← Chapters

အခန်း (၁၉)

Vol. 2 Ch. 19

အခန်း (၁၉)

Vol. 2 Ch. 19

စနစ်ထဲသို့‌ အောင်မြင်စွာဝင်ရောက်ပြီးပါပြီ ဂုဏ်ယူပါတယ် ငွေသားငါးသန်းလက်ကျန်ငွေထဲသို့ထည့်သွင်းလိုက်ပါပြီ

"ငွေသားငါးသန်းတဲ့လား!"

ချင်းယွီနည်းနည်းတော့စိတ်ပျက်မိသွားတယ် အရင်၂ခေါက်နဲ့ယှဉ်ရင်တအားကွာလွန်းတယ် ကြည့်ရတာ စနစ်ထဲကိုနောက်တစ်ခါထပ်ဝင်ဖို့ဆိုရင်သန်း[-----]ပမာဏလောက်ကိုသုံးပေးရမယ့်ပုံပဲ သူတိတ်တိတ်လေးပဲဆုံးဖြတ်လိုက်တယ် အဲ့ဒီအချိန်မှာပဲဖုန်းမြည်လာတယ် သူဖုန်းကိုင်လိုက်တော့လုခယ်ရှင်ခေါ်တာဖြစ်နေတယ် လုခယ်ရှင်က ချင်းယွီထင်ထားတဲ့အတိုင်းပဲ ဇန်ဒါစူရုတ်တရက်အလုပ်ဖြုတ်ခံရတဲ့အကြောင်းနဲ့ ရှောင်ဂျွန်းအလုပ်ဖြုတ်ခံရတဲ့အကြောင်းပြောလာတယ်

ဒါပေါ့သူတို့၂ယောက်အလုပ်ဖြုတ်ခံရတဲ့အကြောင်းမဟုတ်လို့ဘာအကြောင်းပြောရမှာတုန်း...

ဇန်ဒါစူအလုပ်ပြုတ်ပြီးတော့ ရှောင်ဂျွန်းပါအလုပ်ဖြုတ်ခံလိုက်ရရော သူ‌ သူဌေးရှေ့မှာဒူးထောက်ပြီး ဒီကုမ္ပဏီမှာဆက်နေရဖို့ငိုယိုပြီးတောင်းပန်တယ်

အဲ့ကိစ္စကြောင့်မလို့ လုခယ်ရှင်မနက်ကတည်းကခံစားနေရတာတွေကြက်ပျောက်ငှက်ပျောက် ပျောက်သွားတယ် စကားပြောရတာလည်းပိုပြီးတော့ယုံကြည်ချက်ရှိလာတယ် သူပိုပြီးတော့အံ့ဩမိတာက ဇန်ဒါစူကအလုပ်ဖြုတ်ခံရပြီးတော့ ဇန်ဒါစူနေရာကိုသူကခန့်ခံလိုက်ရပြီး ဒီဇိုင်းဌာနရဲ့မန်နေဂျာဖြစ်လာရတာကိုပဲ... သူစိတ်လှုပ်ရှားနေတာကိုဖုံးထားဖို့ကတော့ခက်တယ် ပြီးတော့သူချင်းယွီကိုလည်းကုမ္ပဏီကိုပြန်လာစေချင်တယ် ဘော့စ်ကိုပြောလို့ရမှာပါတဲ့ သူရယ်လိုက်မိတယ် သူသာပြန်သွားရင် ရှောင်ရှန်ဟွာတစ်ယောက် ခံနိုင်ရည်ရှိမီာမဟုတ်ဘူး သူလုခယ်ရှင်ရဲ့ကြင်နာမှုကိုငြင်းလိုက်တော့ လုခယ်ရှင်ကညကြသူတို့ဌားထားတဲ့တိုက်ခန်းမှာညစာတူတူစားဖို့ဖိတ်တယ် ချင်းယွီဘာမှပြန်မပြောရသေးခင်မှာပဲ ရုတ်တရက်လုပ်စရာရှိသေးတယ်ဆိုပြီးဖုန်းချသွားတယ် ချင်းယွီပြုံးလိုက်တယ် ပုံမှန်ဆိုရင်တော့ချင်းယွီအဲ့အိမ်ကိုပြန်မသွားချင်ဘူး ဟိုတယ်မှာပဲဆက်နေတာကောင်းတယ်မလား ဒါပေမယ့်သူငြင်းတောင်မငြင်းရသေးခင်မှာဟိုတစ်‌ယောက်ကဖုန်းချသွားတယ် ကြည့်ရတာသူအဲ့အိမ်ကိုပြန်သွားရအုံးမယ်ပုံပဲ ပြီးတော့လုခယ်ရှင်ရဲ့လက်ရာရလည်းစားလို့ကောင်းတယ်လေ ဖုန်းကိုဘေးချလိုက်ပြီးတော့ အများကြီးစိတ်သက်သာရာရသွားတယ် အရင်တုန်းကသူဂျီရှန် ကြေညာကုမ္ပဏီမှာအလုပ်လုပ်တုန်းက မန်နေဂျာကြောင့်နဲ့သူ့မှာခက်ခဲခဲ့ရတာတွေအများကြီးရှိတယ်

အခုဘာမှလုပ်စရာမရှိတော့ဘူး ဟိုတယ်ကိုပဲပြန်သွားကြတာပေါ့ ညကြမှပဲ ငှားထားတဲ့အိမ်ကိုပြန်သွားကြတာပေါ့ ချင်းယွီ ရုံးထဲမှာဆက်နေနေတာအချိန်ဖြုန်းတာလို့ပဲ‌ေတွးလိုက်တယ် ထပြီးတော့အိတ်တွေယူပြီးရုံးခန်းထဲကနေထွက်သွားလိုက်တယ် ဓာတ်လှေကားနဲ့ပါကင်ထိုးတဲ့ပထမထပ်ကိုသွားလိုက်တယ် ကိုယ်ပိုင်ကားကိုမောင်းပြီးတော့ ဟွာဂျန်းပလာဇာကနေထွက်လာလိုက်တယ်

ညကြရင်ဟိုအရင်ကငှားထားတဲ့အိမ်ကိုသွားရမယ်လို့တွေးမိပြီးကားကိုဟိုတယ်ကမြေအောက်ခန်းထဲမှာမထိုးတော့ဘူး ပုံမှန်ယာယီကားပါကင်ထိုးတဲ့နေရာမှာထိုးလိုက်တာပဲ ပိုကောင်းပါတယ် ဟိုတယ်ရဲ့ယာယီကားပါကင်ဆီကိုမောင်းလာလိုက်တယ် အရင်နေ့ ညတုန်းကကြနေရာပါပဲ ကားထိုးတော့မယ့်အချိန်မှာပဲ အစိမ်းရောင် လပ်ဘရော်ဂနီကားတစ်စီးအရှိန်ပြင်းပြင်းနဲ့မောင်းဝင်လာတာကြားလိုက်တယ် ဒီဘက်ပါကင်ထိုးတဲ့နေရာကိုမောင်းလာတာ အဲ့sportကား ချင်းယွီရဲ့ကားလိုပဲ ခေတ်မှီတယ် တစ်ချက်မှမရပ်ပဲနဲ့ကိုကားကိုဇွတ်မောင်းလာတယ် ချင်းယွီတအားစိတ်တိုသွားတယ် တစ်ယောက်ပြီးတစ်ယောက်သူပါကင်ထိုးမယ့်နေရာကိုလာလုနေကြတာပဲ သူကအဲ့လောက်တောင်အနိုင်ကျင့်ရတာလွယ်နေလို့လား သူဒေါသထွက်သွားပြီး ကားကိုလုံးဝမရပ်ပဲပါကင်နေရာကိုဆက်ထိုးဖို့လုပ်တယ် ဆက်ပြီးတော့တောင်မြန်မြန်မောင်းလိုက်သေးတယ်

ဝုန်းကနဲ ကားတိုက်မိတဲ့အသံထွက်လာတယ် လပ်ဘရော်ဂနီက စက်ဝိုင်းလိုလည်ထွက်သွားပြီးတော့ နောက်ကို၂မီတာလောက်လွင့်ထွက်သွားတယ်

ကားရဲ့ရှေ့တစ်ခုလုံးစုတ်ပြတ်သွားပြီး မီးခွက်တွေလည်းအကုန်တစ်စစီကွဲအက်သွားတယ် ချင်းယွီမောင်းတဲ့ အိန်ဂျယ်ချီယင်ကတော့ဘာမှမဖြစ်ဘဲ ဒီတိုင်းလေးရှိနေတယ် ကားကပွန်းရုံလေးပွန်းသွားပြီး နောက်ဘက်ခြမ်းကနည်းနည်းလေး‌ေမြာက်သွားရုံပါပဲ

"ကြည့်ရတာကားအပြင်ပိုင်းကိုပြင်ရမယ်နဲ့တူတယ် ရက်ပိုင်းလောက်တော့ကြာမှာပဲ" ချင်းယွီကားအပြင်ဘက်ကိုထွက်လာပြီးတော့တစ်ချက်ကြည့်လိုက်တယ်

ဒီမှာဖြစ်သွားတဲ့ကိစ္စကြောင့်လူတော်တော်များများအာရုံစိုက်မိသွားတယ် ဟိုတယ်ကိုလာနေမယ့်ဧည့်သည်တွေလည်းရှိတယ် ဟိုတယ်ရဲ့လုံခြုံရေးတွေလည်းရှိတယ် အဝေးကနေဖြတ်သွားဖြတ်လာတွေလည်းရှိတယ် သူတို့အကုန်လုံးစုပြီးတော့လာကြည့်ကြတယ်

"ဟ ဒါနောက်ဆုံးပေါ် လပ်ဘရော်ကနီ GODOHT 700 ဒီနှစ်မှထွက်တာ ဒီကားကယွမ်သိန်း၈၀၀ကျော်လောက်တန်တယ် အခုတော့ ဆိုးဆိုးရွားရွားကိုဖြစ်သွားပြီ"

" ဆိုးလိုက်တာ ယွမ်သိန်း၈၀၀ကျော်တန်တဲ့ကားမျိုးခုမှမြင်ဖူးတာ ခုတော့ကားပြင်ခနဲ့တင်မနည်းဘူး"

"အိုး ရှားရှားပါးပါးသတင်းပဲ ဒေါင်လန်မှာတင်ဖို့ရိုက်ထားရမယ် Likeတွေမနည်းဘူးရမှာမလား"

"ဘယ်လိုကားလဲ ဒါမျိုးကားမျိုးမမြင်ဖူးပါဘူး ထူးတော့ထူးဆန်းတယ် ဘာကားနေနေ ပြင်ဆင်ခက ကားတန်ဖိုးနည်းနည်းဖြစ်မှာ ပိုင်ရှင်ကတော့တော်တော်စိတ်ပူနေမှာပဲ"

အကုန်လုံးစုလာကြပြီးတော့ ဟိုပြောဒီပြော ပြောကြတယ် တစ်ချို့လူတွေကတော့ဖုန်းတွေဖွင့်ပြီးဗီဒီယိုတွေရိုက်ကြတယ် လပ်ဘရော်ဂနီရဲ့ကားတံခါးကပွင့်လာတယ် မိတ်ကပ်အထူကြီးလိမ်းထားတဲ့ အသက်၃၀ကျော်မိန်းမကြီးတစ်‌ယောက်ကားထဲကနေထွက်လာတယ် အဲ့မိန်းမကလက်မောင်းယားနေသလိုနဲ့သူ့လက်သူပွတ်နေတယ် စုတ်ပြတ်သတ်သွားတဲ့လပ်ဘရော်ဂနီကိုတစ်ချက်ကြည့်ပြီးတော့ ချင်းယွီရဲ့ကားကိုကြည့်လိုက်တယ် နောက်ကြသူချင်းယွီကိုဒေါသထွက်ပြီးအော်လိုက်တယ်

"မျက်လုံးကန်းနေလား ငါ့ကားကိုလာတိုက်တာနင်လျော်နိုင်လို့လား"

"ဒီမှာအန်တီ....ကျွန်တော်ကအရင်ပါကင်ထိုးထားတာ အဲ့တာကိုခင်ဗျားကအရင်လာတိုက်တာ လျော်မဲ့လျော်ခင်ဗျားပဲလျော်ရမှာပေါ့"ချင်းယွီယဉ်ကျေးမနေတော့ဘဲပြောလိုက်တယ်

"ဘာ!အန်တီ!ငါ့ကိုအန်တီခေါ်ရအောင်နင့်အသက်က ဘယ်လောက်မို့လို့လဲ" မိန်းမကြီးကပိုပြီးတော့စိတ်တိုသွားတယ်

"အိုခေ အိုခေ ဒီကိစ္စကိုခနထား" မိန်းမကြီးကကားကိုလက်ညှိုးထိုးပြလိုက်တယ်

"ငါပြောမယ်နော် ငါဒီကားကိုသိန်း၈၀၀ကျော်ကုန်ခံပြီးဝယ်ထားတာ ခုတော့နင်ကြောင့် ဘယ်လိုဖြစ်သွားပြီလဲကြည့်လိုက်"

"အော် သိန်း၈၀၀ကျော်တဲ့လား" ချင်းယွီရွဲ့ပြီးတော့မေးလိုက်တယ် သူငါ့ကားတန်ဖိုးသာသိရင် သူ့ရဲ့သိန်း၈၀၀ကျော်တန်ကားက သူရှေ့ကကောင်လေးအတွက်တော့ဘာမှမဟုတ်ဘူးဆိုတာသိသွားမှာပါ အဲ့တာဆိုဈေးထုတ်ပြောရတာကိုတောင်ရှက်သွားအုံးမှာ

"ကားစုတ်ကြီးပဲလေ ဘာများကောင်းနေလို့လဲ"

"နင် နင်ငါ့ကားကိုကားစုတ်လို့‌ခေါ်တယ်ပေါ့" အမျိုးသမီးကြီးက ဒေါသထွက်ပြီးတော့အော်ရယ်လိုက်တယ် လူတစ်ယောက်ကသူ့ရဲ့သိန်း၈၀၀ကျော်လပ်ဘရော်ဂနီကိုကားစုတ်လို့ပြောတာပထမဆုံးပဲ တုံးအပြီးတော့အကြောက်မရှိလိုက်တာ မိန်းမကြီးကရွဲ့ပြီး‌ေ‌တာ့ပြန်ပြောတယ်

"ငါ့ရဲ့သိန်း၈၀၀ကျော်ကားကိုကားစုတ်ဆိုတော့နင့်ကားကရောဘာကားမို့လို့လဲ ငါ့ကားဘီးတန်ဖိုးလောက်တောင်ရှိလို့လား" မိန်းမကြီးပြောလိုက်တော့ဘေးကလူတွေရယ်ကုန်တယ်

အဲ့တာကြောင့်ပဲချင်းယွီပြန်ရွဲ့လိုက်တယ်

"အင်း ဘယ်လိုပြန်ဖြေရမလဲမသိဘူး"

" လိပ်ပြာမလုံဘူးလား နင်ငါ့ကိုတိုက်ပြီးပြန်မလျော်ရင်ဒီကနေဘယ်မှမသွားရဘူး" အမျိုးသမီးကြီးကပြောလိုက်တယ်

"လိုင်စင်တောင်ဘယ်လိုရလာလဲမသိဘူး" ချင်းယွီသူရှေ့ကလူကိုစိတ်ပျက်ပျက်နဲ့ကြည့်ပြီးပြောလိုက်တယ် ပြီးတော့သူထပ်ပြီးမငြင်းခုံချင်တာမို့ သူဖုန်းထုတ်ပြီးရဲတွေကိုပဲခေါ်လိုက်တော့တယ်

ဘာပဲဖြစ်ဖြစ်သူ့ကားကအရင်ပါကင်ထိုးတာအဲ့တာကိုတစ်ဖက်ကအမျိုးသမီးကဇွတ်ဝင်လာတာ

ဒီအခြေအနေအရဆိုရင်တော့ တစ်ဖက်အမျိုးသမီးကပဲလျော်ပေးရမှာများတယ် ဟိုတယ်မှာသက်သေတွေရှိတယ် ရဲတွေလာစစ်ဆေးရင်သိမှာပါ ချင်းယွီရဲကိုဖုန်းဆက်လိုက်တော့တစ်ဖက်အမျိုးသမီးကနည်းနည်းပြာယာခတ်သွားတယ် သူကဘာမှမသိတဲ့ယာဉ်မောင်းမှမဟုတ်တာ ဒီကိစ္စသူမှားမှန်းသိတာပေါ့ တစ်ဖက်လူကိုလျော်ကြေးတောင်းတာကလည်း သူကားတန်ဖိုးသူသိလို့ပဲ ဘယ်သူပေးရပေးရ တစ်ဖက်လူကပိုက်ဆံ‌အများကြီးပေးရမှာပဲ သူဒီကားကိုဝယ်လာကတည်းက လမ်းပေါ်လျှောက်မောင်းနေမိတာ

အဲ့အမျိုးသမီးကလည်းဖုန်းထုတ်ပြီးတစ်ယောက်ယောက်ကိုခေါ်နေတယ် သူခေါ်နေတဲ့လူက‌ဟိုတယ်ရဲ့အထွေထွေမန်နေဂျာ မာရီကွမ်ပဲ သူကတော့မာရီကွမ်ရဲ့ညီမ မာဝန်ရှီပဲ...။

All Chapters