← Chapters

အခန်း (၁၆)

Vol. 2 Ch. 16

အခန်း (၁၆)

Vol. 2 Ch. 16

အဲ့အချိန်မှာဖုန်းကမြည်လာတယ် ဖုန်းကိုင်လိုက်တော့ နန်ဂျန်းပလာဇာရဲ့ ငွေကြေးဆိုင်ရာအထွေထွေမန်နေဂျာ ဂျန်ရှန်းရဲ့နံပါတ်ဖြစ်နေတယ် တိတ်တိတ်လေးသူအံ့ဩသွားမိမယ် ဒီလူကတကယ့်လူကြီး! သူ့လိုလူမျိုးရဲ့ဖုန်းကိုတော့မကိုင်ပဲမနေရဲပါဘူး

"သူဌေးရှောင် ကျွန်တော်ပြောရတာအားတော့နာပါတယ် နန်ဂျန်းပလာဇာက လကုန်ရင် ခင်ဗျားတို့နဲ့ဆက်သက်တမ်းမတိုးတော့ဘူးဆိုတာကိုအသိပေးချင်လို့ပါ လကုန်တာနဲ့ကုမ္ပဏီထဲက‌‌ေနရာကို ဖယ်ထားပေးပါ"

ရှောင်ရှန်ဟွာလန့်သွားပြီးတော့ရုတ်တရက်ထရပ်လိုက်မိတယ် ရုတ်တရက်ထရပ်လိုက်မိတာမို့မတ်မတ်တောင်သူမရပ်နိုင်ဘူး လမကုန်ခင်‌ဖယ်ပေးရရင်ကုမ္ပဏီကဆုံးရှုံးရမှာ‌ေတွ အတော်များမှာ ဂျီယွမ်ဂိမ်းရော တခြားကြေညာစာချုပ်တွေရောအများကြီးရှိသေးတယ်

ကုမ္ပဏီလိပ်စာကလည်းဒီနေရာမှာတ‌ရားသေထားထားတာ ဒီလိုနေရာ‌ကောင်းမျိုးကို ငှားထားတော့ ဖောက်သည်ဆီက‌ေနလည်း ကုမ္ပဏီအပေါ်ကိုအမြင်ကောင်းရစေတယ် ဒီနေရာကနေဖယ်ရရင် ကုမ္ပဏီရဲ့ပုံရိပ်ကိုဘယ်လောက်တောင် ထိခိုက်စေမလဲဆိုတာက တွေးကြည့်လို့တောင်မရဘူး ဒီအကျိုးဆက်တွေကိုတွေးမိရင် လုံးဝကိုမခံနိုင်စရာပဲ ဒါတွေကိုတွေးကြည့်လိုက်တော့သူခေါင်းတွေပါိထိုးကိုက်ကုန်တယ် ဘာတွေဖြစ်နေတာလဲ ဒီနေ့ပြသာနာတွေတစ်ခုပြီးတစ်ခုပဲ

"မစ္စတာဂျန်းဘာတွေဖြစ်နေတာလဲပြောပြပေးလို့ရမလား ကုမ္ပဏီကိုတောင်းဆိုချင်တာဖြစ်ဖြစ် အမှားလုပ်မိတာဖြစ်ဖြစ်ရှိခဲ့ရင်လည်းပြောပါကျွန်တော်တို့ပြင်ပေးပါ့မယ် ဒီနေရာကနေဖယ်ရရင်ကုမ္ပဏီကိုထိခိုက်မှာကတော်ရုံမဟုတ်ဘူး ငွေတွေလည်းမီလီယမ်နဲ့ချီဆုံးရှုံးရမှာမို့ပါ ကျွန်တော်တို့ဘက်ကို တစ်ချက်လောက် နားလည်ပေးဖို့တောင်းဆိုပါရစေ"

တခြားတစ်ဖက်မှာတော့ဂျန်ရှန်းကဖုန်းကိုစပီကာဖွင့်ထားပြီး ချင်းယွီကိုကြည့်‌ေနတယ် သဘောကချင်းယွီကိုဆုံးဖြတ်စေချင်နေတာ

ချင်းယွီပြုံးပြီးပြောလိုက်တယ်

"သူတို့ကိုဒီကိုလာခိုင်းလိုက်ပါ အော် ဒါနဲ့ဒီဇိုင်းဌာနက မန်နေဂျာဇန်ကိုပါခေါ်လာခိုင်းလိုက်"

ဂျန်ရှန်းခေါင်းညိတ်ပြီးတော့ ဟုတ်ကဲ့လို့ပြောလိုက်တယ်

"ကျွန်တော်တို့ဘော့စ်က ဘဏ္ဍာရေးရုံးခန်းကို ခင်ဗျားတို့ဒီဇိုင်းငှာနကမန်နေဂျာပါခေါ်ခဲ့လို့ပြောတယ်"

"အာ ဟုတ်ကဲ့ ဟုတ်ကဲ့ပါခင်ဗျာ"ရှောင်ရှန်ဟွာမြန်မြန်ပဲပြန်ဖြေလိုက်တယ်

ဒီချိန်မှာငါနည်းနည်းတော့နားလည်လိုက်တယ် နန်ဂျန်းပလာဇာရဲ့ဘော့စ်ကိုသွားစမိတာတော့ မဟုတ်လောက်ဘူး ဒါမယ့် သူကဒီပလာဇာကအဓိယရှယ်ယာဝင်တွေကိုသိတယ် သူတို့နဲ့နန်ဂျန်းပလာဇာရဲ့ဘော့စ်နဲ့က ဆက်စပ်စရာအကောင်းမှမရှိတာကို ဘယ်လိုသွားပတ်သက်မိကြတာလဲ..?

တကယ်တော့ ‌ရှောင်ရှန်ဟွာ နာမည်တပ်ပြီး ရုံးခန်းထိခေါ်ခံရတာကိုသိပ်တော့ဘဝင်မကျဘူး ဒါပေမယ့် အစည်းအဝေးဖျက်ပြီးတော့ ဇန်ဒါစူကိုသူ့နောက်လိုက်ဖို့ခေါ်လိုက်တယ် ဂျီယွမ်ဂိမ်းကုမ္ပဏီရဲ့ဥဣဌကိုဖုန်းခေါ်ဖို့ကတော့ထားလိုက်တော့ ဒီကိစ္စနဲ့ယှဉ်ရင် ဂိမ်းကိစ္စကဘာမှမဟုတ်ဘူး ဇန်ဒါစူသူ့ဘော့စ်နောက်ကိုလိုက်လာတယ် ခုဖြစ်တဲ့မီတင်ကနေကုမ္ပဏီရဲ့အခြေအနေတစ်ခုခုဆိုးနေပြီဆိုတာသိလိုက်တယ် ဒါပေမယ့်သူခုသိချင်တာ ဘာလို့သူကပါ ဒီကိစ္စထဲပါနေရတာလဲဆိုတာပဲ လမ်းမှာတော့သူဘာမှမမေးတော့ပါဘူး...

ဂျန်ရှန်းကိုမြင်တော့ရှောင်ရှန်းဟွာ ရိုရိုသေသေနှုတ်ဆက်လိုက်တယ် ပြီးတော့သူနန်ဂျန်းပလာဇာရဲ့ဘော့စ်ကိုမေးချင်တာလေးတွေရှိနေပေမယ့်လည်းဂျန်ရှန်းကသူတို့နှစ်ယောက်ကို ‌တားလိုက်ပြီးတော့ ချင်းယွီရှိနေတဲ့ရုံးခန်းကိုခေါ်သွားလိုက်တယ်

"ချင်းယွီမင်းဘာလို့ဒီကိုရောက်နေတာလဲ" ဇန်ဒါစူချင်းယွီကိုစစမြင်လိုက်ချင်းမှာပဲမူးသွားတယ် ပြီးကြမျက်နှာလည်းထိန်းလို့မရတော့ဘူး

"ခင်ဗျားအမှားတွေမဟုတ်ဘူးမလား"

ချင်းယွီထိုင်နေတဲ့နေရာကတစ်မျိုးပဲ အဲ့နေရာကနန်ဂျန်းပလာဇာရဲ့ဥဣဌထိုင်ခုံမဟုတ်ဘူးလား

ရှောင်ရှန်ဟွာလည်း ချင်းယွီကိုဥဣဌနေရာမှာမြင်လိုက်ရတော့အံ့ဩသွားတယ် ပြီးကြသူ့ဘေးမှာရှိနေတဲ့ဝန်ဇီကိုကြည့်လိုက်တယ် ဒါပေမယ့်သူဘာစကားမှမပြောရဲဘူး

ဒီကိစ္စတွေအကုန်လုံးရဲ့ဇစ်မြစ်ကချင်းယွီပဲ။

သူခုလေးတင်အလုပ်ဖြုတ်လိုက်တဲ့အလုပ်သမား...

ဂျန်ရှန်းနဲ့ ဂျီယွမ်ဂိမ်းကုမ္ပဏီရဲ့ဥဣဌတို့နှစ်‌ယောက်လုံးကိုသူကြည့်လိုက်တယ်

သူတို့နှစ်ယောက်သာဆိုငါ့ကုမ္ပဏီကိုအသာလေးနင်းချေပလိုက်လို့ရတယ်

"ဒါကတော့မစ္စတာချင်းပါ နန်ဂျန်းပလာဇာကိုဝယ်ထားတာသိပ်မကြာသေးပါဘူး" ဂျန်ရှန်းမိတ်ဆက်ပေးတာကြားတော့၂ကောင်လုံးကြောင်သွားတယ်

"ချင်းယွီ မင်း မင်းကနန်ဂျန်းပလာဇာရဲ့ဥဣဌတဲ့လား" ဇန်ဒါစူမျက်စိပျက်မျက်နှာပျက်နဲ့နှလုံးခုန်တွေပါမြန်လာတယ် ဘာတွေဖြစ်နေတာလဲ ဒီလူကသာမန်လူမဟုတ်ဘူးတဲ့လား ဘယ်လိုလို့သူ့လိုအလုပ်သမားလေးက နန်ဂျန်းပလာဇာရဲ့ဥဣဌဖြစ်နိုင်မှာလဲ....

"မင်းသာမင်းအဆင့်ကဒီလိုဆိုတာကိုအစတည်းကပြောခဲ့ရင် မင်းကိုဘယ်သူကစရဲမှာလဲ နှိမ်ရဲမှာလဲ မင်းကငါ့ရဲ့ဘိုးဘေးလို့ပြောရင်တောင်ယုံပေးလိုက်အုံးမှာ"ဇန်ဒါစူပြောလိုက်တယ်

ရှောင်ရှန်ဝါကပိုတောင်ဒေါသထွက်နေတယ် သူသူ့ရဲ့အလုပ်သမားကိုဘက်လိုက်ပြီး ချင်းယွီကိုအထင်သေးခဲ့မိတာ။

ဝန်ဇီငါတို့နဲ့ပူးပေါင်းထားတာကိုဖျက်ချင်တာမဆန်းပါဘူး ကုမ္ပဏီနေရာကိုဖယ်ပေးဖို့ဖြစ်လာတာလည်းသူ့ကြောင့်ပဲ

ဒီ‌အ‌ခြေအနေကိုအဆင်ပြေအောင်လုပ်ဖို့ကတော်တော်ခက်မှာ

ရှောင်ရှန်ဟွာသူ့စိတ်ထဲမှာပဲတွေးလိုက်တယ်~မဟုတ်သေးဘူး ဒီလိုသူဌေးလေးကဘာကိစ္စသာမန်လူလိုလုပ်နေခဲ့လဲဘအပြင်လောကရဲ့အတွေ့အကြုံကိုရချင်တယ်ဆိုလည်းဖြစ်တယ် ဒါပေမယ့်ဘာလို့ငါကုမ္ပဏီကိုရောက်လာရတာလဲ ငါသူ့ကိုခနခနနှိမ်နေခဲ့တာလေ ကုမ္ပဏီရဲ့အမြတ်ကိုပဲကြည့်ပြီး ဝန်ထမ်းတွေကိုမျက်ကွယ်ပြုခဲ့တယ် ငါအခုတကယ်ကြီးနောင်တရနေတယ် သူဇန်ဒါစူကိုလည်း မုန်းမိသွားတယ် သူဘယ်တုန်းကမှ ဒီလို ဖာသီ့ဖာသာနေခဲ့တာက သူ့ကိုဒီလိုပြသာနာအကြီးကြီးတက်စေလိမ့်မယ်လို့မထင်ခဲ့ဘူး

ချင်းယွီကဒီ‌နန်ဂျန်းပလာဇာကိုတောင်ဝယ်နိုင်ရင် သူ့‌ဆီမှာတခြားစီးပွား‌ေရး‌ေတွနဲ့ ဒီထက်ပိုပြီးနက်နဲတဲ့ကိစ္စတွေတောင်ရှိနေနိုင်တာပဲ ပြီးတော့သူတောင်းပန်လိုက်တယ်

"မစွတာချင်းကျွန်တော်ကြားနားလည်မှုတွေလည်ခဲ့တဲ့ပုံပဲ ကျွန်တော်ခင်ဗျားအပေါ်ကိုမှားခဲ့တာတွေကို စိတ်ရင်းမှန်နဲ့တောင်းပန်ပါတယ်"

"တောင်းပန်တိုင်းသာ အဆင်ပြေနေရင် အမှားလုပ်ပြီးတိုင်းတောင်းပန်လိုက်ရုံပဲပေါ့ အဲ့တာဆို အမှားလုပ်မိတဲ့အကျိုးဆက်က တအားနိမ့်လွန်းနေမှာပေါ့ အခုအမှားလုပ်မိမှန်းသိပြီပေါ့ ကိုယ်အဆင်ပြေချင်ရုံနဲ့ ကိုယ့်အလုပ်သမားကိုထုတ်ပစ်လိုက််‌တယ်‌ေပါ့" ချင်းယွီဒီစကားတွေကိုမျက်နှာသေနဲ့ပဲပြောလိုက်တယ်

ရှောင်ရှန်ဟွာရှက်သွားတယ် ဇန်ဒါစူကတော့စိတ်ပူနေရာကနေရှက်မိသွားတယ် သူ့မျက်နှာတစ်ခုလုံးကလုံးဝမဲ့ရွဲ့သွားတယ် သူသေတော့မယ်ဆိုတာလည်းသိလိုက်တယ် ပြီးတော့သူဌေးကလည်းသူ့အပေါ်ကိုအကုန်အပြစ်ပုံချတော့မှာ ‌နောက်ဆုံးဘာပဲဖြစ်ဖြစ် သေချာတာက ငါကုမ္ပဏီမှာဆက်နေလို့ရတော့မှာမဟုတ်ဘူး ကုမ္ပဏီကဒီအဆောက်အဦးကဖယ်လိုက်ရပြီဆိုရင်တောင်သူဌေးကငါ့ကိုအလွတ်ပေးမှာမဟုတ်ဘူး နောက်နှစ်နည်းနည်းလောက်ထိအလုပ်ကြိုးစားချင်သေးတာကိုဒီလိုတွေဖြစ်သွားမယ်မထင်ထားဘူး

"မစ္စတာချင်း ခင်ဗျ ကျွန်တော်တောင်းပန်ပါတယ် ကျွန်‌တော်ခင်‌ဗျားအပေါ်ကိုလည်းနှိမ်ခဲ့မိပါတယ် ကုမ္ပဏီကဒီနေရာကမဖယ်ရဘူးဆိုရင် ကျွန်တော်ဆရာပြောတဲ့အတိုင်း ဘာအထွန့်မှမတက်ဘဲ‌လုပ်ပေးပါမယ်"

ချင်းယွီငြိမ်နေတာကိုမြင်တော့ရှောင်ရှန်ဟွာခေါင်းလှည့်လာပြီးတော့ "ဇန်ဒါစူက ကုမ္ပဏီမန်နေဂျာဖြစ်ပြီး ဒီလိုတွေနာမည်ပျက်စေခဲ့လို့ သူ့ကိုအလုပ်ထုတ်ဖို့ဆုံးဖြတ်လိုက်ပါပြီ သူ့ရဲ့တူရှောင်ဂျွန်းကိုလည်းအလုပ်ထုတ်လိုက်မှာပါ" ရှောင်ရှန်ဟွာပြောပြီး ချင်းယွီကိုစောင်းကြည့်လိုက်တယ်

"နောက်လနေရာငှားခက ၃၀%တက်မယ်" ချင်းယွီတိတ်သွားတာမြင်တော့ ရှောင်ရှန်ဟွာ ချွေးတွေပါပြန်လာတယ် ဇန်ဒါစူကတော့လုံးဝငြိမ်ကုပ်နေပြီး သူ့အနေနဲ့မန်နေဂျာဆိုတဲ့ရာထူးလည်းမရှိတော့ဘူး တခြားကုမ္ပဏီတစ်ခုကိုသွားရင်လည်း ဟိုးအောက်ခြေဝန်ထမ်းကနေသူ့ဘဝကိုပြန်စရမှာ ဟိုးအမြင့်ကနေအောက်ထိပြုတ်ကျသွားတဲ့ ဖြစ်ရပ်မျိုးကိုဘယ်သူ့မှခံနိုင်ရည်ရှိမှာမဟုတ်ဘူး

ဂျန်ရှန်းရောဝန်ဇီရောဒီကုမ္ပဏီကနဲ့ချင်းယွီပြသာနာလေးတွေတက်ထားတယ်ဆိုတာသိတယ် အဲ့တာကြောင့်ကုမ္ပဏီကိုပြောင်းထားဖို့ပြောထားတာပဲဖြစ်မှာ

ရုံးခန်းတစ်ခုလုံးလည်းငြိမ်သက်သွားပြီးခနနေတော့ချင်းယွီကစကားစလာတယ်...။

All Chapters