← Chapters

ငါလည်း တစ်ချိန်တုန်းက လူသား ဖြစ်ခဲ့ဖူးတယ်

Vol. 87 Ch. 1127

ငါလည်း တစ်ချိန်တုန်းက လူသား ဖြစ်ခဲ့ဖူးတယ်

Vol. 87 Ch. 1127

ဤရှေးဟောင်းနတ်ဘုရားသာ မွေးဖွားလာပါက ‌မည်သည့်ရှေးဟောင်းနတ်ဘုရားအသွင်ဖြစ်စေ အလိုရှိတိုင်း ပြောင်းလဲနိုင်သဖြင့် ကောင်းကင်နယ်စားမင်း၊ အမိကမ္ဘာမြေနှင့် မြေအောက်ဘုံအရှင်သခင်တို့ပင် ဖြစ်လာနိုင်သည်။ သူတို့၏ စွမ်းအားတို့ကိုပါ ပိုင်ဆိုင်လိမ့်မည်။

ဤသည်ကား ကြောက်စရာမကောင်းလွန်းဘူးလော။

ပို၍ ကြောက်မက်ဖွယ်ကောင်းသည်က ဤရှေးဟောင်းနတ်ဘုရားကား အခြားသူတို့၏ နှလုံးသားကို လှည့်စားရာ၌ ကျွမ်းကျင်နေခြင်းပင်။

အစက ချင်မူသည် နဂါးချီလင်ဖြစ်စေ၊ ဝေစွေ့ဖုန်းဖြစ်စေ၊ သူကိုယ်တိုင်ဖြစ်စေ၊ ဖန်သားကောင်းကင်စေတီနှင့် ထိတွေ့မိသူတိုင်း စေတီအား စွဲလမ်းမိကြသည်ကို ထူးဆန်းသည်ဟု ခံစားခဲ့ရဖူး၏။

နဂါးချီလင် စွဲလမ်းမိသည်ကို နားလည်ပေးနိုင်သေးသည်။ သို့သော် ချင်မူနှင့် ဝေစွေ့ဖုန်းသည် နဂါးဟန်ခေတ်၏ ခက်ခဲသော အချိန်ကာလများကို တွေ့ကြုံဖြတ်သန်းခဲ့ဖူး၍ သူတို့၏တာအိုနှလုံးသားတို့က နှိုင်းယှဉ်မရအောင် ခိုင်မာချေသည်။ သို့ထိတိုင် သူတို့လည်း ရှေးဟောင်းနတ်ဘုရားဥကို စွဲလမ်းခဲ့သောကြောင့် ကိုယ်တိုင်ပင် မသိဘဲ ရတနာအား အရူးအမူးဖြစ်ခဲ့မိကြသည်။

စောစောက ချင်မူ့အသိစိတ်အလျဉ် ရှေးဟောင်းနတ်ဘုရားဥထဲ ၀င်ရောက်ခဲ့စဉ်တုန်းက သူ့တာအိုနှလုံးသား၏ အားနည်းချက် ချက်ချင်း ထုတ်ဖော်ခံခဲ့ရသည်။ သူ့မှာ ဥထဲတွင် မိန်းမောနေခဲ့ပြီး သူ့ကိုယ်သူ ဆွဲမထုတ်နိုင်ခဲ့ချေ။

ထို့အပြင် ချင်မူမှာ သူ့တာအိုနှလုံသား၏ အားနည်းချက်ကို တန်ပြန်တိုက်ခိုက်ရန် ရှေးဟောင်းနတ်ဘုရား ဖန်ဆင်းပြထားသော ပျော်ရွှင်ကြည်နူးဖွယ် အိပ်မက်ကို မဖျက်စီးနိုင်ခဲ့ပေ။ သူက သူ့အသိစိတ်အလျဉ်အမျှင်ကိုသာ ဖယ်ရှားခဲ့၏။

အဓိပ္ပာယ်ကား ချင်မူ့တာအိုနှလုံးသားထဲရှိ အားနည်းချက်ကား ရှိနေဆဲပင်။

သူ့တွင် ထိုအားနည်းချက် ရှိနေသရွေ့ ရှေးဟောင်းနတ်ဘုရားဥကို ဆက်လက် တပ်မက်နေမိလိမ့်မည်။

ထိုအချက်က သူ့ကို အကြောက်ရွံ့စေဆုံး ဖြစ်လေသည်။

ချင်မူမှာ သိသိသာသာ ထိတ်လန့်‌နေလျက် ဖန်သားကောင်းကင်စေတီကို သိမ်းလိုက်သည်။

“ဦးရီးတော်…. အဲ့ဒီကလေးမလေး သေသွားပြီ” ယွီချွီးတုအသံ ‌ထွက်လာသည်။

ချင်မူမှာ စိတ်ကို ငြိမ်အောင် ထိန်းလိုက်ရင်း ‌ရှေးဟောင်းနတ်ဘုရားဥကိစ္စကို ခေါင်းထဲမှ ခေတ္တထုတ်လိုက်သည်။ သူ ရှေ့သို့ကြည့်လိုက်သည့်အခါ ပထမထောက်တိုင် ရှေးဟောင်းနတ်ဘုရားကြောင့် ထိုကလေးမလေး၏ အရိုးအားလုံး ကြေမွနေသည်ကို တွေ့လိုက်ရသည်။ သူမ၏အတွင်းကလီစာများလည်း ပျော့ပြဲစုတ်ပြတ်နေကြပြီး သူမ အသက်မရှူတော့သည်မှာ အချိန်အတော်ကြာခဲ့လေပြီ။

သူမလက်ကလေးက အသားစလေးအနည်းငယ်သာ ကျန်သည့် အရိုးအား ဆုပ်ကိုင်ထားဆဲပင်။

ယွီချွီးတုမှာ ကြေကွဲ၀မ်းနည်းစွာဖြင့် ပြောနေသည်။ “ဒီလိုဖြစ်ရပ်မျိုးက ထောင်နဲ့ချီတဲ့ လောကတွေမှာ ဖြစ်နေကျပဲ… ဦးရီးတော်၊ ဦးရီးတော်က ကောင်းကင်နတ်အရှင်မူဆိုရင်တောင် ဒါကို မပြောင်းလဲနိုင်ဘူး…. ဆရာတောင် ဒါတွေကို မပြောင်းလဲနိုင်ခဲ့ဘူး…”

“သူ့ကို ကယ်လို့ရသေးတယ်”

ချင်မူက ရှေ့သို့ လျှောက်သွားကာ ထိုင်ချလိုက်သည်။ သူ့လက်ချောင်းထိပ်မှ ဖန်ဆင်းခြင်းသင်္ကေတများသည် ခပ်မှိန်မှိန် အလင်းရောင်တစ်ချက်အား တဖျတ်ဖျတ် တောက်ပသွားစေပြီး ကလေးမလေး၏ ခန္ဓာကိုယ်ထဲ ၀င်ရောက်သွားကြ၏။

ချင်မူ၏ ဖန်ဆင်းခြင်းလမ်းစဉ်မှာ နက်နဲသော အဆင့်တစ်ဆင့်သို့ ရောက်ရှိနေပြီဖြစ်သည့်အလျောက် ဤခေတ်၏ အဆင့်အမြင့်ဆုံးဟု ဆိုရမည်။ မကြာမီ ကလေးမလေး၏ ရုပ်ခန္ဓာပေါ်ရှိ ဒဏ်ရာများ ပျောက်ကင်းလာသည်။

ချင်မူက လက်ညှိုးဖြင့် သူမရင်ဘတ်အား ဖြည်ညင်းစွာ ထိလိုက်သည်။ ထိုအခါ သူမနှလုံးသားသည် ပြန်ခုန်လာပြီး ရင်ဘတ်သေးသေးလေးက နိမ့်ချည်မြင့်ချည် ပြန်ဖြစ်လာသည်။

ယွီချွီးတုက မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။ “ဦး‌ရီးတော် ရှေးဟောင်းနတ်ဘုရားတွေရဲ့ နတ်စွမ်းအားက ကြောက်ဖို့ကောင်းတယ်နော်… သူ့ဝိညာဉ်က ပြိုကွဲနေပြီ…. ကယ်လို့မရတော့ဘူး”

ချင်မူက ထရပ်လိုက်သည်။ ကလေးမလေး၏ ခန္ဓာကိုယ်လည်း လေထဲသို့ မြောက်တက်လာပြီး ချင်မူ့ချီစွမ်းအင်များဖြင့် ဝန်းရံသိုင်းခြုံခံထားရသည်။ သူက ‌တည်ကြည်စွာ ပြော၏။ “ကယ်လို့ရတယ်…. ငါက ရှေးဟောင်းနတ်ဘုရားတွေအတွက်ပဲ ပြိုင်ဘက်ကင်း မှော်ဝိဇ္ဇာရှင် မဟုတ်ဘူး”

သူ့အနောက်တွင် ကောင်းကင်နှင့်မြေကြီး၏ ကောင်းကင်တံခါး ဖွဲ့တည်လာသည့်အခါ သူသည် ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်တို့၏ စွမ်းအားကို ငှားယူ၍ ဝိညာဉ်လမ်းညွှန်ကို အသက်သွင်းရင်း ကလေးမလေး၏ ပျက်စီးနေသော အနက်ရောင်ဝိညာဉ်သဲမှုန်များအား လမ်းညွှန်ပေးကာ ဝိညာဉ်ပြန်တည်ဆောက်နေ၏။

ဤအစီအရင်မှာ ထပ်ခါတလဲလဲ ပြုပြင်ပြောင်းလဲပြီးနောက် တိုးတက်လာခဲ့သော ဝိညာဉ်တည်ဆောက်နတ်သိုင်းကွက် ဖြစ်သည်။ တိုးတက်လာသည့်အလျောက် ကွာခြားသွားသည်မှာ ကောင်းကင်အလိုတော်မုခ်ဝ နေရာတွင် ကောင်းကင်နှင့်မြေကြီး၏ ကောင်းကင်တံခါးဖြင့် အစားထိုးခဲ့ရခြင်းပင်။

အမှန်တွင် ချင်မူ့အနေဖြင့် ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်၏ စွမ်းအားကို မငှားယူဘဲ င့် ကလေးမလေးကို ပြန်လည်အသက်သွင်းပေးနိုင်သည်။

သို့သော် ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်ကို တမင်သိစေချင်၍ ယခုလို ငှားယူနေခြင်း ဖြစ်သည်။

ဤသို့အားဖြင့် သူ၏ ရပ်တည်မှုကိုလည်း ထင်ရှားစေမည်။

“ကောင်းကင်နတ်အရှင်မူ…”

‌ကောင်းကင်နယ်စားမင်း၏ အသံသည် ဝေးလံမြင့်မားသော နေရာတစ်နေရာမှ ထွက်ပေါ်လာပြီး သူ့စိတ်ထဲသို့ ၀င်လာကာ သူတစ်ဦးတည်း ကြားရစေသည်။ သူ့အသံအပြင် ရွှမ်တု၏ အမြင့်တစ်နေရာရှိ မျက်ခုံးဖြူဖြူ၊ မုတ်ဆိတ်ရှည်ဖြင့် မျက်လုံးများ ဖြူဆွတ်တောက်ပနေသော ကောင်းကင်နယ်စားမင်းကိုပင် ချင်မူ “မြင်” နေရသည်။

“မင်းက ငါ့စွမ်းအား သုံးပြီး သေမျိုးတစ်ယောက်ကို အသက်ပြန်သွင်းနေတာလား”

ကောင်းကင်နယ်စားမင်းသည် ခံစားချက်မဲ့စွာ မေးနေ၏။ “မင်းက စီရင်စုကိုးစုနဲ့ ထောက်တိုင်ကောင်းကင်ဘုံ ရှေးဟောင်းနတ်ဘုရားတွေကို သတ်ပစ်ခဲ့တယ်… အခု‌ကျ ငါတို့ရဲ့ စွမ်းအားနဲ့ သေမျိုးတစ်ယောက်ကို အသက်ပြန်သွင်းနေပြန်တယ်…. မင်းက ပြိုင်ဘက်ကင်း မှော်ဝိဇ္ဇာရှင်ရော ဟုတ်သေးရဲ့လား”

“ကောင်းကင်နယ်စားမင်း၊ ဒီမှာဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို ကျွန်တော် ခင်ဗျားဆီကနေ ဖုံးကွယ်ထားလို့မရပါဘူး…. ကျွန်တော် စီရင်စိုကိုးစုနဲ့ ထောက်တိုင်ကောင်းကင်ဘုံ ရှေးဟောင်းနတ်ဘုရားတွေကို သတ်ဖြတ်နေတာ ခင်ဗျား မြင်ခဲ့ပေမယ့် မတားခဲ့ဘူးလေ…”

ချင်မူ့အသိစိတ်အလျဉ်က လှိုင်းများ ထန်လျက် ခမ်းနားကြီးကျယ်သော ရှေးဟောင်းနတ်ဘုရားဆီ ပြောနေသည်။ “ဒီနေ့ ကျွန်တော် ခင်ဗျားရဲ့ စွမ်းအားနဲ့ ဒီသေမျိုးရဲ့ ဝိညာဉ်ကို ပြန်တည်ဆောက်ချင်တယ်…. ကျွန်တော် ခင်ဗျားဆီက ငှားယူတဲ့ စွမ်းအားက မပြောပလောက်ပါဘူး…. ခင်ဗျားအတွက် သမုဒ္ဓရာထဲက ရေတစ်စက်လောက်ပဲ ရှိတာ”

ကောင်းကင်နယ်စားမင်းမှာ တခဏ တိတ်ဆိတ်သွားပြီးနောက် မေးသည်။ “မင်း စီရင်စုကိုးစုနဲ့ ထောက်တိုင်ကောင်းကင်ဘုံ ရှေးဟောင်းနတ်ဘုရားတွေကို ပြန်အသက်သွင်းမှာလား”

“မသွင်းဘူး”

ချင်မူ့လေသံကသည် သာမန်နှင့်မတူစွာ တည်ငြိမ်နေပြီး ဖြည်းဖြည်းချင်း ရှင်းပြ၏။ “ကောင်းကင်နယ်စားမင်း၊ ခင်ဗျား ကျွန်တော့်အဖြေကို သိပြီးသားပါ…. ကျွန်တော် သူတို့ကို ပြန်အသက်သွင်းမှာမဟုတ်ဘူး…. ရှေးဟောင်းနတ်ဘုရားတွေက သေမျိုးတွေထက် အခွင့်ထူးခံစားကြရတယ်….ရှေးဟောင်းနတ်ဘုရားတွေ မကောင်းတာလုပ်ရင် ကျွန်တော် သူတို့ကိုလည်း သတ်မှာပဲ”

“ကောင်းတာ၊ မကောင်းတာကို ဘယ်သူက ဆုံးဖြတ်သလဲ”

ကောင်းကင်နယ်စားမင်းက ဆိုသည်။ “ဝံပုလွေစားတာ ခံလိုက်ရတဲ့ သိုးက အပြစ်ကင်းတယ်မလား… သိုးစားတာ ခံလိုက်ရတဲ့ မြက်ကလည်း အပြစ်ကင်းတယ်မလား…. ရှေးဟောင်းနတ်ဘုရားတွေ လူသားတွေကို ယဇ်ကောင်တွေအဖြစ် ဆက်ဆံကြတာ ဝံပုလွေတွေ သိုးကို စားတာနဲ့ အတူတူပဲ မဟုတ်လား…. ကောင်းကင်နတ်အရှင်မူ၊ ကောင်းကင်တာအိုအမြင့်တစ်နေရာကို ရောက်သွားလို့ ပြန်ငုံ့ကြည့်လိုက်ရင် မင်းပြောတဲ့ ကောင်းမှု၊ မကောင်းမှုတွေဟာ ရောနှောနေပြီး ခွဲခြားဖို့ ခက်တယ်ဆိုတာ တွေ့ရလိမ့်မယ်….ကောင်းကင်တာအိုက သမာသမတ်ကျတယ်… သိုးကို စားလိုက်တဲ့အတွက် ဝံပုလွေကို အပြစ်ရှိတယ်လို့ မသတ်မှတ်ဘူး…အဲ့ဒီလိုပဲ မြက်ကိုစားတဲ့ သိုးကိုလည်း အပြစ်ရှိတယ်လို့ မသတ်မှတ်ဘူး”

ချင်မူက တုံ့ပြန်သည်။ “ဒါကြောင့် ကောင်းကင်နယ်စားမင်းက ခင်ဗျား ဖြစ်နေပြီး ကျွန်တော်က ကောင်းကင်နယ်စားမင်း မဟုတ်တာပဲ… ကျွန်တော်က လူသားတွေနဲ့အတူ ရပ်တည်တာမလို့ သူတို့အမြင်အတိုင်းပဲ ကြည့်နိုင်မယ်…. ကောင်းကင်နယ်စားမင်း၊ ခင်ဗျားလည်း တကယ်ကြီး သမာသမတ်ကျမနေပါဘူး… ခင်ဗျားက ရှေးဟောင်းနတ်ဘုရားတွေနဲ့ ရပ်တည်ပြီး သူတို့အမြင်ကနေ လောကကြီးကို ကြည့်တယ်…ရှေးဟောင်းနတ်ဘုရားတွေ တစ်လောကလုံးကို ဖိနှိပ်ပြီး သတ္တဝါတွေကို ယဇ်ကောင်တွေလို သဘောထားနေကြတာ ခင်ဗျား ထိုင်ကြည့်နေနိုင်တယ်…. ဒါ့အပြင် ကျွန်တော် အဲ့ဒီရှေးဟောင်းနတ်ဘုရားတွေကို သတ်ဖြတ်ခဲ့တဲ့အချိန်မှာ ခင်ဗျားနှလုံးသားထဲမှာ ကျွန်တော့်ကို မနှစ်မြို့ခဲ့ဘူး..”

ကောင်းကင်နယ်စားမင်း တိတ်ဆိတ်သွားသည်။

“ဒီကလေးမလေးကို ပြန်အသက်သွင်းပေးဖို့ ခင်ဗျားရဲ့စွမ်းအားကို ငှားပေးနိုင်မလား…”

ကောင်းကင်နယ်စားမင်းသသည် တခဏကြာ ထပ်မံ စဉ်းစားနေပြီးနောက် ပြောပြန်၏။ “ကောင်းကင်နတ်အရှင်မူ၊ ချင်မိသားစုရဲ့ သား‌တော်… မင်း အရာအားလုံးကို မပြောင်းလဲနိုင်ဘူးဆိုတာ တွေးမိရဲ့လား… ရှေးဟောင်းနတ်ဘုရားတွေဟာ ကောင်းကင်နဲ့ မြေကြီးရဲ့ အုပ်ချုပ်သူတွေ မဟုတ်တော့ဘဲ နတ်ဘုရားတစ်ပိုင်းတွေနဲ့ အစားထိုးခံခဲ့ရတယ်…. ဒါတောင်မှ လူသားတွေက ဖိနှိပ်ခံနေရတုန်းပဲ… မင်း ရှေးဟောင်းနတ်ဘုရားတွေကို သတ်ရင် နတ်ဘုရားတစ်ပိုင်းတွေကို အာဏာရအောင် လုပ်ပေးတာနဲ့ မခြားဘူး…. သူတို့ အာဏာကြီးစိုးသွားရင် ထောင်နဲ့ချီတဲ့ ကမ္ဘာလောကတွေက သက်ရှိတွေက ဒီနေ့ထက်သာတဲ့ ဘ၀မျိုးနဲ့ နေကောင်းနေနိုင်မှာမဟုတ်ဘူး”

ချင်မူက ‌မေးခွန်းထပ်မေးသည်။ “ကောင်းကင်နယ်စားမင်း၊ ‌ဒီ သေမျိုးလေးကို အသက်ပြန်သွင်းနိုင်ဖို့ ခင်ဗျားရဲ့ စွမ်းအားကို ငှားပေးနိုင်မလား”

ကောင်းကင်နယ်စားမင်းက အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ပြော၏။ “ငါ့စွမ်းအားကို ငှားပေးမယ်…. ဒါပေမဲ့ မင်း ဒီအတိုင်း ဆက်သွားလို့မရဘူး… စီရင်စုကိုးစုနဲ့ ထောက်တိုင်ကောင်းကင်ဘုံ ရှေးဟောင်နတ်ဘုရားတွေကို မင်း သတ်ခဲ့တဲ့ သတင်းသာ ပေါက်ကြားသွားရင် တခြားရှေးဟောင်းနတ်ဘုရားတွေက မင်းကို ထိပ်တိုက်တွေ့ပြီး မင်းရဲ့ ရန်သူတွေ ဖြစ်လာလိမ့်မယ်”

ချင်မူက ချေပသည်။ “ဒါဖြင့် သူတို့ ကျွန်တော့်လူတွေကို ယဇ်ကောင်တွေအဖြစ် မြိန်ရေယှက်ရေ ထိုင်စားနေတာ ကြည့်နေရမှာလား ... ရယ်ရယ်မောမော အရည်မရအဖတ်မရ စကားပြောနေရမှာလား…. ကောင်းကင်နယ်စားမင်း၊ ကျေးဇူးပြုပြီး ကျွန်တော် ဘာလုပ်သင့်သလဲ လမ်းညွှန်ပေးပါဦး”

ကောင်းကင်နယ်စားမင်းက ဖြေသည်။ “မင်း ကောင်းကင်တာအိုအမြင့်မှာ ရပ်ရင်း သက်ရှိတွေကို ကြည့်ပြီး အားလုံးကို တန်းတူ ဆက်ဆံနိုင်တယ်… ၀င်စွက်ဖက်ဖို့ မလိုအပ်ဘူး”

“အဲ့ဒါကြောင့် ကျွန်တော်က ကောင်းကင်နယ်စားမင်း မဟုတ်တာ”

ချင်မူက ဟက်ခနဲ ရယ်သည်။ “ကျွန်တော်က လူထဲက လူတစ်ယောက်ပဲ….သာမန်လူတစ်ယောက်ပေါ့… ကျွန်တော် ကောင်းကင်နယ်စားမင်းဖြစ်လာရင် ကျွန်တော့်မျိုးနွယ်ကို စွန့်ပစ်ရမှာမလို့ လူသားတစ်ယောက် မဟုတ်တော့ဘူး…. ကောင်းကင်နယ်စားမင်း၊ တကယ်တော့ ရှေးဟောင်းနတ်ဘုရားတွေ ယဇ်ပူဇော်မှုတွေကို ခံစားပျော်မြူးတာနဲ့ ယဇ်ကောင်တွေအပေါ် ငမ်းငမ်းတက်နေတာတွေကို ခင်ဗျား တားလို့ရပါတယ်”

ကောင်းကင်နယ်စားမင်းက သက်ပြင်းချသည်။ “ငါ သူတို့ကို ထိန်းထိန်းသိမ်းသိမ်း နေပြီး မင်းနဲ့ မင်းတို့မျိုးနွယ်ကို တန်းတူညီတူအဖြစ် ‌လေးလေးစားစား ဆက်ဆံဖို့ ငါ ပြောကြည့်မယ်…. ဒါပေမဲ့ အဲ့ဒီလိုလုပ်ဖို့တော့ ဖိအားပေးမှာ မဟုတ်ဘူး…. ကောင်းကင်တာအိုနဲ့ ဆန့်ကျင်နေတယ်”

ချင်မူက ခေါင်းညိတ်၏။

သူက ကောင်းကင်နှင့် မြေကြီး၏ ကောင်းကင်တံခါးကို ဆက်လက်အသက်သွင်းရင်း မြေအောက်ဘုံအရှင်သခင်၏ စွမ်းအားကို ဆွဲယူခံစားနေသည်။

မြေအောက်ဘုံအရှင်သခင်ကလည်း သူ၏ကောင်းကင်နတ်သိုင်းကို ခံစားမိသဖြင့် စွမ်းအားပေးလေသည်။

“မြေအောက်ဘုံအရှင်သခင်၊ ကျွန်တော် ခင်ဗျားရဲ့ စွမ်းအားကို သုံးပြီး ဒီသေမျိုးကို အသက်ပြန်သွင်းမှာ ဘာလို့ မတားတာလဲ”

ချင်မူက မေးသည်။ “ကျွန်တော်က စီရင်စုကိုးစုနဲ့ ထောက်တိုင်ကောင်းကင်ဘုံ ရှေးဟောင်းနတ်ဘုရားတွေကို သတ်ခဲ့တယ်…ရှေးဟောင်းနတ်ဘုရားတွေရဲ့ ပြိုင်ဘက်ကင်း မှော်ဝိဇ္ဇာရှင် ဖြစ်နေတာတောင် သူတို့ကို အသက်ပြန်မသွင်းပေးခဲ့ဘူး.. အဲ့ဒီအစား အရေးမပါတဲ့ သေမျိုးတစ်ယောက်ကို အသက်သွင်းနေတာ… မြေအောက်ဘုံအရှင်သခင် ဒေါသမထွက်ဘူးလား… မတွန့်ဆုတ်ဘူးလား..”

“ငါလည်း တစ်ချိန်က လူသားဖြစ်ခဲ့လို့ ဖြစ်ပါလိမ့်မယ်”

မြေအောက်ဘုံအရှင်သခင်က ဖြေသည်။ “ငါက တစ်ချိန်က လူသားတစ်ယောက်၊ သက်ကြီးရွယ်အိုအမေတစ်ယောက်ရဲ့သား၊ ဇနီးတစ်ယောက်ရဲ့ ခင်ပွန်း အားချို ဖြစ်ခဲ့တယ်…. သူတို့ ငါ့ကို မမုန်းတီးခဲ့ကြဘူး … အဲ့ဒီနောက်ပိုင်း တာအိုကနေ မွေးဖွားလာတဲ့ ငါ့အသိစိတ်အလျဉ်မှာ မတူညီတဲ့ ခံစားချက်တစ်ခု ဖြစ်တည်လာခဲ့တယ်”

သူ့အသံသည် ကြယ်လင်ပြတ်သားသော်လည်း အသံအနေအထား၌ မည့်သည့်ခံစားချက်မှ မရှိပေ။ “ငါက လူသားစိတ်ရဲ့ လွှမ်းမိုးမှုကြောင့် တာအိုကနေ မွေးဖွားလာတဲ့ နတ်ဘုရားစင်စစ် မဟုတ်တော့ဘူးလို့ ယုံကြည်တယ်… ဒါကြောင့် ငါ မင်းကို နားလည်ပေးနိုင်တယ်…. ဒါပေမဲ့ ဒီလူ့စိတ်ကြောင့်ပဲ ငါ ကောင်းကင်နယ်စားမင်းကို မယှဉ်နိုင်တာ”

“ကျွန်တော် နားလည်ပါတယ်”

ချင်မူက ဦးညွှတ်အရိုအသေပေး၍ ကောင်းကင်နတ်သိုင်းကို ဆက်လက်အသက်သွင်းရင်း ကလေးမလေး၏ ဝိညာဉ်အား ပြန်လည်‌တည်ဆောက်ပေးနေသည်။

ထိုအခိုက်အတန့်တွင် မြေအောက်ဘုံအရှင်သခင်မှာ သေးငယ်လှသော စွမ်းအားပမာဏ ဆုံးရှုံးလိုက်ရသည်ကို ခံစားလိုက်ရပြီး ကောင်းကင်နယ်စားမင်းကကတော့ သူ့စွမ်းအားက မလျော့ကျသွားကြောင်း ခံစားလိုက်ရသည်။

ကလေးမလေးသည် နိုးထလာပြီး မျက်လုံးများ ဖြည်းညင်းစွာ ဖွင့်လိုက်၏။

All Chapters