← Chapters

ကောင်းကင်ဘုံ ... ။

Vol. 157 Ch. 2187

ကောင်းကင်ဘုံ ... ။

Vol. 157 Ch. 2187

မဟာ သူတော်စင် နှစ်ပါး ထံမှ ထုတ်လွှတ်သော ရောင်ဝါသည် ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေ၏။

ဤသည်မှာ တျန်ရွှမ်ဇီ အတွက် နောက်ဆုံး တိုက်ပွဲဖြစ်သည်။ ယခင်တိုက်ပွဲ ငါးကြိမ်လုံးတွင် သူ အနိုင်ရ ထား၏။

အခြားသော မြင့်မြတ်မြေများ၌ ဧကရာဇ် တစ်ပါးစီ ရှိ၏။ ကောင်းကင် တာအိုဂိုဏ်း တွင်မူ ဧကရာဇ် နှစ်ပါးရှိသော် ဂိုဏ်း၏ ရတနာ ဓားနှစ်လက်ကို ကိုင်ကာ ထွက်ပေါ် မလာတော့ချေ။

အနှစ် သုံးထောင်ရှိပြီ ဖြစ်၏။ ထို့ကြောင့် အပြင်းထန်ဆုံးဟု ထင်ရသော်လည်း ၎င်းတို့မှ မလှုပ်ရှားသော အခါတွင် အညံ့ဆုံး ဖြစ်လာ ခဲ့သည်။

ထို့ကြောင့် တျန်ရွှမ်ဇီမှ စိန်ခေါ်ခြင်း ဖြစ်သည်။ ၎င်းသည် အရှေ့ဘက် ပျက်စီးမြေ တစ်ခုလုံးကို ခရီးဆက်ကာ သူ့အတားအဆီး မည်သည့် နေရာ၌ ရှိနေသည်ကို ရှာနေခဲ့ခြင်း ဖြစ်၏။

မည်သူမျှ ထာဝရ အသက် မရှင်နိုင်ချေ။ ဧကရာဇ်များပင် အသက်ကြီး လာကြပေမည်။ အချို့မှာ သက်တမ်းများ ကုန်လွန်နေပြီ ဖြစ်သည်။

တစ်ဖက်တွင် တျန်ရွှမ်ဇီသည် အသက် ငါးရာမျှသာ ရှိသေးသောကြောင့် မတူကွဲပြား တော့၏။

၎င်းသည်သာ ဧကရာဇ်နယ်ပယ် ရောက်ရှိ ပါက အထွတ်အထိပ် အချိန်မှာ အကန့်အသတ် မရှိချေ။ ဤအရည်အချင်းသည် ဧကရာဇ်များ ကိုပင် ကြီးမားသော ဖိအား ခံစားရစေ၏။

သို့သော် ယနေ့ တိုက်ပွဲကို ရှုံးနိမ့်ခဲ့ပါက တျန်ရွှမ်ဇီ၏ ပြိုင်ဘက်ကင်း စေသော ကံကြမ္မာ ပျက်ပြားကာ ဧကရာဇ် ဖြစ်လာမည့် နေ့သည် အနှစ်တစ်ရာ နှောင့်နှေး သွားပေမည်။

ဤသည်မှာ ကံကြမ္မာ၏ တန်ခိုး ဖြစ်လေသည်။ အနိုင်ရလေ ကံကောင်းလေ ဖြစ်၏။ ရှုံးပွဲ တစ်ပွဲသည် ထိုအရာအားလုံးကို မြောင်းထဲ ရောက်သွား စေမည်။

တစ်ဖက်တွင် လက်သီး တစ်ထောင် မဟာ သူတော်စင်သည်လည်း သူ့ခေတ် သူ့အခါ၌ ဇာတ်ဆောင် မင်းသား ဖြစ်သည်။

ထို့ကြောင့် ရှုံးနိမ့်သူသည် ထိုခေတ် ပျက်သုဉ်းခြင်း မည်ပေ၏။ ဤသည်မှာ နိယာမ ပေပင်။

လက်သီး တစ်ထောင် မဟာ သူတော်စင်မှ တျန်ရွှမ်ဇီကို ကြည့်၏။ ပွင့်ပွင့်လင်းလင်း ဝန်ခံရ ပါမူ၊ သည်တိုက်ပွဲကို သူမျှော်နေခြင်း ဖြစ်သည်။

သူ့ကျင့်ကြံမှုသည် လွန်ခဲ့သော နှစ်ပေါင်း ရာဂဏန်းမှ စတင်ကာ ရပ်တန့်နေပြီ ဖြစ်သဖြင့် ထိုးထွင်း သိမြင်မှုများ လိုနေ၏။

“ ဝှစ် ... ။ ”

အတွေးတစ်ချက်ဖြင့် နှစ်ဦးအား ကောင်းကင်ပေါ် ပျံတက် သွားတော့သည်။ ကောင်းကင် ကွဲသွားကာ အာကာသ အတွင်း ရောက်ရှိကုန် သကဲ့သို့ ခံစားလိုက်ရ၏။

ဤမြင်ကွင်းသည် လူများစွာ အပေါ် ကြီးမားသော အကျိုး သက်ရောက်မှုများ ဖြစ်စေခဲ့သည်။

“ ကောင်းကင်ကြီး ပွင့်သွားပြီ။ ”

“ သူတို့ မတိုက်ခင် တည်းက အရမ်း ကြောက်စရာ ကောင်းနေပြီ ... ကောင်းကင် (၃၆)လွှာ ကတောင် ... သူတို့ တိုက်ပွဲကို ထောက်ခံနေတယ်။ ”

လူတိုင်း အံသြ သွားကြ၏။ လင်းယွန် သည်လည်း အလားတူ ပေပင်။

“ ငါတို့ အနိုင်ရရမယ် ... ။ ”

ဤသို့ တစ်ကြိမ်မျှ စိုးရိမ်စိတ် မဝင်မိချေ။ နောက်ဆုံးတွင် သည်တိုက်ပွဲသည် သူ့ဆရာနှင့် များစွာ ဆက်စပ်နေသည်။

တျန်ရွှမ်ဇီ ရှုံးနိမ့်ခဲ့ ပါက၊ အသက် မသေလျှင်ပင် စိန်ခေါ်ပွဲများ ရပ်တန့် သွားမည် ဖြစ်၏။

“ အနိုင်ရမှ ဖြစ်မယ်၊ မင်းက လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင် အတွင်းမှာ အသန်မာဆုံး ပါရမီရှင်ပဲ။ ”

မုန်တိုင်း မဟာ သူတော်စင်မှ တိုးတိုးလေး ဆုတောင်းမိ၏။ တျန်ရွှမ်ဇီသည် မျှော်လင့်ချက် ဖြစ်သည်။

အဘယ်ကြောင့် ဆိုသော် ကောင်းကင် တာအိုဂိုဏ်း၌ ဧကရာဇ်ဓားနှင့် ဂိုဏ်းချုပ် မရှိ လျှင်ပင် ယဲ့ချင်းယွီမှ ပြန်လည် စုစည်းနိုင်၏။

လူတိုင်းတွင် အသီးသီးသော မျှေော်လင့်ချက်များ ရှိနေပြီး တိတ်တဆိတ် စောင့်ကြည့်နေခဲ့ ကြသည်။

မဟာ သူတော်စင် နှစ်ပါးလုံးကို မမြင်နိုင်သော်လည်း နက္ခတ်များ၏ ဖြစ်စဉ်များ အပေါ် မြင်နိုင်၏။

နက္ခတ်များမှာ တောက်ပလွန်း သဖြင့် ကောင်းကင်ကြီး မရှိတော့ သကဲ့သို့ ခံစားရ လေသည်။

“ နေ၊ လ၊ ရွှေ၊ သစ်သား စက်ဝန်း ... ။ ”

တျန်ရွှမ်ဇီ ပတ်ပတ်လည်တွင် ကြယ်များကဲ့သို့ အရောင် ခုနှစ်မျိုး စက်ဝန်းများ ဖျတ်ခနဲ ပေါ်လာသည်။

ဤသည်မှာ ကောင်းကင်ကျမ်းကို မြင့်မားသော အဆင့်သို့ ရောက်ရှိ ပြီးနောက် ရရှိ လာသော ဖြစ်စဉ်တစ်ခု ဖြစ်၏။

ကောင်းကင် ကျမ်းတွင် စုစုပေါင်း အဆင့် (၁၉)ဆင့်ရှိပြီး ၎င်းတို့ထဲမှ ထက်ဝက်မှာ ပျောက်ဆုံး နေခဲ့သည်။

ယင်းကို တျန်ရွှမ်ဇီမှ ပြည့်စုံအောင် ပြုလုပ်နိုင်ချေ၏။ ပထမ အဆင့် ကိုးဆင့်သည် အုတ်မြစ်ဖြစ်ပြီး ဒသမအဆင့်မှ စကာ နတ်နဂါး ဝိညာဉ် အဆင့်မျိုး ရောက်ရှိမည် ဖြစ်သည်။

အဆင့် အားလုံး ကျွမ်းကျင်သော် ကောင်းကင် ဒုက္ခကို ခံယူကာ စကြာဝဠာကို ခန္ဓာကိုယ်အတွင်း ထင်ရှားစေနိုင်၏။

ထိုအချိန်၌ ကောင်းကင် ကျမ်းသည် နတ်ဝိညာဉ် အဆင့် ပညာရပ်များကို ယှဉ်နိုင် နေပေမည်။

စကြဝဠာကို တည်ထောင် ပြီးနောက်၊ ခန္ဓာကိုယ်သည် ကမ္ဘာဦး ဖျက်ဆီးခြင်း စွမ်းအင် ပိုင်ဆိုင် လာပေမည်။

တျန်ရွှမ်ဇီ တစ်ယောက် ထို့အဆင့်သို့ ရောက်-မရောက် သိရှိလိုသဖြင့် လင်းယွန်က အလေးအနက် စောင့်ကြည့် နေမိသည်။

ဘုန်းဝိညာဉ် စက်ဝန်းဘီး ခုနစ်ဘီးက ခွေးသွားစိတ်များ ကဲ့သို့ တျန်ရွှမ်ဇီ ခန္ဓာကိုယ် အပေါ် တွယ်ဆက်ထားပြီး စကြဝဠာကြီး ဖြစ်စဉ် ပုံကြမ်းမျိုး ဖော်ပြလာသည်။

ဤသည်မှာ (၁၈)ဆင့်မြောက် ဖြစ်၏။ သက်တံဓား သူတော်စင်နှင့် တိုက်ပွဲတွင် ၎င်းမှ အသုံးပြု ခဲ့ဖူးသည်။

လင်းယွန် နှလုံးသားထဲတွင် ဆိုးရွားသော သတိပေးချက် တစ်ခု ရှိလာခဲ့၏။ ဆိုလိုသည်မှာ တျန်ရွှမ်ဇီသည် (၁၉)ဆင့်သို့ ရောက်ရှိ နေနိုင်သည်။

နောက်ဆုံးတွင် တျန်ရွှမ်ဇီ တစ်ယောက် တိုက်ပွဲအတွင်း၌ အောက်စည်း ရောက်နေခဲ့ သော်လည်း တည်ငြိမ်နေ၏။

အလင်းစက်ဝန်း (၇)ခုက အုပ်စိုးရှင် သူတော်စင် လက်ရာများ ကဲ့သို့ တျန်ရွှမ်ဇီကို အဆက်မပြတ် ထောက်ပံ့ ပေးနေသည်။

လက်သီး တစ်ထောင် မဟာ သူတော်စင်သည် နေမင်းကို ခေါ်ထားသကဲ့သို့ စူးရှသော အလင်းများ ထုတ်လွှတ်လာ၏။

ယန်-တာအို သူတော်စင် ကျမ်းကို မြင့်မားသော အဆင့် ရောက်ရှိနေပြီ ဖြစ်သည်။ သို့သော် သူ ထုတ်လွှတ်လိုက်သည့် ဓားအလင်း များက ပြိုင်ဘက်ကို မခွဲနိုင်သေးချေ။

ထို့ကြောင့် လင်းယွန် တစ်ယောက် စိတ်လှုပ်ရှား လာမိ၏။ တစ်ဖက် လူသည် သူ စိုးရိမ်နေသည့် အတိုင်း (၁၉)ဆင့်မြောက်ကို နားလည်ထားရန် နီးစပ်နေသည်။

“ တျန်ရွှမ်ဇီက နည်းနည်းတော့ အားနည်း နေသလိုပဲ။ ”

ကျောက်ဆောင် သူတော်စင် ဘုရင်က မျက်မှောင်ကြုတ် သွားသည်။ လင်းယွန်ထက် ပိုမြင်နိုင် သဖြင့် တစ်ဖက်သတ် အရိုက်ခံ နေရသော တျန်ရွှမ်ဇီကို မြင်နိုင်၏။

“ မင်း ဘာသိလို့လဲ ... တျန်ရွှမ်ဇီက အဆင်ပြေတယ် ဒဏ်ရာတွေက မပြင်းထန်ဘူး၊ အဲဒီဖားအိုကြီး ကသာ သူ့ကန့်သတ်ချက်ကို ကျော်လွန်နေပြီ... အနှေးနဲ့ အမြန် ဆိုသလို ရှုံးနိမ့်လိမ့်မယ် ... စောင့်ကြည့်လိုက်။ ”

မုန်တိုင်း မဟာ သူတော်စင်မှ ပြောကြား လိုက်သည်။ အဝေး တစ်နေရာတွင် တျန်ရွှမ်ဇီ နှင့် ကူရှင်းယွီက ဤတိုက်ပွဲအပေါ် စောင့်ကြည့်နေ၏။

လက်သီး တစ်ထောင် မဟာ သူတော်စင်သည် သူတို့ မျှော်လင့်ထား သည်ထက် ပိုမို အားကောင်းသည်။

“ အရင်ခေတ်က ဇာတ်ဆောင်တွေက မျှော်လင့်ထား သလိုပါပဲ၊ သူ့မှာ အားကောင်းတဲ့ အခြေခံ အုတ်မြစ်ရှိတယ်။ ”

ကျောက်တျန်းယွီမှ သက်ပြင်းချကာ သုံးသပ်လိုက်သည်။

“ တျန်ရွှမ်ဇီ မရှုံးဘူး မဟုတ်လား။ ”

“ မရှုံးပါဘူး။ ”

ကျောက်တျန်းယွီမှ တည်ငြိမ်စွာ ပြုံးပြီး ပြန်ဖြေသည်။ တျန်ရွှမ်ဇီ မည်မျှ သန်မာသည်ကို သူ အသိဆုံး ဖြစ်သည်။

မပြည့်စုံသော ကောင်းကင်ကျမ်းကိုပင် ပြီးမြောက်အောင် စွမ်းဆောင်နိုင်ခဲ့သူ ဖြစ်သည်။

“ လက်ရှိ အခြေအနေအရ တျန်ရွှမ်ဇီ အနိုင်ရခဲ့ ရင်တောင် ... လက်သီး တစ်ထောင် မဟာ သူတော်စင်က အောင်မြင်မှု တွေတောင် ယူနိုင်တော့မယ် ထင်တယ်။ ”

ကူရှင်းယွီက စိုးရိမ်စိတ်ဖြင့် ပြောကြား မိပြန်၏။

“ စောင့်ကြည့် ရအောင် ... ။ ”

ကျောက်တျန်းယွီက မှတ်ချက် မပေးတော့ဘဲ တိတ်ဆိတ်သွား၏။ သူတော်စင် များမှလွဲ၍ မည်သူမျှ ဖြစ်ပျက်နေသမျှကို မြင်နိုင်မည် မဟုတ်ချေ။

ကြောက်မက်ဖွယ် ကောင်းသော ဖြစ်စဉ်များကိုသာ မြင်နိုင်၏။ အလင်းရောင်မှာ တောက်ပလွန်း သဖြင့် လူအချို့မှာ မျက်လုံးများ ဒဏ်ရာရကုန်သည်။

“ မကောင်းတော့ဘူး။ ”

မူလ နဂါး မဟာ သူတော်စင်၊ ကျောက်စိမ်းဓား သူတော်စင်နှင့် သတ်ဖြတ်ခြင်း မဟာ သူတော်စင် တို့၏ မျက်နှာများ ပြောင်းသွားသည်။

ယဲ့ကူဟန် သည်ပင် မျက်နှာ ပျက်သွားပြီး၊ နတ်နဂါး သစ်သီးကို ဝါးနေခြင်း အပေါ် ရပ်တန့် လိုက်သည်။

“ ဆရာ ဘာဖြစ်လို့လဲ။ ”

လင်းယွန်က စိတ်လှုပ်ရှားစွာဖြင့် မူလနဂါး မဟာ သူတော်စင်ကို မေးလိုက်၏။

“ လေဟာနယ် အပိုင်းအစတွေ ... အများကြီးနဲ့ သံကြိုးတွေက တိုက်ပွဲအာကာပြင် အပေါ် အလုံပိတ်ထားလိုက်ပြီ၊ ... ချင်းယွီက အဲဒီ လေဟာနယ် ...

... အပိုင်းအစတွေထဲ ကနေ ထွက်မသွား နိုင်ဘူး ဖြစ်နေတယ်၊ တျန်ရွှမ်ဇီက အာကာသ တာအိုကို ဆုပ်ကိုင်ထားတာ သေချာပြီ။ ”

ထိုစကားကို ကြားသောအခါ လင်းယွန်မှ ထိတ်လန့်သွားသည်။ အာကာသ တာအိုသည် ထာဝရ တာအို ဖြစ်၏။

( မကြောက်ပါနဲ့ ... နိဗ္ဗာန်က အချိန်နဲ့ အာကာသထက် ပိုအားကောင်းတယ်။ )

ခရမ်းငယ်က ပြောကြားလာသည်။ သူတို့စကား ပြောနေစဉ် ကြယ်တံခွန် တစ်စင်း ကောင်းကင်မှ ကြွေကျလာ တော့သည်။

“ ဝုန်း ... ။ ”

အဆုံးတွင် ယဇ်ပလ္လင်သည် ကွဲအက်သွားကာ လှိုင်းလုံးကြီး တစ်ခု အဖြစ်သို့ ပျံ့ကားကုန်၏။

ကျောက်စိမ်းဓား သူတော်စင်၊ သတ်ဖြတ်ခြင်း မဟာသူတော်စင်နှင့် မုန်တိုင်း မဟာ သူတော်စင် တို့က ထိုလှိုင်းကို ပယ်ဖျက် လိုက်ရသည်။

ယဇ်ပလ္လင်၌ အပေါက်ကြီး တစ်ပေါက် ဖြစ်ပေါ်လာ၏။ လက်သီး တစ်ထောင် မဟာ သူတော်စင်က ထိုအပေါ်ထဲတွင် သွေးများ ရွှဲနစ်စွာ ရှိနေသည်။

“ ဆရာ ... ။ ”

လီတာ့ယန်မှ အော်ဟစ် လိုက်သည်။ ကောင်းကင်မှ ကျလာသော ကြယ်တံခွန်သည် သူ့ဆရာ ဖြစ်၏။

“ ဝှစ် ... ။ ”

ထိုစဉ် နောက်ထပ် အလင်းတန်း တစ်ခု ပြန်၍ ဆင်းသက်လာသည်။ ၎င်းမှာ တျန်ရွှမ်ဇီ ဖြစ်ပြီး လက်ထဲ၌ ဓားတစ်လက်ကို ကိုင်ကာ လေထုအလယ် ပျံဝဲနေခဲ့၏။

သူ့ဝန်းကျင်တွင် စက်ဝန်း (၇)ခု လွင့်မျောနေသည်။ အဖြူရောင် ဝတ်ရုံဖြင့် ရွှေရောင်ဆံပင် ကောက်ကောက်များက တဖျပ်ဖျပ် ခတ်လာ၏။

သူတော်စင် ရောင်ဝါများ ဖြာလျက် ဓားတစ်လက်ကို ကိုင်ထားသော အသွင်သည် အပြစ် အနာအဆာ ကင်းချေပြီ။

လူတိုင်း၏ အထက်တွင် ပျံဝဲနေသည့် ပန်းချီကား တစ်ချပ်နှင့်တူပြီး သေသပ် ခမ်းနား နေသည်။

သတ်ဖြတ်ခြင်း မဟာ သူတော်စင်က လက်သီး တစ်ထောင် မဟာ သူတော်စင်ကို ဗုဒ္ဓ ရောင်ခြည်တော် များဖြင့် ဖုံးအုပ်ပစ်၏။

နဖူးရှိ ဒဏ်ရာမှာ ပြန်ကောင်း မလာချေ။ သေးငယ်သော ပြတ်ရှ ဒဏ်ရာတစ်ခု ရှိနေခဲ့ပြီး သွေးများ စိမ့်ထွက်နေသည်။

ထိုဒဏ်ရာကို မြင်ပြီးချိန်၌ အစ်ကိုကြီး ရှင်းဂျူ သေဆုံးခဲ့ရသည့် မြင်ကွင်းမျိုး လင်းယွန် တစ်ယောက် ပြန်၍ မြင်ယောင် လာသည်။

သတ်ဖြတ်ခြင်း မဟာ သူတော်စင် ရင်ခွင်ထဲမှ နေ၍ လက်သီး တစ်ထောင် မဟာ သူတော်စင်က တျန်ရွှမ်ဇီ ဓားကို ကြည့်ကာ၊

“ ကောင်းကင်ဘုံ ... ။ ”

-ဟု ရေရွတ် လိုက်တော့သည်။

***

All Chapters