← Chapters

အခန်း (၂၃)

Vol. 2 Ch. 23

အခန်း (၂၃)

Vol. 2 Ch. 23

ပျက်စီးမှုမှတ်တမ်းလည်းရပြီဆိုတော့ ချင်းယွီဝန်ထမ်းတစ်‌ယောက်ကိုသူ့ကားကို ယူသွားဖို့ပြောလိုက်တယ် မာဝမ်ရှီကစိတ်လှုပ်ရှားသွားပြီးတော့ ကားရဲ့အပျက်အစီးမှတ်တမ်းကိုယူဖတ်လိုက်တယ် စာရွက်စာတမ်းတွေကိုကျော်သွားပြီးတော့ ကားပြင်ခကိုကြည့်လိုက်တယ် နံပါတ်တွေကိုကြည့်ပြီးတော့အံ့ဩသွားတယ် ကားပြင်တဲ့သူနဲ့စကားပြောပြီးတော့ ကားပြင်ခက မြင့်မယ်ဆိုတာသိပေမယ့်ဒီလောက်ထိများလိမ့်မယ်လို့မထင်ထားဘူး စိတ်ထဲမှာတော့တော်တော်အဆင်မပြေဖြစ်နေမိတယ် အခုလေးတင်ကားသစ်ဝယ်လာတာကို ချက်ချင်းပဲ‌မတော်တဆဖြစ်သွားတယ်

စိတ်ထဲမှာတော်တော်မကျေမနပ်ဖြစ်ပြီးတော့ ချင်းယွီကိုအပိုင်းပိုင်းခုတ်ပစ်ချင်နေတယ် သူ့စိတ်အရဆိုရင်တော့ ဒီအက်စီးဒန့်ကတစ်ဖက်လူရဲ့အမှားပဲ ချင်းယွီကလွဲပြီးတော့ တခြားလူတွေအကုန်လုံး ပျက်စီးမှုမှတ်တမ်းကိုကြည့်ကြတယ် မန်နေဂျာလီနဲ့မန်နေဂျာဇန်လည်းကားပြင်ခကိုတွေ့ပြီးတော်တော်အံ့ဩသွားကြတယ် နှစ်ဖက်လုံးဆွေးနွေးထားတဲ့ပုံစံကိုသိလိုက်ရတော့ မာဝမ်ရှီအတွက်တော်တော်စိတ်မကောင်းဖြစ်သွားတယ် နောက်ကြရင်ကားအကောင်းစား‌ကြီးတွေကိုရှောင်မောင်းရမယ်လို့ တိတ်တိတ်လေးတွေးလိုက်ကြတယ် ချင်းယွီပျက်စီးမှုမှတ်တမ်းကိုဒီတိုင်းလေးပဲကြည့်လိုက်တယ်

သိန်း၁၁၀၀...ဒါကသူ့ရဲ့အိန်ဂျယ်ချီယင်ကားအတွက်မာဝမ်ရှီပေးရမယ့်ငွေပမာဏပဲ ဈေးဒီလောက်ထိမြင့်နေရတဲ့အကြောင်းအရင်းကတော့ကားအတွင်းမှာရှိတဲ့ ပျက်ရင်ပြင်ကိုပြင်ရမယ့်သံလိုက်စက်ကွင်းလေးကပျက်စီးသွားတာမို့လို့ပဲ ဒီဟာ‌ေလးတစ်ခုနဲ့တင်သိန်း၉၀၀ကျော်ကုန်တယ် ချင်းယွီအစကတည်းကဒီကားကဘာလို့ဈေးကြီးနေတာလဲဆိုတာ နားလည်ပြီးသား။

ကားက အမှောင်နည်းပညာကိုအခြေတည်ပြီးထုတ်လုပ်ထား‌တာ

"ကားပျက်စီးမှုကိုလည်းသေချာစစ်ဆေးသွားပြီဆိုတော့ ဒီတိုင်းတိုက်ရိုက်ပေးလိုက်လို့ရပါပြီ" မာဝမ်ရှီ ချင်းယွီကိုမကျေမနပ်ကြည့်ပြီးတော့သူ့လက်ထဲက ပျက်စီးမှုမှတ်တမ်းကို ချင်းယွီကိုပစ်ပေးလိုက်တယ် ချင်းယွီပြုံးပြုံးလေးပဲ ပြောလိုက်တယ်

"သိန်း၂၄၀တည်းပါ အဲ့လောက်‌လေးကတော့သေချာပေါက်ပေးနိုင်တာပေါ့"

"အော် ဟုတ်လား မစ္စတာချင်းပထမဆုံးပေးရမယ့်ဟာကိုက တော်တော်များနေပြီထင်တယ်" မာဝမ်ရှီမပြုံးချင်ပြုံးချင်နဲ့ပြောလိုက်တယ်

"ကျုပ်ဘက်ကကြိုက်တဲ့ချိန်ငွေထုတ်ပေးလိုက်လို့ရတယ် ဒါပေမယ့်ခင်ဗျားဘက်ကရောကျုပ်ကားရဲ့ ဆုံးရှုံးမှုအတွက်တကယ်လျော်ပေးနိုင်လို့သေချာလို့လား''

"နင့်ကားကဘယ်လောက်များတန်လို့လဲ သိပ်ထိခိုက်သွားတာလည်းမဟုတ်ပဲနဲ့ ယွမ်[---]လောက်လေးပဲကုန်မယ့်ဟာ အဲ့တော့ပေးစရာရှိတာသာပေးလိုက်တော့" မာဝမ်ရှီသိပ်ပြီးစိတ်မရှည်တော့ဘူး

ချင်းယွီကားပျက်စီးမှုမှတ်တမ်းကို ပေးလိုက်တယ်

မာရီကွမ်ကကော်ဖီသောက်ပြီးတော့ "ကြည့်ကြတာပေါ့ ပြီးမှဆက်ပြောကြတာပေါ့"

မာရီကွမ်ကနေမှတ်တမ်းကိုယူလိုက်တယ် ‌ကြောက်စရာကောင်းလောက်အောင်မြင့်နေတဲ့ကားပြင်ခကိုလည်း‌မြင်ရော သူသောက်လက်စကော်ဖီပါ ထွက်ကျသွားတယ်

သူချင်းယွီကိုကြည့်ပြီးတော့မေးလိုက်တယ်

"တကယ်ကြီးဒါ နင့်ကားရဲ့ပျက်စီးမှုမှတ်တမ်းလား!!!"

ကြောက်ဖို့ကောင်းလောက်အောင်များနေတဲ့နံပါတ်တွေကိုလည်းမြင်ရောလူတိုင်းအကုန်လန့်သွားကြတယ်

လမ်‌ဘိုဂနီရဲ့ကားပြင်ခကိုကြည့်လိုက်ရုံနဲ့တင်ကိုတော်တော်ကြီး‌‌ေစျးကမြင့်နေပြီ

ဒါပေမယ့်ဒီကြောက်စရာကောင်းတဲ့ဈေးကိုလည်း‌ကြားလိုက်ရရောအကုန်လုံးအမြင်တွေ ပွင့်ထွက်ကုန်တယ်

မာဝမ်ရှီသူနားကြားမှားတယ်လို့ထင်လိုက်တယ် သူဘာကိုမှဂရုမစိုက်တော့ဘဲ ချက်ချင်းပျက်စီးမှုမှတ်တမ်းကို ယူကြည့်လိုက်တယ် သိန်း၁၁၀၀! သူထင်ထားသလို သိန်း၁၁၀တောင်ဟုတ်မနေဘူး ဒီကားကရွှေနဲ့လုပ်ထားတာမို့လို့လား ဘာမဟုတ်တာလေးပြင်တာတောင် ဒီလောက်ကျတယ် ဒီဈေးနဲ့သာဆိုရွှေတပ်ထားတဲ့လမ်ဘိုဂနီတောင်ဝယ်လို့ရတယ် မာဝမ်ရှီဒါကိုတော်တော်နဲ့မယုံနိုင်ဘူးဆိုတာထုတ်ပြောစရာမလိုဘူး

"လာခြိမ်းခြောက်နေတာပဲ သုညတစ်လုံးထပ်ဖြည့်ထားတာမဟုတ်ဘူးလား မင်းဘက်ကသုညတစ်လုံးထပ်ဖြည့်ထားရင်တောင် သူများတွေကယုံရမှာပဲ ဘာလို့သိန်း၁၀၀ကျတာကိုသုညတစ်လုံးထပ်ဖြည့်ထားတာလဲ " မာဝမ်ရှီမတ်တပ်ရပ်လိုက်တယ် ပြီးတော့ချင်းယွီကိုလက်ညှိုးထိုးပြီးပြောလိုက်တယ်

"ဝမ်ရှီရယ် ထိုင်ပါအုံး" မာရီကွမ်ရဲ့မျက်နှာထား‌ကတော့တည်ငြိမ်နေတယ် စိတ်လှုပ်ရှားတာမျိုးလည်းမရှိဘူး သူဒီပျက်စီးမှုမှတ်တမ်းကိုမယုံတာနဲ့ပဲ တအားကြီးစိတ်တိုနေစရာအကြောင်းမှမရှိတာ

"ကောင်လေး မင်း..ဒါကတော့များသွားပြီ မင်းစီးတာဘာကားမို့လို့လဲ ဒီတိုင်းလေးထိမိတာလေးကို သိန်းထောင်နဲ့ချီကျစရာအကြောင်းမှမရှိတာ မင်းဘာသာထိန်းသိမ်းခပေးစရာရှိတာမပေးထားလို့မလား တော်စမ်းပါကွာ" ဒီလိုပြောလိုက်တဲ့သူကတော့လုံခြုံရေးဌာနကမန်နေဂျာဇန်...

ဒီအချိန်ကသူထွက်လာဖို့အချိန်ပဲ ခေါင်းဆောင်တစ်‌ယောက်အနေနဲ့ဝင်ပြောရမယ့်အချိန်ဖြစ်နေပြီ သူ့ကိုယ်စောင့်နတ်ကတော့ ဒီသောက်ကလေးကိုကြောက်ရင်ကြောက်နေမှာပေါ့ သူသာ သူ့အမှားကိုလွယ်လွယ်နဲ့ဝန်ခံလိုက်ရင် သူ့ဒီနှစ်ဘောနပ်စ်ကလျော့သွားမှာ။

နောက်တစ်ယောက်ကတော့ချင်းယွီမောင်းတဲ့ကားအမျိုးအစားကဘာလဲဆိုတာသိသွားပြီးတော့ ကားဈေးကိုမှတ်မိသွားတယ် သူကတော့လော်ဘီမန်နေဂျာလီဟန်။

စိတ်ထဲမှာတော့နည်းနည်းနောင်တရမိတယ် မစ္စတာမာကိုပြောပြချင်ခဲ့ပေမယ့် ပြောဖို့မေ့သွားတယ် ခုမှသွားပြောရင်လည်းအလကားပဲလေ မစ္စတာကိုစိတ်မကျေနပ်စေတဲ့အပြင် ပိုစိတ်ညစ်အောင်လုပ်မိသလိုဖြစ်မှာပဲ

တစ်ဖက်မှာလည်းချင်းယွီက ဂျန်ယွမ်‌ဟိုတယ်ရဲ့ တကယ့်ကာစတန်မာအကြီးစား ပြီးတော့သူ့ကိုစော်ကားဖို့ဆိုတာလည်းမဖြစ်ဘူး အဲ့တော့လီဟန်တိတ်တိတ်လေးပဲနေလိုက်တယ် ချင်းယွီရွဲ့ပြောလိုက်တယ်

"ကျုပ်ဘက်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီးဘာမှမဖြစ်ဘူး ခင်ဗျားဘက်ကဈေးကိုမယုံရင်လည်း မှတ်တန်းရေးတဲ့ဝန်ထမ်းကိုသွားမေးလိုက်ပေါ့ အဲ့တာတောင်မှအတုလုပ်ထားတယ်ထင်နေသေးရင်လည်း ခင်ဗျားရဲ့ဦးနှောက် ခွေးစားသွားတာပဲဖြစ်မှာပဲ "

"မင်းဘာစကားပြောတာလဲ ဘယ်သူ့ဦးနှောက်ခွေးစားရမှာလဲ သေချာပြောစမ်း"

"မစ္စတာချင်း"

မာရီကွမ်လည်း နည်းနည်းစိတ်တိုပြီးတော့ပြောလိုက်တယ် "ကားကဘယ်လောက်တန်လဲတော့မသိဘူး ဒါပေမယ့် သိန်း၁ထောင်တန်တယ်ပြောရင်တောင်ဘယ်သူမှယုံမှာမဟုတ်ဘူး "

"အဲ့ကားသာ သိန်း၁ထောင်နဲ့ရရင် ကျွန်တော်အစောတည်းကဝယ်စီးနေမှာ ယုံယုံမယုံယုံအဲ့ကားကတကယ်သိန်းထောင်နဲ့ချီ‌တန်တယ် မစ္စမာ ခင်‌‌ဗျားမသိပါဘူး" အားလုံးရဲ့နောက်ကနေအသံတစ်သံထွက်လာတယ်

ဘယ်သူဝင်ပြောတာလည်းကြည့်လိုက်တော့ ဒီဇိုင်နာထုတ်ဝတ်ထားတဲ့လူငယ်တစ်ယောက် ဘေးကလည်းဆံပင်အပြာရောင်လေးနဲ့ကောင်မလေးတစ်ယောက်ကိုတွဲလာတဲ့ လူတစ်ယောက်ကိုမာဝမ်ရှီတွေ့လိုက်ရတယ်

အဲ့ကောင်လေးရူးသလိုလိုပေါ‌သလိုလိုလာလုပ်နေတာတွေ့လိုက်ရတော့သူတော်တော်လေးဒေါသထွက်ပြီးပြောလိုက်တယ်

"မင်းကဘယ်သူလဲ ဒီနေရာကမင်းစကားဝင်ပြောလို့ရတဲ့နေရာထင်နေတာလား "

ဂျန်ရှန်းတစ်‌ယောက်ယောက်ဆီကဒီလောက်ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံခံရမယ်မထင်ထားဘူး စိတ်တိုတိုနဲ့ရယ်ချလိုက်ပြီးတော့"ဘာလဲ မင်းတို့ကငါ့ရှေ့လာပြီးတော့ပမာမခန့်လုပ်ရဲ‌တယ်ပေါ့"

"အာ မစ္စတာဂျန်ရောက်နေတာပဲ တောင်းပန်ပါတယ် ဒီနေ့ဒီမှာရောက်နေတာမသိလိုက်လို့ပါ" လီဟန်ဝင်နှုတ်ဆက်လိုက်ပြီးတော့သူ့ဆီလျှောက်သွားလိုက်တယ်

နန်ဂျန်းမြို့ကလူချမ်းသာမိသားစုရဲ့သားဖြစ်သူ ဂျန်ရှန်းကိုသူသိပါတယ် ဘယ်သူဘယ်ဝါဆိုတာထုတ်မပြောဘဲနဲ့ လတိုင်းဒီမှာယွမ်[---]လာသုံးတဲ့လူမျိူး

အဲ့တော့သူ့ဘက်ကမစ္စတာဂျန်ရှန်းကိုလေးလေးစားစားဆက်ဆံရမယ် ဒီလူကဟိုတယ်ရဲ့ရှယ်ယာရှင်တွေနဲ့အဆက်အသွယ်ရှိနေမှာထုတ်ပြောစရာတောင်မလိုဘူး

ဂျန်ရှန်းလီဟန်ရဲ့ မျက်နှာဘေးကိုထူးထူးဆန်းဆန်းခံစားမိတာမရှိပါဘူး သူမာဝမ်ရှီကိုကြည့်ပြီးတော့ရွဲ့ပြောလိုက်တယ်

"ဒါကဘယ်သူကြီးလဲ ခန့်ညားလွန်းနေလို့လေ" လီဟန်ဘာပြောရမလဲမသိဖြစ်သွားတယ်

"သခင်လေးဂျန်ကျွန်တော်တောင်းပန်ပါတယ် ဒါကကျွန်တော့်ရဲ့ယောင်းမလေးပါ အခုလေးတင်နန်ဂျန်းမြို့ကိုရောက်လာတာပါ သခင်လေးဂျန်းမှန်းမသိလိုက်လို့ပါ တကယ်ကိုသူ့အစားကျွန်ဝောာ်ကပဲတောင်းပန်ပါတယ်"မာဝမ်ရှီထပြီးတော့လီဟန်ဘေးမှာရပ်လိုက်တယ်

ပြီးတော့ပြုံးပြီ‌းတော့တောင်းပန်နေခဲ့တယ်

ဂျန်ယွမ်ဟိုတယ်ရဲ့မန်နေဂျာအနေနဲ့ နန်ဂျန်းမြို့ကလူသိများတဲ့သူကိုသူမှတ်ထားရမှာ ဟိုတယ်ကိုခနခနလာတဲ့ဂျန်ရှန်းကိုပေ့ါ သူသာဂျန်မိသားစုကသခင်လေးကိုသာမန်အချိန်မှာတွေ့မယ်ဆိုယဉ်ကျေးနေစရာမလိုဘူး ဒါပေမယ့်အခုကဂျန်ရှန်းကိုဘယ်သူမှန်းမသိတဲ့မာဝမ်ရှီက သွားရန်စလိုက်တာကြောင့်မို့လို့ သူရိုရိုသေသေနဲ့အောက်ကျို့နေရတာ

ဒီလိုချမ်းသာတဲ့အိမ်ကကလေးတွေနဲ့ဆက်ဆံရတာကိစွကြီးမဟုတ်ပေမယ့် သေချာမကိုင်တွယ်နိုင်ရင် အနှစ်နှစ်အလလသူအလုပ်ကြိုးစားထားရတာတွေကအလကားဖြစ်သွားမှာ

မာဝမ်ရှီသူ့အကိုသူ့အတွက်နဲ့ တောင်းပန်ပေးနေတာကိုမြင်လိုက်ရတော့ မစသင့်တဲ့သူကိုသွားစမိလိုက်ပြီဆိုတာသူသဘောပေါက်သွားတယ် သူလည်းထပြီးတော့တောင်းပန်လိုက်တယ်

"မလေးမစားလုပ်မိတဲ့စိတ်ရင်းနဲ့ တကယ်တောင်းပန်ပါတယ်"

ဒီလိုလူတွေရဲ့ပုံစံကိုမြင်လိုက်ရတော့ ဂျန်ရှန်းဒေါသထွက်တာလျော့သွားပြီးပြောလိုက်တယ်

"ပြောနေတဲ့ပုံစံတွေကိုလည်းကြည့်ပါအုံး မသိရင်ကျွန်တော်ကစိတ်သဘောထားသေးသိမ်တဲ့လူကြီးကြလို့ပဲ ထိုင်ပါထိုင်ပါ လုပ်စရာရှိတာဆက်လုပ်ကြပါ ကျွန်တော်ကဒီနေ့ဒီကို ဒီတိုင်းပျော်ဖို့လာခဲ့ရုံပါ..."။

All Chapters