← Chapters

ဓားသမား ... ။

Vol. 157 Ch. 2185

ဓားသမား ... ။

Vol. 157 Ch. 2185

လင်းယွန်မှ ကူကယ်ရာမဲ့စွာ ပြုံးမိသည်။ ပြိုင်ဘက်သည် သူတော်စင်ဝိညာဉ် ဖွဲ့စည်းထား သောကြောင့် အထင်သေး၍ မရချေ။

“ မင်း အားလုံးကို ပေးနိုင်ဖို့ ... ငါမျှော်လင့် ပါတယ်။ ”

ပန်းသင်္ချိုင်းကို ဆွဲထုတ်ပြီး ပြိုင်ဘက်ထံ ညွှန်ပြသည်။ နဂါးငွေ့တန်း တစ်ထောင်ကျော် အတွင်း စီးမျောနေသော နေနှင့်လ ထွက်ပေါ်လာ၏။

စိတ်နေစိတ်ထား ပြောင်းလဲ သွားကာ ကောင်းကင်တွင် တောက်ပ နေသော ကြယ် တစ်စင်း အဖြစ် ထင်မြင် လာစေသည်။

ဤသည်မှာ ဓားသမားများ အတွက် ဂုဏ်ယူဖွယ် အခိုက်အတန့် ဖြစ်ချေ၏။ သူတို့ အတွက် ဓားတစ်လက်သာ လိုသည်။

“ သွား သေ လိုက် စမ်း ... ။ ”

ဓားနှင့် ထိုးညွှန် ခံလိုက်ရသဖြင့် ယဲ့ကျန်းပေ့မှာ ဒေါသထွက်သွားပြီး ဓားဆွဲထုတ် လိုက်သည်။

သဘာဝ အတိုင်း ကြောက်စရာ ကောင်းသော ဓားရောင်ခြည်မှာ ပေတစ်ရာ ကေျာ်လာ၏။ ယင်းက လင်းယွန်နှင့် ကြယ်ဓား အပေါ် ချက်ချင်း လွှမ်းခြုံသွားသည်။

ဤသည်မှာ နှစ်ပေါင်း နှစ်ရာကျော် စုစည်းထားသော သူ့ကျင့်ကြံမှုနှင့် ခွန်အား ဖြစ်၏။

“ ပိုးစုန်းကြူး နတ်ဓား— အနန္တ ဓားများ ပေါင်းစည်းခြင်း။ ”

ထိုအချိန်တွင် လင်းယွန်က ပန်သင်္ချိုင်းကို စက်ဝိုင်းပုံသဏ္ဍာန် သုံးကြိမ်လွှဲလျက် ကျန်းပေ့ ဓားအပေါ် ဖမ်းလိုက်သည်။

စက်ဝိုင်းအတွင်း ရောက်ရှိလာပြီးနောက် ပြိုင်ဘက်ဓား စွမ်းအားသည် အလွန် လျော့ကျ သွားလေသည်။

ဤမြင်ကွင်းသည် လူတိုင်းကို မျက်လုံး ပြူးသွားစေ၏။ ယဲ့ချင်းရှန်မှ သေခြင်းတရားကို မထီမဲ့မြင် ပြုနေချေပြီ။

သူတော်စင် ဝိညာဉ် ဖွဲ့တည်ထားသူ တစ်ယောက်ကို ပိုးစုန်းကြူး နတ်ဓားဖြင့် ဖြေရှင်းနေ၏။

သို့သော် ဤဓားရေးသည် လင်းယွန် လက်ထဲတွင် လျှို့ဝှက် ဆန်းကြယ်ပြီး လေးနက် နေသည်ဟု ခံစားရသည်။

“ ငါ့အချိန်တွေ အလကား ဖြစ်ခဲ့ပုံ မရဘူး။ ”

ကောင်းကင်ဘုံ ကျောက်စိမ်းဓား သူတော်စင်မှ ပြုံးလေသည်။

“ ဒီကောင်လေးက အရမ်း ကြည့်ကောင်းတယ်။ ”

သတ်ဖြတ်ခြင်း မဟာ သူတော်စင် သည်လည်း လင်းယွန်ကို စိုက်ကြည့်ကာ ပြုံး တော့၏။

မူလနဂါး မဟာ သူတော်စင်က လင်းယွန် အဆင်ပြေသဖြင့် ကျေနပ်စွာ ခေါင်းညိမ့်လိုက် လေသည်။

ရောက်ရှိလာသူများ အနက် အနည်းငယ် သာလွန်သော အမြင်ရှိ သူများသည် ဤဓားမှာ ထူးထူးခြားခြားဖြစ်ကြောင်း ပြောနိုင်၏။

“ ယဲ့ချင်းရှန်က ဓားနတ်ဘုရား ဝင်စား သလိုပဲ၊ တကယ့်ကို ပါရမီရှင်ပါ ... သူ့ခွန်အားက မယုံနိုင်လောက်အောင် ပြင်းထန်လွန်းတယ်။ ”

“ အနန္တ ဓားများ ပေါင်းစည်းခြင်းကို သူ့လောက် ဘယ်သူမှ အစွမ်းထုတ်မပြ နိုင်ဘူး။ ”

“ ဒါက ... ဓားဘိုးဘေးရဲ့ ကျေးဇူးပဲလေ၊ ပိုးစုန်းကြူး တွေရဲ့ အလင်းရောင်က နေနဲ့လကို မယှဉ်နိုင်ဘူးလို့ ဘယ်သူပြောလဲ။ ”

ကျိကျစ်ရှီ အနားမှ လူကြီးက ခေါင်းညိတ်ကာ ဝင်ပြောလိုက်သည်။ ထိုအချိန်၌ ယဲ့ကျန်းပေ့က ကျင့်ကြံမှု အားသာချက်ကို အပြည့်အဝ သုံးရန် ဆုံးဖြတ်တော့၏။

ဓားချက်တိုင်းသည် ကြောက်မက်ဖွယ် ကောင်းသော်လည်း ယဲ့ချင်းရှန်ကို ဒဏ်ရာမပေး နိုင် ဖြစ်နေသည်။ မည်မျှပင် အရှိန်မြှင့် စေကာမူ၊ တစ်ဖက် လူ၏ရောင်ဝါက သူ့ကို ဖမ်းမိကာ ခုခံနိုင်ခဲ့၏။

“ ဟိတ် ... ။ ”

နေနတ်ဘုရားအား ဖမ်းဆီးခြင်းကို မိုးပြာနဂါး နှလုံးသားဖြင့် တွဲစပ်ထား သဖြင့် လင်းယွန်၏ အရှိန်မှာ မနည်းချေ။ တိုက်ခိုက်မှု တိုင်းကို အလွယ်တကူ ချေဖျက်နိုင်ခဲ့သည်။

“ လွင့်မျောနေသော ရောင်ခြည်တော်။ ”

ယဲ့ကျန်းပေ့မှ အံကြိတ်လျက် တစ္ဆေဝိညာဉ် ပညာရပ်ကို ထုတ်ဖော် လိုက်သည်။ သူ့ဓားသည် လေထဲပျံသန်းနေသည့် လင်းယွန် ထံသို့ တည့်တည့်တိုးဝင် သွားခဲ့၏။

“ နဂါးနေနှင့် လတံဆိပ် - သွေးလွှမ်း နေသော ကောင်းကင်။ ”

ပန်းသင်္ချိုင်းကို လက်တစ်ဖက်ဖြင့် တံဆိပ်ခတ် လိုက်သည်။ နောက်တစက္ကန့်တွင် ကောင်းကင် တစ်ခုလုံး အနီရောင် ပြောင်းကုန်၏။

သူ့ဓားကို လွှဲခုတ် လိုက်သော အခါတွင် နေနှင့်လသည် ဓားနှင့် အတူ ပျံတက်သွားသည်။

“ ထန် ... ထန် ... ။ ”

ဝင်လာသော ဓားနှင့် ပန်းသင်္ချိုင်းတို့ ထိမှန်သွားကာ၊ မီးပွားများ ပြန့်ကျဲကုန်တော့၏။

“ မီးတောက်နေသော တိမ်တိုက်များ ... ။ ”

ယဲ့ကျန်းပေ့က ဓားအရိုးကို လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်လျက် အောက်သို့ ပိုင်းချပစ် လိုက်သည်။

“ ရွှပ် ... ။ ”

သူ့နောက်ရှိ ‘မီး’ဟူသော အက္ခရာထံမှ ပေတစ်ရာခန့်ရှိသည် ဓားအလင်းတန်း တစ်ခု ပြေးထွက်သွား တော့၏။

ယဲ့ကျန်းပေ့၏ ကျင့်ကြံမှုသည် လင်းယွန်ထက် များစွာ မြင့်မားပြီး သူတော်စင် တာအိုကို သူတော်စင် ဝိညာဉ်ဖြင့် ပေါင်းစည်း ထားနိုင်ပြီ ဖြစ်သည်။

ထို့ကြောင့် လင်းယွန် အနားရှိ နဂါးငွေ့တန်းများမှာ ဖိအားကြောင့် ပေါက်ကွဲ သွားကုန်၏။

လင်းယွန်က အသက်ပြင်းပြင်းရှူလျက် ယင်-ယန် ပြောင်းပြန်ကို ထုတ်ဖော်လိုက်သည်။ လမင်းသည် ငွေရောင်များ ဖြာလျက် နေမင်းက ရွှေရောင်များ ထုတ်လွှတ်လာသည်။

ယဲ့ကျန်းပေ့ ရောက်ခါနီး၌ ပန်းသင်္ချိုင်းကို လွှဲခုတ်ပစ်လိုက်၏။ ကောင်းကင်နှင့် မြေကြီး ချက်ချင်း နေရာ ပြောင်းကုန်သည်။

နဂါးပြာ မှတ်တမ်းအတွင်း ဖြစ်ပျက်သော မြင်ကွင်းမျိုး ပေပင်။ သို့သော် ယဲ့ကျန်းပေ့သည် ထိုစဉ်က ပြိုင်ဘက်များထက် ပို၍ အားကောင်း ချေ၏။

“ ဝုန်း ... ။ ”

စွမ်းအင် နှစ်ခု တိုက်မိသွားသော အခါ ယဲ့ကျန်းပေ့ လက်ဖဝါး၌ သွေးများ စွန်းလာကာ၊ နောက်ဆုတ် သွားသည်။

“ မင်း ဘယ်လောက်ကြာကြာ ထိန်းထား နိုင်မလဲ ကြည့်ရအောင်။ ”

သူ့နှုတ်ခမ်းပေါ်က သွေးများကို လက်ခုံဖြင့်သုတ်ကာ နောက်တစ်ကြိမ် အားယူ လိုက်သည်။ သူ့ကျင့်ကြံမှုကြောင့် လင်းယွန်၏ နဂါးနေနှင့် လတံဆိပ်သည် ပြင်းထန်သော ဒဏ်ရာများ မပေးနိုင်ချေ။

နောက်ပြန် ဆုတ်ပေးရ သော်လည်း ပြန်လည် လှမ်းတက်ခဲ့သော အရှိန်မှာ ပို၍ မြန်သည်။

ကောင်းကင်၌ မီးလျှံများ တောက်လောင် လာပြီး ဓားလွှဲလိုက်သော အခါတွင် ဓားအလင်း များက နေရာလွတ်များကို အလွယ်တကူ ဖောက်ထွင်း ဝင်ကုန်၏။

မဟာ တော်ဝင် ဓားကျမ်းကို ချက်ချင်း ထုတ်ဖော်ကာ တုန့်ပြန်ချင်သော်လည်း တစ်စုံ တစ်ရာ မှားယွင်း နေသည်ကို ခံစားမိ သောကြောင့် နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်း ကိုသာ ဖြန့်ကျက်လိုက်ရသည်။

ခရမ်းရောင် နန်းတော်အတွင်း ကမ္ဘာဖျက် ဆေးကြိုအိုးကြီး ကြွတက်လာပြီး သူတော်စင် ရောင်ဝါများ ပေါက်ကွဲလာ၏။

“ လူယုတ်မာ … ။ ”

ယဲ့ကျန်းပေ့မှ ပြန်ဆုတ်ဖို့က လွဲပြီး အခြားသော ရွေးချယ်စရာ မရှိသဖြင့် ကျိန်ဆဲ လိုက်သည်။

“ ထန် ... ထန် ... ။ ”

“ ချလွမ် ... ။ ”

နှစ်ယောက်သား ဆယ်ကြိမ်ခန့် ထပ်မံ ဖလှယ်ပြီးနောက်၊ မီးပွားများ ပွင့်ထွက်ကာ ဓားနှစ်လက်လုံး ပြုတ်ကျသွားခဲ့သည်။

“ သူတော်စင် ဝိညာဉ် ရောင်ခြည်တော် ... ။ ”

အခွင့်အရေး ရပြီ ဖြစ်သဖြင့် သူတော်စင် ဝိညာဉ်ကို ယဲ့ကျန်းပေ့က အသက်သွင်း ပစ်၏။ ကောင်းကင်နှင့် မြေကြီးကြား ဝိညာဉ် စွမ်းအင်များ ပြည့်နှက်သွားသည်။

၎င်းသည် ပေတစ်ရာခန့် ရှိကာ၊ ထိုအရပ် ဒေသ၌ သူသည် ဘုရင် ဖြစ်ချေ၏။ လင်းယွန်၏ အမြင်အာရုံတွင် ကမ္ဘာကြီး မှောင်ကျသွား တော့သည်။

“ ခရစ် ... ။ ”

တစ်ချိန်တည်းမှာပင် ပြင်းထန်သော ဖိအားများက သူ့အရိုးများကို အက်ကွဲလာစေ ခဲ့၏။

“ မင်း ဘယ်လိုသေလဲ ... ကြည့်ရအောင်။ ”

ယဲ့ကျန်းပေ့မှ ပထမဆုံး အကြိမ် တိုက်ပွဲ အပေါ် အသာစီး ရနေသည်ကို တွေ့လိုက်သဖြင့် ကျောက်ဆောင် သူတော်စင် ဘုရင်မှ အံကြိတ် လိုက်သည်။

ကောင်းကင် မူလ ဒုတိယ အဆင့်၏ စစ်မှန်သော ခွန်အားသည် သူတော်စင် ဝိညာဉ် ဖြစ်၏။

သူတော်စင် ဝိညာဉ် ရောင်ခြည်သည် ဒိုမိန်းတစ်ခုနှင့် ဆင်တူပြီး သူတော်စင် နယ်မြေ ကောက်ကြောင်း အဖြစ် ယူဆနိုင်သည်။

သူတော်စင် နယ်ပယ်သို့ ရောက်ရှိလာ ပြီးနောက် သူတော်စင် နယ်မြေ (ဒိုမိန်း) အဖြစ် ပြောင်းလဲ သွားပေလိမ့်မည်။

“ ယဲ့ချင်းရှန် ... မင်းမှာ ပြောစရာ ရှိသေးလား။ ”

ယဲ့ကျန်းပေ့မှ အေးစက်စက် မေးသည်။

“ အဟက် ... ငါက ဘာများ ပြောစရာ ရှိရမှာလဲ၊ သုံးကြိမ်အတွင်း အနိုင်မရရင် အရှုံးလို့ ဘယ်သူ ပြောခဲ့တာလဲ။ ”

“ မင်း ... သေချင်နေတာပဲ၊ အခု မင်း လက်ထဲမှာ ဓားမရှိတော့ဘူး၊ နတ်ခန္ဓာလည်း မထုတ်နိုင်ဘူး၊ ဒါဆို မင်းရဲ့ ယုံကြည်မှုကို ဘယ်ကရလဲ။ ”

မရဏ မူလအဆင့်မှ တစ်စုံတစ်ဦးကို သူတော်စင် ဝိညာဉ် ထုတ်တိုက် နေရသဖြင့် ယဲ့ကျန်းပေ့မှာ မပျော်တော့ချေ။

သို့သော် ယဲ့ချင်းရှန်၏ မူလကို ထုတ်ဖော်နိုင်အောင် ဖိအား ဖြစ်စေက မျက်နှာ ပြန်ရနိုင်မည်။ ထိုအတွေးဖြင့် ဖိအားကို တိုးမြှင်လိုက်သည်။

လင်းယွန် ကိုယ်လုံးကိုယ်ပေါက်သည် ကြီးမားသော ဖိအားကြောင့် အပ်စိုက်မှတ်များ ပုံပျက်လာ တော့၏။

“ ယဲ့ချင်းရှန် ... ဟန်ဆောင်တာကို ရပ်လိုက်ပါ... မိနစ် အနည်းငယ်အတွင်း မင်းရဲ့ ခန္ဓာကိုယ် ပြိုကျ သွားလိမ့်မယ်၊ ဒါကြောင့် မင်းကိုယ်မင်း ထုတ်ဖော်ပါ၊ မဟုတ်ရင် ငါသတ်မိလိမ့်မယ်။ ”

သူ့ခြိမ်းခြောက် စကားသည် အရာ မရောက်ချေ။ ယင်းအစား လင်းယွန် မျက်ဝန်း၌ လူသတ်ရန် ရည်ရွယ်ချက် ပေါ်လာ၏။

“ မင်းက ... အရမ်း စိတ်ဝင်စားဖို့ ကောင်းတာပဲ၊ ပန်းသင်္ချိုင်း ဖြစ်ရတာ ရှက်စရာ လို့များ ... မင်းထင်နေတာလား၊ နောက်ပြီး ငါ မထိန်းနိုင်တော့ဘူးလို့ ဘယ်သူ ပြောလဲ။ ”

လင်းယွန်က ဓားနယ်မြေကို ထုတ်လွှတ် လိုက်၏။ ရွှေဓားရောင်ခြည်များ ကောင်းကင်နှင့် မြေကြီးကြား ပြည့်နှက်လာကာ ကျန်းပေ့၏ သူတော်စင် နယ်မြေကို ကွဲသွားစေသည်။

“ ဝှစ် ... ။ ”

သည့်နောက် ပန်းသင်္ချိုင်းက သူ့လက်ထဲ ပျံသန်းလာ၏။ မိုးပြာနဂါး ဓားနယ်မြေသည် သူ့ကမ္ဘာ ဖြစ်သည်။

ဤနယ်မြေ အတွင်း၌ ရှိသော အရာရာတိုင်း၏ သေခြင်း-ရှင်ခြင်းကို အတွေး တစ်ချက်ဖြင့် ဆုံးဖြတ်နိုင်၏။

သူတော်စင် နယ်မြေ ကွဲအက်သွား သောကြောင့် ကျန်းပေ့ ခမျာ ထိတ်လန့်သွားပြီး သူ့ဓားကို လင်းယွန် ကဲ့သို့ ချက်ချင်း ကောက်ယူ လိုက်၏။

“ ဟိတ် ... ။ ”

သည့်နောက် တစ်ယောက်ကို တစ်ယောက် မျက်နှာချင်းဆိုင်ကာ ထိုးသွင်းရန် ပျံသန်းလိုက် တော့သည်။

ဤသည်မှာ သူတို့၏ အသက်ကို လျစ်လျူရှု နိုင်သူ အပေါ်တွင် မူတည်ပြီး ဘဝနှင့် သေခြင်း တိုက်ပွဲ အဖြစ် ပြောင်းလဲ လာခဲ့၏။

ကျင့်ကြံမှုနှင့် ခွန်အားကြား တိုက်ပွဲမျိုး မဟုတ်တော့ဘဲ ဓားသမား နှစ်ဦး စစ်မှန်သော တိုက်ပွဲ ဖြစ်လာချေပြီ။

“ ဝှစ် ... ။ ”

အရာ အားလုံးက မြန်လွန်း လေသည်။ ဖြစ်စဉ်များ ထပ်နေပြီး သွေးများ လေထဲ ပျံ့နှံ့ လာခဲ့၏။

လင်းယွန် တစ်ယောက် အဖြူရောင် ဝတ်ရုံနှင့် ဆံပင်များ လေထဲ တဖျပ်ဖျပ် လွင့်ပျံ လျက် ပန်းသင်္ချိုင်းကို ကိုင်ပြီး၊

“ ပန်းသင်္ချိုင်းရဲ့ ဘဝမှာ ရှက်စရာမရှိဘူး၊ လက်ထဲမှာ ဓားတစ်လက် ရှိနေသရွေ့ ဘယ်သူ မဆို ပန်းသင်္ချိုင်း ဖြစ်နိုင်တယ်။ ”

-ဟု မကျေမနပ် ဆိုလိုက်တော့သည်။

ယဲ့ကျန်းပေ့ သည်သာ စကား မပြောနိုင်သေးဘဲ၊ သူ့လည်ပင်းကို လက်ဖြင့် အမြန် အုပ်ကိုင်လျက်၊

“ မင်း ... မင်း ဘယ်သူလဲ။ ”

-ဟု ထပ်မံ မေးမြန်း လိုက်မိသည်။

“ ငါနာမည် ပန်းသင်္ချိုင်း ... ပန်းတွေနဲ့ လူတွေကို မြှုပ်နှံပေးတယ်။ ”

“ ရွှပ် ... ။ ”

ပြန်ဖြေပြီး သည်နှင့် ဓားကို လွှဲလိုက် တော့သည်။ မြန်လွန်းသောကြောင့် သွေးပင် တစ်စက် ပေကျံခြင်း မရှိခဲ့ချေ။

“ ဘုတ် ... ။ ”

အံ့ဩနေသော ကျန်းပေ့ မျက်နှာကြီး သည်သာ ကျောက်ဆောင် သူတော်စင် ဘုရင် ရှေ့သို့ လည်ပြီး ပြုတ်ကျသွား တော့သည်။

***

All Chapters