← Chapters

အခန်း (၁၈)

Vol. 2 Ch. 18

အခန်း (၁၈)

Vol. 2 Ch. 18

သူဒီကောင်မလေးကိုလက်ဆောင်စပေးဖို့ ဂျီလီဟွာဆိုတဲ့ဈေးအကြီးဆုံးလက်ဆောင်ကိုသူရွေးလိုက်တယ် လက်ဆောင်ပေးနေတဲ့သူတွေကို liveလွှင့်နေတဲ့သူက ကျေးဇူးတင်နေတယ် သူမျက်လုံးတွေကနည်းနည်းပင်ပန်းနေတဲ့ပုံပဲ သူliveလွှင့်နေတာ၃နာရီလောက်ရှိပြီ ပြီးတော့ဒါကသူ့အတွက်တော့အပင်ပန်းဆုံးlive...သူနားဖို့အချိန်လည်းရောက်လာပြီ သူ့liveတွေတော်တော်များများကညရောက်မှစဖြစ်တာ

မနက်ဘက်ဆိုသူအလုပ်သွားရတယ် ဒီနေ့တော့ပိတ်ရက်မလို့ သူမနက်ကတည်းကစလွှင့်နေတာ ပြီးတော့နာရီပိုင်းတွင်းမှာပဲ လက်ဆောင်တွေရာချီရတယ် ၁၀၀ ၂၀၀နဲ့တင်စိတ်ကျေနပ်ပါတယ် သူ့ကို စာလာပို့တဲ့ဖန်တွေလည်းအများကြီးပဲ သူနဲ့တူတူဒိတ်ဖို့လည်းပြောတယ် ဒါပေမယ့်သူငြင်းလိုက်တယ် သူပိုက်ဆံတော့လိုချင်ပေမယ့် ဒီလိုတွေလုပ်ရတာတော့ရွံဖို့ကောင်းတယ် ရုတ်တရက်ကြီး liveက လှပတဲ့အလင်းရောင်တွေနဲ့ပြည့်သွားတယ် ဒီလိုထူးဆန်းတဲ့ပုံတွေပေါ်လာတာဘာလို့လဲဆိုတာကိုသူသိပါတယ် တခြားလူတွေသူ့liveထဲဝင်ပြီး ဒါမျိုးဖြစ်တာလည်းတွေ့ဖူးတယ် ဒါကဂျီလီဟွာလက်ဆောင်ရဲ့အထူးeffectပဲ သူliveတဲ့တစ်လျှောက်တစ်ခါမှပေါ်မလာဖူးတဲ့လက်ဆောင် ဒီလိုလက်ဆောင်မျိုးက ယွမ်သုံးထောင်လောက်ကိုတန်ဖိုးရှိတယ်

တစ်ပတ်လုံးliveလွှင့်ရင်တောင်မှအဲ့လိုမျိုးမရနိုင်ဘူး ဒီလက်ဆောင်ကို ခုနလေးတင် သီချင်းတောင်းတဲ့လူပေးတယ်ဆိုတာလည်းသူသိလိုက်တယ်

ငါးငန်လေးမှဝယ်ယူသွားသည်

သူကျေးဇူးတင်တော့မယ့်အချိန်မှာပဲဒုတိယဂျီလီဟွာတစ်ခုထပ်ရောက်လာတယ် ပြီးတော့သုံးခုလေးခု သူliveတစ်ခုလုံး ဂျီလီဟွာရဲ့အလင်းတန်းတွေဆက်တိုက်ပြည့်နေတယ် လီယန်လုံးဝကြောင်သွားတယ်

အစကနေဒီငါးငန်လေးက ဆက်တိုက်လက်ဆောင်ပေးနေပြီး ပမာဏကလည်းများများလာတယ် ၁၀ ၂၀ ၁၀၀!!!

ငါးငန်လေးမှတိုက်ရိုက်ထုတ်လွှင့်သူ ရှောင်ရှန်ဇီ အား ဂျီလီဟွာ အခုတစ်ရာ လက်ဆောင်ပေးပါသည်

ဂျီလီဟွာအခုတစ်ရာရဲ့ပုံရိပ်တွေက liveတစ်ခုလုံးကိုပြည့်နှက်သွားရုံတင်မကဘူး‌ ဒေါင်လန်အပ်ပလီကေးရှင်းတစ်ခုလုံးမှာကို ဒီအကြောင်းကိုမြင်ရတယ် ခနလောက် liveလွှင့်တဲ့ စခရင်ကရေကြီးသွားသလိုပဲ လူတွေအများကြီးလာကြည့်ကြတယ် လာကြည့်တဲ့လူအရေအတွက်က တစ်ခါတည်းနဲ့၂ထောင်အထိတက်သွားတယ် ဆက်ပြီးတော့လည်းတက်နေတုန်းပဲ လီယန်စိတ်လှုပ်ရှားပြီးရင်ရှားလာပြီးတော့ ဆက်တိုက်ကျေးဇူးတင်တာကိုလည်းမရပ်နိုင်ဘူး

"ငါးငန်လေးကိုလက်ဆောင်အတွက်ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ် ကောကော ကျေးဇူးပါ"

Liveထဲကလူတွေကလည်းဒီလို‌တစ်ခါတည်းအဲ့လိုပေးပစ်တာ ရယ်ရတယ် အဓိပွာယ်မရှိဘူး တစ်ချို့ကောမန့်တွေဆိုလည်း...

-မိုက်တယ်ကွာ

-‌ေရှာင်ရန်ဇီအတွက်တကယ့်သူ‌ဌေးကအသက်ရှင်ပေးနေတာပဲ

-တကယ့်သူဌေးကြီးလာသွားတာပဲ

-တစ်ခါတည်းနဲ့အခုတစ်ရာတဲ့ တစ်ခုကိုတောင်ယွမ်၃၀၀၀လောက်တန်တာကို

-ငါးငန်လေးဆိုတဲ့သူဌေးကမိုက်လိုက်တာ

ဒါပေမယ့်ဂျီလီဟွာအထူးလက်ဆောင်ရတာကဆက်ရပ်မသွားဘူး

ငါးငန်လေးမှတိုက်ရိုက်ထုတ်လွှင့်သူရှောင်ရန်ဇီအား ဂျီလီဟွာ အခု၁၀၀ ၂၀၀ ၃၀၀ ၄၀၀ ၆၀၀ ၁၀၀၀ ....အို အများကြီးပဲ

ဂျီလီဟွာအခုတစ်ထောင်လုံး စခရင်မှာပြည့်သွားရုံတင်မကဘူး ဒေါင်လန်စခရင်တစ်ခုလုံး ဂျီလီဟွာလက်ဆောင်ရဲ့ပုံရိပ်တွေနဲ့ပဲပြည့်နေတယ်

ငါးမိနစ်အတွင်းလာကြည့်တဲ့သူအရေအတွက်က-----ထိထိုးတက်လာတယ် ဆက်ပြီးလည်းတက်လာနေတုန်းပဲ လက်ဆောင်ကလည်း ဆက်တိုက်ထပ်ရနေတုန်းပဲ ၁၀၀ ၂၀၀ ၃၀၀!!!

ငါးငန်းလေးမှ တိုက်ရိုက်ထုတ်လွှင့်သူရှောင်ရန်ဇီလား ဂျီလီဟွာ၁၆၆၁ခုပေအပ်လိုက်ပါတယ်

နောက်ဆုံးကြတော့ချင်းယွီ ပေးတဲ့လက်ဆောင်ပမာဏက၁၆၆၁ခုထိရောက်သွားတယ် သူထပ်ပြီးတော့ပေးရင်လည်းသူ့လက်တွေကနာပြီးတော့ယောင်နေပြီ တစ်ရက်တည်းနဲ့ပိုက်ဆံသုံးရင်ပင်ပန်းရမယ်လို့သူတစ်ခါမှမတွေးဖူးဘူး ကံကောင်းတာက တစ်ခါတည်းနဲ့လက်ဆောင်၁၀ခုပေးရတာပဲ မဟုတ်ရင် ၁ထောင်ကျော်လုံးပေးဖို့တတ်နိုင်မှာမဟုတ်ဘူး အရမ်းကိုပင်ပန်းတယ်

ဒီတစ်ခါLiveလာကြည့်တဲ့သူကအတော်လေးကိုများသွားတယ်

- ဟာဘယ်လိုကြီးလဲဟ တကယ့်သူဌေးကြီးပဲ

-ငါးငန်လေးဆိုတဲ့ဘော့စ်ကတော့လွှမ်းမိုးနေပြီ

-ငါးငန်လေးဆိုတဲ့ဘော့စ် ညီလေးများမလိုချင်ဘူးလား

-မစ္စတာငါးငန်လေးကို မျောက်လေးပေးချင်တယ်

ဂျီလီဟွာ ၁၆၆၁!!!

လီယန်တစ်‌ယောက် လက်ဆောင်ရထားတဲ့ ဂျီလီဟွာတွေမြင်ပြီး အံ့အားသင့်နေတယ်

"ဘယ်လိုကြီးတုန်း ဒီလောက်ပိုက်ဆံအများကြီးဆို သိန်း၅၀၀နီးပါးရှိတယ် အဲ့ပိုက်ဆံထဲကတစ်ဝက်သိန်း၂၅၀လောက်ကငါ့လက်ထဲရောက်လာမှာ အိမ်မက်မဟုတ်ဘူးဟ ဒီဆုတွေအပေါ်မှီခိုပြီးတော့ ချမ်းသာတဲ့စော်လေး လုပ်ရပြီဟ"

သူ့စိတ်ထဲမှာလည်း တော်တော်လေးကံကောင်းတာပဲလို့တွေးနေမိတယ် တစ်ခါတည်းနဲ့လက်ဆောင်တွေအများကြီးဝင်တော့နည်းနည်းတော့စိုးရိမ်မိတယ် သူခုနလေးတင်ဆိုလိုက်တဲ့ 'ငါ့ကိုမလွမ်းပါနဲ့' ဆိုတဲ့သီချင်းကငါးငန်လေးဆိုတဲ့ဘော့စ်ကတောင်းဆိုတာလေ သူအဲ့ဘော့စ်ကိုနည်းနည်းတော့မျက်မှန်းတန်းမိတယ် ဒီလူကသူ့ကိုအရင်ကတည်းကဖောလိုးထားတာ ဒါပေမယ့်တစ်ခါမှသူ့ဆီကလက်ဆောင်မရဖူးဘူး အခုလေးတင်သီချင်းတောင်းတယ်

သူလက်ဆောင်မပေးလို့ဆိုပြီးသူပြောတဲ့မန့်ကိုလျစ်လျူမရှုဘဲ ငါဆိုပေးလိုက်တယ်

"ကောကောအများကြီးကျေးဇူးတင်ပါတယ် ဒီကကောင်မလေးကဘယ်လိုပြန်ပြီးကျေးဇူးဆပ်ရမလဲတောင်မသိတော့ပါဘူး ဘယ်သီချင်းတောင်းချင်လဲမသိ‌လို့ နောက်ထပ်သီချင်းတစ်ပုဒ်ထပ်ဆိုပြပါမယ်" လီယန်ခနလောက်တွေးပြီးတော့Liveကကောမန့်ထဲကိုမေးလိုက်တယ်

-Liveလွှင့်တဲ့ကောင်မလေးကဘာမှပြန်ပေးစရာမရှိတော့သူ့ခန္တာကိုယ်ကိုပဲပြန်ပေးရတော့မယ်နဲ့တူတယ်

-ငါးငန်လေးကငါ့ဟာပဲ

-ငါးငန်လေးကငါ့အပိုင်ဘယ်သူမှလာမလုကြနဲ့

-ခန္တာကိုယ်နဲ့ရင်းပြီးတော့ကို ကတိတွေပေးပစ်လိုက်ချင်တယ်(🥲🫸🫷)

-အပေါ်ကတစ်ယောက်ရေငါးငန်လေးသာအဘိုးကြီးဆိုခန္တာကိုယ်နဲ့ရင်းပေးချင်သေးလား

-အခုလေးတင်ကောင်မလေးနဲ့လမ်းခွဲပြီးလို့သီချင်းတောင်းတ်ယ်ဆိုမှတော့သေချာပေါက်လူငယ်‌ပဲဖြစ်မှာပေါ့

ဖန်တစ်ယောက်ကပြောတယ်

-သူ့ကောင်မလေးကမဖြတ်ခင်သူဌေးမှန်းမသိဘူးနဲ့တူတယ် သိရင်နောင်တရနေလောက်ရောပေါ့

အဲ့လိုနဲ့အမျိုးမျိုးပြောနေကြတဲ့မန့်တွေကပလူပြန်နေတယ်

ချင်းယွီLiveလွှင့်တဲ့သူပြောတာကိုစာပြန်လိုက်တယ်

"ကြိုက်တာဆိုလို့ရပါတယ် ကျေးဇူးတင်စရာမလိုပါဘူး မင်းသီချင်းဆိုတာတွေအကြာကြီး‌နားထောင်နေခဲ့တာတောင်လက်‌ဆောင်မပေးခဲ့ရဘူး ဒီနေ့အကုန်စုပေးလိုက်တာပေါ့"

ချင်းယွီရဲ့ဒေါင်လန်အကောင့်ကလည်းအဆင့်၅၀ရောက်သွားတယ် ဒီနေရာမှာတော့သူကနံပါတ်တစ်ပဲ သူစာရိုက်ပြီးမန့်လိုက်တော့သူအဆင့်ကပေါ်လာတယ် လူတွေအကုန်လုံးလည်းချက်ချင်းသတိထားမိသွားတယ်

-ငါးငန်လေးစကားပြောပြီပဲ လာကြည့်ကြ

-ကိုကြီးငါးငန်လေးရေ ကျွန်မလည်းသီချင်းဆိုတဲ့လူပါပဲ ကျွန်မဆီလည်းလာကြည့်ပါအုံး

-ငါးငန်လေးကသီချင်းဆိုတာနားမထောင်ချင်တော့ဘူးတဲ့ တခြားအရည်အချင်းလေးတွေရှိရင်ပြလိုက်ကြပါအုံး

ချင်းယွီတစ်ယောက်စခရင်ကိုကြည့်ရင်းပျင်းပြီးရင်းပျင်းလာတယ် ပြီးတော့ဘာမှလည်းဆက်မရေးတော့ပဲ Liveထဲကထွက်လိုက်တယ် သူမဖတ်ရသေးတဲ့မက်ဆေ့ခ်ျ တွေလည်းအများကြီးပဲ အဲ့မက်ဆေ့ခ်ျ တွေက တိုက်ရိုက်ထုတ်လွှင့်တဲ့တစ်ယောက်ပို့ထားတာ

"မဂ်လာပါ ကောကော ကျွန်မကရှောင်ရှန်ဇီပါ လက်ဆောင်အတွက်ကျေးဇူးတင်ပါတယ် အဆင်ပြေရင်ဝေဝေမှာ‌ရော အကောင့်အပ်လို့ရမလား ဒါကျွန်မဝေဝေနံပါတ်ပါ"

ချင်းယွီရှောင်ရှန်ဇီမက်ဆေ့ခ်ျပို့ထားတာကိုဝင်ကြည့်လိုက်တယ် သူဝေဝေ နံပါတ်ပို့ထားတာကိုကြည့်ပြီး သူလည်းမငြင်းတော့ပါဘူး နောက်တော့ဝေဝေအပ်ပလီကေးရှင်းထဲမှာဖရန့်ဖြစ်သွားတယ်

(ဒင်....လီယန်သင့်သူငယ်ချင်းဖြစ်သွားပါပြီ သင်တို့စကားပြောလို့ရပါပြီ)

ချင်းယွီသာမန်မက်ဆေ့ခ်ျတစ်ခုစပို့လိုက်တယ်

"ဟယ်လို"

လီယန်စိတ်လှုပ်ရှားနေပြီးမြန်မြန်ပဲစာပြန်လိုက်တယ်

"ဟုတ်ကဲ့ မဂ်လာပါ ကောကော ကျွန်မကငှက်ကလေးပါ လီယန်ကတော့ကျွန်မနာမည်အရင်းပါ ကောကောနာမည်ကချင်းယွီလား"

လီယန်ချင်းယွှီရဲ့နာမည်ကိုသတိထားမိသွားတယ် သူဒီနာမည်ကိုရင်းနှီးနေသလိုရှိပေမယ့်ထွေထွေထူးထူးတော့သတိမထားမိဘူး လက်ဆောင်ပေးဖို့တင်သိန်း၅၀၀နီးပါးသုံးသွားတာ ဒီလိုလူမျိုးကချမ်းသာတဲ့အသိုင်းအဝိုင်းကဆိုတာသိသာပြီးသား သူအဲ့လိုလူမျိုးနဲ့ဘယ်လိုလို့တွေ့ဖူးမှာလဲ နာမည်ကတော့ရင်းနှီးနေတယ် သူသိတဲ့သူတစ်ယောက်‌ယောက်နာမည်ဖြစ်မှာပဲ

"ဟုတ်ပါတယ်အဲ့တာကျွန်တော့်နာမည်ပါ"

"ချင်းယွီကောကောအားပေးလို့ကျေးဇူးတင်ပါတယ် နားထောင်ချင်တဲ့သီချင်းရှိရင်လည်း ပြောပါနော် အချိန်ရရင်ဆိုပြပေးပါမယ်"

လီယန်Liveလွှင့်နေတုန်းမှာပဲ ချင်းယွီနဲ့စာရိုက်ရင်းစကားပြောနေတယ်

"အင်း သီချင်းဆိုတာတော့ကြားချင်နေတုန်းပဲ..."

နှစ်ယောက်သားနည်းနည်းလောက်စကားထပ်ပြောကြတယ်

ပြီးတော့Liveမှာကြည့်နေတဲ့သူတွေရှိတာမို့ လီယန်သီချင်းနည်းနည်းလောက်ထပ်ဆိုရမယ် အဲ့တာမှဖန်တွေဆက်ရှိနေမှာ

ချင်းယွီ ဒေါင်လန်အက်ပလီကေးရှင်းထဲကိုထပ်ဝင်လာတယ် ပြီးတော့သူရဲ့dmမှာစာတွေအများကြီးရောက်နေတာတွေ့လိုက်တယ် ဒါတွေအကုန်လုံးကသူ့ရဲ့ဝေဝေအကောင့်ကိုအပ်ချင်နေတဲ့ကောင်မလေးတွေ~ စာအချို့ကိုဖတ်ကြည့်လိုက်ပြီးအကုန်လုံး‌ပြောချင်တဲ့စာတွေကအတူတူပဲမို့ သူဆက်မဖတ်တော့ဘူး ပြီးတော့ သူ့ရဲ့အကောင့်ကိုဖောလိုးတဲ့သူတွေလည်းတစ်ဖြေးဖြေးတိုးလာတယ် ဆက်ပြီးလည်းတိုးနေတုန်းပဲ

ဖုန်းချပြီးတော့သူစနစ်ကိုဖွင့်လိုက်တယ်

ဝင်ရောက်ခြင်းလုပ်ငန်းစဉ်အတွက်ငွေပမာဏက ပုံမှန်သိန်း၃၇၀ကနေ ၈၇၉သိန်းဖြစ်သွားတယ် သိန်းတစ်ထောင်သုံးရမှာဆိုတော့ အခုထိသိန်း၁၃၀လောက်လိုသေးတယ်

သူတွေးလိုက်ပြီးတော့ဖုန်းဖွင့်လိုက်တယ်

ဒေါင်လန်ကတခြားတစ်‌ေယာက်ရဲ့Liveထဲကိုဝင်လိုက်တယ်

သူ့နာမည်က နန်ဂျန်းမှာလမ်းလျှောက်နေတဲ့ယုယဲ...

သူကတော့အပြင်ထွက်ပြီးLiveလွှင့်တဲ့သူတစ်‌ယောက်...ယုယဲဆိုတာသူ့နာမည်အရင်း

သူကနန်ဂျန်းမြို့ထဲကိုလျှောက်သွားပြီးတော့လူနည်းစုပဲသိတဲ့သမိုင်းဝင်ရှေးဟောင်းနေရာတွေကိုလိုက်ပြပေးတယ် တချို့ဘေးနားကစိတ်ဝင်စားတဲ့သူတွေကလည်းသူ့ကိုမေးချင်တာတွေမေးကြတယ် Liveမှာ ကြည့်ရှုသူ၄ထောင်ကျာ်ရှိတယ် ဒီလောက်ကြည့်တဲ့သူရှိနေတာဆိုတော့တ်ောတော်များပါတယ်

(ငါးငန်လေးLiveကိုလာကြည့်ပါသည်)

ချင်းယွီLiveလွှင့်တဲ့ဆီကိုဝင်ကြည့်လိုက်တော့စခရင်မှာစာတွေအများကြီးပေါ်လာတယ်

-ဝိုး အဆင့်၅၀နဲ့အကိုကြီးကဘယ်သူလေးလဲ

-ဟဲ့အဲ့တာ ငါးငန်လေး

-ဟယ်လိုငါးငန်လေး

-ဘော့စ်ငါးငန်လေးရောက်လာပြီပဲ

မြန်မြန်ခေါ်လိုက် Liveလွှင့်နေတဲ့သူကို

ကောမန့်တစ်ခုလုံးအသက်ဝင်လာပြီး‌ကောမန့်တွေလည်းဆက်တိုက်တက်လာတယ် ယုယဲရှင်းပြနေရင်းကနေရုတ်တရက်ကောမန့်တွေအများကြီးတက်လာတာတွေ့လိုက်တယ် သူကြည့်လိုက်တယ်

"ဝိုး"

သူလုံးဝကိုအံ့ဩမိသွားတယ် ငါးငန်‌လေးဆိုတဲ့ဘော့စ်ကသူ့Liveကိုလာကြည့်တာပဲ

"ငါးငန်လေးကို ကျွန်တော့်Liveနေကြိုဆိုပါတယ် "ယူယဲလည်းတအားကိုစိတ်လှုပ်ရှားနေတယ် တခြားLiveလွှင့်တဲ့သူတစ်ယောက်သိန်း၅၀၀ဖိုးလောက်လက်ဆောင်ရသွားတာကိုလည်းသိတယ်အဲ့လက်ဆောင်ပေးတဲ့သူကအခုလေးတင်သူ့Liveကိုလာကြည့်တဲ့ငါးငန်လေးပဲ သိန်း၅၀၀...!

သိန်း၅၀၀ဆိုတာLiveလွှင့်တဲ့လူတစ်ယောက်ဖို့တော့အများကြီးပဲ နောက်တစ်ခေါ်ကြတော့လည်းသိန်း၂၅၀နီးပါးလောက်ရှိတယ် ကြည့်ရတာ Liveလွှင့်တဲ့စခရင်‌ေပါ်မှာ တစ်ခါလက်ဆောင်ပေးတဲ့သူအများကြီးနဲ့တူတယ် သူLiveကိုလာကြည့်တဲ့သူများများရှိပြီးတော့အမြတ်နည်းနည်းရဖို့ဆိုရင်လက်ဆောင်လေးနည်းနည်းပဲလိုတာ ပရိသတ်တစ်‌ယောက်ကပေးတဲ့လက်ဆောင်အတွက်သူ့မှာကော်မရှင်ဘယ်လောက်မှမရဘူး တကယ့်ဖန်အစစ်ကပေးရင်တောင်ကော်မရှင်ကအဲ့လောက်ရတာမဟုတ်ဘူး သူဒီတိုင်းပဲကျော်လိုက်ပြီး ဆက်ထုတ်လွှင့်မယ့်အချိန်မှာပဲ အထူးeffectတစ်ခုကြောင့်မလို့သူ‌မူးဝေသွားတယ်

ငါးငန်လေးမှ ယုယဲအား ဂျီလီဟွာတစ်ခု‌ပေးအပ်ပါသည် ၂ခုပေးအပ်ပါသည် ၃ခုပေးအပ်ပါသည် ၄ခု ၆ခု ၇ခု ၈ခု ၄၅ခု.... နောက်ဆုံးတော့

ငါးငန်လေးမှ နန်ဂျန်းမှာလမ်း‌ေလျှာက်နေတဲ့ယုယဲအား ဂျီလီဟွာ၄၅ခုပေးအပ်ပါသည်...!

ဂျီလီဟွာ၄၅တောင်ရလာတာကိုတွေ့လိုက်ရတော့ယုယဲအပျော်လွန်သွားတယ် လက်ဆောင်တစ်ခုရလာတိုင်းသူ့နှလုံးခုန်တွေမြန်နေရတယ် နောက်ဆုံး၄၅မှာရပ်သွားတော့ ၁၀၀မရမချင်းတော့ ဒေါင်လန်ကစခရင်ပေါ်မှာပေါ်လာမှာမဟုတ်ဘူး အဲ့ကြမှသူတစ်ခုခုကိုသတိရသွားတယ် သူအပျော်လွန်နေပြီး ဘော့စ်လေးကိုကျေးဇူးမတင်ရသေးဘူးဆိုတာပဲ...သူကျေးဇူးတင်တော့မယ့်အချိန်မှာပဲ ချင်းယွီကLiveထဲကနေထွက်သွားတယ်

ချင်းယွီဒေါင်လန်အက်ပလီကေးရှင်းကနေထွက်ပြီး စနစ်ကလေးထောင့်ကွက်လေးကိုထုတ်လိုက်တယ်

သူစနစ်ထဲကိုဝင်ဖို့အဆင့်မှီသွားတာလည်းတွေ့ရော သူစနစ်ကိုချက်ချင်းပြောလိုက်တယ်

"စနစ် ဝင်လိုက်တော့..."။

All Chapters