အေးမြသောည
Vol. 157 Ch. 2190
လမင်းသည် ကောင်းကင်၌ တဖြည်းဖြည်း မြင့်တက်လာ၏။ ကောင်းကင် တာအိုဂိုဏ်းမှာ ခါတိုင်းထက် ပို၍ တိတ်ဆိတ် နေသည်။
တောင်ထိပ် အသီးသီးမှ တပည့်များကို ‘ညအချိန်’မထွက်ရန် တောင်ထိပ်သခင်များက တားမြစ် ထား၏။
သို့သော် ကောင်းကင် စက်ဝန်း ဘုံကျောင်းရှေ့တွင် ဝမ်မူယန်က ရပ်နေသည်။ ဤရတနာသည် ကောင်းကင် တာအိုဂိုဏ်းမှ သူတော်စင် တပည့်များ အချိန်တို အတွင်း သန်မာရသည့် အကြောင်းအရင်း ဖြစ်၏။
သို့သော် အသုံးပြုရန် သူတော်စင် သလင်းကျောက် အများအပြားကို လောင်ကျွမ်း ရလေသည်။
သူတော်စင် သလင်းကျောက်သည် ရှားပါးခြင်း မရှိသော်လည်း ပမာဏများပြား သဖြင့် အသုံးပြုရန် အကန့်အသတ်ရှိသည်။
အင်အားကြီး ဂိုဏ်းများအတွက်ပင် မတတ်နိုင်သော ပမာဏမျိုးအထိ ကုန်ကျ၏။ ကောင်းကင်ဘုံကျောင်းသည် တားမြစ်နယ်မြေ ဖြစ်ပြီး သူတော်စင် တပည့် မဟုတ်ပါက အနားကပ်ခွင့် မရှိချေ။
“ နတ်သမီးလေး ... ။ ”
ရုတ်တရက် ကောင်းကင်ဘုံ သူတော်စင် သခင်ရီက ဝမ်မူယန်ကို မြင်ချိန်၌ လေးလေး စားစား နှုတ်ဆက်တော့၏။
ဤမြင်ကွင်းအရ ဂိုဏ်း၏ သူတော်စင် အကြီးအကဲ တစ်ဦးသည်ပင် သွေးလဂိုဏ်းဝင် ဖြစ်ကြောင်း သေချာသွား စေသည်။
“ အချိန် ဘယ်လောက် ရမလဲ။ ”
“ ခြောက်နာရီ ... ဒီနေ့တော့ ထူးထူးခြားခြားပဲ ခြောက်နာရီ ပြည့်ရင် တာအို နန်းတော်ကို လာရမယ်လို့ ဆင့်ခေါ်ထား ပါတယ်။ ”
ဤနေရာကို စောင့်ရှောက်ရန် အတွက် လူမြင်ကွင်း၌ သူတော်စင် သုံးပါး ထားရှိခဲ့သည်။ အမှောင်ထဲ၌မူ သူတော်စင် ဆယ်ဂဏန်းခန့် အလှည့်ကျ ချထားပေး၏။
(၁၅)ရက် တစ်ကြိမ် လူလဲကာ၊ (၆)နာရီ တစ်ကြိမ် ကင်းလှည့် ရပေမည်။ ယနေ့ တွင်မူ ထိုသူတော်စင် အားလုံးကို တာအို နန်းတော်မှ ဆင့်ခေါ်သွား၏။
“ ခြောက်နာရီလား ... ။ ”
ဤသည်မှာ သတ္တမ အဆင့်တွင် နှစ်လကြာ နေနိုင်သည်ဟု အဓိပ္ပါယ်ရ၏။ ဝမ်မူယန်အတွက် လုံလောက်ရုံ မျှသာ ရှိသည်။
သူမ နောက်ဆုံး အကြိမ်တွင် နှစ်နှစ်ကြာ နေခဲ့ပြီး ရှေးဟောင်းဝိညာဉ်ကို ပြန်လည် နိုးထ စေခဲ့သည်။
ဤဘုံကျောင်းသည် ယခင်က သွေးလ ဂိုဏ်း၏ ရတနာဖြစ်သည်။ ကောင်းကင် တာအို ဂိုဏ်းချုပ်မှ လုယူသွားခြင်း ဖြစ်၏။
ယင်းကြောင့်ပင် ရလဒ် အနေဖြင့် ကောင်းကင် တာအို ဂိုဏ်းသည် ခွန်လွန်၌ အချိန်အတော်ကြာ အသန်မာဆုံး နေရာကို ရရှိသွားခဲ့သည်။
ထိုစဉ်က သူတို့၏ ဂိုဏ်းခွဲများ အားလုံး သည်ပင် မြင့်မြတ်မြေများ ဖြစ်၏။ ဝမ်မူယန်မှ သတ္တမ အဆင့်သို့ ချက်ချင်း ဝင်ရောက် လာခဲ့သည်။
ဤနေရာကို စောင့်ကြပ်နေသော သူတော်စင်တစ်ပါး ရှိသော်လည်း ဝမ်မိသားစုမှ ဖြစ်သဖြင့် ဝမ်မူယန်က နတ်သလင်းကျောက် တစ်ပိုင်း ပေးကာ အသက်သွင်းခိုင်း လိုက်၏။
သတ္တမ အဆင့်ရှိ ခင်းကျင်းမှုကို အသက်သွင်းရန် သူတော်စင် သလင်းကျောက် လိုအပ်ပြီး နတ်သလင်းကျောက် လက်သည်းခွံ အရွယ်အစား သည်ပင် မယုံနိုင်ဖွယ် တန်ဖိုးရှိချေပြီ။
“ သခင်မလေး သတိထားပါ။ ”
ဝမ်မိသားစု သူတော်စင်မှ ပြောသည်။ ခဏ အကြာတွင် သတ္တမအဆင့် တစ်လုံး မြူများဖြင့် ပြည့်နှက်လာတော့၏။
တောင်နှင့် မြစ်များ ပေါ်ပေါက် လာပြီး သူတော်စင် စွမ်းအင် အလုံး အများအပြားလည်း ထွက်ပေါ်လာသည်။
ဝမ်မူယန်က စတင် လျှောက်လှမ်းသည်။ သူမ ခြေလှမ်း လှမ်းလိုက်တိုင်း အသားအရေ အသွင်အပြင် ပြောင်းလဲသွား၏။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
ဤသည်မှာ မျက်နှာ တစ်ထောင် နတ်ဝိဇ္ဇာ ပညာရပ် ဖြစ်ပြီး၊ လူတိုင်း အိမ်မက်ကိုလိုက်ကာ သူမ အသွင်သဏ္ဍာန် ပြောင်းလဲ စေပေမည်။
တစ်စုံ တစ်ဦးသည် တည်ငြိမ်သော နှလုံးသား မရှိခဲ့သော် သူမကို ချစ်မိသွားမည် ဖြစ်၏။ မျက်နှာ တစ်ထောင်၏ အစွမ်းမှာ ရမ္မက်ကို နိုးဆွပေးခြင်း ပေပင်။
ခြေလှမ်း လှမ်းလိုက်တိုင်းတွင် အရေပြား အချို့ ကွာကျနေပြီး၊ မျက်နှာ အသွင်အပြင်သည် အထပ်ထပ် ဝိုးတဝါး ပြောင်းလဲနေ၏။
ခန္ဓာကိုယ် အတွင်းမှ လျှို့ဝှက် ဆန်းကြယ်သော စွမ်းအား တံဆိပ်ကို ပြန်ဖျက် တော့မည် ဖြစ်သည်။
ဤလျှို့ ဝှက်ဆန်းကြယ် လွန်းသော စွမ်းအားသည် အလွန် ရှေးကျသဖြင့် ခရမ်းငယ် မှပင် ကြောက်ရလေသည်။
အဆုံးတွင် ပန်းတစ်ပွင့် ရှေ့သို့ သူမ ရောက်သွားသည်။ ၎င်းသည် နှစ်ထောင်ပေါင်း များစွာ သက်တမ်း ပိုင်ဆိုင် ထားသည့် ကောင်းကင်၌ ပွင့်သောပန်း ဖြစ်သည်။
ထို့နောက် ကောင်းကင်၌ ပွင့်သောပန်းက မိန်းမပျို တစ်ဦး၏ အသွင်အပြင်မျိုး ပြောင်းလဲ လာ၏။
ဤသည်မှာ ကောင်းကင် စက်ဝန်း ဘုံကျောင်း၏ ရှေးဟောင်း ဝိညာဉ် ယွီလော ဖြစ်သည်။
“ ယွီလောက သခင့်ကို နှုတ်ဆက်ပါတယ်။ ”
လက်ရှိအချိန်၌ ဝမ်မူယန် မျက်နှာသည် ပြီးပြည့်စုံ ရုံမျှမကဘဲ၊ နတ်ဘုရား ရောင်ဝါများ ဖြာထွက် နေခဲ့သည်။
လင်းယွန်ကို အချိန်အတော်ကြာ နှောက်ယှက် နေခဲ့သည့် ပြဿနာလည်း ဖြစ်သည်။
ဝမ်မူယန်ထံမှ နတ်ဘုရား ရောင်ဝါကို ထိုစဉ်က မကြာ- မကြာ ရရှိနေ တတ်သည်။ တံဆိပ် ဖြည်လိုက်သော အခါတွင်၊ သူတော်စင် တစ်ပါးကိုပင် ကြောက်လန့်စေသော ရောင်ဝါ ထွက်ပေါ်လာ၏။
“ ငါ့မှာ နှစ်လပဲ အချိန်ရမယ် ... အဲဒီ နှစ်လအတွင်း ငါ့အတွက် ကောင်းကင် စက်ဝန်း ဘုံကျောင်းကို အသက်သွင်း ပေးနိုင်မလား။ ”
“ ခက်ခဲ သွားမှာကို ကြောက်မိပါတယ်၊ သခင့်ရဲ့ ကျင့်ကြံမှုက မလုံလောက် သေးပါဘူး၊ အသိအမှတ် ပြုမှုကို ရရှိထားတာ တောင်မှ တန်ခိုး အပြည့်အဝ ...
... ပြသနိုင်ဖို့ မကြိုးစားပါနဲ့ဦး၊ အတင်းအကြပ် ကြိုးစားမိရင် ဆန့်ကျင်ဘက် ဖြစ်လာနိုင်ပါတယ်။ ”
ဤသဘော တရားမှာ သာမာန်ဖြစ်သည်။ နေ-လထီးကို လင်းယွန် အတင်းအကြပ် သုံးခဲ့ ပုံနှင့် ဆင်တူသည်။
“ ဒါဆို လုံလောက်ပြီ ... ။ ”
ဝမ်မူယန် မျက်ဝန်းများ အတွင်း၌ ကြက်သွေးရောင် မီးလျှံများ တောက်လောင် လာသည်။ မီးတောက်များက နတ်ရူရ် နှစ်လုံး အဖြစ်သို့ ပေါင်းစပ်သွား၏။
“ ဟုတ်ကဲ့ ... ။ ”
ယွီလောမှ ဆက်မပြောတော့ချေ။ မှတ်ဉာဏ်များ ပြန်လည် ရရှိထားပြီး ဖြစ်သဖြင့် ဤလူအပေါ် နာခံရမည် ဖြစ်သည်။
အခြားတစ်ဖက်တွင် မုန်တိုင်း မဟာ သူတော်စင်နှင့် ကျောက်ဆောင် သူတော်စင် ဘုရင်တို့သည် အကြောင်း အရာ တစ်ခုကို ဆွေးနွေးနေကြ၏။
“ သူ သေနိုင်လား။ ”
ကျောက်ဆောင် မဟာ သူတော်စင်က စိတ်လှုပ်ရှားစွာ မေးသည်။ သူသည် လက်သီး တစ်ထောင် မဟာ သူတော်စင်ကို ကြောက်ရွံ့ ချေ၏။
ဤကြောက်ရွံ့မှုသည် အရိုးထိတိုင် နက်နက်ရှိုင်းရှိုင်း ဖြစ်တည်နေခြင်း ဖြစ်သည်။ ၎င်းကြောင့်သာ မဟုတ်သော် အဓိက မျိုးနွယ်စု လေးခုနှင့် ဂိုဏ်းကို ထိန်းချုပ်ပြီး ဖြစ်ပေမည်။
“ မသေရင်တောင် ... အဲဒီဓားကြောင့် သူ့ခွန်အား ကျန်တော့မယ် မထင်ဘူး။ ”
“ ဒါပေမယ့် ... ။ ”
ကျောက်ဆောင် သူတော်စင် ဘုရင်က တုံ့ဆိုင်းသွားသည်။ နောက်ဆုံးတွင် လက်သီး တစ်ထောင် မဟာ သူတော်စင်သည် သူ့ထံ လှည့်လာမည်ကို စိုးရိမ်နေမိသေး၏။
၎င်းမသေ သေးသ၍ ပုန်ကန်ဝံ့ဦးမည် မဟုတ်ပေ။ ဤအရာသည် ကောင်းကင် တာအို ဂိုဏ်းကို ဖျက်ဆီးခြင်း မည်၏။
“ အဲဒါကို စိတ်မပူပါနဲ့ ... ငါက သူ့ကို မင်းထက်ပိုပြီး သေစေချင်တဲ့ လူပါ ... တာအို နန်းတော်ကို ငါကိုယ်တိုင် သွားလည်မယ်။ ”
“ ဟမ့် ... တာအို နန်းတော်မှာ မဟာ သူတော်စင် သုံးဦးတောင် ရှိနေတာ၊ မုန်တိုင်း မဟာ သူတော်စင် ... မင်းတကယ်ပဲ ကိုယ်တိုင်သွားမှာ သေချာလို့လား။ ”
***