ကိုးရက်မြောက် ည ... ။
Vol. 157 Ch. 2189
တျန်ရွှမ်ဇီ၏ လေသံတွင် တုံ့ဆိုင်းမှု အရိပ်အမြွက် အနည်းငယ်ပင် မရှိချေ။ မာန ကြီးပြီး သူ့ ရည်မှန်းချက်ကို ပြောင်ပြောင် တင်းတင်း ပြောကြားလိုက်သည်။
အဆင့်ချိုးဖြတ် နေချိန်တွင် သက်တံဓား သူတော်စင် အပေါ် တိုက်ခိုက်ခြင်းသည် တရား မျှတမှု မရှိသလို၊ စက်ဆုပ်ဖွယ် ကောင်း၏။
“ မင်းကိုယ်မင်း ဖုံးကွယ်ထား ဖို့တောင် စိတ်မ၀င်စားတော့ဘူး မဟုတ်လား၊ ... မင်းသာ ဒုက္ခ ခံယူနေရင် ငါ့ဆရာက မနှောင့်ယှက်ဘဲ တရားမျှတစွာ တိုက်ခိုက်ဖို့ ရွေးချယ်မှာ သေချာတယ်။ ”
“ ဒါတော့ မင်း ပြောတာကို ငါယုံတယ် ... ဒါပေမယ့် ငါက သူမှ မဟုတ်တာ ... ဧကရာဇ် ကိုးပါးကို ယှဉ်နိုင်တဲ့ အမြင့်ထိ ကိုလည်း ငါ မရောက်ချင်ဘူး၊ ...
... ဒါကြောင့် သူ ဧကရာဇ် မဖြစ်ခင် ငါအနိုင်ယူရမယ်၊ မဟုတ်ရင် ငါ့မှာ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး။ ”
တျန်ရွှမ်ဇီက သူ့ကိုယ်သူ သက်တံဓား သူတော်စင် အဆင့်၌ မရှိကြောင်း ဝန်ခံလိုက် သဖြင့် လူတိုင်း အံ့ဩကုန်သည်။
“ လောကကြီးမှာ လူကောင်းနဲ့ လူဆိုး ဆိုပြီးရှိတယ် ငါ့မှာတော့ ရွေးချယ်စရာ မရှိဘူး၊ ဒါကြောင့် ကမ်းကုန်အောင် ဆိုးတဲ့ ဇာတ်ကောင် တစ်ယောက် အဖြစ် ... ရှင်သန် လိုက်တာက ပိုကောင်းပါတယ်။ ”
ယဲ့ကူဟန် တစ်ယောက် တျန်ရွှမ်ဇီကို ကြည့်ပြီး စကား မပြောနိုင်တော့ချေ။ တစ်ဖက် လူ၏ စကားများသည် အဓိပ္ပါယ် များစွာ ပါရှိကြောင်း ပြောနိုင်၏။
သို့သော် ဆိုလိုရင်းကို မဖမ်းနိုင်ချေ။ ဤသည်မှာ ဆရာသခင်ကို သတ်ခြင်းလောက် ရိုးရှင်းနေမည် မဟုတ်ဟု ပြောနိုင်သည်။
ဤတျန်ရွှမ်ဇီသည် တစ်ချိန်က သူနှင့်သိခဲ့ဖူးသော လူငယ် တစ်ယောက်နှင့် လုံးဝ မတူတော့ချေ။ သူ့စကားတွင် အနည်းငယ် နာကျည်းချက်များ ပါနေ၏။
“ မင်းမှာ ပြောစရာ မရှိရင် ... ငါအခု ထွက်သွားတော့မယ် ... ဓားဂိုဏ်းမှာ ငါ့ကို စောင့်နေ။ ”
သို့သော် လှည့်ထွက်နေရာမှ ရုတ်တရက် သတိရသွားပြီး လင်းယွန်ထံ ပြုံးကာ ပြန်ကြည့် လေသည်။
“ ဧကရာဇ်ဓားကို မင်း ယူနိုင် မလားလို့ ငါလည်းသိချင်နေတာ၊ ဒါပေမယ့် စိတ်ပျက်စရာ ပါပဲ၊ ကောင်းကင် တာအိုဂိုဏ်းက အရင်နဲ့ မတူတော့ဘူး၊ မင်းကို ...
... စမ်းကြည့်ဖို့ ဖိအားပေး နိုင်ရုံနဲ့ ငါလှုပ်ရှားစရာ မလိုဘဲ ဂိုဏ်းက ပရမ်းပတာ ဖြစ်သွားမှာ သေချာတယ်၊ ...
... သူတို့က မင်းကို ကြောက်ကြတယ်၊ မင်းမှာရှိတဲ့ အကန့်အသတ်မဲ့ အလားအလာကို သူတို့ မြင်နိုင်တယ်၊ ဒါပေမယ့် ... ငါကတော့ မင်းကို မကြောက်ဘူး၊ မင်း ဒီထက် ပိုသန်မာ လာမဲ့ အချိန်ကို ... ငါမျှော်နေတယ်၊ ...
... ဒါကြောင့် မင်းက ပန်းသင်္ချိုင်း လင်းယွန် ဖြစ်ဖြစ် ... ကောင်းကင် နဂါးသခင် ယဲ့ချင်းရှန် ဖြစ်ဖြစ် အရေးမကြီးတော့ပါဘူး။ ”
ထိုစကားကို ကြားသောအခါတွင် မူလ နဂါး မဟာ သူတော်စင်မှ မျက်ဝန်းများ မှေးစင်းကာ တျန်ရွှမ်ဇီထံ ကြည့်ပြီး၊
“ တျန်ရွှမ်ဇီ ... မင်းထွက်သွား သင့်ပြီ။ ”
-ဟု ပြောကြား လိုက်သည်။ တစ်ဆက်တည်းမှာပင် လူအုပ်ထံ ဝေ့ကြည့်ကာ၊
“ ဧည့်သည်တော်များ ခမျာ၊ လက်သီး တစ်ထောင် မဟာ သူတော်စင် အခြေ အနေကို မသိရသေးတဲ့ အတွက် ...
... ကောင်းကင် တာအို ဂိုဏ်းက ဧည့်သည်တော် တွေကို အချိန် မပေးနိုင်တော့ ပါဘူး တောင်းပန်ပါတယ်။ ”
-ဟု ဆိုလျက် အခမ်းအနားကို သိမ်းလိုက်တော့သည်။
လူတိုင်း၏ အမူအရာများ ပြုံးရွှင်ကုန်၏။ နှစ်ဝက်အတွင်း ကောင်းကင် တာအိုဂိုဏ်းသည် သူ့ရာထူးမှ ဆင်းပေးရ ပေတော့မည်။
ဤရလာဒ်မှာ သူတို့ လိုလားသည်ထက် ပိုနေခဲ့ပြီး ယနေ့ အဖြစ်အပျက်များသည် များစွာ စိတ်လှုပ်ရှားစရာ ကောင်းနေချေ၏။
“ ကောင်းကင် မဟာ သူတော်စင် ... မင်း ထွက်သွားဖို့ အချိန်ရောက်ပြီ။ ”
မုန်တိုင်း မဟာ သူတော်စင် ကလည်း တျန်ရွှမ်ဇီကို ကြည့်ကာ ပြုံးပြီး ပြောကြားလိုက် လေသည်။
“ ဘာလို့ အလျင်လို နေတာလဲ ... ။ ”
ဤတစ်ကြိမ်၌ တျန်ရွှမ်ဇီက ၎င်းထံ လှည့်ကြည့်ပြီး လက်ဖဝါးတစ်ချက် တွန်းထုတ် ပစ်လိုက်သည်။
“ ဖပ် ... ။ ”
“ ဝေါ့ ... ။ ”
ယဇ်ပလ္လင် ချက်ချင်း ကွဲအက်သွားကာ မုန်တိုင်း မဟာ သူတော်စင် တစ်ယောက် သွေး တစ်လုတ် အန်လျက် ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ် သွားရ၏။
“ မင်း ဘယ်လို သတ္တိရှိလဲ ... ။ ”
ဝမ်မိသားစု၏ သူတော်စင် များက သူတော်စင် ရောင်ဝါ များကို ထုတ်ဖော်ပြီး၊ လှမ်းထွက် လာကြသည်။
သို့သော် တျန်ရွှမ်ဇီက ဂရုမစိုက်ချေ။ သူ့နောက်မှ တောင်နက် သူတော်စင် ခုနစ်ပါးက ရှေ့တိုးလာ၏။
“ အမှိုက်တွေ ... ။ ”
“ မလှုပ်နဲ့ ... ။ ”
မုန်တိုင်း မဟာ သူတော်စင်မှ ထိတ်လန့်တကြားဖြင့် သူ့လက်ကို ဝှေ့ယမ်းကာ ဟန့်တားလိုက်ရသည်။
“ စိတ်ဝင်စားဖို့ ကောင်းတယ် ... မင်းက ငါထင်ထားတာထက် ပိုသန်မာတယ်၊ ဒါကြောင့် ငါစကား ပြောနေချိန်မှာ နှောက်ယှက်ဖို့ သတ္တိရှိတာကိုး။ ”
တျန်ရွှမ်ဇီက သူ့နာမည် ခေါ်ပြီး မောင်းထုတ်ခဲ့သော မူလနဂါး မဟာသူတော်စင် နှင့် ယဲ့ကူဟန်အပေါ် အပြစ်မယူချေ။
သို့သော် ယင်းသည် မုန်တိုင်း မဟာ သူတော်စင် သည်လည်း ပြောခွင့်ရှိ သည်ဟု အဓိပ္ပါယ် မသက်ရောက်ကြောင်း ပြသခြင်း ဖြစ်သည်။
“ ငါ ထွက်သွားချင်ရင် ... ငါ့သဘောနဲ့ ငါသွားမယ် ... ။ ”
တျန်ရွှမ်ဇီ အသွင်မှာ ခံပြင်းပြီး နာကျည်း လွန်းနေသည်။ ဤသည်မှာ ကောင်းကင် တာအို ဂိုဏ်း၏ နယ်မြေဖြစ် သော်လည်း ဂရုမစိုက်ချေ။
သူက လင်းယွန်ကို ပြန်ကြည့်ပြီး၊
“ ယဲ့ချင်းရှန် ... ငါပြောတာကို မင်းနားလည်လား၊ သူတို့က မင်းကို တကယ် ကြောက်နေ ကြတယ်၊ ငါတော့ မကြောက်ဘူး၊ မင်းကို စောင့်နေမယ်။ ”
“ မင်း ... ငါ့ကို ကြောက်သင့်တယ်၊ ငါ ရူးသွပ်သွားတဲ့ အခါ ငါ့ကိုယ့်ငါတောင် ကြောက် မိတယ်။ ”
လင်းယွန်က ထိုသူ ကဲ့သို့ပင် ပြုံးပြီး ပြန်ပြောလိုက်သည်။ သို့သော် သူ့မျက်ဝန်းများ၌ လူသတ်လို စိတ်များ ဖြာထွက်နေ၏။
“ ငါသိတယ် ... ဒါကြောင့် မင်းကို ငါစောင့်နေတာ ... ။ ”
ဤတစ်ကြိမ်၌ တျန်ရွှမ်ဇီ တစ်ယောက် အမှန်ပင် ထွက်ခွာသွားခဲ့သည်။ ယဲ့ချင်းရှန်မှာ လင်းယွန် ဖြစ်ကြောင်း ထုတ်မပြောခဲ့ သော်လည်း အတည်ပြု သွား၏။
“ ဝေါ့ ... ။ ”
ထိုအချိန်၌ သတ်ဖြတ်ခြင်း မဟာ သူတော်စင် လက်တွင် ကုသမှု ခံယူနေသာ လက်သီး တစ်ထောင် မဟာ သူတော်စင် တစ်ယောက် သွေးထပ်အန်လာ၏။
ဤသို့ဖြင့် ကောင်းကင် တာအိုဂိုဏ်း၏ အခမ်းအနားသည် ပရမ်းပတာ အခြေအနေဖြင့် ပြီးဆုံး သွားတော့သည်။
“ လီတာ့ယန် တာအို နန်းတော်ကို လိုက်သွား။ ”
ကျောက်စိမ်းဓား သူတော်စင်မှ လက်သီး တစ်ထောင် မဟာ သူတော်စင်ကို ပွေ့ချီလျက် ထွက်ခွာ သွားသော မူလနဂါး မဟာ သူတော်စင် နောက်သို့ လီတာ့ယန် လိုက်သွားရန် အမိန့်ပေး၏။
“ ဝှစ် ... ။ ”
သတ်ဖြတ်ခြင်း မဟာ သူတော်စင်နှင့် သူမကမူ မုန်တိုင်း မဟာသူတော်စင် ရှေ့တွင် ပိတ်ရပ်ထား လိုက်သည်။
“ မင်းတို့က ငါ့ကို ရန်လို နေတာလား၊ လက်သီး တစ်ထောင် မဟာ သူတော်စင်က ငါ့ရဲ့ မိတ်ဆွေ တစ်ယောက်ပါ ... သူ့ကို ကြည့်ဖို့ ငါ့မှာ အခွင့်အရေးတောင် မရှိဘူးလား။ ”
“ နင် သူ့ကိုကြည့်ဖို့ မလိုဘူး၊ လက်သီး တစ်ထောင် မဟာ သူတော်စင် အခြေအနေ ကောင်းတယ်။ ”
သတ်ဖြတ်ခြင်း မဟာ သူတော်စင်မှ ပြန်လည် ပြောကြား လိုက်သည်။ ယဉ်ကျေးမှု လုံးဝ မရှိချေ။
လက်ရှိ အခင်းအကျင်း အရ တောင်ထိပ်(၇၂)လုံး၏ တပည့်များ ပင်လျှင် တစ်စုံတစ်ရာ မူမမှန်ဟု ခံစားနိုင်၏။
“ ဒါဆို ငါ ဆုတောင်းပေးပါတယ်။ ”
မုန်တိုင်း မဟာ သူတော်စင်က ကျောက်ဆောင် သူတော်စင် ဘုရင်နှင့် အတူ ထွက်ခွာသွား တော့သည်။
“ ဝှစ် ... ။ ”
သို့မှသာ သတ်ဖြတ်ခြင်း မဟာ သူတော်စင်နှင့် ကျောက်စမ်းဓား သူတော်စင်က တာအို နန်းတော်သို့ ပျံသန်းသွား၏။
လက်သီး တစ်ထောင် မဟာ သူတော်စင်၏ ဒဏ်ရာမှာ သတ်ဖြတ်ခြင်း မဟာ သူတော်စင်မှ ပြောသည့်အတိုင်း မပေါ့ပါးချေ။
“ မင်းတို့ နှစ်ယောက်က ... တော်ဝင် သမီးတော် ခြံဝင်းမှာနေပါ၊ ဘာတွေပဲ ဖြစ်ဖြစ် ထွက်မလာနဲ့ ... ဘယ်ကိုမှလည်း မသွားနဲ့ ... နားလည်လား၊ အသူရာ မြစ်ဓား ... မင်း သူတို့နဲ့နေပါ။ ”
သူမက လေထဲ ပျံသန်းနေလျက်မှ လှည့်မကြည့်တော့ဘဲ လက်ကို ဝှေ့ယမ်းပြီး လင်းယွန်နှင့် ရှင်းယန် ထံသို့ သူမ၏ အသံကို ပေးပို့လာခဲ့သည်။
ယဲ့ကူဟန်မှ ခေါင်းညိတ် လိုက်သည်။ လင်းယွန်က တာအိုနန်းတော်သို့ သွားနေသည့် မဟာ သူတော်စင် (၃)ပါးထံ ငေးကြည့်မိ၏။
ယနေ့ညတွင် ကောင်းကင် တာအိုဂိုဏ်း၌ ကြီးကြီးမားမား တစ်စုံ တစ်ရာ ဖြစ်ပျက်လာ တော့မည် ဖြစ်သည်။
တစ်စုံတစ်ဦးသည် လက်သီး တစ်ထောင် မဟာ သူတော်စင် သေဆုံးခြင်းကို အလို ရှိနေ ခဲ့၏။ ဝမ်မူယန် စကားများကို သတိရကာ ယဲ့ကူဟန်ထံ လှည့်ကြည့် လိုက်သည်။
အံ့သြစရာ ကောင်းစွာပင် ယဲ့ကူဟန်မှ ပြုံးလျက်၊
“ ငါသိတယ် ... အားလုံးကို သိတယ်၊ ဒါပေမယ့် သူတို့ကို ထားလိုက်ပါ ... မင်းတို့ နှစ်ယောက် ငါနဲ့အတူ နေရမယ်။ ”
လင်းယွန်က ပတ်ဝန်းကျင်ထံ လူအုပ်ထံ လှည့်ပတ်ကြည့်ပြီး ဝမ်မူယန်ကို ရှာလိုက်မိ၏။ သို့သော် မတွေ့တော့ချေ။
“ အစ်ကိုကြီး ဝမ်မူယန် ပျောက်နေတယ်။ ”
“ အဲဒီကောင်မလေးက ... အရေး သိပ်မကြီးဘူး၊ သူ့ကို အာရုံစိုက် မနေနဲ့ ... ဒီမှာ မင်းက သူ့ထက် ပိုအရေးကြီးတယ်။ ”
လင်းယွန်က နှုတ်ခမ်းကို ကိုက်လိုက်၏။ အစ်ကိုကြီး မမှားချေ။ ကောင်းကင် တာအိုဂိုဏ်း အတွင်း အငြိမ်မသက် ဖြစ်သော်၊ သူတော်စင် တစ်ပါးပင် သေဆုံးနိုင်၏။
ထို့ကြောင့် ဝမ်မူယန် ခွန်အားဖြင့် ကြီးကြီးမားမား ပြောင်းလဲနိုင်မည် မဟုတ်ချေ။ သို့သော် တစ်စုံတစ်ရာ အဆင်မပြေဟု ခံစားနေရ ပြန်သည်။
ထိုအချိန်တွင် သူ့ထံ ရှုပ်ထွေးသော အကြည့်ဖြင့် စိုက်ကြည့်နေသော ပိုင်ရှုရင်နှင့် မျက်လုံးချင်း ဆုံသွား၏။ သူမတွင် ပြောစရာ အချို့ရှိပုံရပြီး သူ့ထံ လာချင်နေ ချေသည်။
သို့သော် ယဲ့ကူဟန်ထက် အားနည်းသည့် သူတော်စင် ဘုရင်တစ်ပါးက သူမကို တားဆီး ထား၏။
ဤသည်မှာ ပိုင်မိသားစု ဘိုးဘေးဖြစ်ပြီး အတုမဲ့ဆည်းဆာ သူတော်စင်ဘုရင် ဖြစ်သည်။ ၎င်းမှ ပိုင်ရှုရင်နှင့် အဖွဲ့ကို ငရဲသစ်ခွြခံဝင်းသို့ အတင်းအကြပ် ခေါ်ဆောင်သွား၏။
သန့်ရှင်းသော ဝိညာဉ်တော် ခြံဝင်း၏ သားတော်ကိုမူ ကျန်းဘိုးဘေးမှ ပြန်ခေါ်သွား တော့သည်။
ဤမျိုးနွယ်စု နှစ်စုသည် စောင့်ကြည့်ရန် တိုင်ပင် ထားသောကြောင့် နှစ်ဖက်စလုံး အပေါ် ကူညီမည် မဟုတ်ချေ။
ကျန်တပည့်များ ကိုလည်း ၎င်းတို့၏ တောင်ထိပ် သခင်များက ပြန်လည် ခေါ်ငင် သွားသည်။ အခမ်းအနားသည် ကြေကွဲစရာ အဖြစ်နှင့် ပြီးဆုံးသွားပြီ ဖြစ်၏။
လက်သီး တစ်ထောင်နှင့် မုန်တိုင်း မဟာ သူတော်စင်တို့ကြား တစ်စုံတစ်ရာ မှားယွင်းမှန်း မည်သူမဆို ပြောနိုင်သည်။
“ သွား ကြ ရ အောင်။ ”
ယဲ့ကူဟန်မှ လင်းယွန်နှင့် ရှင်းယန်ကို ခေါ်ဆောင်လိုက်သည်။ အခမ်းအနား ရင်ပြင်မှာ မျက်စိတမှိတ် အတွင်း ကြောက်ခမန်း လိလိ ဆိတ်သုဉ်းသွား၏။
တောင်ကုန်းပေါ်မှ ထိုင်ကြည့်နေမိသော ကျောက်တျန်းယွီနှင့် ကူရှင်းယွီက မတ်တပ် ထရပ် လိုက်ကြသည်။
“ ဝမ်မူယန်က ကောင်းကင် စက်ဝန်း ဘုံကျောင်းကို သွားနေပြီ ဆိုတော့ ငါတို့လည်း အချိန်ကျပြီ။ ”
ကျောက်တျန်းယွီ စကားကို ကူရှင်းယွီမှ အံကြိတ်ကာ ခေါင်းညိတ် လိုက်၏။ နှစ်ဦးလုံးက ယုံကြည်ချက် အပြည့်ဖြင့်၊
“ မီးတောက်နေ သမျှ ကာလပတ်လုံး နတ်ကိုးကွယ်မှုဟာ ... ထာဝရ တည်ရှိလိမ့်မယ်။ ”
-ဟု ကြွေးကြော် လိုက်တော့သည်။
ပြီးသည်နှင့် နှစ်ယောက်သား တောင်ပေါ်မှ ခုန်ချလိုက်သည်။ တောင်ကြား မျက်ခင်းပြင်၌ အစီရင်တစ်ခု ရှိနေ၏။
ညမိုးချုပ် သွားသော အခါ၊ အစီရင် ပတ်လည်ရှိ မီးတိုင်များ စတင် လောင်ကျွမ်း လာသည်။ ဤအရပ်သည် လူဆိတ်ညံသော တောင်ကြား ဒေသဖြစ်၏။
တောင်ကြား အပြင်ဘက်တွင် စောင့်ကြပ်နေသော လူတစ်စု ရှိသော်လည်း ဤမီးရောင်ကို သတိထား မိမည် မဟုတ်ချေ။
အရေးအကြီးဆုံးမှာ ယင်နန်းတော်၏ အနောက်ဘက်တောင် ဖြစ်သဖြင့် မြင်လျှင်ပင် မည်သူမျှ ဝင်လာဝံ့မည် မဟုတ်ကြောင်း အာမခံနိုင်သည်။
လမင်းက ကောင်းကင်ပေါ် မြင့်တက်လာသော အခါ ထိုမီးတောက်များက သက်ရှိ အလား ယိမ်းထိုး လာတော့၏။
ကောင်းကင် သန့်စင်ခြင်း တောင်တန်း ပေါ်တွင် တျန်ရှင်းက ကြိုးကြာ နတ်သမီးနှင့် အတူ ရှိနေခဲ့သည်။
ကြိုးကြာ နတ်သမီး၏ လက်ထဲတွင် ကောင်းကင်ခွဲသူ ရှိနေ၏။ လင်းယွန် မှာကြား ထားသည့် အတိုင်း၊ ဓားစံအိမ်မှ လာပို့သည်နှင့် ဂိုဏ်းက ကြိုးကြာ နတ်သမီးထံ လွှဲပေးခဲ့ခြင်း ဖြစ်သည်။
“ ဒီဓားက တကယ် လှတယ်။ ”
ကြိုးကြာ နတ်သမီးက ပြုံးပြီး ပြောကြား လိုက်၏။
“ ဒါက ဓားကောင်း တစ်လက်ပဲ ... ဓားစံအိမ်က ကမ္ဘာပေါ်မှာ ... အကောင်းဆုံး ဓားတွေကို ပြုလုပ်နိုင်တယ်။ ”
ထို့နောက် တျန်ရှင်းက သက်ပြင်းချကာ၊
“ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးထောင်က ငါ့မှာ ဧကရာဇ်ဓား မရှိလို့ လုပ်ကြံခံ ခဲ့ရတယ်၊ အနှစ် သုံးထောင် ကြာပြီးတဲ့နောက်မှာ ချင်းယွီက ကောင်းကင်ဘုံ ဓားကြောင့်၊ ...
... ရှုံးနိမ့်ခဲ့တယ်၊ ကြည့်ရတာ ကောင်းကင် တာအိုဂိုဏ်းက ဓားကောင်း တစ်လက် အမြဲလို နေပုံရတယ်။ ”
-ဟု ဆိုလျက် ကောင်းကင်ခွဲသူကို ကြိုးကြာ နတ်သမီးထံမှ ယူပြီး၊ ကောင်းကင် တာအိုဂိုဏ်း အပေါ် စီးမိုးကြည့် လိုက်တော့သည်။
ဤလ၏ ကိုးရက်မြောက် ညသည် ရှည်ကြာလွန်းသော ညတစ်ညအဖြစ် သမိုင်း ဝင်ပေတော့မည်။
***