အခန်း (၁၇)
Vol. 2 Ch. 17
Andrea:
"ဇန်ဒါစူထွက်သွားရင် လုခယ်ရှင်ကဒီဇိုင်းဌာနရဲ့မန်နေဂျာဖြစ်လာရမယ် အဲ့တာဆို ဂျီယွမ်ဂိမ်းကုမ္ပဏီကခင်ဗျားတို့နဲ့ပြန်ပူးပေါင်းလိမ့်မယ်" ချင်းယွီရဲ့အသံကနတ်သမီးပုံပြင်တွေထဲကအသံနဲ့တောင်တူနေတယ် ရှောင်ရှန်ဟွာတအားထိတ်လန့်မိသွားတယ်
"ဟုတ်ကဲ့ပါမစ္စတာချင်း"
"အဲ့တာဆိုနှစ်ယောက်လုံးပြန်ပြီးလုပ်စရာရှိတာလုပ်လို့ရပြီ လိုက်မပို့တော့ဘူး" ချင်းယွီနှစ်ယောက်လုံးကိုပြောလိုက်တယ်
ခနနေသူတို့တွေထွက်သွားတော့ရုံးခန်းထဲမှာဂျန်ရှန်းရယ်သူရယ်ပဲကျန်ခဲ့တော့တယ်
"နန်ဂျန်းပလာဇာကိုနောက်ဆိုမင်းပဲဦးစားရမယ် မင်းလစာကိုလည်း၂၀%တိုးပေးမယ် ပြီးတော့တခြားဝန်ထမ်းတွေရဲ့လစာကိုလည်းတိုးပေးလိုက်"
"ဟုတ်ကဲ့ပါ ကျေးဇူးပါ ဘော့စ် ကျွန်တော်အကောင်းဆုံးကြိုးစားပါ့မယ်" ဂျန်ရှန်းကျေးဇူးတင်စကားပြောလိုက်တယ်
"ဟုတ်ပြီ အဲ့တာဆိုသွားလို့ရပြီ"
ဂျန်ရှန်းခေါင်းငုံ့လိုက်ပြီး ခနလေးတောင်ဆက်မနေတော့ဘဲ မြန်မြန်ထွက်လာလိုက်တယ် ရုံးခန်းထဲကထွက်လာပြီး ဂျန်ရှန်းသက်ပြင်းအရှည်ကြီးချလိုက်တယ် သူတစ်ကိုယ်လုံးသေဘေးကလွတ်လာသလိုမျိုးပျော်နေတယ် သူဌေးအသစ်ရောက်လာတာ သူ့အတွက် မကောင်းတာမဟုတ်ဘဲ ကံကောင်းခြင်းတွေရောက်လာတာဖြစ်နေတယ်
သူဌေးပြောင်းသွားတာမို့ ဒီပလာဇာကရှယ်ယာရှင်တွေစုပြီးပိုင်နေရာကနေ တစ်ယောက်တည်းအပိုင်ဖြစ်သွားပြီ သူ့အာဏာကလည်းပိုပြီးတော့အားကောင်းလာပြီး ဒီပလာဇာတစ်ခုလုံးကိုသူတစ်ယောက်တည်းကပဲသူဌေးအဖြစ်နဲ့ပိုင်တဲ့သဘောမျိုးဖြစ်သွားတယ် နောက်ပြီးဘော့စ်ကတအားလည်းသဘောကောင်းတယ်ဆိုတာဝန်ထမ်းတွေကိုလစာတိုးပေးတာနဲ့တင်ကိုသိနိုင်တယ် ပြီးတော့ သူကလူမျိုးစုံနဲ့တွေ့ဖူးတယ် ဒါပေမယ့်ဘော့စ်ကဒီလောက်ငယ်ငယ်လေးနဲ့ကိုသန်း၄၀ရှိတဲ့ ပလာဇာကိုဝယ်နိုင်တယ် တအားလည်းတော်ပြီးတော့သူ့နောက်ခံကလည်းမရိုးရှင်းဘူး ဒီလိုနေရာမျိုးကိုဝယ်နိုင်လောက်တဲ့ငွေပမာဏရှိအောင်ရှာနိုင်တဲ့တခြားလုပ်ငန်းတွေလည်းသူ့မှာရှိရမယ်....
ချင်းယွီကတော့ဂျန်ရှန်းရုံးခန်းထဲကထွက်သွားပြီးတော့ခနလောက်နားနေတယ် ပြီးတော့တအားလည်းစိတ်လှုပ်ရှားနေတယ် သူထရပ်လိုက်ပြီးတော့ဝိုင်ထားတဲ့နေရာကနေ ဝိုင်နီတစ်ပုလင်းကိုယူပြီးအဖုံးဖွင့်ပြီးဝိုင်ခွက်ထဲကိုထည့်လိုက်တယ် ပြီးတော့နေရာမှာပြန်ထိုင်ပြီး ဖြေးဖြေးချင်းသောက်နေလိုက်တယ်
သူ့ဖုန်းကိုထုတ်လိုက်ပြီး သိန်း၉၀၀၀နဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုကြည့်နေလိုက်ပြီးတော့ သူ့ဘလက်ကဒ်ကိုထုတ်ပြီး ကြည့်လိုက်တယ် ကဒ်ထဲမှာသိန်း၉၆၀၀ရှိတယ် စနစ်ထဲမှာ ၉၈.၉သန်းရှိတယ် အဲ့တော့ပိုက်ဆံအများကြီးပဲ သာမန်လုပ်ငန်းလေးနဲ့ဒီပိုက်ဆံတွေကိုထုတ်လို့မရမှာသူစိုးနေတယ် ဒါပါပဲ ချင်းယွီဆိုတာဒါပဲ....
ဒါတွေအကုန်လုံးကသူစနစ်ထဲကိုဝင်လိုက်လို့ပဲ သူ၂ခါပဲဝင်ရသေးတယ် သူ့ရဲ့ချမ်းသာမှုကအရင်ကထက်ကိုအများကြီးသာသွားတယ် သူစနစ်ထဲကိုဝင်ရမယ့်အကြောင်းကိုတွေးလိုက်တော့ရင်တွေခုန်သွားတယ် သူစနစ်ရဲ့လေးထောင့်ကွက်လေးကိုထုတ်လိုက်တယ်
လက်ခံသူ ချင်းယွီ
အသက် ၂၅
ကိုယ်ခန္တာကြံခိုင်မှု - ၅၀ ပုံမှန်
စိတ်စွမ်းအား -၅၀ ပုံမှန်
အရည်အချင်း မရှိ
စစ်ဆေးခြင်းလုပ်ငန်းစဥ် - ၃၇၀မီလီယမ်
တာဝန် မရှိ
ဝင်ရောက်ခြင်းအမှတ် - ၂ကြိမ်
လက်ကျန်ငွေ ၉၈.၉ ဘီလီယမ်
ကျော်ပိုးအိတ် - တစ်
ကြည့်ရတာသိန်း၁၀၀သုံးထားတာ ပထမတစ်ခေါက်တုန်းကနဲ့တူတယ် သိန်း၃၇၀လောက်သုံးထားတာတောင်မှ စနစ်ထဲဝင်ထားတာကိုပထမဆုံးလို့သတ်မှတ်ရမယ့်ပုံပဲ
"တစ်ခါဝင်ရောက်ဖို့အနည်းဆုံးသိန်း၁၀၀၀အသုံးပြုပေးရပါမယ်"
ချင်းယွီလေးထောင့်ကွက်လေးကိုဘေးဖယ်လိုက်ပြီးတွေးလိုက်တယ် အခုစနစ်ထဲဝင်ဖို့အတွေးကိုဖယ်လိုက်ပြီးသိန်း၁၀၀၀ကိုဘယ်မှာသုံးရမလဲလို့စဉ်းစားလိုက်တယ် အပြင်ထွက်ပြီးပိုက်ဆံမသုံးဘဲ အမြန်ဆုံးငွေသုံးလို့ရမယ့်နေရာက......
ဖုန်းထဲကဒေါင်လန် အက်ပလီကေးရှင်းကိုဖွင့်လိုက်တယ် ချင်းယွီဒေါင်လန်ထဲကဗီဒီယိုတွေကိုကြည့်ပြီးတော့သူတို့ရဲ့liveတွေကိုလည်း ဖော်လိုးလုပ်လိုက်တယ် အရင်တုန်းကဆိုရင်သူတော်တော်ဆင်းရဲတော့လက်ဆောင်ပေးချင်တာတောင်နည်းနည်းပဲပေးခဲ့ရတယ် အခုတော့....
ချက်ချင်းပဲအကောင့်ထဲကိုသိန်း၇၀၀ထည့်လိုက်တယ် ပြီးတော့ဘယ်သူ့ကိုကြည့်ရမလဲဆိုပြီး လျှောက်ရှာကြည့်လိုက်တယ် နောက်ဆုံးကြ ရှောင်ရန်ဇီဆိုတဲ့တစ်ယောက်ကိုကြည့်လိုက်တယ်။
ဒီတစ်ယောက်ကတော့လီယန်။
ချင်းယွီရဲ့အတန်းဖော်။ သူလိုက်ဖ် လွှင့်တာကိုမနှစ်က ဧပြီလောက်ကစတာ သူစလွှင့်ပြီးတော့သိပ်မကြာခင်မှာပဲ ချင်းယွီသူ့ကိုဖောလိုးလုပ်ပြီးတော့ သူတင်တာတွေကြည့်တယ် ချင်းယွီကတော့အတန်းဖော်ဟောင်းကိုမှတ်မိပေမယ့် လီယန်ကတော့သူဖောလိုးရုံနဲ့ဘယ်လိုလို့မှတ်မိမှာလဲ ကျောင်းတက်ကတည်းကအတန်းထဲမှာလည်း၂ယောက်သားကရင်းနှီးတာမဟုတ်ဘူး ဒီတိုင်းအတန်းတူတူတက်ခဲ့တယ်ဆိုတဲ့ဆက်ဆံရေးလောက်ပဲရှိတာ
ချင်းယွီက သူရဲ့ပထမဆုံးဖန်တွေထဲမှာပါတယ် အစတုန်းကဖန်ကအယောက်၂၀လောက်ပဲရှိတာ ခုကြတစ်နှစ်တည်းနဲ့ကိုဖန်တွေက[----]ထိေတာ့တက်သွားပြီ သူliveလွှင့်တဲ့အခန်းမှာလူ၁၀ယောက်မကရှိတယ် အခုသူလွှင့်လွှင့်ချင်းမှာလူ ၃၀၀လောက်ရှိတယ် သီချင်းဆိုပြီးliveလွှင့်တဲ့ လူတစ်ယောက်အနေနဲ့ကတော့ ဒီပရိသတ်အရေအတွက်နဲ့ဆိုအသေးစားliveလွှင့်တဲ့သူလို့ပဲပြောရမယ် အဓိကအကြောင်းအရင်းကတော့သူကလူစုပြီးထုတ်လွှင့်တဲ့ထဲမှာမပါဘူး ပြီးကြ အဖွဲ့လည်းမရှိဘူး ဘာအထောက်အပံ့မှလည်းမရှိ ဘာဆားဗစ်မှမရှိတဲ့သူဖို့ကတော့ ကြည့်ရှုသူကတော့နည်းမှာပဲ သူကိုဖောလိုးထားတဲ့ပမာဏကလည်းအသေးစားလေးပဲရှိတယ် သူသီချင်းဆိုတာကတော့မဆိုးပါဘူး ရုပ်ရည်လဲသိပ်မဆိုးပေမယ့် တအားလှတဲ့ထဲမှာတော့မပါဘူး ပြီးတော့liveလွှင့်ပြီး ဟိုပြဒီပြလည်း မလုပ်တော့....
အကောင်ကြီးကြီးတွေလက်ဆောင်ပေးဖို့ဆိုတာခက်တယ် ပြီးတော့ liveလွှင့်တဲ့နေရာကိုလာတဲ့သူတွေကလည်း သီချင်းနားထောင်ချင်လို့မဟုတ်ဘဲ ကောင်မလေးတွေကိုကြည့်ချင်လို့လာတာ ချင်းယွီliveလွှင့်တာကိုဝင်ကြည့်တော့ လီယန်ခုလေးတင်သီချင်းတစ်ပုဒ်ဆိုပြီးသွားတာသိလိုက်ရတယ် ပြီးကြတခြားသူတွေလည်းလက်ဆောင်ပေးထားတာသိလိုက်တယ် ဒါပေမယ့်အကုန်လုံးကလက်ဆောင်သေးသေးလေးတွေပဲ လက်ဆောင်တွေကသိပ်တန်ဖိုးမရှိပေမယ့် ကောင်မလေးကတော့တစ်ယောက်ချင်းကျေးဇူးတင်နေကြတယ် သူကသာမန်liveလွှင့်တဲ့လူပဲဟာ အဲ့တော့ပေးတဲ့သူမှန်သမျှကိုကျေးဇူးတင်ရမှာပေါ့ ချင်းယွီတွေးလိုက်ပြီးတော့ စီလုနဲ့မနေ့ကလမ်းခွဲခဲ့တာကိုတွေးမိပြီးစိတ်ထဲတစ်မျိုးဖြစ်သွားတယ် ပြီးတော့ စခရင်ပေါ်မှာ သူ့ကိုမလွမ်းနဲ့
ဆိုတဲ့သီချင်းကိုရေးလိုက်ပြီးတော့ ကောင်မလေးနဲ့မနေ့ကမှလမ်းခွဲထားတာပါ ဒီသီချင်းလေးဆိုပြပေးလို့ရမလား ကျေးဇူးတင်ပါတယ် ...ဆိုပြီး မန့်လိုက်တယ် ချင်းယွီရေးလိုက်ပေမယ့်သူဒီသီချင်းကိုတကယ်ကြီးဆိုပြလိမ့်မယ်တော့မထင်ဘူး
liveလွှင့်တဲ့သူကသူ့အတန်းဖော်ဟောင်းဆိုပေမယ့် သူဒီအကောင့်နဲ့ပိုက်ဆံပေးဖူးတာမျိုးမရှိဘူး ဆုကြီးပေးဖို့မပြောနဲ့ အလကားရတဲ့လက်ဆောင်သေးသေးလေးတွေပဲပေးထားတာ အဲ့တော့သူဒီကိုလာတာသူ့အတန်းဖော်ဟောင်းကိုကြည့်ပြီးတော့သီချင်းနားထောင်ဖို့လာရုံပဲ
ပုံမှန်ဆိုရင်liveလွှင့်တဲ့လူတွေက ဖန်အသေးစားလေးတွေတောင်းဆိုတာကိုလက်ခံမှာမဟုတ်ဘူး
"ဖန်တစ်ယောက်ကကောင်မလေးနဲ့လမ်းခွဲထားလို့ "သူ့ကိုမလွမ်းပါနဲ့"ဆိုတဲ့သီချင်းလေး နားထောင်ချင်တယ်ဆိုလို့ ဒီသီချင်းကိုဆိုပြပါမယ် တောင်းဆိုထားတဲ့ဖန်လေးသိပ်ပြီးဝမ်းမနည်းဖို့မျှော်လင့်ပါတယ်
~သီချင်းစာသား
သူလိုလူ့အတွက်ဝမ်းနည်းမနေပါနဲ့
ထွက်သွားတဲ့လူကိုတမ်းတမနေပါပဲ~~~~.......................
"စပြီးအသံလှလှလေးထွက်လာတယ်
သီချင်းလည်းဆိုပြီးရောလက်ဆောင်တွေကျလာတယ်
"လီဖန်ယုကောကော ကျေးဇူးပါ
ဖန်ယွီကောကောကျေးဇူးပါ လက်ဆောင်ပေးပေးတဲ့သူတွေရောနားထောင်ပေးတဲ့လူတွေရောကျေးဇူးပါ"
ချင်းယွီသီချင်းနားထောင်ပြီးတော့သူခံစားရတာတွေလည်း သီချင်းနဲ့တူတူမြောပြီးသက်သာသွားသလိုခံစားလိုက်ရတယ်
ပြီးတော့သူလီယန်ကိုလက်ဆောင်စပေးဖို့ပြင်လိုက်တယ်...။