အခန်း (၂၁)
Vol. 2 Ch. 21
''အိန်ဂျယ် ချီယင် ''
လီဟန်သူမြင်ဖူးနေကျကားကိုမှတ်မိသွားပြီးတော့ဈေးမေးလိုက်တယ်
သိန်းနဲ့ချီတန်မဲ့ပုံပဲ
'' ဒီလိုကားမျိုူပထမဆုံးမြင်တုန်းက အဲ့ကားက မစ္စဖန်ရဲ့ကားလေ မိုက်လိုက်တာ ''
ဒီလိုကားမျိုးကိုတတ်နိုင်တဲ့သူကခပ်ပေါ့ပေါ့လူစားမျိုးမဟုတ်ဘူးဆိုတာသူနားလည်လိုက်တယ်
တွေးကြည့်ပြီး ချင်းယွီဆီချက်ချင်းကြည့်လိုက်မိတယ်
ချင်းယွီကသူနဲ့သိပ်မဝေးတဲ့နေရာမှာရပ်နေတယ်
ဟိုတယ်ထဲကလူနှစ်ယောက်ထွက်လာတာကိုတွေ့တယ်
ယူနီဖောင်းဝတ်ထားတဲ့လူငယ်လေးက ဂျန်ယွမ်ဟိုတယ်ရဲ့ လော်ဘီမန်နေဂျာ
အသက်လေးဆယ်အရွယ်လောက်ကတုံးကြီးကတော့ ဒီအမျိုးသမီးရဲ့အစ်ကိုပေါ့
နောက်ခံကလည်းမသေးဘူး လော်ဘီမန်နေဂျာရဲ့ ဘော့စ်ထင်တယ်
မာဝမ်ရှီ့စကားလုံးတွေက ချင်းယွီအတွက်တော့တော်တော်ကြမ်းတမ်းတယ်
နည်းနည်းလည်းစိတ်အနှောင့်အယှက်ဖြစ်မိတယ်
''' အော်ဒါပြီးတဲ့အထိသာစောင့်စမ်းပါ ငါ့ကားပြင်ခကမင်းထက်သာများကြောင်းသိရင်လိမ်ရဲမလားကြည့်ကြသေးတာပေါ့'' ဆိုပြီးချင်းယွီစိတ်ထဲမှာပဲတွေးလိုက်တယ်
မာယီကွမ်ကချင်းယွီကိုမျက်နှာသေနဲ့ကြည့်လိုက်တယ်
သူချင်းယွီကိုစောင့်ကြည့်ခန်းထဲမှာမြင်လိုက်တော့ဒီအက်စီးဒန့်ရဲ့အကြောင်းရင်းကိုလည်းသိတယ်
မာဝမ်ရှီကိုမေးလိုက်တယ်
'' ဘယ်လိုဖြစ်တာလဲ ''
မာဝမ်ရှီကနှစ်ယောက်ကြားသဘောတူထားတာကိုပြောလိုက်တော့ မာယီကွမ်ခေါင်းငြိမ့်လိုက်တယ်
မာဝမ်ရှီ့အကြောင်းတွေ့လိုက်ပြီးတော့နှစ်ယောက်သားဆွေးနွေးထားတဲ့ပုံစံကိုလည်းစိတ်ကျေနပ်သွားတယ်
အဲ့အချိန်မှာလီဟန်အသံကိုကြားလိုက်ရတယ်
'' မင်္ဂလာပါ မစ္စတာချင်း မနေ့ညက ဟိုတယ်အဆင့်မြင့်ခန်းမှာတည်းတာမလားဗျ ကျွန်တော်က လီဟန်ပါ ဟိုတယ်မန်နေဂျာပါ တွေ့ရတာဝမ်းသာပါတယ်ဗျ ''
အဲ့ကားက အိန်ဂျယ်ချီယင်ဆိုတာသိကတည်းက လီဟန် ချင်းယွီကိုဂရုတစိုက်ဆက်ဆံတော့တယ်
မနေ့ညက လူတစ်ယောက် သိန်း၃၀၀ ကျော်တန်ဖိုးရှိတဲ့ အခန်းတစ်ခန်းငှားသွားတာကိုသတိရသွားတယ် ဒီကိစ္စကြောင့် ဝန်ဆောင်မှုပေးတဲ့ဌာနတစ်ခုလုံးတင်မကဘူး သူပါ လန့်သွားတာ
အဲ့တုန်းကပထမထပ်က လော်ဘီမှာမဟုတ်တော့ ဧည့်သည်ကိုမတွေ့လိုက်ဘူး ဒါပေမဲ့ ချင်းယွီကို ငွေရှင်းတုန်းက ပုံထဲမှာတွေ့လိုက်တယ်
အခုတော့ငါသူ့ရှေ့မှာရပ်နေပြီ
လီဟန်ကိုတွေ့တော့ချင်းယွီးပြုံးပြပြီးနှုတ်ဆက်လိုက်တယ်
မန်နေဂျာလီကသူဒီဟိုတယ်မှာနေနေတယ်ဆိုတာသိလောက်တယ်ဆိုတော့သူပေါ့ပေါ့ပါးပါးပဲ ပြန်ဖြေလိုက်တယ်
'' ဟုတ်ပါတယ် မန်နေဂျာလီ ကျွန်တော်ပါ ''
လီဟန်ဒီလူ့ကိုသိတာတွေ့ရတော့မာယီကွမ်အံ့သြပြီးပြောလိုက်တယ်
'' မန်နေဂျာလီသူ့ကိုသိတာလား ''
လီဟန်မြန်မြန်ပဲဖြေလိုက်တယ်
'' မန်နေဂျာမာ ဒီလူကမစ္စတာချင်းပါ ဟိုတယ်အဆင့်မြင့်ခန်းမှာတည်းနေတဲ့ဧည့်သည်ပါ ''
''ဪ '''
မာယီကွမ် ခေါင်းငြိမ့်လိုက်တယ် စိတ်ထဲမှာတော့အဆင်ပြေမနေဘူး
သူက အဆင့်မြင့်ခန်းမှာနေနေတဲ့ဧည့်သည်ဆိုတော့ ပုံကြီးချဲ့စရာမလိုတော့ပါဘူး
လီဟန်မဲ့ပြုံးပြုံးလိုက်ပြီးတော့ အသံတိုးတိုးလေးနဲ့ပြောလိုက်တယ်
'' ပြီးတော့သူနေတဲ့အခန်းကတစ်လကိုသိန်း၃၀၀ ကျော်တောင်လေ ''
''ဘာ ''
မာယီကွမ် စိတ်လှုပ်ရှားသွားတယ်
ဟိုတယ်မှာနေဖို့တစ်လကိုသိန်း၃၀၀တောင်သုံးတယ်ပေါ့
သူဒီလိုဧည့်သည်တွေအရင်ကမြင်ဖူးတယ် ဒါပေမဲ့ဒီလိုဧည့်သည်မျိူးကနည်းနည်းပဲရှိတာ
အကုန်လူချမ်းသာတွေကြီးပဲ
'' မစ္စတာချင်းကတော့လူချမ်းသာပဲလား ''
အဲ့လိုတွေးမိသွားတော့မာယီကွမ်ချင်းယွီကိုတိတ်တိတ်လေးကြည့်ပြီးလန့်နေမိတယ်
ဒီလူ့ကြည့်ရတာသာမန်ပိုက်ဆံနည်းနည်းပဲရှိတဲ့ပုံစံ
သူ ချင်းယွီကို ပြုံးပြီးတော့ပြောလိုက်တယ်
'' ကျွန်တော်ကဟိုတယ်မန်နေဂျာ မာယီကွမ်ပါတွေ့ရတာဝမ်းသာပါတယ် ''
'' ဪဟိုတယ်အထွေထွေမန်နေဂျာပဲ ''
ချင်းယွီ အခုမှပဲသိသွားတယ် လော်ဘီမန်နေဂျာကဒီလူ့ကိုတလေးတစားဆက်ဆံတာမဆန်းပါဘူး
ချင်းယွီမာဝမ်ရှီကိုလက်ညိုးထိုးပြီးမေးလိုက်တယ်
''သူကခင်ဗျားညီမလား ခင်ဗျားညီမပဲ''
မာယီကွမ်တမျိုးဖြစ်သွားပြီးအဆင်မပြေပေမဲ့ ခေါင်းငြိမ့်ပြီးပဲပြောလိုက်တယ်
'' ဟုတ်ပါတယ် ကျွန်တော့်ညီမပါ အကုန်နားလည်မှုလွဲတာပါ နားလည်ပေးပါမစ္စတာ ချင်း ''
'' ချင်းယွီပြုံးပြီးပြောလိုက်တယ်
သူဠေးကတော့တကယ်ပါပဲ နားလည်မှုလွဲတာမျိုးမရှိပါဘူး ဒါပေမဲ့ကားလေးတိုက်မိတဲ့ကိစ္စတော့ဆွေးနွေးထားတာရှိတယ် ခဏနေဆွေးနွေးထားတဲ့အတိုင်းပဲ လုပ်ကြမှာ ''
'' ကောင်းတာပေါ့ဗျာ ''
မာယီကွမ် ဒီကိစ္စရဲ့အကျိုးဆက်ကိုသိလိုက်တယ်
ဆွေးနွေးထားတဲ့အတိုင်းဖြစ်ရင်တော့ကောင်းတာပေါ့
မာဝမ်ရှီ ထူးထူးဆန်းဆန်း မေးလိုက်တယ်
'' ကိုကြီး သူ့ကိုသိတာလား သူလည်းဟိုတယ်ကဧည့်သည်ပဲလား ''
လီဟန်စိတ်ကအလင်းရောင်လိုပဲဖြစ်နေတယ် မာဝမ်ရှီ ချင်းယွီကိုထပ်ပြီးအထင်သေးမှာဆိုးလို့ သူမြန်မြန်ဝင်ပြောလိုက်တယ်
'' မစ္စမာ ဒီပုဂ္ဂိုလ်က တစ်လစာအဆင့်မြင့်ခန်းအတွက်သိန်း၃၀၀ ကျော်သုံးခဲ့တယ်ဆိုတာမသိပါဘူး ''
''ဘာ တစ်လကိုသိန်း၃၀၀တောင်''
မာဝမ်ရှီ နောက်ဆုတ် သွားပြီး သူသွားစတဲ့သူကသာမန်လူမဟုတ်ဘူးဆိုတာအဲ့ကျမှပဲသိတော့တယ်
တစ်လကိုသိန်း၃၀၀ ကျော်တောင်....
တစ်ရက်ကို ယွမ်(..)လောက်ရှိတယ်
သူဆိုတစ်ရက်ပဲနေဖို့လာခဲ့တာ
တစ်ညကိုတစ်ထောင်ပဲသုံးမှာသူတည်းမဲ့အခန်းကလည်းသာမန်အခန်းပဲ
သူတို့နှစ်ယောက်ကြားကအခြေအနေတွေက ကမ္ဘာခြားနေတာပဲ
ဒီလိုသာဆို တစ်ဖက်လူက ငွေလိုမှာမဟုတ်ဘူး
'' လူချမ်းသာဒုတိယမျိုးဆက်များလား ''
အဲ့လိုတွေးမိလိုက်တော့ စိတ်ထဲမသက်မသာဖြစ်လာတယ်
ဒါပေမဲ့ငါ့အစ်ကိုလည်းရှိနေတာပဲ
ပြီးတော့သူက ဒီကြယ်၇ပွင့်ဟိုတယ်ရဲ့ အထွေထွေမန်နေဂျာလေ
သူဒုတိယမျိုးဆက်ကိုသွားစမိရင်တောင်အဲ့လောက်ပြဿနာအကြီးကြီးဖြစ်လာမှာမဟုတ်ဘူး
မာဝမ်ရှီငြိမ်ငြိမ်လေးပဲနေနေလိုက်တယ်
ဒါပေမဲ့သူ့စိတ်ကတော့စိတ်တိုက်စိတ်ပူနေမိတယ်
'' လူတွေအများကြီးပဲ လော်ဘီထဲသွားပြီးနားကြရအောင်လေ ကားသော့ကို ဒီကလုံခြုံရေးတွေကိုပေးခဲ့လို့ရပါတယ် ''
လီဟန်နည်းနည်းလောက်တိတ်နေတာကိုခံစားမိတယ် လူတွေအများကြီးရှိနေတော့စကားပြောရတာလည်းအဆင်မပြေလို့အကြံပေးလိုက်တာပါ
ချင်းယွီလည်းလူတွေအများကြီးကြည့်နေတာကိုတွေ့တယ် ပြီးတော့လူတွေကပိုပိုများလာတော့ ဒီမှာဆက်ရပ်နေရင်မကောင်းဘူး
အဲ့တော့သူလည်းသဘောတူလိုက်တယ်
ကားပြင်မဲ့သူတွေကိုစောင့်ရမှာသာမဟုတ်ရင်သူအစောကြီးကတည်းကထွက်သွားပြီးနေပြီ
သူ့အခန်းသူပြန်ပြီးအေးဆေးနေတာပဲကောင်းတယ်မလား
အစ်ကိုနဲ့အစ်မမာလည်း သဘောတူလိုက်တယ် ဟိုတယ်ထဲကိုဝင်သွားကြတယ်
နှစ်ဖက်လုံးထွက်သွားတော့ ကြည့်နေတဲ့သူတွေလည်းတစ်ယောက်ပြီးတစ်ယောက်ပြန်ထွက်သွားကြတယ်
လူနည်းနည်းလောက်ကတော့ဆက်ပြီးဟိုပြောဒီပြော ပြောနေကြတယ်
အဲ့အချိန်မှာပဲ ကားတစ်စီးဟိုတယ်ထဲကိုရုတ်တရက်မောင်းဝင်လာတယ်
'' မဖြစ်နိုင်တာ''
ဘာလို့ဆိုဒီကားက GODOX T700 လပ်ဘေရာ်ဂနီပဲ ကားအရောင်ကလည်းအစိမ်းရောင်ပဲ အတိုက်ခံလိုက်ရတဲ့ကားနဲ့တစ်ပုံစံတည်းပဲ
တစ်ခုပဲကွာတာက အရောင်ကနည်းနည်းဟောင်းနေတယ်
တိုက်မိတော့မလိုတောင်ဖြစ်သွားတယ်
တကယ်တော့မတိုက်မိပေမဲ့ အသံကအစတစ်ပုံစံတည်းပဲ
ကားလိုင်စင်ကတ်ပြားကလည်း နယ်ခံလိုင်စင်ပဲ စူးရှရှမျက်လုံးတွေနဲ့လူတစ်ယောက်ကတော့ဒီကားမောင်းလာတဲ့သူကို မှတ်မိတယ်
''ဂျန်ရှန်းပဲ ဂျန်မိသားစုရဲ့ ဒုတိယမျိုးဆက် ''
'' သာမန်အချိန်မျိုးမှာစူကိုမြင်ရမယ်လို့တွေးတောင်မတွေးဖူးဘူး ဒီနေ့နှစ်စီးတောင်မြင်ရတယ် မျက်လုံးအစာကျွေးရတာပဲ ''
ဟိုတယ်ကိုအားကစားလုပ်ဖို့လာတဲ့ဂျန်ရှန်း...သူကဟိုတယ်Gymမှာဗီဗီအိုင်ပီပဲ တစ်လကိုတစ်ခါနှစ်ခါတော့လာတတ်တယ်
ဟိုတယ်ဝင်ပေါက်ထိကားမောင်းလာပြီး ကားသော့ကို ဟိုတယ်ဝန်ထမ်းကိုပေးလိုက်တယ်
ကားတစ်ဖက်ကဆင်းလာတဲ့ စကပ်တိုတိုဆံပင်ပြာပြာမိန်းကလေးနဲ့ဟိုတယ်ထဲကိုဝင်တော့မဲ့အချိန်မှာ
ရုတ်တရက်တစ်ခုခုဖြစ်တယ်ထင်လို့ဟိုဟိုဒီဒီကြည့်လိုက်တော့ လူတွေအများကြီးသူကိုဝိုင်းကြည့်နေတာကိုတွေ့လိုက်ရတယ်
'' ဘာဖြစ်နေကြတာလဲ ဘာလို့ထူးဆန်းနေကြတာလဲ ''
ဘာမှမသိဘဲ သူလျှောက်ကြည့်လိုက်တော့ ဘေးမှာကားနှစ်စီးတိုက်မိထားတာကိုတွေ့လိုက်တယ်။