အခန်း (၂၄)
Vol. 2 Ch. 24
စကားလည်းပြောပြီးတော့သူချင်းယွီကိုကြည့်လိုက်သည် သူခုနကတည်းကသူတို့ပြောနေတာတွေကိုလည်းကြားတာမို့ အပြင်ကအိန်ဂျယ်ချီယင်ဘယ်လိုဖြစ်သွားလည်းလဲသိသည် ဒီလိုကားမျိုးကိုတတ်နိုင်တဲ့သူကသူနဲ့ရွယ်တူဖြစ်နေတာပဲ ပြီးတော့သူဒီလိုလူမျိုးကိုအရင်ကလုံးဝမမြင်ဖူးဘူး အဲ့တာကြောင့်မို့နည်းနည်းသိချင်မိတယ် ဂျန်ရှန်း ဆိုဖာတစ်ခုကိုဆွဲပြီးတော့ချင်းယွီဘေးမှာထိုင်လိုက်သည် သူပြုံးပြုံးလေးနဲ့ပဲ သူ့ကိုယ်သူမိတ်ဆက်လိုက်တယ်
" အာဒီကအစ်ကို မဂ်လာပါ ကျွန်တော့်နာမည်ဂျန်ရှန်းပါ အပြင်ကအိန်ဂျယ်ချီယင်ကားကအစ်ကို့ဟာမလား"
ချင်းယွီလည်းပြန်ပြုံးပြလိုက်၏
သူဒီလူကိုမချေရဲဘူး ခုလေးတင်ပဲဒီလူကသူနဲ့သက်တူရွယ်တူသူ့ထက်မငိုဘူးဆိုတာလည်းသိလိုက်ရတယ်
"ဟုတ်ကဲ့ မဂ်လာပါ ကျွန်တော့်နာမည်ချင်းယွီပါ ဟိုတယ်အပြင်ဘက်ကကားကိုပြောနေတာဆိုရင်တော့ဟုတ်ပါတယ် အဲ့တာကျွန်တော့်ကားပါ"
ဂျန်ရှန်းရယ်လိုက်ပြီး "အစ်ကိုချင်းကတအားနှိမ့်ချတတ်တာပဲ ဒီလောက်သိန်းထောင်ချီတန်တဲ့ကားစီးနေတာတောင်နော် ကျွန်ေတာ်လည်း နန်ဂျန်းမြို့မှာဒီလိုကားမျိူးရောင်းတာတွေ့ပေမယ့်မတတ်နိုင်ဘူးလေ"
"မင်းပြောတဲ့ကားကဒယ်ယွီကားကုမ္ပဏီမလား"
"အာ ဟုတ်ပါတယ် ဒယ်ယွီကုမ္ပဏီပါ မဟုတ်မှလွဲရော အစ်ကိုချင်းရဲ့ကားက လောင်လီနဲ့ဝယ်ထားတာများလား" ဂျန်ရှန်းနောက်ပြီးတော့မေးလိုက်တယ်
"ဟုတ်တယ်"
"ဗျာ တကယ်ကြီးလား"
ဂျန်းရှန်းမျက်လုံးပြူးမိသွားပြီး
"အဲ့ကားကိုမနေ့ကတောင် တွေ့လိုက်သေးတယ် မနေ့ကဝယ်ထားတာလား"
"ဟုတ်တယ်မနေ့ကလေးတင် ဝယ်လာတာ"ချင်းယွီအမှန်အတိုင်းပဲဖြေလိုက်သည်
"ဝိုးးး မိုက်လိုက်တာ မနေ့ကလေးတင်ဝယ်ထားတဲ့ကားက ဒီနေ့ခိုက်မိသွားတယ်"
"တကယ်ကြီး အကို့ဟာေပါ့ ဘယ်လောက်နဲ့ဝယ်လာတာလဲ ပြောပြပါ့လား"
ဂျန်ရှန်းလက်မထောင်ပြီးမေးလိုက်သည်
"သိပ်မများပါဘူး ယွမ်သိန်း[------]လောက်ပါပဲ"
"သိပ်မများဘူးတဲ့လား" ဂျန်ရှန်းပုံမှန်မဟုတ်တဲ့အပြုံးမျိုးနဲ့ပြုံးပြလိုက်သည် သူ့လိုလူချမ်းသာမိသားစုကသားတစ်ယောက်တောင်မှတော်တော်လန့်သွားတယ် ချင်းယွီနဲ့ဂျန်ရှန်းစကားပြောနေရင်းကားဈေးကိုလည်းပြောလိုက်ရော ဘေးနားကလူတွေအကုန်လန့်သွားတယ် ဒီကားအကြောင်းသိနေပြီးသားလီဟန်တောင်မှ မအံ့ဩပဲမနေနိုင်ဘူး ကားကသိန်းထောင်ချီတန်တယ်လို့ပဲ ကြားထားတာ ဒါပေမယ့်ဒီလောက်များနေမယ်လို့တော့မတွေးထားမိဘူး
မာဝမ်ရှီကတော့ပုံမှန်ထက်ပိုပြီးတော့နှလုံးခုန်တွေပါမြန်လာတယ် ဒီကားကတကယ်ကြီးယွမ်၁၁၀၀ကျော်တန်တာပဲ အပိုပြုပြင်ခတွေပါအပါဆိုကားဈေးက ဖြစ်တောင်မဖြစ်နိုင်ဘူး
အဲ့လိုဆိုရင်သူ့အနေနဲ့ဒီလောက်ပိုက်ဆံတွေအများကြီးဆုံးရှုံးဖို့မဖြစ်နိုင်ဘူး မာဝမ်ရှီသူ့ယောကျာ်းနဲ့ကွာရှင်းပြီးကတည်းက လစဉ်ထောက်ပံ့ကြေးရသည် အဲ့ထဲမှာရှန်ဟိုင်းကထောက်ပံ့ကြေးအိမ်နဲ့ ငွေသား၁၅၀၀လောက်ရှိတဲ့ထဲကနေ ဒီလန်ဘိုဂနီကားကိုဝယ်ဖို့ သိန်း၈၀၀ကျော်တောင်သုံးထားတာ တခြားသုံးထားတာဘာညာနဲ့ဆိုသူ့လက်ထဲယွမ် သိန်း၄၀၀လောက်ပဲကျန်တော့၏ သူကားအသစ်ဝယ်ထားတာဟုတ်ပေမယ့် အာမခံကြတော့ရိုးရိုးအာမခံနဲ့ဖြစ်နေတာ
လျော်ကြေးသိန်း၁၁၀၀ကလည်းငွေသားနဲ့ပဲပေးရမှာ မိုဒူမှာသာမြေဝယ်မစုထားမိရင် သူခုနေငမွဲဖြစ်တော့မှာ လူတွေရဲ့ပုံစံကိုလျစ်လျူရှုပြီးတော့ ဂျန်ရှန်းဆက်ပြောသည်
"အစ်ကိုချင်း ကားမဝယ်ခင်ကျွန်တော့်ဆီသာလာရင် ကျွန်တော်ပြောပြမှာပေါ့ ဒီကားကသိန်း[----]လောက်တန်တာ အစ်ကိုဝယ်တုန်းက ပိုသုံးခဲ့ရတာတော့နှမြောစရာပေါ့"
"အော် ညီလေးဂျန်ရဲ့ကြင်နာမှုအတွက်ေကျးဇူးပါ နောက်ခါကားဝယ်ချင်ရင် မင်းဆီလာအကူအညီတောင်းမယ်နော်"
"ရပါတယ်ဗျာ အစ်ကိုချင်းနဲ့စကားပြောရတာ သက်သောင့်သက်သာရှိတာပဲ" ဂျန်ရှန်းရယ်လိုက်သည်
"မစ္စတာချင်း ခင်ဗျားကားက တကယ်ကြီးအဲ့လောက်တောင် တန်တာလား" နောက်ဆုံးတော့မာရီကွမ်ဘယ်လိုမှမနေနိုင်တော့ဘဲ မေးလိုက်သည်
သူဂျန်ရှန်းဘယ်သူဘယ်ဝါလဲဆိုတာသိတယ် အဲ့တော့သူ့ရှေ့မှာလာလိမ်နေစရာအကြောင်းလည်းမရှိဘူး ဒါပေမယ့်ဘာမှန်းမသိတဲ့ကားမျိုး ယွမ်သိန်းနဲ့ချီတန်နေတယ်ဆိုတာက မယုံနိုင်လောက်စရာပဲ တစ်ချိန်တည်းမှာပဲသူတွေးမိလိုက်၏ အဲ့တာဆိုဒီကောင်လေး ထီပေါက်ထားတယ်ဘာညာဆိုတာကလည်းလိမ်နေတာပေါ့
ထီပေါက်ရုံနဲ့အဲ့လောက်ပိုက်ဆံအများကြီးရမလဲ ပေါက်တတ်ကရတွေ ကြည့်ရတာဒီသခင်လေးကတကယ့်သူဌေးကြီးဖြစ်နေပြီး ငါတို့ကိုလာကစားနေတာပဲ
"မစ္စတာမာက ကြယ်၇ပွင့်ဟိုတယ်ရဲ့မန်နေဂျာသာပြောတယ် အတွေ့အကြုံနည်းတာပဲ အစ်ကိုချင်းရဲကားကITS ကုမ္ပဏီကလေ နောက်ဆုံးပေါ်ကားအိန်ဂျယ်ချီယင်တဲ့ တစ်ကမ္ဘာလုံးမှာတောင် ကားစီးရေ၅ထောင်ပဲရှိတာ ဒါပေမယ့်ဒီမှာတော့ဝယ်နိုင်တဲ့လူက အယောက်၂၀ပဲရှိတာ ကျွန်တော်ပြောတာတောင်မယုံသေးရင် ဖုန်းထဲကနေရှာကြည့်လိုက်လေ" ဂျန်ရှန်းရွဲ့ပြီးတော့ပြောလိုက်သည်
"ITS ကုမ္ပဏီ။အိန်ဂျယ်ချီယင်...ဘာလို့အဲ့ကုမ္ပဏီနဲ့တအားရင်းနှီးနေသလိုဖြစ်နေရတာလဲ" မာရီကွမ်ရုတ်တရက် အကောင်ကြီးတစ်ယောက်ကိုတွေးမိလိုက်သည်
ဂျီယွမ်ဟိုတယ်ရဲ့ရှယ်ယာရှင်ဖြစ်နေရင်တောင်သူ့ရှေ့ရောက်ရင်တော့ယဉ်ကျေးရမှာပဲ မာရီကွမ်ကဒီလိုလူမျိုးနဲ့တွေ့ဖို့ကံကောင်းခဲ့သည် ပြီးတော့မစ္စတာချင်းမောင်းနေတဲ့ကားနဲ့တစ်ပုံစံတည်းတူတဲ့ကားကိုလည်းတွေ့ဖူးသည် သိပ်တောင်မကြာသေးဘူး အဲ့လိုကားမျိုးကိုဒီနေ့ထပ်တွေ့ရတာတောင်မှ မမှတ်မိခဲ့ဘူး
ပြီးတော့ဒီကားရဲ့တန်ဖိုးကိုသာသိခဲ့ရင် ငါ့ယောက်မကိုလည်း ဒီလိုပြသာနာရှာခိုင်းမိမှာမဟုတ်ဘူး သူအဲ့လိုေတွတွေးမိပြီးတော့ ဒီလောက်တန်ဖိုးကြီးတဲ့ကားအကြောင်းသိချင်လာပြီး အရှက်ကွဲမှာကိုမကြောက်တော့ဘဲ ဖုန်းဖွင့်ပြီးကားနာမည်ကိုရှာလိုက်သည် လီဟန်နဲ့ဇန်ဇောင်လည်းဖုန်းဖွင့်ပြီးတော့ရှာလိုက်၏ ပြီးတော့လူတွေအကုန်နီးပါး သက်ပြင်းရှည်ကြီးတွေချလိုက်ကြတယ် မာဝမ်ရှီဖုန်းထဲကနေမရှာကြည့်ပေမယ့်ေဘးလူတွေရဲ့
ပုံစံကိုကြည့်ပြီး ဒီကားကတကယ်ယွမ်သိန်းချီတန်တာမှန်းနားလည်လိုက်တယ် သူမောင်းတဲ့လန်ဘိုဂနီထက်အဆပေါင်းများစွာတန်သည်
စိတ်ထဲမှာတော့ချင်းယွီအပေါ်ကိုပိုပြီးလေးစားသွားတယ် ဒီလောက်သိန်းထောင်ချီတဲ့ကားကိုမောင်းပြီးတော့ ဘယ်လိုတောင်နှိမ့်ချပြီးနေနိုင်ပါလိမ့် အနည်းဆုံးတော့ချမ်းသာသလိုလိုဟန်ဆောင်နေသင့်တယ်လေ
ဒီကိစ္စတွေပြီးသွားတာတောင်သူအံကြိတ်ပြီးတော့ချင်းယွီကိုပြောလိုက်သည်
"အခုပဲသိသွားပါပြီ အရင်ကပြောဖူးသလိုပဲလုပ်ကြရအောင်လေ ကိုယ့်ကားကိုပြင်မယ်ဆိုတာ အဲ့တာပိုပြီးယုတ္တိရှိသလားလို့..."
ချင်းယွီ သူ့အတွက်သူပဲပြောနေတဲ့ မာဝမ်ရှီကိုခေါင်းမော့ပြီးကြည့်လိုက်သည်
ပြီးဝောာ့အသာလေးပြုံးလိုက်ပြီးတော့စာချုပ်ကိုထုတ်လိုက်တယ်
"သဘောတူထားပြီးသားမလား...ခင်ဗျားအကြံကသိပ်ကောင်းတာပဲ အကုန်လုံးသာလွယ်လွယ်နဲ့အဲလိုပြောင်းပစ်လို့ ရရင်စာချုပ်ဆိုတာမျိူးက ဘာအသုံးဝင်တော့မှာလဲ"
"ဟားဟား ဒီလောက်အရှက်မရှိတဲ့အရူးမျိုးကိုမြင်ရတာခုမှပထမဆုံးပဲ ကြည့်ရတာပွဲကြီးပွဲကောင်းစပြီနဲ့တူတယ်" ဂျန်ရှန်းပြုံးလိုက်သည်
သူအစကတည်းကဘေးကလူတွေဒီအကြောင်းကိုပြောေနတာကြားလို့ပွဲကြည့်ဖို့လာခဲ့တာ
"မစ္စတာချင်း ခင်ဗျာ့ ကျွန်တော့်ညီမအစားကျွန်တော်ကပဲတောင်းပန်ချင်ပါတယ် ကျွန်တော်သာအစား တာဝန်ယူပေးလို့ရရင် ကားပြင်ခကို အရင်စီစဉ်ထားတဲ့အတိုင်းပေးပါ့မယ်"
"မစ္စတာမာ ကျွန်တော့်ကားသာ တန်ဖိုးမရှိတဲ့သာမန်ကားမျိုးဖြစ်ပြီး ကားပြင်စရိတ်ကိုသာမမြင်ရင် ခင်ဗျားညီမဘက်ကနေ ဒီလိုတွေးမှာမဟုတ်ဘူးနဲ့တူတယ်"
ခင်ဗျားဘာသာမတတ်နိုင်ပဲ ကျွန်တော့်ကိုဖိအားလာပေးချင်နေတာလား"
"သိန်း၁၁၀၀ဆိုတာ တအားများလွန်းနေလို့ပါ ကျွန်တော့်ညီမလည်းတတ်နိုင်မှာမဟုတ်ဘူး အကုန်တစ်ဝက်ဆီပေးကြရင်ရော" မာရီကွမ်သေချာစဉ်းစားပြီးပြောကြည့်လိုက်သည်
"ကိုကြီးတောင်းပန်နေစရာမလိုဘူး သူ့ကားပြင်ခကို ညီမတစ်ပြားမှမပေးနိုင်ဘူး လူတိုင်းကိုယ့်စရိတ်ကိုယ်တာဝန်ယူရမှာ သူ့ဘာသာသဘောမတူရင်လည်း မတတ်နိုင်ဘူး" မာဝမ်ရှီဒေါသထွက်ပြီးတော့ထပြောလိုက်သည်
"အဲ့တာဆိုရင်လည်း ဘာဆက်ပြောရအုံးမှာလဲ ခင်ဗျားလိုလူနဲ့ စကားပြောရတာအချိန်ဖြုန်းရာပဲကြတယ်" ချင်းယွီရွဲ့ပြောလိုက်၏
"ဝမ်ရှီ ထိုင်နေစမ်း"မာရီကွမ်ရဲ့မျက်နှာထားကပိုပြီးတင်းလာတယ်
မာဝမ်ရှီ သူ့အစ်ကိုသူကိုအော်လိုက်တာမြင်ရတော့နည်းနည်းလန့်သွားတာမို့ ဒေါသပြန်ထိန်းပြီးတော့ပဲထိုင်လိုက်သည်
"မစ္စတာချင်း ကျွန်တော့်ညီမလေးကငယ်ပြီးဘာမှမသိတတ်တဲ့သူမို့ပါ သူ့အစားကျွန်တော်ကပဲတောင်းပန်ပါတယ်"မာရီကွမ် ချင်းယွီကိုစိတ်ကျေနပ်အောင်လုပ်ပေးဖို့ ကြိုးစားလိုက်၏
"ခင်ဗျားအတွက် ကားပြင်ခက စကားထဲထည့်ပြောစရာမလိုဘူးဆိုပေမယ့် ခင်ဗျားညီမအတွက်ကတော့မွဲသွားလောက်စေတဲ့ပမာဏမလား"ချင်းယွီ မစ္စတာမာကိုအေးစက်စက်ကြည့်ပြီးပြောလိုက်သည်
ပြီးတော့မှမာဝမ်ရှီကိုကြည့်ပြီးပြောလိုက်တယ် "မစ္စတာမာ ခင်ဗျားဒီလိုတွေပြောနေစရာမလိုပါဘူး အစကတည်းကပြသာနာမရှာဘဲနေချင်ခဲ့တာ ဒါပေမယ့်ခင်ဗျားညီမကမောက်မာပြီးရိုင်းစိုင်းနေတာမို့ အဲ့အကျိုးဆက်ကတော့ခံစားရမှာပဲ သိန်း၁ထောင်ဆိုတဲ့ ပမာဏကကျွန်တော့်အတွက်ကတော့ဘာမှမဟုတ်ဘူး ဒါပေမယ့် ခင်ဗျားပြောတာကို ဘာကိစ္စနားထောင်ပေးရမှာလဲ..."။