← Chapters

အခန်း (၂၂)

Vol. 2 Ch. 22

အခန်း (၂၂)

Vol. 2 Ch. 22

အရင်ဆုံးသူ့ကားနဲ့တစ်ပုံစံတည်း တူတဲ့ လပ်ဘရော်ဂနီတစ်စီးကိုတွေ့လိုက်ရတယ် ကားရဲ့တစ်ဝက်နီးပါးကပျက်စီးနေပြီ သူလည်းအံ့ဩသွားရတယ် သူကားကိုသူဝယ်ထားတာမှသိပ်မကြာသေးဘူး နောက်ဘေးကကားကိုသူကြည့်လိုက်တယ် ပြီးတော့ရုတ်တရက်လန့်သွားပြီး ဆဲမိသွားတယ်

"ချီးပဲ ဒါအမဖန်ရဲ့ကားမဟုတ်ဘူးလား"

ဂျန်ရှန်းကား၂စီးလုံးဆီကိုပြေးသွားလိုက်တယ် အိန်ဂျယ်ချင်ယင်ကားရှိတဲ့နေရာကို ခနလျှောက်သွားလိုက်တယ် လိုင်စင်ကတ်ပြားကမတူဘူး ကားနံပါတ်ကိုကြည့်ရင် ကားကိုခုလေးတင်မှဝယ်ပြီးဆေးသုတ်ထားတာမှန်းသိသာတယ် အဲ့တော့ဒီကားကိုမြင်လိုက်ကတည်းက ငါအမှားကြီးလုပ်မိသွားပြီမှန်းသိသွားလိုက်တယ် ဒီကားကတအားဈေးကြီးတယ် ယွမ်သိန်း၉ထောင်ကျော်လောက်ပေးရတယ် သာမန်လူတစ်‌ယောက်ဝယ်နိုင်တဲ့ကားမျိုးမဟုတ်ဘူး တခြားsportကားတွေလိုခံ့ခံ့ညားညားကြီးမဟုတ်ပေမယ့် ပေါ့ပေါ့ပါးပါးပုံစံမျိုးလည်းမဟုတ်ဘူး ဒီကားသာတစ်ခုခုဖြစ်သွားရင်ဘယ်လိုပြန်ပြင်ရမလဲမသိဘူး တခြားသူတစ်ယောက်ရဲ့ဒီလိုကားမျိုးကိုငှားပြီးစီးဖူးတယ် ‌ကားရဲ့လုပ်ဆောင်ချက်တွေက ထင်ထားတာထက်အများကြီးကိုသာတယ် အရင်နှစ်တွေကမှကုမ္ပဏီက ဒီကားကိုဈေးကွက်ထဲသွင်းထားတာ ကားအစီးရေတောင်၅ထောင်ကျော်ပဲရှိတာ လုန်ရှာ‌(မြို့နာမည်)မှာဆို လူဦးရေအနည်းငယ်လောက်ပဲဒီကားကိုဝယ်နိုင်တာ

"ဂျန်ရှန်းဒီကားကိုသိလို့လား"အသက်၃၀လောက်ရှိတဲ့လူတစ်ယောက်က ဂျန်ရှန်းကိုသိနေတယ် ဂျန်မိသားစုကဒုတိယမျိုး‌ဆက်ဂျန်ရှန်းရောက်လည်းရောက်လာရော သိန်း၈၀၀ကျော်တန်တဲ့လပ်ဘရော်ဂနီကားကိုကြည့်မိသွားတယ် ပြီးတော့အမည်မ‌ေဖာ်ထားတဲ့ကုမ္ပဏီကထုတ်လုပ်ထားတဲ့ကားကိုလည်းသူကြည့်မိသွားပြီး သက်ပြင်းတောင်ချမိသွားတယ် အရမ်းလည်းသိချင်နေတယ် (ဘာကိုသိချင်နေတာလည်းကြမပြောထားဘူး တကယ်ပဲ🥲)

ဂျန်ရှန်းစကားလာပြောတဲ့သူကိုကြည့်မိတယ် နည်းနည်းတော့ရင်းနှီးနေသလိုပဲ ဘာမှပြန်မဖြေဘဲ မေးလိုက်တယ်

"ဒီကားပိုင်ရှင်ဘယ်ရောက်သွားလဲ သိလား ဘယ်ရောက်သွားတာလဲ"ဂျန်ရှန်းကဘာဖြစ်သွားတာလဲမေးတော့အဲ့လူကမြန်မြန်ပဲသူတွေ့လိုက်တာကို ပြောပြတယ်

"နောက်ဆုံးတော့ကား၂စီးလုံးရဲ့ပိုင်ရှင်တွေဟိုတယ်ထဲကိုဝင်လာကြပြီ"

ဒါကိုလည်းကြား‌ရော ဂျန်ရှန်း အိန်ဂျယ်ချီယင်ကိုလက်ညှိုးထိုးပြီးရယ်လိုက်တယ် ပြီးတော့အကုန်လုံးကိုလှည့်ပြောလိုက်တယ်

"မင်းတို့တွေတစ်ယောက်မှဒီကားကိုမသိကြဘူးပေါ့ ဒီကားရဲ့တန်ဖိုးကိုသာသိရင် ခုလိုရပ်ကြည့်နေမှာမဟုတ်ဘူး ဒီကားတန်ဖိုးက လပ်ဘရော်ဂနီ၁၀စီးစာလောက်ရှိတယ် မင်းတို့ကားပိုင်ရှင်ကိုလည်းထပ်ပြီးအထင်သေးရဲမှာမဟုတ်တော့ဘူး"

"ဘာ!ဒီလိုကားက လပ်ဘရော်ဂနီ၁၀စီးလောက်တန်တယ်ပေါ့ အဲ့တာဆိုရင်သိန်း၈၀၀၀ကျော်လောက်တန်တာပေါ့"

"မဟုတ်ဘူး သိန်း၈၀၀၀ကျော်တယ် အနည်းဆုံးတော့၉၀၀၀ပဲ သာမန်လူတစ်ယောက်အတွက်ဆိုသိန်းချီတန်တဲ့ဟာမျိုးလေ" ဂျန်ရှန်း အားပါပါရှင်းပြလိုက်ပြီးတော့ ဒီကားကသူ့ကားလိုလိုနဲ့ နည်းနည်းလည်းဂုဏ်ယူနေတယ်

"ဝိုးးးးသိန်းထောင်ချီတန်တဲ့ကားမျိုးပေါ့ ဒီလိုကားမျိုးကဇိမ်ခံကားတောင်မဟုတ်တော့ဘူး မှော်ဆန်တဲ့ကားမျိုးပေါ့ ထင်တောင်မထားဘူး ဒီကားကတကယ့်ဘုရင်ပဲ "

"ဒီလောက်ဈေးကြီးတဲ့ကားကို မျက်လုံးနဲ့တပ်အပ်မြင်ရပြီပေါ့ မိုက်လိုက်တာ"

"ချီးပဲ အခုလေးတင်တင်လိုက်တဲ့ ဗီဒီယိုထဲကကောမန့်တွေဖတ်ဖို့မေ့သွားတယ်"တစ်ယောက်ကဂျန်ရှန်းပြောသလိုပဲကားတန်ဖိုးကိုပြောပြတယ်

"ဒီကားကယွမ်ထောင်ဂဏန်းလေးပဲ တန်ပါတယ်လို့ဘယ်သူပြောလဲ ထွက်ခဲ့စမ်း အကုန်သတ်ပစ်မယ်"

"ခုနတုန်းကတစ်ယောက်တော့ရှုံးပြီပဲ ဟားဟားရှိုးကောင်းကောင်းလေးကြည်ရပြီပေါ့" ခုနကဂျန်ရှန်းနဲ့တူတူပါလာတဲ့ ဆံပင်အပြာလေးနဲ့တစ်ယောက်လည်းလန့်သွားတယ်

"ရှန်းကောကော ဒီကားကဒေါ်လာသိန်းချီတန်တယ်ပေါ့ ကောကောခုနကဝယ်ခဲ့တဲ့လပ်ဘရော်ဂနီကအဆင့်မြင့်ဆုံးကားထင်နေတာ အဲ့ထက်ပိုဈေးကြီးတဲ့ကားရှိနေမယ်လို့ ထင်မထားမိဘူး"

"ဒေါ်လာသန်းချီတာလောက်ကိုပြောမနေနဲ့ အဲ့ထက်ပိုဈေးကြီးတဲ့ကားတွေတောင်ရှိတယ် မင်းသာမသိတာ "ဂျန်ရှန်းပြုံးလိုက်တယ် အဲ့အချိန်မှာ ယာဉ်၂စီးဝင်လာတယ် အာမခံကုမ္ပဏီကရော ကားအရောင်းပြခန်းကဝန်ထမ်းတွေရော တစ်ယောက်ပြီးတစ်ယောက်ရောက်လာကြတယ် ဟိုတယ်လုံခြုံရေးဆီကကားသော့တွေကိုယူသွားပြီးတော့ လုပ်စရာရှိတာလုပ်ကြတယ် ချင်းယွီဟိုတယ်ထဲကိုဝင်လာ‌ပြီး လော်ဘီထဲကဆိုဖာမှာထိုင်လိုက်တယိ စားပွဲခုံအလည်မှာ လက်ဖက်ရည်တစ်ခွက်ရှိတယ် မာဝန်ရှီနဲ့တခြားသူတွေလည်းအဲ့စားပွဲခုံဘေးမှာထိုင်လိုက်ကြတယ် လော်ဘီမန်နေဂျာအနေနဲ့ လီဟန်ကချက်ချင်း အရှေ့ကောင်တာကကောင်မလေးတစ်ယောက်ကို လက်ဖက်ရည်နဲ့ကော်ဖီယူလာခိုင်းလိုက်တယ် ချင်းယွီကော်ဖီနံ့လေးကိုရှုပြီးတစ်ကျိုက်သောက်လိုက်တယ် ပိုက်ဆံတွေဘယ်လိုဖြုန်းရမလဲစဉ်းစားနေတာ ကားတိုက်မိသွားပြီဆိုတော့ နောက်တစ်စီးဝယ်ရတော့မှာပေါ့ ဘယ်လိုကားမျိုးဝယ်ရပါ့ စပေါ့ကားပဲထပ်ဝယ်ရမလား ဒါမှမဟုတ်ဇိမ်ခံကားရွေးလိုက်ရမလား တခြားတော့မဟုတ်ပါဘူး အဓိကကဈေးကြီးတဲ့ကားကိုတွေးနေတာပဲ ဒါပေါ့ အိန်ဂျယ်ချီယင်ရဲ့တန်ဖိုးကအဲ့လောက်ဈေးကြီးနေတာမှမဟုတ်တာ ဒီလိုကားမျိုးဝယ်ဖူးပြီးပြီပဲ တစ်ပုံစံတည်းတော့ထပ်ဝယ်မနေတော့ဘူး

တွေးကြည့်မှပေါ်လာတာပဲ နောက်ကြရင်ခရီးသွားယာဉ်မျိုးလိုလာမယ်ဆိုတော့ဟိုတယ်မှာ ကားဆားဗစ်ရှိမယ့်ပုံပဲ အဲ့တော့ဖုန်းကိုယူလိုက်ပြီးတော့ ထန်ရှင်ရဲ့လုပ်ငန်းကဒ်ကိုရှာလိုက်တယ် ပြီးတော့ဖုန်းခေါ်လိုက်တယ် ဖုန်းလည်းခေါ်ပြီးရော သူအထူးကားတစ်စီးလိုချင်တယ်ဆိုပြီးတိုက်ရိုက်ပြောလိုက်တယ်

"အသံကြည့်ရတာအချိန်ပြည့်ဒရိုက်ဘာလည်းလုပ်တဲ့ပုံပဲ‌"

"ဟုတ်ပါတယ် ဝန်ဆောင်မှုပေးတဲ့လူအနေနဲ့ ဒရိုက်ဘာလည်းလုပ်ပေးပါတယ် မစ္စတာချင်း ကျွန်မကိုဒရိုက်ဘာတစ်ယောက်အနေနဲ့မခိုင်းချင်ရင်ဟိုတယ်ကတခြားတစ်ယောက်ကိုခိုင်းလို့ရပါတယ်"

"မင်းလာပေးတာပဲကောင်းပါတယ် ကျွန်တော်ကဒီတိုင်းမေးကြည့်တာပါ အခုပထမထပ်မှာဆင်းလာလိုက်တော့ "ချင်းယွီပြောပြီးပြုံးလိုက်တယ်

"ဟုတ်ကဲ့ပါရှင့်"ထန်ရှင်ထပ်ပြီးတော့ပြောလိုက်တယ်

"မနေ့ကယူလာတဲ့အဝတ်တွေလျှော်ပြီးပါပြီ အခုဝတ်ချင်ရင် ေအာက်ကိုယူလာခဲ့ပါ့မယ် "

"အော်" အဝတ်ကိစ္စပြောမှ ချင်းယွီသူမနေ့ညကဝယ်လာခဲ့တဲ့အဝတ်တွေကိုသွားသတိရသွားတယ်

သူ့မှာအသစ်ဝယ်လာတဲ့အဝတ်ကိုလျှော်ပြီးမှဝတ်တတ်တဲ့အကျင့်ရှိတယ် အဲ့တော့သူခုဝတ်ထားကလည်းမနေ့ကဝတ်ပြီးသားကြီးဖြစ်နေတယ်

"တော်ပြီနောက်တစ်ခေါက်ကြမှပဲဝတ်တော့မယ်"

"ဟုတ်ကဲ့ပါ"

ဖုန်းလည်းချသွားရောချင်းယွီကော်ဖီတစ်ငုံလောက်သောက်လိုက်တယ် ပြီးကြပျင်းလာတော့ဖုန်းထုတ်ပြီးဂိမ်းပဲဆော့နေလိုက်တယ်

ဘေးကသူတွေဘာပြောနေလည်းသူမကြားတော့ဘူး မာရီကွမ်ကချင်းယွီနဲ့နီးတယ် ဘေးမှာမာဝန်ရှီလည်းရှိတယ် နှစယောက်စားပွဲခုံရဲ့တစ်ဖက်တစ်ချက်ဆီမှာထိုင်နေကြတယ် တစ်ဖက်မှာလော်ဘီမန်နေဂျာ လီဟန် တခြားတစ်ဖက်က‌ကြတော့အခုလေးတင်ရောက်လာတဲ့လုံခြုံရေးမန်နေဂျာ ဇန်ဇောင် ထန်ထန်ဟိုတယ် (ဘာနာမည်ကြီးတုန်းTwT)ရဲ့အ‌ထွေထွေမန်နေဂျာလည်းထိုင်နေတယ် မန်နေဂျာလီရော မန်နေဂျာဇန်ရော သူ့ကိုအထူးခရီးတစ်ခုစီစဉ်ပေးရမှာဆိုတော့ သူ့ကိုသိပ်စကားမပြောကြဘူး မာရီကွမ်နဲ့မာဝန်ရှီကတော့ မောင်နှမတွေဆိုတော့အေးအေးဆေးဆေးပဲစကားပြောနေကြတယ် ပြီးတော့မှဂိမ်းဆော့နေတဲ့ချင်းယွီဘက်ကိုလှည့်ပြီးတော့ပြုံးပြကြတယ်

"မစ္စတာချင်းကဘယ်ကလာတာလည်းမသိဘူး ကျွန်တော်မသိတာကိုတော့ခွင့်လွှတ်ပေးပါ နန်ကျန်းမြို့မှာမစ္စတာချင်းဆိုတဲ့နာမည်ကိုအရင်ကမကြားဖူးလို့ပါ"

အထွေထွေမန်နေဂျာပြောတာလည်းကြားရော ချင်းယွီလက်မြှောက်လိုက်တယ်...

ငဖားတွေ[သူပြောတာမဟုတ်ဘူးနော် စိတ်ထဲကတွေးလိုက်တာ🤣]

ခနလောက်တွေးပြီးတော့ သူတစ်ဝက်လောက်လိမ်ပြီးပြောလိုက်တယ်

"စိတ်ပူစရာမလိုပါဘူး တကယ်တော့ကျွန်တော်ကသာမန်ကြေညာ‌ကုမ္ပဏီကဝန်ထမ်းလေးပါပဲ ထီပေါက်ပြီးပိုက်ဆံရှိတုန်းလေး ဒီအဆင့်မြင့်ခန်းကိုနေဖို့လာလိုက်တာပါ"

မာရီကွမ်ဒါကိုကြားတော့တစ်မျိုးဖြစ်သွားတယ် ဒီလိုပုံစံတွေငါသိပြီးသား တအားဝတ္ထုဆန်တာပဲ ...

တခြားနှစ်ယောက်ကလည်းချင်းယွီကိုထူးဆန်းတဲ့အကြည့်မျိုးနဲ့ကြည့်နေတယ် မျက်လုံးထဲမှာတော့မနာလိုမှုအပြည့်နဲ့ပေါ့

ကံကောင်းတဲ့လူတိုင်းဒီလိုဆုမျိုးပေါက်‌နိုင်တာမဟုတ်ဘူး အဲ့လိုမျိုးသာပေါက်ကြေးဆို လီဟန်နဲ့ဇန်ဇောင်လည်းဟိုတယ်မှာမန်နေဂျာလုပ်မနေတော့ဘူး နေ့တိုင်းထီပဲသွားထိုးနေတော့မှာ

နည်းနည်းတွေးပြီးတော့သူချင်းယွီပြောတာကို၈၀/၉၀လောက်တော့ယုံလိုက်တယ် အဲ့တာမှပဲသာမန်လူတစ်ယောက်နဲ့ကိုက်မှာပေါ့

အဲ့အချိန်မှပဲသူသက်ပြင်းချလိုက်တယ် အဲ့လိုသာဆိုသူဒီလူ့ကိုအာရုံစိုက်စရာမလိုတော့ဘူးပေါ့ တစ်ချိန်တည်းမှာပဲ ကားကုမ္ပဏီကယူနီဖောင်းနဲ့လူနှစ်ယောက်ဝင်လာတယ်

ချင်းယွီနဲ့မာဝန်ရှီတို့ရဲ့ကားပျက်စီးမှုမှတ်တမ်းကို နှစ်‌ေယာက်လုံးဆီကိုပေးလိုက်တယ်...။

All Chapters