမချချင်တော့ပါ။ ဒီနေရာကို ဝင်သွားပြီး အန္တရာယ်နဲ့ ဒီနတ်ဆိုးတွေရဲ့ စွမ်းအားကို မြင်ပြီးနောက် သူသေဖို့ အသင့်ဖြစ်နေပါပြီ။
မမျှော်လင့်ဘဲ လုရွှမ်က တစ်ဖက်ကမ်းပန်းကို စွန့်လွှတ်လိုက်ပြီး သူ့ကိုကာကွယ်လိုခဲ့သည်။
လုရွှမ်ကလည်း ဟောက်ထျန်းရဲ့လက်ကို တင်းတင်းဆုပ်ကိုင်ထားပြီး တိုးတိုးလေး ပြောလိုက်သည်။
"ဟုတ်ပြီ... ပုန်းရအောင် အခွင့်အရေးရှိရင် တစ်ခုခုတော့ ရှိလိမ့်မယ်.. အခွင့်အလမ်း မရှိရင်လည်း ငါတို့ကိုယ်တိုင် ရှာကြမယ်"
ကောင်းကင်မှာတော့ မိစ္ဆာသားရဲတွေဟာ အရေးကြီးတဲ့ လူတစ်ယောက်နဲ့ တွေ့ဖို့ အမြန်ထွက်သွားနေကြသည်။
လုရွှမ်နဲ့ ဟောက်ထျန်းတို့ နှစ်ယောက်စလုံးကလည်း ဤသားရဲများဟာ မသေမျိုးနယ်ပယ်က မိစ္ဆာသားရဲများအား သတင်းပို့နေတာ၊ မကြာခင် နတ်ခြေလှမ်းနယ်ပယ်က သခင်များ ရောက်လာတော့မယ် ဆိုတာ ကောင်းစွာသိသည်။
အဲဒီသခင်တွေ ရောက်လာပြီးတာနဲ့ သူတို့ရဲ့ အခြေအနေက ပိုလို့တောင် အန္တရာယ်များလာမယ်ဆိုတာ ထင်ရှားပါ၏။
"ဓားပျံစာကို ဒီနေရာမှာ ပို့နိုင်မလား မသိပေမယ့် ဒါက တစ်ခုတည်းသော အခွင့်အလမ်းပဲ... မင်းတို့ကို အခု မဆက်သွယ်ရင် ဟိုသခင်တွေကို ရောက်လာတဲ့အခါ ပိုတောင် အန္တရာယ် များသွားလိမ့်မယ်"
ဤနေရာသို့ ဝင်ရောက်ပြီးနောက် ဓားပျံဖြင့် မည်သူမျှ စာမပေးပို့ရခြင်း အကြောင်းရင်းမှာ တစ်ဖက်သား၏ လက်ထဲကို မရောက်နိုင်လောက်အောင် အကွာအဝေးက ဝေးလွန်းသောကြောင့်သာ ဖြစ်သည်။
ထိုမိစ္ဆာသားရဲများက သတင်းမှားများ ပေးပို့ပစ်နိုင်သည်။ သို့မဟုတ် သူတို့၏ ပျံသန်းနေသော ဓားသတင်းကို ကြားဖြတ် ယူသွားပါက အန္တရာယ်ကြီး ဖြစ်လာနိုင်သည်။
ဒါပေမဲ့ အခုအချိန်မှာတော့ တခြားဘာမှ စိတ်ပူစရာ မရှိပါဘူး။ အလောင်းအစား လုပ်ကြည့်ရုံပဲ တတ်နိုင်တော့၏။ လုရွှမ်အတွက်က သူတို့ဆီ ပစ်လွှတ်လိုက်တဲ့ စာတစ်စောင်ကို လက်ခံထားသရွေ့တော့ အဆင်ပြေသည်။
ဒါပေါ့။ ဒီလို ဓားပျံမျိုးက ပိုအန္တရာယ်များတယ်လေ။
နာရီဝက်လောက်ကြာတော့ သူတို့နှစ်ယောက်လုံး ဘာမျှ မမျှော်လင့်ထားတော့တဲ့ အချိန်မှာ ဓားပျံတစ်စင်း ပြန်ပေါ်လာ၏။
"လုရွှမ်? မင်းပဲလား... ငါက ရှင်ထျန်း!"
လုရွှမ်အား အသိမိတ်ဆွေ ဆိုတာကို သေချာစေရန်အတွက် ရှင်ထျန်းက သူ့အမည်ကို ဖော်ပြခဲ့သည်။
လုရွှမ် ပေးပို့သော ဓားပျံကို ကြားဖြတ် မတားဆီးနိုင်ခဲ့ပါက ဖမ်းမိနိုင်သူများမှာ ချောင်ယန်၊ ရှင်ထျန်းနဲ့ ယောင်းရောင်တို့ အပြင်းထန်ဆုံး သုံးဦးသာရှိသည်။ ၎င်းတို့က ဓားပျံကို တတ်နိုင်သမျှ ကာကွယ်နိုင်လိမ့်မည်။
"ဟောက်ထျန်း... ဒဏ်ရာရသွားတယ် ကျွန်တော်တို့ အတူတူ ပေါင်းစည်းဖို့ လိုတယ်... ကျွန်တော့်ဘက်မှာ အခွင့်ကောင်းတစ်ခုရလို့ ချင်ထျန်းဓားကို ကောင်းကင်လက်နက် ဖြစ်လာအောင် လေ့ကျင့်ပေးခဲ့တယ်... ပြီးတော့ ကျွန်တော်တို့ကို မိစ္ဆာသားရဲတွေ ရှာတွေ့သွားပြီ... နတ်ခြေလှမ်းနယ်ပယ် တက်သွားတဲ့ မိစ္ဆာကောင်တွေ ဝင်လာတော့မယ်”
လုရွှမ်လည်း ဟောက်ထျန်းရဲ့ အရိပ်အယောင်ကို ထပ်လောင်း၍ ဓားပျံကို ထပ်မံပေးပို့ခဲ့သည်။ ထို့နောက် သုံးယောက်သား တွေ့ဆုံကြမယ့် နေရာကို သဘောတူပြီး ချက်ချင်း ပြေးထွက်လာကြသည်။
မိုင်ပေါင်းထောင်ချီ ဝေးကွာသော နေရာ၌ ရှင်ထျန်းသည် ဓားပျံထဲက အကြောင်းအရာကို ရရှိပြီးနောက် နတ်ခြေလှမ်းနယ်ပယ်က နတ်ဆိုးတစ်ကောင် ဝင်လာမယ် ဆိုတာ ကြားလိုက်ရတော့ သူတကယ်ကို တုန်လှုပ်သွားခဲ့သည်။
မြောက်ဖက်ဒေသတွင် နတ်ခြေလှမ်းနယ်ပယ်က မိစ္ဆာသားရဲတွေ ဘယ်လောက် အစွမ်းထက်သလဲ သူတို မတွေ့ကြုံဖူးသေးသော်လည်း ၎င်းတို့ရဲ့ အနောက်ဖက်ဒေသတွင်တော့ နတ်ခြေလှမ်းနယ်ပယ်က သခင်များနှင့် သဘာဝအတိုင်း ရင်ဆိုင်ဖူးလေသည်။
မြောက်ဖက်ဒေသနှင့် နှိုင်းယှဉ်ပါက အနောက်ဖက်ဒေသရဲ့ ကောင်းကင်နှင့်မြေကြီး နိယာမများနှင့် ဝိညာဉ်စွမ်းအင်ဆိုင်ရာ သတ်မှတ်ချက်များတွင် များစွာ ယုတ်ညံ့ပါသည်။ ဤနေရာရှိ မိစ္ဆာသားရဲများ အလွန်အားကောင်းမှာ သေချာ၏။
လုရွှမ် ပြောတာ မှန်ပါသည်။ လူမစုရင် အချိန်တိုအတွင်းမှာပဲ တစ်ယောက်ချင်း ဆုံးရှုံးသွားရလိမ့်မယ်။ ဒါပေမဲ့ လုရွှမ်နဲ့ ဟောက်ထျန်းက အဲဒီဘက်မှာ ရှိနေတာလား။ ရှင်ထျန်း မျှော်လင့်ချက် ကြီးကြီးမားမား ရှိနေသည်ဟု ခံစားမိသည်။
ဓားပျံပေါ်၌ လူနှစ်ဦး၏ အငွေ့အသက်ရှိသည်။ လုရွှမ်က ကောင်းကင်လက်နက်ကို နားမလည်နိုင်အောင် အသွင်ပြောင်းရန် နတ်လက်နက်ကို အမှန်တကယ် အသုံးပြုခဲ့သည်။ ဒီလိုသတင်းမျိုးကို တခြားလူကို ပေးရင် ရှင်ထျန်း ဘယ်တော့မှ ယုံလိမ့်မည် မဟုတ်။
ဒါပေမဲ့ လုရွှမ်မှာ ဒီလို စွန့်စားမှုမျိုး ကြုံလာရတာကြောင့် ဖြစ်နိုင်ချေ အနည်းငယ် ရှိသည်။ သူတို့ တွေ့ပြီးကတည်းက လုရွှမ်ဟာ အံ့သြစရာတွေကို ဖန်တီးနိုင်တဲ့ လူတစ်ယောက်လို့ အမြဲမြင်ရကာ သူတို့ကိုလည်း အထင်ကြီးစေခဲ့သည်။
ဆယ်ရက်အကြာတွင် လုရွှမ်နဲ့ ဟောက်ထျန်းတို့ သဘောတူထားသည့် နေရာသို့ ရောက်လာကြသည်။
"ကျီရွှေ.... မင်းအဲဒီမှာရှိလား"
လုရွှမ်လည်း သူအရင်က ကြုံတွေ့ခဲ့ရတဲ့ မွေးဖွားရာ သစ်ပင်ရှေ့မှာ ရပ်လျက် အော်လိုက်သည်။ ဤနေရာက လူသိအများဆုံး နေရာဖြစ်၏။
လုရွှမ် အသံဆုံးသော် ကျီရွှေက သူမခေါင်းကို သစ်ပင်အနောက်ဘက်ကနေ စောင်းပြလာသည်။ လှပသော မျက်နှာကို ထုတ်ပြလိုက်ရာ ဟောက်ထျန်းမှာ လုရွှမ်က ဤနေရာတွင် အလှလေးအား ဖုံးကွယ်ထားမည်ဟု မမျှော်လင့်ထားတာကြောင့် သူ့မျက်နှာမှာ ရုတ်တရက် နီရဲလာသည်။
လုရွှမ်လည်း ကျီရွှေ ပျံထွက်လာသည်ကို မြင်သောအခါ အလွန်စိတ်လှုပ်ရှားသွားသည်။ သူမကိုယ်တိုင်ကလည်း တစ်ယောက်ပြီး တစ်ယောက် ပြန်လာမယ်လို့ မမျှော်လင့်ထားဘဲ ဒီမှာပဲ သေရလိမ့်မယ်လို့တောင် တွေးခဲ့မိပါသေးသည်။
အထူးသဖြင့် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဤနေရာ၌ ဘီလူးကောင်များစွာ ဖြတ်သွားခဲ့သည်။ ယုတ္တိဗေဒအရ ပြောရလျှင် ဤနေရာသည် သားရဲများအတွက် အရေးကြီးသော နေရာဖြစ်သည်။ သို့သော် ထိုသားရဲများသည် ဤနေရာကိုပင် ဂရုမစိုက်ဘဲ တိုက်ရိုက်ပဲ ပျံသန်းသွားကြသည်။