← Chapters

ပြေးပေါက်ဟူ၍ မရှိ

Vol. 87 Ch. 1125

ပြေးပေါက်ဟူ၍ မရှိ

Vol. 87 Ch. 1125

ထိုနေ့တွင် စီရင်စုကိုးစုစလုံး ဝရုန်းသုန်းကား ပွက်လောရိုက်ကုန်သည်။ ဆက်တိုက် ထွက်လာသော သတင်းများက စီရင်စုကိုးစုစလုံးအား တုန်လှုပ်ပြီးရင်း တုပ်လှုပ်နေစေတော့သည်။

“ချုန်းထူရှေးဟောင်းနတ်ဘုရားက အလောင်းတောင် အပြည့်အစုံမရှိဘဲ သေသွားတာတဲ့လား..”

“ချန်းထူရှေးဟောင်းနတ်ဘုရား ခရီးသွားရင်း သေသွားတယ်တဲ့..”

“ခိုက်ထူရှေးဟောင်းနတ်ဘုရား သေသွားပြီ”

“ပိုင်ထူရှေးဟောင်နတ်ဘုရားက ခေါင်းပြတ်ကြီးနဲ့ ဝိညာဉ်သုံးခုလည်း ပြိုကွဲလို့တဲ့ဟ”

“ယ‌င်ထူရှေးဟောင်းနတ်ဘုရားဆိုရင် အပြင်မှာ ဒဏ်ရာတောင် မတွေ့ရဘူး... အိပ်မက်ထဲမှာ အသတ်ခံခဲ့ရတာလို့ ကြားတယ်”

“တောက်ထူရှေးဟောင်းနတ်ဘုရားလည်း ဘိုးဘေးမြေထဲမှာ အသတ်ခံလိုက်ရပြီ”

….

အမင်္ဂလာသတင်းများသည် တောင်ပံများ ပေါက်နေသည့်အလား စီရင်စုကိုးစုနှင့် ထောက်တိုင်သုံးတိုင် ကောင်းကင်ဘုံများတလျှောက် ပျံသန်းနေကြသည်။ ထောက်တိုင်ကောင်းကင်ဘုံသုံးဘုံရှိ နတ်ဘုရားများမှာ တည်ကြည်လေးနက်နေသော မျက်နှာအမူအရာများဖြင့် ထိုင်နေကြလေသည်။

သတင်းများကို လက်ခံရရှိပြီးနောက် သူတို့သည် ရှန်းထူရှေးဟောင်းနတ်ဘုရားကဲ့သို့ ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်မနေဘဲ ချက်ချင်း လူစုခဲ့ကြ၏။ ထိုသို့လုပ်ခြင်းဖြင့် လျှပ်တပြက် အသတ်ခံရမည့်ဘေးမှ လွတ်မြောက်လိမ့်မည်ဟု ခံစားကြရသည်။

“သတင်းတွေအရ စီရင်စုကိုးစုရဲ့ ရှေးဟောင်းနတ်ဘုရားတွေ ရှင်းပစ်ခံလိုက်ရပုံပဲ”

ပထမထောက်တိုင် ရှေးဟောင်းနတ်ဘုရား၏ မျက်နှာအမူအရာသည် တည်ကြည်လေးနက်နေ၏။ သူ့အသွင်က အစိမ်းရောင်မျက်နှာနှင့် ငေါထွက်နေသော သွားစွယ်တို့ဖြင့် တစ္ဆေဘုရင်တစ်ကောင်နှင့် တူသည်။ သူက အသံကို နှိမ့်ကာ ပြောသည်။ “ငါးရက်အတွင်း ပိုင်ထူစီရင်စုကနေ ရှန်းထူစီရင်စုအထိ ရှေးဟောင်းနတ်ဘုရားကိုးပါး အသတ်ခံခဲ့ရတယ်… ဒီဖြစ်ရပ်တွေအရ တိုက်ခိုက်ခဲ့တဲ့ပုံက မမျှတာ သိသာတယ်.. လူသတ်သမားက လျှောက်သွားနေရင်း စီရင်စုကိုးစုက ရှေးဟောင်းနတ်ဘုရားတွေ သတင်းမရခင် ဘိုးဘေးမြေထဲ ခိုး၀င်ပြီး သတ်ခဲ့တာပဲ”

ဒုတိယထောက်တိုင် ရှေးဟောင်းနတ်ဘုရားတွင်မူ အနီရောင်မျက်နှာနှင့် ငေါထွက်နေသော သွားစွယ်များရှိသည်။ သူက မျက်မှောင်ကြုတ်၍ ပြောသည်။ “ငါတို့က အားမနည်းဘူး … ဒီနှစ်‌တွေအတွင်း ငါတို့အားလုံး ကိုယ်ပိုင်တာအိုလမ်းစဉ်တွေကို လေ့လာနေခဲ့တာမဟုတ်လား… ငါတို့အစွမ်းအစတွေကလည်း အားကောင်းလာခဲ့ပြီးပြီ…. အကြမ်းဖျင်းပြောရရင် ကောင်းကင်နတ်အရှင်ဆယ်ပါးနဲ့တော့ မယှဉ်နိုင်ပေမယ့် ငါတို့အနေနဲ့ ဧကရာဇ်ပလ္လင်အဆင့် အဆင့်မြင့်သိုင်းပညာရှင်တွေကိုတော့ ယှဉ်နိုင်သင့်တယ်မဟုတ်လား….စီရင်စုကိုးစုရဲ့ ရှေးဟောင်းနတ်ဘုရားကိုးပါးက ပြန်တောင် မခုခံနိုင်ဘဲ ဘယ်လိုလုပ် သေသွားရတာလဲ”

တတိယထောက်တိုင် ရှေးဟောင်းနတ်ဘုရားက ပြောသည်။ “ငါ သတင်းတွေ ကြားခဲ့တုန်းက ဖြစ်နိုင်ချေတစ်ခုကိုပဲ ကောက်ချက်ချမိတယ်”

သူ့အကြည့်များသည် လင်းခနဲ ဖြတ်ပြေးသွားပြီး သူက ပြောသည်။ “တစ်လောကလုံးရဲ့ နံပါတ်တစ် ရတနာ ထွက်ပေါ်လာခဲ့ပြီ”

သူ ထိုသို့ပြောလိုက်သည်နှင့် ကျန်ရှေးဟောင်းနတ်ဘုရားနှစ်ပါးမှာ အံ့အားသင့်သွားပြီး မယုံကြည်နိုင်သော မျက်နှာအမူအရာများ ဖြစ်ကုန်ကြသည်။

“စီရင်စုကိုးစုက ငါတို့ရဲ့ ရှေးဟောင်းနတ်ဘုရား သွေးသောက်ညီအစ်ကိုတွေကို မြန်မြန် သတ်နိုင်ဖို့ဆို ‌တစ်လောကလုံးရဲ့ နံပါတ်တစ် ကောင်းကင်ရတနာ လိုအပ်တယ်… ပြီးတော့ လူသတ်သမားကို ငါ သိတယ်… ကောလဟာလတွေအရ သူက နံပါတ်တစ် ကောင်းကင်ဆရာသခင် လုံရှန်းဆန်းရန်ပဲ”

တတိ‌ယထောက်တိုင် ရှေးဟောင်းနတ်ဘုရားက ဆက်ပြောသည်။ “အနောက်ကောင်းကင်ဘုံ မဟူရာနတ်မင်းရဲ့ အငယ်ဆုံးညီလေးဆီကနေ ကြားခဲ့ရတာ…. နှစ်ခြောက်သိန်းတုန်းက ကောင်းကင်နတ်ဘုံ ကွဲထွက်သွားတဲ့ အချိန်မှာ မဟူရာနတ်မင်း၊ ကောင်းကင်ယင်သားတော်က မြောက်နတ်မင်းရွှမ်းဝူရဲ့ ကောင်းကင်နန်းဆောင်ကို သွားခဲ့ပြီး အဲ့ဒီမှာ လုံရှန်း‌ဆန်းရန်နဲ့ တွေ့ခဲ့ရတယ်… လုံရှန်းဆန်းရန်က ဖန်သားကောင်းကင်စေတီကို သုံးပြီး ကောင်းကင်နတ်မြစ်စစ်တပ်ရဲ့ သန်းနဲ့ချီတဲ့ နတ်ဘုရားတွေ၊ မိစ္ဆာတွေကို သတ်ဖြတ်ခဲ့တယ်…. အဲ့ဒီတုန်းက နံပါတ်တစ် ကောင်းကင်ဆရာသခင်ဖြစ်တဲ့ ရှန့်ပင်းယင်တောင် သုံးခါလောက် လက်ရည်ချင်းယှဉ်ပြီး ‌သွေးအန်ခဲ့ရတယ်…. အဲ့နောက်တော့ ရှန့်ပင်းယင် စိတ်ဓာတ်ကျခဲ့ပြီး နောက်ထပ် နှစ်တစ်သောင်းကြာတဲ့အထိ ရှုံးခဲ့ရတဲ့ အဲဒီခံစားချက်ကနေ မရုန်းထွက်နိုင်ခဲ့ဘူး…. ကံမကောင်းစွာနဲ့ ယွဲ့ထင်းကဲက သူ့နေရာကို အစားထိုးဝင်လာခဲ့တော့တာပဲ…”

သူသည် ငေးငိုင်နေပြီး သူ့မျက်နှာတွင် ထိတ်လန့်ခြောက်ခြားနေသည့် မျက်နှာအမူအရာများ အတိုင်းသား ပေါ်နေသည်။ သူ စကားပြောချိန်တွင် သူ့အသံမှာ အနည်းငယ် ကွဲအက်နေ၏။ “အဲ့ဒီအချိန်တုန်းက ရှန့်ပင်းယင်က ကောင်းကင်နတ်မြစ်ရေတပ်၊ နတ်သိုင်းတပ်ဖွဲ့နှစ်ဖွဲ့နဲ့ မြောက်ပိုင်းဂိုဏ်းစစ်တပ်လို အင်အားတွေ ထိန်းချုပ်ခဲ့တာ… အဲ့ဒီအင်အားစုတွေက အမိကမ္ဘာမြေကိုတောင် နှိမ်နင်းနိုင်ဖို့ လိုအပ်တာထက် ပိုသေးတယ်…. ဒါပေမဲ့ လုံရှန်းဆန်းရန်က ကောင်းကင်နတ်သိုင်းပညာရှင်အချို့ရယ်၊ မဟူရာလိပ်နန်းတော်က နတ်ဘုရားနဲ့ မိစ္ဆာတွေရဲ့ အကူအညီနဲ့ အဲ့ဒီနတ်ဘုရားနဲ့ မိစ္ဆာစစ်တပ်ကြီးတွေရဲ့ အင်အားထက်၀က်ကို ချေမှုန်းခဲ့တယ်…”

ကျန်ရှေးဟောင်းနတ်ဘုရားနှစ်ပါးတို့၏ မျက်နှာထက်တွင် ကြောက်ရွံ့မှုများ ‌ပေါ်မလာဘဲ မနေတော့ချေ။

ကောင်းကင်နတ်ဘုံ၏ အင်အားကို သိရလေလေ၊ ကောင်းကင်နတ်ဘုံကို ကြည်ညိုလေးစား ကြောက်ရွံ့လေလေဖြစ်ပြီး တွန်းလှန်ရန် ရှိန်သွားတတ်ကြသည်။

ကောင်းကင်နတ်ဘုံ ကွဲထွက်သွားသည့် ထိုအချိန်တုန်းက သူတို့ ရှိနေခဲ့ကြသဖြင့် အခြေအနေများ မည်မျှ သစ္စာမဲ့ဖောက်ပြားခဲ့သည်ကို ကောင်းကောင်းသိကြလေသည်။

ကောင်းကင်နတ်ဘုံသည် နတ်မင်းလေးပါး ထွက်မသွားနိုင်အောင် မဟာစစ်တပ်ကြီးလေးဖွဲ့အား စေလွှတ်ကာ တားဆီးစေခဲ့သည်။ သို့သော် အားလုံးရှုံးနိမ့်ခဲ့ပြီး ကောင်းကင်နတ်အရှင်ဟွေ့မှာ တောင်နတ်မင်းကျုချွဲကြောင့် အပြင်းအထန် ဒဏ်ရာရခဲ့လေသည်။

သို့သော် ကြောက်မက်ဖွယ်အကောင်းဆုံး စစ်ပွဲကား မဟူရာလိပ်နန်းတော် တားဆီးခံခဲ့ရသည့် ကောင်းကင်နတ်မြစ်အထက်၌ ဖြစ်ပွားခဲ့သည်။ ကောင်းကင်နတ်မြစ်စစ်တပ်၏ အင်အားမှာ ထိုဖြစ်ရပ်ပြီးနောက် အ‌တော်လေး လျော့ကျသွားခဲ့ပြီး နှစ်အတော်ကြာသည်အထိ ပြန်နလန်မထူနိုင်ခဲ့ချေ။

သို့သော် ပို၍သက်ရောက်မှုကြီးမားသည့် ဖြစ်ရပ်ကတော့ တစ်လောကလုံး၏ နံပါတ်တစ် ကောင်းကင်ရတနာ ဖန်သားကောင်းကင်စေတီ ခိုးယူခံခဲ့ရသည့် ဖြစ်ရပ်ပင်။ ထိုစဉ်အခါတုန်းက ထိုကိစ္စနှင့် ပတ်သက်ပြီး ဇာတ်လမ်းအမျိုးမျိုး ပျံ့နှံ့လာခဲ့သော်လည်း တကယ့်ဇာတ်လမ်းအား သိသူ အနည်းငယ်သာ ရှိပေသည်။

“အဲ့ဒီတုန်းက လုံးရှန်းဆန်းရန်က ကောင်းကင်နတ်ဘုံရဲ့ မဟာစစ်တပ်ကြီးကို ချေမှုန်းပြီးတဲ့အချိန်မှာ ဖန်သားကောင်းကင်စေတီကို ခိုးယူပြီး အစအနရှာမရအောင် ပျောက်သွားခဲ့တယ်”

တတိယထောက်တိုင် ရှေးဟောင်းနတ်ဘုရားက ပြော၏။ “အဲ့ဒီအချိန်တုန်းက ကောင်းကင်ယင်သားတော်လည်း မဟူရာလိပ်ကောင်းကင်နန်းဆောင်မှာ ရှိနေခဲ့တော့ အတွင်းသတင်းတွေ သိခဲ့ရတယ်တဲ့…. ကောင်းကင်ယင်သားတော် အဲ့ဒီကိစ္စကို မတော်တဆ လွှတ်ခနဲ ပြောခဲ့မိလို့ ငါလည်း သိခဲ့ရတာ”

ထောက်တိုင်ကောင်းကင်ဘုံများတွင် ရှေးဟောင်းနတ်ဘုရား စုစုပေါင်းရှစ်ဦး ရှိကြ၍ ထောက်တိုင်ကောင်းကင်ဘုံများအား ထောက်တိုင်ရှစ်တိုင် ကောင်းကင်ဘုံအဖြစ် ခေါ်တတ်ကြသည်။ အနောက်ကောင်းကင်တွင် ထောက်တိုင်ကောင်းကင်ဘုံသုံးဘုံ၊ အရှေ့ကောင်းကင်တွင် လေးဘုံနှင့် မြောက်ကောင်းကင်တွင် တစ်ဘုံ ရှိ၏။ မြော‌က်ကောင်းကင်ရှိ ထောက်တိုင်ကောင်းကင်ဘုံ၏ ရှေးဟောင်နတ်ဘုရားမှာ အငယ်ဆုံး ဖြစ်သည်။

“အဲ့ဒီတိုက်ပွဲကြောင့် လုံရှန်းဆန်းရန်ဟာ နံပါတ်တစ် ကောင်းကင်ဆရာသခင်အဖြစ် သတ်မှတ်ခံခဲ့ရတယ်…. ပြီးတော့ သူက ဖန်သားကောင်းကင်စေတီနဲ့အတူ ပျောက်ကွယ်သွားပြီး နှစ်ခြောက်သိန်းကြာတဲ့အထိ ပြန်မတွေ့ခဲ့ရဘူး…. ဒါကြောင့် နဂါးဟန်ခေတ်ရဲ့ မဖြေရှင်းနိုင်တဲ့ အမှုတစ်ခု ဖြစ်လာခဲ့တယ်…. သူ ပြန်ပေါ်လာတဲ့ ရည်ရွယ်ချက်က ငါတို့ ရှေးဟောင်းနတ်ဘုရားတွေကို သတ်ဖြတ်ဖို့ ဖြစ်နေမယ် မထင်ထားခဲ့ဘူး…”

တတိယထောက်တိုင် ရှေးဟောင်းနတ်ဘုရားက ပြောသည်။ “ငါတို့ သေဖို့ ဒီမှာ ထိုင်စောင့်နေလို့မဖြစ်ဘူး”

ကျန်ရှေးဟောင်းနတ်ဘုရားနှစ်ပါးက မျက်ခုံးများ တွန့်ချိုး၍ ပြောကြသည်။ “လုံရှန်းဆန်းရန်က ဟိုးနှစ်ပေါင်းခြောက်သိန်းတည်းက အင်မတန် အစွမ်းထက်နေပြီလေ….အခုဆို ပို‌လို့တောင် စွမ်းအားကြီးလာမှာပဲ…. သူ့မှာ တစ်လောကလုံးရဲ့ နံပါတ်တစ်ရတနာ ဖန်သားကောင်းကင်စေတီလည်း ရှိသေးတယ်… ငါတို့ သူ့ကို ဘယ်လိုအနိုင်ယူနိုင်မှာလဲ… ငါတို့ကို စောင့်နေတာ သေမင်းပဲ ရှိတယ်…. သူ အခုတောင် ငါတို့ကို သတ်ဖို့ လာနေပြီလား မသိဘူး…”

တတိယရှေးဟောင်းနတ်ဘုရားသည် ပြုံးလိုက်၏။ “ဒါကြောင့် ပြေးနိုင်တုန်း ပြေးရမှာပေါ့”

သူက ထရပ်လိုက်ရင်း ဆိုသည်။ “ဘိုးဘေးမြေတွေကို စွန့်ခွာပြီး အနောက်ကောင်းကင်ရဲ့ အဖြူရောင်နတ်မင်းဆီ သွားကြစို့….. အဲ့ဒီ လုံရှန်းဆန်းရန် ဘယ်လောက်ပဲ အစွမ်းထက်ပါစေ အဖြူရောင်နတ်မင်းကိုတော့ ‌တိုက်ခိုက်ရဲမှာမဟုတ်ဘူး…”

“ဘိုးဘေးမြေကို စွန့်ခွာရမှာလား…..” ရှေးဟောင်းနတ်ဘုရားနှစ်ပါးမှာ အနည်းငယ် ချိတုံချတုံ ဖြစ်နေကြသည်။

တတိယထောက်တိုင် ရှေးဟောင်းနတ်ဘုရားက မေးသည်။ “မင်းတို့ မစွန့်ခွာရင် သေရလိမ့်မယ်….စွန့်ခွာရင်တော့ အသက်ရှင်နိုင်ချေရှိတယ်…. ဘယ်လိုဆုံးဖြတ်မှာလဲ”

ရှေးဟောင်းနတ်ဘုရားနှစ်ပါးက ထရပ်၍ ပြိုင်တူပြောလိုက်ကြသည်။ “ဘိုးဘေးမြေတွေက ငါတို့အသက်လောက် အရေးမပါဘူး… သွားကြစို့”

ရှေးဟောင်းနတ်ဘုရားသုံးပါးသည် ခန္ဓာကိုယ်များကို အလျင်အမြန် ချုံ့၍ တတိယထောက်တိုင်ကောင်းကင်ဘုံမှ ပျံသန်းထွက်ခွာသွားကြကာ အဖြူရောင်နတ်မင်း၏ စွမ်းအင်အကူးအပြောင်းတံတားဆီ ဦးတည်သွားသော အလင်းတန်းသုံးတန်းအဖြစ် ပြောင်းလဲသွားကြ၏။ နှစ်ရက်ကြာပြီးနောက် တံတားဆီ ရောက်လာကြသည်။ စွမ်းအင်အကူးအပြောင်းတံတားကို ဖြတ်သန်းပြီးနောက် အနောက်ကောင်းကင်ထဲ ရောက်သွားချေပြီ။

အနောက်ကောင်းကင်သည် အဖြူရောင်နတ်မင်း၏ ကောင်းကင်နန်းဆောင် ဖြစ်သည့်အလျောက် အင်မတန် ကြီးကျယ်ခမ်းနား၍ ကောင်းကင်နတ်ဘုံ၊ အရှေ့ကောင်းကင်၊ တောင်ကောင်းကင်၊ မြောက်ကောင်းကင်နှင့် မင်တုကဲ့သို့ နေရာများဆီ ဆက်သွယ်ထားသော စွမ်းအင်အကူးအပြောင်းတံတား ဆယ်စင်းထက်မနည်း ရှိလေသည်။

ကောင်းကင်နန်းဆောင်ထဲတွင် အဆောက်အဦးများစွာ ရှိသဖြင့် စွမ်းအင်အကူးအပြောင်းတံတားများ တည်ဆောက်ရန် နေရာမရှိချေ။ ထို့ကြောင့် နန်းဆောင်ပတ်ပတ်လည်တွင်သာ တည်ဆောက်ခံထားရသည်။

ယနေ့တွင် အဖြူရောင်နတ်မင်းသည် သူ့ကောင်းကင်နန်းဆောင်ရှိ နတ်ဘုရားမိစ္ဆာများကို ကောင်းကင်နတ်ဘုံဆီ ခေါ်သွားပြီး ကောင်းကင်နတ်ဘုံမှတစ်ဆင့် မဟာလေဟာနယ်အား ဝင်ရောက်ရန် စီစဉ်ထား၏။ ထို့ကြောင့် ကောင်းကင်နန်းဆောင်ထဲတါင် မင်းသားချင်းကျုံး ကျန်ရစ်ခဲ့သည်။

“ကောင်းကင်နတ်ဘုံက အဖြူရောင်နတ်မင်းရဲ့ တပ်ဖွဲ့တွေကိုတောင် ဆင့်ခေါ်ထားတာပဲ…မဟာလေဟာနယ်က သိမ်းပိုက်ဖို့ အဲ့လောက်တောင် ခက်တာလား”

ရှေးဟောင်းနတ်ဘုရားသုံးပါးမှာ အံ့အားသင့်သွားပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ “မင်းသားချင်းကျုံးက စွမ်းအားကြီးကောင်း ကြီးလိမ့်မယ်… ဒါပေမဲ့ သူ့အနေနဲ့ လုံရှန်းဆန်းရန်ကို ရင်ဆိုင်ဖို့ ခက်ခဲလိမ့်မယ်….. ငါတို့ ဒီကနေ ကောင်းကင်နတ်ဘုံဆီ သွားကြရင်ရော…”

ဒုတိယထောက်တိုင် ရှေးဟောင်းနတ်ဘုရားက ဆိုသည်။ “ငါ ထွက်ပြေးလာတဲ့ ရက်တွေမှာ ဘာမှသိပ်မစားခဲ့ရဘူး… အရင် အစာစားကြရင်ရော..”

ကျန်ရှေးဟောင်းနတ်ဘုရားနှစ်ပါးမှာလည်း သူ့စကားကြောင့် ဗိုက်ဆာလာကြသည်။ “ကောင်းကင်နတ်ဘုံမှာက စည်းကမ်းတွေအများကြီးပဲ…. လွတ်လွတ်လပ်လပ် စားဖို့ ခက်လိမ့်မယ်… မင်းသားချုံးကျုံးဆီမှာပဲ နည်းနည်း စားသွားကြစို့”

ရှေးဟောင်းနတ်ဘုရားသုံးပါးသည် အဖြူရောင်နတ်မင်း ကောင်းကင်နန်းဆောင်အောက်သို့ ပျံသန်းသွားကြ၏။ ၎င်းအောက်တွင် အဖြူရောင်နတ်မင်း ကောင်းကင်နတ်ဘုံထံမှ ငှားယူလာခဲ့သော ကြီးထွားခြင်းမြေဆီလွှာဖြင့် ဖန်တီးထားသော ကုန်းမြေကြီးတစ်ခု ရှိလေသည်။

၎င်းပေါ်တွင် သက်ရှိများစွာ နေထိုင်ကြသည်။ သို့သော် ဘ၀များမှာ ခက်ခဲကြမ်းတမ်းလှသည်။

ရှေးဟောင်းနတ်ဘုရားသုံးပါး ပျံသန်းလာစဉ် အောက်တွင် မြို့တစ်မြို့ တွေ့လိုက်ရသည်။ မြို့မှာ ပျက်စီးနေသော်လည်း လူဦးရေအသင့်အတင့်ရှိလေသည်။ သူတို့က ၎င်းမြို့ဆီသို့ အလျင်အမြန် ဦးတည်သွားကြသည်။

ထိုမြို့၏ ကောင်းကင်နတ်သိုင်းပညာရှင်များက ထို‌ရှေးဟောင်းနတ်ဘုရားသုံးပါး ဆင်းသက်လာသည်ကို မြင်လျှင် အလျင်အမြန် ခံစစ်ပြင်လိုက်ကြသည်။ သို့သော် ပထမထောက်တိုင် ရှေးဟောင်းနတ်ဘုရား သူတို့ဘေးမှ ဖြတ်သွားသည်နှင့် သူတို့အားလုံး ပြာကျသွားကြ၏။

မြို့တွင် အစတည်းက ကောင်းကင်နတ်သိုင်းပညာရှင်များစွာ မရှိချေရာ ယခုတော့ သာမန်လူများသာ ရှိတော့သည်။ သူတို့မှာ တစ်ယောက်ကိုတစ်ယောက် ဖက်လျက် ငိုကြွေးနေကြသည်။

ရှေး‌ဟောင်းနတ်ဘုရားသုံးပါးက စိတ်ရှိတိုင်း စားသောက်နေကြ၏။ ထိုရွာသားများ မည်မျှပင် ကြိုးစားပါစေ မလွတ်မြောက်နိုင်ကြချေ။

အာဟာရပြတ်လပ်၍ အရိုးစုအလား ပိန်လှီနေသည့် အပြစ်ကင်းစင်သော ကလေးမလေးတစ်ဦးသည် အသားစအချို့သာ ကပ်နေသည့် အရိုးတစ်ချောင်း ကိုင်ကာ ရှေ့သို့ ဒယိမ်းဒယိုင် လျှောက်လာသည်။ သူမက အရိုးကို ရှေ့ထုတ်၍ ရှက်ရွံ့စွာ ပြောသည်။ “ဦးလေး၊ ဒါကို စားပါနော်… သမီးတို့ကို မစားပါနဲ့”

ပထမရှေးဟောင်းနတ်ဘုရားက သူမကို ဆွဲခေါ်လိုက်ရင်း တဟားဟား ရယ်လေသည်။ “ဦးလေးက အရိုးမစားဘူးကွ…. ဦး‌လေးက လူပဲစားတာ”

သူ ကလေးမလေးအား မြိုချတော့မည့်အချိန် ဓားရောင်တစ်ချက် လင်းလက်သွားသည်။ ပထမထောက်တိုင် ရှေးဟောင်းနတ်ဘုရားမှာ ပြတ်ထွက်သွားသဖြင့် ဒဏ်ရာမှ သွေးများ ပန်းထွက်နေသော သူ့လက်သူ ငေးကြောင်စွာ ကြည့်နေမိသည်။။

နောက်ခဏတွင် သူ့မျက်ခုံးနှစ်ဖက်ကြားမှာ အေးစိမ့်သွားပြီး ဓားကျိုးတစ်လက်သည် သူ့နောက်စေ့ကို ဖောက်၍ အရှေ့မှ ထွက်သွားလေ၏။

ဒုတိယနှင့် တတိယထောက်တိုင် ရှေးဟောင်းနတ်ဘုရားတို့မှာ ထိတ်လန့်သွားကြသည်။ ထိုအချိန် အသံကြီးတစ်သံ ကြားလိုက်ရပြီး ဧရာမထောက်တိုင်ကြီးတစ်တိုင်က မြို့အလယ်သို့ ကျဆင်းလာသည်။ တဖွားဖွား လွင့်ထွက်လာသည့် မြေအစအနများကြားထဲ၌ ထီးရွက်များက တဖျတ်ဖျတ် လှုပ်ခတ်လျက်ရှိချေသည်။

All Chapters