← Chapters

အခမ်းအနားက အရမ်း ပျင်းစရာ ကောင်းတယ် ... ။

Vol. 157 Ch. 2186

အခမ်းအနားက အရမ်း ပျင်းစရာ ကောင်းတယ် ... ။

Vol. 157 Ch. 2186

ကြမ်းပြင် တစ်ခုလုံး သွေးများ စွန်းထင်း ကုန်သည်။ ယဲ့ကျန်းပေ့ ခန္ဓာကိုယ်က တအိအိ ပြိုလဲသွားတော့၏။

တက်ရောက် လာသော သူတော်စင်များ အားလုံး တုန်လှုပ်ကုန်သည်။ ယဲ့ကျန်းပေ့သည် ယဲ့ချင်းရှန်နှင့် ယှဉ်က သေရမည်ကို ကြောက် ခဲ့၏။ ထို့ကြောင့် ခေါင်းဖြတ် ခံလိုက်ရသည်။

မဟုတ်သော် နှစ်ဖက်စလုံး သေမည် ဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ ယဲ့ချင်းရှန် ဟူသည် ကြောက်စရာ ကောင်းကြောင်း သတိပြုမိ လိုက်၏။

အသွင်အပြင် အရ အရှက်မဲ့သော လူယုတ်မာနှင့် တူနေသော်လည်း အဆုံးတွင် သူ့အသက်ကိုပင် မနှမျောခဲ့ချေ။

သူ့ရှေ့၌ သူတော်စင် တစ်ပါး ဖြစ်လျှင်ပင် မဆိုင်းမတွဘဲ ခေါင်းဖြတ် ပစ်မည်ဟု လူတိုင်း ခံစားလာရသည်။

ထိုခံစားချက်သည် အစွမ်းထက်သော ဓားသမားများ ထံမှ လာ၏။ လူတိုင်း အတွက် ကျောရိုးများ အေးစက်လာခဲ့သည်။

“ မင်း ... မင်းဓားမိစ္ဆာပဲ၊ ကျန်းပေ့ လွန်တာမှန်ပေမယ့် သူ့ကို သတ်ခွင့် မရှိဘူး၊ သူက ကောင်းကင် တာအိုဂိုဏ်းရဲ့ သူတော်စင် တပည့်ပဲ ... မင်း သတ်ဝံ့သလား။ ”

ကေျာက်ဆောင် မဟာ သူတော်စင်မှ အော်ဟစ်ကြိမ်းမောင်း လိုက်၏။ လင်းယွန်မှ ဂရုမစိုက်ချေ။

“ ငါက ပန်းသင်္ချိုင်းပဲ ... ငါ သတ်ချင်တဲ့ လူကိုသတ်မယ်၊ သူတော်စင်တောင် ချွင်းချက် မရှိဘဲ။ ”

“ ဟမ် ... မင်း ဝန်ခံပြီလား ... ဒါဆို မင်းက လင်းယွန်ပေါ့ ... ။ ”

“ ဘာဖြစ်လဲ ... ပန်းသင်္ချိုင်း ဖြစ်ရတာ ရှက်စရာ ကောင်းလို့လား၊ ငါက သက်တံဓား သူတော်စင် တပည့် လင်းယွန်ပါ။ ”

လင်းယွန်က ပြုံးပြီး မထီမဲ့မြင် ပြန်ဖြေ လိုက်လေသည်။

“ ဒါဆို ... မင်းကို သတ်မိတဲ့ ငါ့ကို အပြစ်မတင်နဲ့။ ”

လင်းယွန်၏ လျစ်လျူရှုသော အသွင်အပြင်က သူ့ကို ရှက်ရွံ့ နာကျင်စေသည်။ ထို့ကြောင့် ဘုရင်တစ်ပါး၏ ဖိအားကို လင်းယွန်ထံ ပို့လွှတ်လိုက်၏။

လင်းယွန်မှ မကြောက် သော်လည်း ဖိအားများကို ခံနိုင်ရည် ရှိစေရန် ခြေတစ်လှမ်း ဆုတ်ခွာ ပေးလိုက်ရသည်။

“ ဆိတ်အိုကြီး ... မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ၊ မင်းရဲ့ ... ဝက်အသည်းကို ဘယ်ကရလဲ၊ ငါက ပန်းသင်္ချိုင်း ဆိုရင် ... ဒီမှာ ငါ့ရဲ့ အစ်ကိုကြီး အသူရာ မြစ်ဓား သူတော်စင် ရှိနေတယ် ဆိုတာ ... သတိရပါ။ ”

နာမည် ခေါ်သံနှင့် အကြည့်များ ကျဆင်း လာသဖြင့် နတ်နဂါး သစ်သီးကို ကိုက်ဝါးရန် ပြင်နေသော ယဲ့ကူဟန် ခမျာ ပါးစပ်ဝ၌ သစ်သီးကို ရပ်လိုက်ရသည်။

( ဒီကောင် ခံနိုင်ရည် မရှိတော့ဘူး။ )

မင်း မနိုင်လျှင် မင်းအစ်ကိုကြီး ရှိသည် ဟူသော သူ့စကားအပေါ် အပြည့်အဝ လိုက်နာ နေပေသည်။

သို့သော် ထိုမျှသာ မဟုတ်သေးချေ။ လင်းယွန် အပြုံးသည် ပို၍ ကောက်ကျစ်လာပြီး နောက်တစ်လှမ်း ထပ်မံဆုတ်ခွာလျက်၊

“ ငါက သက်တံဓား သူတော်စင်ရဲ့ တပည့်ဆိုရင် ... ငါ့သခင်မ နှစ်ယောက်နဲ့ မူလ နဂါး မဟာ သူတော်စင်တို့ ... ဒီမှာ ရှိနေတာ မင်း မသိဘူးလား။ ”

-ဟု ပြောကြားလိုက်ပြန်သည်။

“ ဒီကောင် မလွယ်ဘူး။ ”

လင်းယွန် စကားကြောင့် မူလနဂါး မဟာ သူတော်စင်မှ ခေါင်းယမ်း လိုက်၏။

“ ကောင်းပြီ ... ငါက သန့်ရှင်းသော သမီးတော် သတ်သူ ဆိုရင်ရော ... မင်းကိုယ်မင်း ဒီပွဲရဲ့ တစ်စုံ တစ်ယောက်လို့ ထင်နေလား၊ ကောင်းကင် တာအိုဂိုဏ်းရဲ့ စည်းမျဉ်းတွေ အကြောင်းပြောဖို့ ဒီမှာ၊ ...

... လက်သီး တစ်ထောင် မဟာ သူတော်စင်ရှိတယ်၊ သူတို့ထဲက ဘယ်သူမဆို မင်းကို လက်တစ်ချောင်းနဲ့ ချေမွနိုင်တယ်၊ မင်းက ဒီပွဲမှာ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ ... ဟမ့်၊ ...

... ငါ့ထက် အသက်ကြီး တာက လွဲပြီး၊ ငါ့ရှေ့မှာ ရပ်ဖို့တောင် မင်းမှာ အရည်အချင်း မရှိဘူး ဆိတ်အိုကြီး။ ”

“ ယဲ့ချင်းရှန် ... မင်း ပြန်သွားလို့ရပြီ။ ”

နောက်ဆုံးတွင် လက်သီး တစ်ထောင် မဟာသူတော်စင်မှာ တိတ်ဆိတ်ပြီး မနေနိုင် တော့ချေ။

ဧကရာဇ်ဓား ပြန်ယူချင် နေသော သူ့စိတ်ကူးကို လက်လျော့ လိုက်ရ၏။ မုန်တိုင်း မဟာ သူတော်စင်မှ ခွင့်ပြုမည် မဟုတ်ကြောင်း နားလည်လိုက်သည်။

“ ယဲ့ချင်းရှန် ဒီကိုလာ ... ဘာပဲဖြစ်ဖြစ် လူသေတွေ အပေါ်တောင် မရိုမသေ လုပ်လို့ မရဘူး၊ မင်းအရမ်း မရိုင်းနဲ့ ... ။ ”

မူလနဂါး မဟာ သူတော်စင်က ပြစ်တင်ရှုတ်ချပြီး လင်းယွန်ကို လှမ်းဆွဲယူ လိုက်သည်။

သို့သော် သူ့စကားသည် ကျောက်ဆောင် မဟာ သူတော်စင်၏ မျက်နှာကို ဖြူဖျော့သွား စေခဲ့၏။ သူ့ကို လူသေ တစ်ယောက်နှင့် ခိုင်းနှိုင်းနေခြင်း ဖြစ်သည်။

“ ကျောက်ဆောင် သူတော်စင် ဘုရင် ... မင်းလည်း ထိုင်တော့ လူငယ် ဆိုတာ စိတ်မြန် ကြတယ်၊ တစ်ချိန်က မငယ်ဖူးတဲ့လူ ဘယ်သူ ရှိလဲ၊ ...

... ကောင်းကင် တာအို ဂိုဏ်းမှာ ... ကောင်းကင် နဂါးသခင်ကို ပိုင်ဆိုင်ခွင့် ရတာ အရမ်း ကံကောင်းတယ်။ ”

မုန်တိုင်း မဟာ သူတော်စင်က ပြုံးကာ ခေါင်းညိမ့်လိုက်သည်။ လင်းယွန် တစ်ယောက် ဧကရာဇ်ဓားကို ပြန်ယူခွင့် မရဖို့သာ လို၏။

၎င်းအတွက် ယဲ့မိသားစု၏ အမည်ခံ သူတော်စင် တစ်ပါးကို စတေးရသည့် အပေါ် စိတ်မဝင်စားချေ။

သူတော်စင် သခင် အသက်ကို ပေးရမည် ဆိုလျှင်ပင် ထိုက်တန် ချေပြီ။ ကျောက်ဆောင် သူတော်စင် ဘုရင် သည်သာ မကျေမနပ်ဖြင့် ပြန်ဆုတ် လိုက်ရသည်။

ဧည့်သည်များထံမှ ဆွေးနွေးသံများ ကြားလာ ကြသည်။ ဤနေရာ၌ တစ်စုံတစ်ရာ မှားယွင်းနေကြောင်း အရူး တစ်ယောက်ပင် ပြောနိုင်သည်။

“ အစ်ကိုကြီး၊ သူက ပန်းသင်္ချိုင်းလား။ ”

လင်းယွန်၏ သူတော်စင် ဘုရင်ကို ခြိမ်းခြောက်ပုံသည် စိတ်လှုပ်ရှားဖွယ် ကောင်း ချေ၏။ သို့သော်လည်း ပိုင်ရှုရင်က ထို့ထက် ပိုနေသည်။

ရှုပ်ထွေးသော အကြည့်ဖြင့် သူမ မျက်လုံးများထဲတွင် သံသယများ တဖွားဖွား ထွက်ပေါ်လာ၏။

သူမ နှလုံးသားသည် ရင်ဘတ်မှ ခုန်ထွက် လုနီးပါး ပေပင်။ ယဲ့ချင်းရှန်မှာ လင်းယွန်ဖြစ်က သူမကို စိတ်မသက် မသာ ဖြစ်စေမည်။

“ သူ လိမ်နေတာပါ ... ၊ ယဲ့ချင်းရှန် မဟုတ်ရင် ဒီလိုမျိုး ယုံကြည်မှု ရှိရှိနဲ့ ... မာနကြီး ဝံ့မယ် ထင်လား။ ”

လီတာ့ယန်မှ ပြုံးကာ ပြန်ဖြေသည်။

“ ငြိမ်ငြိမ်နေ ... ။ ”

လင်းယွန်ကို ဆွဲယူပြီးနောက် မူလနဂါး မဟာ သူတော်စင်မှ ပြော၏။ လေထု မူမမှန်မှန်း သိနိုင်သောကြောင့် လင်းယွန်မှ ခေါင်းညိတ် လိုက်သည်။

သို့သော် ဂရုမစိုက်ချေ။ အကြောင်းမှာ သူ့တွင် ကောင်းကင် ချပ်ဝတ်ရှိသဖြင့် သူ့အပေါ် လက်တင်ဝံ့သူ မည်သူမဆို သေရပေမည်။

ယင်းကို သိထားသဖြင့် သူတော်စင် များသည်လည်း ပို၍ သတိကြီးစွာထားပြီး သူ့ထံ လောဘဖြင့် ကြည့်လာ တော့သည်။

“ ပျင်းစရာ ကောင်းလိုက်တာ၊ ငါ သည်းမခံနိုင်တော့ဘူး။ ”

ရုတ်တရက် အသံကြောင့် လူတိုင်း လှည့်ကြည့် လိုက်သည်။ လက်သီး တစ်ထောင် မဟာ သူတော်စင်မှ အသံရှင်ကို သိ၏။

“ ဒီအခမ်းအနားက အရမ်း ရှုပ်ပွနေပြီ၊ ကောင်းကင် တာအိုဂိုဏ်း ဆိုတာ အရှေ့ဘက် ပျက်စီးမြေရဲ့ ... အသန်မာဆုံးဂိုဏ်း အဖြစ် မထိုက်တန်တော့ဘူး။ ”

စကားဆုံးသည်နှင့် အဝတ်ပါးပြင်း ထောင်ထားသော လူက လက်သီး တစ်ထောင် မဟာ သူတော်စင်ထံ လှမ်းကြည့်သည်။

တစ်ချိန်တည်းမှာပင် သူ့အဝတ်ပါးပြင်း ပြေလျော့လျက် ရွှေရောင် တိမ်ပင်လယ်ကြီးက နှင်းများကဲ့သို့ အရည်ပျော်သွားသည်။

ဧကရာဇ်ဓားကို ပြန်ခေါ်ရန် ပြင်ဆင် ထားသည့် ဖြစ်စဉ်များ အားလုံး ချက်ချင်း ပျောက်ကွယ် သွားတော့၏။

ရင်ပြင်ပေါ်ရှိ ခမ်းနား ထည်ဝါသော လေထုသည် ပူဖောင်းပေါက်သွားသည့် အလား ယုတ်လျော့သွားလေသည်။

“ ဝှဏ် ... ။ ”

ခြုံထားသော ဝတ်ရုံကို ဖယ်ခွာလျက် လေထုအလယ် ပျံတက်လာပြီး ဖော်ရွေသော အပြုံးမျိုးဖြင့် ပြုံးပြလာ၏။

“ တျန် ရွှမ် ဇီ ... ။ ”

အဖြူရောင် လည်ဟိုက် အင်္ကျီအောက်မှ ခရမ်းရောင် နွယ်ပင် တစ်ပင် တွဲချောင်း ကျနေ သည်ကို အထင်းသား မြင်နေရသည်။

“ နတ်ဘုရားတွေ မရှိတော့ဘူး၊ ကောင်းကင်ဓားနဲ့ တာအိုဓားလည်း မရှိဘူး၊ ဒါဆို ရှေးဦးခေတ် တုန်းက အသန်မာဆုံး မြင့်မြတ်မြေဆိုတဲ့ ရာထူးက ဘယ်ကနေ လာတာလဲ။ ”

သူသည် မြင့်မြတ်မြေ ငါးခုလုံးကို အနိုင်ယူကာ ဧကရာဇ် နယ်ပယ် အောက်တွင်၊ ပြိုင်ဘက်ကင်း ဟူသော ဂုဏ်သတင်းမျိုး ပိုင်ဆိုင်နေပြီ ဖြစ်သည်။

သူ၏ ကျင့်ကြံမှုသည် အရေးကြီးသော အဆင့်သို့ ရောက်နေပြီဟု လူအများက ခန့်မှန်း မိကြ၏။ ပြိုင်ပွဲများထံမှ အခွင့်အရေး ရှာနေခြင်း ဖြစ်ပေမည်။

လွန်ခဲ့သော အနှစ်တစ်ထောင် အတွင်း အပြင်းထန်ဆုံး ပါရမီရှင် ဖြစ်ကာ တည်ရှိမှုသည် လက်ရှိခေတ်အတွက် ဖိအား ဖြစ်၏။

အသွင်အပြင်နှင့် အရည်အချင်းသည် ပြည့်စုံလွန်း သောကြောင့် လူသားတစ်ယောက် အတွက် အဓိပ္ပါယ် မရှိဟု ထင်ရစေသည်။

၎င်းသည် ဧကရာဇ် ကိုးပါး ပြီးနောက် ခွန်လွန်၏ ဒသမမြောက် ဒဏ္ဍာရီလာ ဧကရာဇ် ဖြစ်လာ နိုင်ပေမည်။

ကောင်းကင် တာအိုဂိုဏ်းမှ သူတော်စင် များက မတ်တပ်ထရပ်ပြီး လက်သီး တစ်ထောင် မဟာ သူတော်စင်နှင့် မုန်တိုင်း မဟာ သူတော်စင် တို့၏ နောက်တွင် စုရုန်း လိုက်ကြသည်။

ကောင်းကင် တာအိုဂိုဏ်း အတွင်းတွင် ဤသို့သော မောက်မာစွာ ပြုမူဝံ့သူ မရှိခဲ့ဖူးချေ။ တစ်ချိန်က ဧကရာဇ် ကိုးပါးပင် အလေးထား ခဲ့ရသည်။

“ ဝှီး ... ။ ”

တျန်ရွှမ်ဇီ နောက်တွင် ရပ်နေသော လူခုနစ်ယောက်မှလည်း သူတို့၏ အဝတ်ပါးပြင်း များကို ဖယ်လျက် လေထဲပျံတက် လာ၏။

ဤသည်မှာ နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော တောင်နက် သူတော်စင် ခုနစ်ပါး ပေပင်။ ၎င်းတို့သည် တျန်ရွှမ်ဇီနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိပေ၏။

“ လက်သီး တစ်ထောင် မဟာ သူတော်စင် ငါပြောတာ မှန်တယ် မဟုတ်လား။ ”

တျန်ရွှမ်ဇီ အပြုံးသည် နူးညံ့ သိမ်မွေ့ သော်လည်း၊ ကောင်းကင် တာအို ဂိုဏ်းမှ လူတိုင်းကို အသက်ရှူ ကြပ်စေ၏။

“ ဒီအခမ်းအနား ပြီးရင် ... ငါတို့ တိုက်မယ်လို့ ... သဘောတူ ထားခဲ့တယ် မဟုတ်လား အခု မပြီးသေးဘူး။ ”

လက်သီး တစ်ထောင် မဟာ သူတော်စင်မှ ဒေါသဖြင့် ပြောကြား လိုက်သည်။ တျန်ရွှမ်ဇီက ကူကယ်ရာမဲ့စွာဖြင့်၊

“ အခမ်းအနားက အရမ်း ပျင်းစရာ ကောင်းနေတယ်၊ ဒီကောင်လေးက ဧကရာဇ် ဓားကို ပြန်ယူနိုင် မလားလို့ ... ငါ စောင့်ပေး ခဲ့တာပဲ ... အခု ငါတို့ တိုက်တာ ပိုကောင်း ပါလိမ့်မယ်။ ”

ဤအရာက လင်းယွန်ကို တုန်လှုပ် သွားစေသည်။ သူ ကျင့်ကြံနေစဉ် တျန်ရွှမ်ဇီမှ အရှေ့ဘက် ပျက်စီးမြေ၏ မြင့်မြတ်မြေ ငါးပါးကို အနိုင်ယူခဲ့ပုံရသည်။

“ ကောင်းပြီ ... မင်း ဆန္ဒအတိုင်းပဲ ... ငါမင်းကို အနိုင်ယူပြီး ... ဒီအခမ်းအနားကို ဆက်လုပ်မယ်။ ”

လက်သီး တစ်ထောင် မဟာ သူတော်စင်မှ ပြောကြား လိုက်၏။

လီတာ့ယန်သည် ဤတိုက်ပွဲကို ရှေးမစွ တည်းကပင် သိရှိထားပြီး ဖြစ်ခဲ့သော်လည်း စိုးရိမ်နေဆဲ ဖြစ်သည်။

“ ကောင်းပြီ ... ။ ”

တျန်ရွှမ်ဇီမှ ပြုံးလိုက်၏။ ဤသည်မှာ အရှေ့ဘက် ပျက်စီးမြေ အတွက် နောက်ဆုံး တိုက်ပွဲ ဖြစ်သည်။

သူ့တပည့် ကျွားချင်းယန်သည် ဧည့်သည်တော်များ အတွက် ထိုင်ခုံတွင် ထိုင်ရန် အရည်အချင်း မရှိသဖြင့် မတ်တပ်ရပ်ကာ ကြည့်နေခဲ့ရသည်။

သူ့ဆရာ သည်သာ ဤတိုက်ပွဲကို အနိုင်ရသော် ဧကရာဇ် နယ်မြေအောက် ပြိုင်ဘက်ကင်း သွားမည် ဖြစ်သည်။

သို့သော် ဤသည်မှာ အရှေ့ဘက် ပျက်စီးမြေ၏ အသန်မာဆုံးသော မြင့်မြတ်မြေ ဖြစ်နေသဖြင့် စိုးရိမ်စိတ်များ ဝင်လာ၏။

***

All Chapters