အခန်း (၂၁၈၈)
Vol. 157 Ch. 2188
လက်သီး တစ်ထောင် မဟာ သူတော်စင်အသံသည် တိုးညှင်းသော်လည်း ရှင်းရှင်း လင်းလင်း ကြားရစေ၏။
တျန်ရွှမ်ဇီ လက်၌ အံ့အားသင့်ဖွယ် သွယ်လျရှည်လျားသော ဓားတစ်လက် ရှိသည်။ ၎င်းနှင့် ပတ်သက်ပြီး ထူးထူးခြားခြား မရှိချေ။
သို့သော် ဓားစံအိမ်၏ နာမည်ကြီး ဓားတစ်လက် ဖြစ်၏။ ၎င်းနှင့်အတူ ဒေါသအိုး ဟူသော ဓားသည်လည်း နာမည်ကြီးချေပြီ။
အတူတကွ ပေါင်းစပ်နိုင်သော် နတ်ဘုရား ပစ္စည်းတစ်ခုနှင့်ပင် ယှဉ်နိုင်ပြီး ဤကမ္ဘာပေါ်ရှိ အစွမ်းထက်ဆုံး ဓားများ ဖြစ်နိုင်ပေမည်။
ဓားဂိုဏ်းတွင်လည်း ကြက်သွေးရောင် ဓားတစ်လက် ရှိသည်။ ၎င်းကို မူရွှမ်ကောင် ကိုင် ဆောင်၏။ သို့သော် ဤကောင်းကင်ဘုံနှင့် ယှဉ်၍ မရချေ။
“ ဒီဓားကြောင့်လား ... ။ ”
လင်းယွန်က ရေရွတ် လိုက်သည်။
“ မဟုတ်ဘူး ... ။ ”
ယဲ့ကူဟန်မှ သူ့အနား ကပ်လာကာ ပြန်ဖြေ၏။ မဟာ သူတော်စင်များမှာ လက်သီး တစ်ထောင် မဟာ သူတော်စင် အနား ပျံသန်း သွားတော့သည်။
“ အဲဒီဓား မရှိရင်တောင်မှ လက်သီး တစ်ထောင် မဟာ သူတော်စင် ရှုံးနိမ့်ဦးမှာပါ၊ ဒါပေမယ့် ဒီလို ပြင်းထန်တဲ့ ဒဏ်ရာကိုတော့ ဒီဓားကပဲ ပေးနိုင်မယ်။ ”
လက်သီး တစ်ထောင် မဟာ သူတော်စင်သည် ဆိုးရွားသော အခြေအနေတွင် ရှိနေခဲ့၏။ ထို့ကြောင့် အသက် ပြင်းပြင်းရှူကာ တျန်ရွှမ်ဇီကို မော့ကြည့်မိသည်။
ဤလူကို သူတို့ တိုက်ခိုက်ခြင်း မပြုမီ ကြောက်ရွံ့ခဲ့သည်။ ရလဒ် ထွက်လာပြီးနောက် လင်းယွန် တစ်ယောက် ငြိမ်သက်သွား၏။
အနားရှိ ယဲ့ကူဟန် သည်ပင် သူ့တည်ငြိမ်မှုကို အံ့သြနေခဲ့သည်။ လင်းယွန်၏ တိုက်ပွဲဝင် ဆန္ဒများ ပျောက်ဆုံး သွားသည်ဟု ထင်လျက်၊ သတိထား စောင့်ကြည့်မိ၏။
အကယ်၍သာ ဤအသက်အရွယ်ဖြင့် အခြားသူ တစ်ဦးသည် တျန်ရွှမ်ဇီ ကဲ့သို့သော တစ်စုံတစ်ယောက်ကို ရင်ဆိုင်ရမည် ဆိုသော် ရလဒ် နှစ်ခုသာ ရှိပေ လိမ့်မည်။
ရူးလျှင်ရူး မရူးလျှင် လမ်းမှား ရောက်သွားနိုင်၏။ အမုန်းတရားဖြင့် ထိုသို့သော အရိပ်အယောင်များ တစ်ချိန်က လင်းယွန်တွင် ရှိနေသည်ကို သူ သတိထားမိခဲ့ ဖူးသည်။
ထို့ကြောင့် မည်သည့် ဖိအားမျှ မပေးလိုတော့ဘဲ လင်းယွန်ကို ကောင်းကင် တာအို ဂိုဏ်း၏ သန့်ရှင်းသော သားတော် ရာထူးမှ ပယ်ရှားခဲ့သည်။
သို့သော် ထိုသို့ ဖြစ်မလာဘဲ လင်းယွန်မှာ ပို၍ ရင့်ကျက် တည်ငြိမ်သွားသဖြင့် သက်ပြင်းချ လိုက်မိသည်။
“ ကျွန်တော် ကူညီလို့ ရမလား။ ”
လင်းယွန်တွင် နဂါးပြာအရိုး ရှိကြောင်းကို ယဲ့ကူဟန် သိ၏။ သို့သော် သူက ခေါင်းခါလျက်၊
“ ဒါက ... သူ့အတွက် အသုံး မ၀င်တော့ပါဘူး၊ ဦးခေါင်းခွံ ထိုးဖောက် ခံရပြီး၊ သူတော်စင် ဝိညာဉ် ဒဏ်ရာရ သွားတာ။ ”
လင်းယွန်မှ အသက်ပြင်းပြင်းရှူကာ တျန်ရွှမ်ဇီကို ပြန်ကြည့်သည်။
လက်သီး တစ်ထောင် မဟာ သူတော်စင် ပြုတ်ကျမှုကြောင့် ဖြစ်ပေါ် လာသော လှိုင်းများ ငြိမ်သက်သွား၏။ လူတိုင်း၏ အကြည့်များက တျန်ရွှမ်ဇီထံ ကျရောက်နေသည်။
ယနေ့မှစပြီး ဤလူသည် ဧကရာဇ် နယ်ပယ်အောက်တွင် ပြိုင်ဘက်ကင်း ဖြစ်လာ ပေလိမ့်မည်။
ယင်းက လူများစွာကို ရှုပ်ထွေးစေ၏။ အရှေ့ဘက် ပျက်စီးမြေသည် ပြောင်းလဲမှု ဖြစ်လာတော့မည်ကို ပြောနိုင်သည်။
တျန်ရွှမ်ဇီ သည်သာ ဧကရာဇ်ဖြစ်လာက ဧကရီ၏ ပံ့ပိုးမှုဖြင့် အရှေ့ဘက် ပျက်စီးမြေကို ပေါင်းစည်းပေ လိမ့်မည်။
၎င်းသည် အရှေ့ဘက် ပျက်စီးမြေ အတွက် ဧကရီ ချထားသော နယ်ရုပ် တစ်ရုပ်သာ ဖြစ်၏။
“ ကောင်းကင် မဟာ သူတော်စင် အတွက် ဝမ်းမြောက် မိပါတယ်၊ ဒီနေ့ပြီးရင် ကောင်းကင် မဟာ သူတော်စင်ရဲ့ နာမည်က ... ခွန်လွန်ကို ပျံ့နှံ့သွား လိမ့်မယ်။ ”
“ ကောင်းကင်ယံ ဂိုဏ်းရဲ့ ကောင်းကင် မဟာ သူတော်စင်က ဧကရာဇ် နယ်ပယ်ကို အနှေးနဲ့ အမြန် ဆိုသလို ... ရောက်နိုင် လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ”
မြင့်မြတ်မြေ အသီးသီးက ချီးကျူးဂုဏ်ပြု လိုက်ကြသည်။ အထူးသဖြင့် တျန်ရွှမ်ဇီထက် အသက်ကြီးသူ များသည် နွေးထွေးသော အပြုံးမျိုး ပြသလာ၏။
လက်သီး တစ်ထောင်ကို အနိုင်ယူ ပြီးနောက် ၎င်း၏ အဟုန်ပေါ် အခြေခံ၍ ဧကရာဇ် နယ်ပယ် ရောက်ရှိမည်မှာ သေချာချေပြီ။
ခွန်လွန်သည် သန်မာသူများ ကိုသာ လေးစား ရမည့်နေရာ ဖြစ်ပြီး ဤသည်မှာ သဘာဝ ပေပင်။
၎င်းတို့ အထဲတွင် မင်ဂိုဏ်းမှ သူတော်စင် များက အပျော်ဆုံး ဖြစ်သည်။ နောက်ဆုံးတွင် သူတို့ ဂိုဏ်းချုပ်သည် တျန်ရွှမ်ဇီနှင့် ပထမဆုံး မဟာမိတ်ဖွဲ့ထားသူ ဖြစ်၏။
ထို့ကြောင့် အနာဂတ်တွင် အပြောင်းအလဲ ဖြစ်လာမည် ဆိုပါက မင်ဂိုဏ်းမှ သေချာပေါက် နေရာ ယူနိုင်ပေမည်။
မိတ်ဖွဲ့ရန် ကြိုးစားနေကြသော မြင့်မြတ်မြေများ ထဲတွင် ကျိကျစ်ရှီနှင့် လူကြီး မပါချေ။
“ အဘိုး ... ဘာလို့ မလုပ်တာလဲ။ ”
ကျိကျစ်ရှီက ပြုံးပြီး မေးသည်။ ဤလူကြီးသည် ကျိဘိုးဘေး သူမ၏ အဖိုး ဖြစ်ချေ၏။
ဖျင်ကြမ်း အကျီအကြမ်းကို ၀တ်ဆင်ပြီး အသက်ကြီးသော အသွင်ကို ယူဆောင်ထား သဖြင့် မည်သူမျှ အာရုံစိုက်မိခြင်း မရှိချေ။
“ ပြောရမယ်ဆိုရင် ငါတို့ရဲ့ နတ်ဖီးနစ်တောင်က နတ်နဂါး အင်ပါယာ ထက်တောင် ပိုပြီး ... ရှည်လျားတဲ့ သမိုင်းကြောင်း ရှိပါတယ် ...
... ဒီနယ်ရုပ်လေး အတွက် မပြောနဲ့ ... တစ်ချိန်က နဂါးတံခါး အထွတ်အထိပ် အချိန် တုန်းကတောင် ငါတို့ မိတ်ဖွဲ့ဖို့ မလိုခဲ့ဘူး၊ ဒါပေမယ့် သူကတော့ ...
... ထူးခြားတဲ့ နယ်ရုပ် ဆိုတာ ဝန်ခံရမယ်၊ သူ့ရာထူးတိုးတဲ့ အခါ စစ်ကဲ ဖြစ်မလား၊ ဘုရင်မ ဖြစ်မလား ငါသိချင်သား။ ”
ကျိဘိုးဘေးက တျန်ရွှမ်ဇီကို ကြည့်ကာ ပြန်လည် ပြောကြားလိုက်သည်။
“ ဒါဆို သူ့ကိုရော ဘယ်လိုထင်လဲ။ ”
ကျိကျစ်ရှီက လင်းယွန်ထံ လှည့်ကြည့်၏။ နဂါးပြာ မှတ်တမ်း အတွင်း သဘော တူညီမှုကို သူမ မမေ့ခဲ့ချေ။
သူမသည် နတ်ဖီးနစ် တောင်တန်း၏ မင်းသမီး ဖြစ်သော်ငြားလည်း ဤအရေးတွင် ဆုံးဖြတ်ချက် ချပိုင်ခွင့် မရှိသည်မှာ သဘာဝ ပေပင်။
ထို့ကြောင့် သူမ အဘိုးကို ခေါ်ဆောင် လာခြင်း ဖြစ်သည်။ လင်းယွန် အပေါ် ရင်းနှီး မြုပ်နှံရန် သင့်-မသင့် အဘိုးမှ ဆုံးဖြတ်ပေ လိမ့်မည်။
“ အမှန်အတိုင်း ဝန်ခံရရင် ကျန်းပေ့ကို သတ်လိုက်တည်းက သူက ထိုက်တန်နေပါပြီ၊ ဧည့်သည်တော် အနေနဲ့ နတ်ဖီးနစ်တောင်ကို ခေါ်လိုက်ပါ။ ”
ကျိဘိုးဘေးက လေးနက်စွာ ပြော၏။
“ ဒီလောက်တောင် မြင့်မားတဲ့ အဆင့်အတန်းနဲ့လား။ ”
သူမအဖိုး စကားကြောင့် ကျိကျစ်ရှီ တစ်ယောက် မျက်လုံးပြူး သွားလေသည်။ သို့တိုင် အဘိုးအိုမှ ပြုံးရယ်ပြီး၊
“ အဟဲ ... ဒီထက်တောင် မြင့်နိုင်တယ်။ ”
-ဟု ရွှပ်နောက်နောက် ပြောကြားလာ၏။
ဤနေ့အတွက် စကား အများကြီး မပြောလိုချေ။ လင်းယွန် မျက်ဝန်းများတွင် ရှိသော အရိပ်အယောင်ကို ကြိုက်ချေ၏။
အဆုံးမရှိ အမုန်းတရားများ ရှိသည်။ မည်သည့် စိတ်ပျက် နာကြည်းမှု မျိုးကိုမျှ မမြင်ခဲ့ချေ။
ထိုသို့သော လူငယ်မျိုးသည် မြင်တွေ့ရခဲပြီး အနာဂတ်တွင် ထူးထူးခြားခြား ဖြစ်လာမည်မှာ သေချာ၏။
တျန်ရွှမ်ဇီ ကဲ့သို့သော ဧရာမ ဘီလူး တစ်ကောင်နှင့် ရင်ဆိုင်ရသည့် အခါတွင်ပင် ခေါင်းငုံ့သွားခြင်း မရှိချေ။
အထူးသဖြင့် ဓားသမားများတွင် ထိုသို့သော တစ်စုံတစ်ယောက် ရှာတွေ့ရန်ရှား၏။ ၎င်းတို့၏ ပြင်းထန်သော စိတ်ခံစားချက် များကို အလွယ် တကူ ထိန်းချုပ် သိုဝှက်တတ် ကြသည်။
အသန်မာဆုံး ဓားသမားတွင် နှလုံးသား ပျောက်ဆုံးကာ၊ အဆုံးတွင် ဓား၏ ကျွန်များ သဖွယ် ဖြစ်လာကြ ကုန်သည်။
မြေးအဘိုး နှစ်ဦးကြား စကား ပြောဆိုမှုသည် နတ်ဖီးနစ် တောင်တန်း၏ သဘောထားကို ဆုံးဖြတ်ချက် ချခြင်း မည်ချေ၏။
တျန်ရွှမ်ဇီက ပြုံးလျက် မုန်တိုင်း မဟာသူတော်စင်ထံ တစ်ချက် ကြည့်လိုက်စဉ် သူတော်စင်တိုင်းက သူ့လမ်းကို ပိတ်ဆို့ ဝန်းရံလာ တော့သည်။
တျန်ရွှမ်ဇီက ကောင်းကင်ဘုံဓားကို မသိမ်းသေးဘဲ မုန်တိုင်း မဟာ သူတော်စင်ထံ လှည့်ကြည့်၏။
“ မုန်တိုင်း မဟာ သူတော်စင် ... အခု မင်းအလှည့် ရောက်ပြီ။ "
“ ကောင်းကင်ယံ မဟာ သူတော်စင် ... မင်းနောက်နေတာလား ... ကောင်းကင်ကျမ်း (၁၉)ဆင့် မြောက်ကို ... ဧကရာဇ် နယ်ပယ် အောက်က ဘယ်သူများ ယှဉ်နိုင်ဦးမှာလဲ။ ”
သူ၏ နှိမ့်ချလွန်းသော အဖြေကြောင့် ကောင်းကင် တာအိုဂိုဏ်း၏ တပည့်များက မကျေမနပ် ဖြစ်လာသည်။
အခြားသော မြင့်မြတ်မြေ များ၏ ဧည့်သည်တော် များပင် လှောင်ပြောင် လိုသော အမူအရာများ ထုတ်ဖော်လာ၏။
၎င်းနှင့်ယှဉ်က လက်သီး တစ်ထောင် မဟာသူတော်စင်သည် အနည်းဆုံးတော့ တိုက်ရန် သတ္တိ ရှိနေသေးသည်။
“ တစ်ချိန်တုန်းက ဓားဧကရာဇ် ယုချင်းဖန်က ... ကောင်းကင် တာအို ဂိုဏ်းကို ကျူးကျော် ဝင်ရောက်ပြီး ပြန်မဆုတ်နိုင်ခဲ့ဘူး၊ နောက်ဆုံး တောင်ပိုင်း ဧကရာဇ် ကိုယ်တိုင် ကယ်တင် သွားခဲ့ရတယ်၊ ဒါပေမယ့် ...
... ဒီနေ့တော့ ငါ့ကို တိုက်ရဲတဲ့ လူတောင် ရှာမတွေ့တော့ဘူး၊ အသန်မာဆုံး မြင့်မြတ်မြေ ရာထူးကနေ ကောင်းကင် တာအိုဂိုဏ်းကို ဖယ်ပြီး ... မင်ဂိုဏ်းအပေါ် ပေးသင့်ပြီ။ ”
တျန်ရွှမ်ဇီ စကားကြောင့် မင်ဂိုဏ်း၏ သူတော်စင်များက ပြုံးပြီး၊
“ ငါတို့ မလုပ်ရဲပါဘူး ... ကောင်းကင် မဟာသူတော်စင်က ဧကရာဇ်ဘုံကို ရောက်ရှိရင် ကောင်းကင်ယံ ဂိုဏ်းက မြင့်မြတ်မြေ ဖြစ်လာ မှာပါ၊ ဒါဆို အရှေ့ဘက် ပျက်စီးမြေကို အုပ်ချုပ်ရင်တောင် ဘယ်သူက စကား ပြောရဲဦးမှာလဲ။ ”
-ဟု ပြန်လည် ကျီးကျူးစကား ဆိုလာကြသည်။
ထိုအချင်းအရာကို ယဲ့ကူဟန်က သည်းမခံနိုင်တော့ဘဲ လှောင်ပြောင် လိုက်၏။
“ တျန်ရွှမ်ဇီ ... မျောက်ပွဲပြဖို့ ကြိုးစား နေတာကို ရပ်လိုက်ပါ ... မင်းက အားနည်း လွန်းတော့ ကောင်းကင်ဓားနဲ့ တာအိုဓားက လှုပ်ရှားဖို့ စိတ်မဝင်စားဘူး။ ”
ယခု အချိန်ထိ ယဲ့ကူဟန် သာလျှင် တျန်ရွှမ်ဇီကို တင်းတင်းမာမာ နာမည်ခေါ် ပြောဆိုဝံ့ ပေသည်။
“ မင်းအတွက် လုံလောက်ပြီ ဆိုရင် ထွက်သွားတော့ ဒါမှမဟုတ် မင်းမှာ သတ္တိရှိရင် တာအိုတောင်နဲ့ ယင်တောင်ကို ဘာလို့ ဓားနဲ့ မပိုင်းရတာလဲ။ ”
ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွားလေသည်။ အသူရာ မြစ်ဓား သူတော်စင်မှာ ပြုံးနေသော်လည်း ဒေါသကြီး ပေ၏။ တျန်ရွှမ်ဇီ ကမူ ဒေါသ မထွက်ချေ။
“ အသူရာမြစ် ... မင်းက အရင်အတိုင်း အရမ်း ရိုးဖြောင့်လွန်းတယ်။ ”
“ တျန်ရွှမ်ဇီ ... မင်းငါ့ကို သိခဲ့သလိုမျိုး မဆက်ဆံပါနဲ့၊ ငါ့ဆရာ ဒုက္ခခံယူတဲ့အခါ ... မင်း လာဝံ့ရင် သက်တံဓား သူတော်စင် တပည့် ဖြစ်တဲ့ငါက မင်းအသက်ကို ယူမယ်ဆိုတာ ကတိပေးတယ်။ ”
ဤအရာသည် ထိလွယ်ရှလွယ် အကြောင်းအရာ တစ်ခု ဖြစ်သောကြောင့် လူတိုင်း မျက်နှာ ပြောင်းလဲသွား၏။
သက်တံဓား သူတော်စင်သည် ၎င်း၏ဒုက္ခများကို ဖြတ်ကျော် နိုင်လိမ့်မည်ဟု မည်သူမျှ အကောင်းမြင်ခြင်း မရှိချေ။
တျန်ရွှမ်ဇီကို သူတော်စင် နယ်ပယ်၌ ပြိုင်ဘက်ကင်းဟု တင်စားခဲ့ကြ သော်လည်း သက်တံဓား ရှိနေသ၍ ထိုဘွဲ့မှာ အစစ်အမှန် မဟုတ်သေးကြောင်း သိရှိထားသည်။
သက်တံဓား သူတော်စင် ခေတ်ကို မီကြသူတိုင်း မည်မျှ ကြောက်စရာ ကောင်း သည်ကို သိထား၏။
ဧကရာဇ်များပင် သက်တံဓားကို မနှိမ်နင်းနိုင်ဟူသော ကောလဟာလ အချို့ ထွက်ပေါ်ခဲ့ဖူးသည်။
မင်ဂိုဏ်းမှ ဂိုဏ်းချုပ်သည် တစ်ချိန်က ရှေးဟောင်း ပျက်သုဉ်းမြေထံ ကျူးကျော်ခဲ့၏။ ၎င်းတို့နှင့်အတူ မြင့်မြတ်မြေ၏ မျိုးနွယ်စု အများအပြားကို ခေါ်ယူသွားသည်။
သူတို့၏ ပစ်မှတ်မှာ မြင့်မြတ်မြေ လုံးဝမရှိသော် ရှေးဟောင်း ပျက်သုဉ်းမြေကို သိမ်းရန်ဖြစ် သော်လည်း သက်တံဓား သူတော်စင်ကို မကျော်နိုင်ခဲ့ချေ။
ရန်သူတစ်ရာကို တွန်းလှန်ပြီး သက်တံဓား သူတော်စင် ဓား၌ သူတော်စင်များ၏ သွေးများ စွန်းထင်းသွားသည်။
ထို့ကြောင့် တျန်ရွှမ်ဇီမှာ ရှေးဟောင်း ပျက်သုဉ်းမြေကို မတိုက်မီ၊ အရှေ့ဘက် ပျက်စီးမြေထံ ချိန်ဆလာခြင်း ဖြစ်၏။
သက်တံဓား သူတော်စင် အမည်ကို ကြားသည့် အခိုက်တွင် တျန်ရွှမ်ဇီ၏ အပြုံးများ ပျောက်ကွယ် သွားသည်။ သူက ယဲ့ချင်းရှန်ကို လှည့်ကြည့် လာပြီး၊
“ မင်းက ငါ့ကို လာဝံ့ သလားလို့ ... မေးနေမှတော့ ... ငါ သေချာပေါက် လာမယ် ဆိုတာ ... ကတိပေးတယ်။ ”
-ဟု ပြောကြား လိုက်တော့သည်။
***