← Chapters

ရွှေမျက်လုံး ... ။

Vol. 157 Ch. 2192

ရွှေမျက်လုံး ... ။

Vol. 157 Ch. 2192

တာအို နန်းတော်မှ ထွက်ပေါ် လာသော အဖြူရောင် အလင်းတိုင်ကို ကောင်းကင် တာအို ဂိုဏ်း၏ ထောင့်တိုင်းမှ မြင်နေရပေ၏။

လက်သီး တစ်ထောင် မဟာ သူတော်စင်က သူတော်စင် နယ်ပယ် အောက်မှ တပည့်တိုင်းကို မပါဝင် စေလိုကြောင်း ယဲ့ကူယန်မှ ပြောပြ လာသည်။

“ ဒါဆို ... ဘာဆက်လုပ်မလဲ။ ”

“ တစ်ခုခု ဖြစ်ရင် ... မင်းကို ငါ လိုက်ပို့ပေးမယ် ... သူတော်စင် မဟုတ်ရင် ရန်သူက ဂရုစိုက်မှာ မဟုတ်ပါဘူး၊ ပြီးတော့ တပည့်တွေကို သတ်ရင် ...

... ပိုင်နဲ့ ကျန်းမိသားစုက ရပ်ကြည့် နေတော့မှာ မဟုတ်ဘူး၊ ဒါက ဂိုဏ်းတစ်ခုလုံး အမြစ်ပြတ်သွားမဲ့ အရေးပဲ။ ”

“ ဒါဆို ဒီလိုပဲ ရပ်ကြည့် နေရမှာလား။ ”

“ မင်းရဲ့ ဘေးကင်းရေး အတွက် မင်းမှာ နည်းလမ်းတွေ ရှိတယ်ဆိုတာ ... ငါသိပါတယ်၊ ဒါပေမယ့် အသက်ကို မရင်းဝံ့ရင် ဒီအဆင့် တိုက်ပွဲမှာ ပါဝင်လည်း အသုံးမဝင်ပါဘူး။ ”

ယဲ့ကူဟန်က လေးနက်သော အမူအရာ မျိုးဖြင့် ပြောကြား လိုက်တော့၏။ လင်းယွန်မှ ခေါင်းညိတ်ပြီး ပြန်ထိုင်လိုက်သည်။

ကောင်းကင် တာအိုဂိုဏ်း အနေဖြင့် သည်ညကို ကျော်လွန်နိုင်ပါစေဟု ဆုတောင်း လိုက်မိ၏။

( သူပြောတာ မှန်တယ် ... တျန်ရွှမ်ဇီလို မဟာ သူတော်စင်အဆင့်မှာ မရှိဘူး ဆိုရင်တော့ ဒီတိုက်ပွဲကို ပါဝင်လည်း အဓိပ္ပါယ် မရှိဘူး။ )

ခရမ်းငယ်မှ သတိ ပေးလာသည်။ သူမကပင် ဆက်ပြောပြန်၏။

( နင်တို့ရဲ့ သခင်မ နှစ်ယောက်က ... သူတို့ကို မတိုက်နိုင်ရင်တောင်မှ ထိန်းထားဖို့က ပြဿနာ မရှိပါဘူး၊ ဒါပေမယ့် ဒီလောက် အထိ ကြီးမားတဲ့ ရုန်းရင်းဆန်ခတ်မှု မျိုးက တာအို နန်းတော်မှာ ဖြစ်လာလိမ့်မယ်လို့ မထင်ထား တာတော့ အမှန်ပဲ။ )

( ဘာကို ဆိုလိုတာလဲ။ )

( နေလ နတ်ရူရ်က ငရဲသစ်ခွခြံဝင်းမှာ မဟုတ်ဘဲ တာအို နန်းတော်ဆီ ရောက်နေတာ များလား၊ ဒါပေမယ့် အဓိပ္ပါယ် မရှိပြန်ဘူး ... ၊ အဲဒီတုန်းက ကောင်းကင် ရေကန်ထဲမှာ ...

... ရှိနေတာကို ရှင်းရှင်း လင်းလင်း ငါကိုယ်တိုင် ခံစားခဲ့ရတ ဒါဆို သူတို့က ဘာလို့ တာအို နန်းတော်ကို တိုက်နေရ တာလဲ။ )

ခရမ်းငယ်မှ မျက်မှောင်ကြုတ်လျက် ပြန်လည် ဖြေကြားလာသည်။ လင်းယွန် ခမျာ ဆိုးရွားသော ခံစားချက်များ ရရှိလာ၏။

နေလနတ်ရူသည် ငရဲသစ်ခွခြံဝင်း အတွင်း ရှိက မကြာမီ တစ်စုံတစ်ခု ဖြစ်လာနိုင်ပေမည်။ ထိုကိစ္စကို ဖုံးကွယ် မထားနိုင် တော့ဘဲ ယဲ့ကူဟန်ထံ ပြောပြမိ၏။

သို့သော် ယဲ့ကူဟန်မှ ခေါင်းခါ လိုက်ပြီး၊

“ ကျောက်စိမ်းဓား သူတော်စင်က လွဲပြီးတော့ ... ဘယ်သူမှ နေလ နတ်ရူရ်ရဲ့ တည်နေရာကို မသိကြဘူး၊ ပြီးတော့ ဝမ်မိသားစုက ငရဲသစ်ခွ ခြံဝင်းကို ...

... တိုက်ဖို့ သူတို့မှာ အင်အား မရှိတော့ ပါဘူး၊ ပိုင်မိသားစုက အလွယ်တကူ အနိုင်ယူလို့ ရတယ်လို့ မထင်နဲ့။ ”

-ဟု နှစ်သိမ့်လိုက်သည်။

“ ကျောက်ဆောင် သူတော်စင် ဘုရင် လှုပ်ရှားလာရင်ရော အစ်ကိုကြီး ယဲ့မိသားစုက သွေးလဂိုဏ်းနဲ့ ပူးပေါင်းနိုင်ချေ ရှိတယ်။ ”

ဤအကြောင်းအရာသည် အနည်းငယ် ထိလွယ်ရှလွယ် ဖြစ်နေသဖြင့် ယဲ့ကူဟန်မှာ တုန်လှုပ်သွား ခဲ့သည်။

သူသည် ယဲ့မျိုးရိုး ဖြစ်ပြီး ဂိုဏ်းအတွင်း ယဲ့မိသားစု မည်မျှ အားကောင်းလှ သည်ကို သိချေ၏။

ထို့ကြောင့် ဤသုံးသပ်ချက် အတိုင်း ဆိုပါသော် အခြေအနေများ ပို၍ ဆိုးရွားလာ ပေမည်။ သူ့ဓားသည် မျိုးနွယ်တူများ အတွင်း လွှဲရန် ခက်ချေ၏။ ခဏတာ ငေးငိုင်သွားပြီး လင်းယွန်စကား အပေါ် တုန့်ပြန်နိုင်ခြင်း မရှိတော့ချေ။

“ ဝုန်း ... ။ ”

ကျယ်လောင်သော ပေါက်ကွဲသံများ တာအိုနန်းတော် ထံမှ ရုတ်တရက် ထွက်ပေါ် လာသဖြင့် ယဲ့ကူဟန်၏ အတွေးများ ပျက်စီး သွားသည်။

သုံးယောက်သား ခေါင်းမော့ကြည့် လိုက်ချိန်၌ ဥက္ကာခဲများ ကြွေကျသည့် အလား သူတော်စင် ရောင်ဝါများ ပြေးလွှား ရွေ့လျား နေသည်ကို မြင်လိုက်ရ၏။

“ အစီရင် ကွဲသွားပြီ။ ”

မုန်တိုင်း မဟာ သူတော်စင်က တာအို နန်းတော်ကို ငုံ့ကြည့်ကာ ပြောကြားလိုက်သည်။ ၎င်းတို့၏ အဖွဲ့ဝင်များက တာအိုနန်းတော် အပေါ်သို့ တဖွဲဖွဲ ဆင်းသက် လိုက်ကြ၏။

မုန်တိုင်း မဟာ သူတော်စင် ဘေးရှိ လူက၊

“ တာအို နန်းတော်ရဲ့ အစီရင်က ငါထင်ထားတာထက် ပိုအားနည်းပါလား။ ”

-ဟု အထင်အမြင် သေးစွာ ပြောကြား လိုက်သည်။

“ အဲဒါက ယဲ့မိသားစုနဲ့ သက်ဆိုင်တယ်၊ သူတို့သာ ယဲ့ချင်းယွီနဲ့ ပူပေါင်းခဲ့ရင် ဒီလောက် မလွယ်နိုင်ဘူး။ ”

မုန်တိုင်း မဟာ သူတော်စင်က ပြုံးပြီး ပြန်ဖြေသည်။ အစီရင်ကို ဖြိုဖျက်ခြင်း ဟူသည် ပထမ ခြေလှမ်းသာ ဖြစ်၏။

“ ဝှစ် ... ။ ”

နှစ်ယောက်သား ရိပ်ခနဲ ပျောက်ကွယ် သွားပြီး နန်းတော်ရှေ့တွင် ပြန်ပေါ် လာခဲ့သည်။ နေရာအနှံ့ တိုက်ပွဲများ ဖြစ်ပေါ်နေတော့၏။

“ သတ် ... ။ ”

“ ကျူးကျော်သူတွေ ရှိတယ်။ ”

မုန်တိုင်း မဟာ သူတော်စင်က ထိုတိုက်ပွဲများကို လစ်လျူရှုလျက် တံခါး တွန်းဖွင့်ပြီး လှမ်းဝင်လိုက်သည်။

သို့သော် ခန်းမသည် ရှင်းလင်း ငြိမ်သက်နေပြီး မဟာ သူတော်စင် များ၏ အရိပ်အယောင်ကို မခံစားရချေ။

ခန်းမ အလယ်ဗဟိုတွင် ကျောက်စိမ်း ကုတင်တစ်လုံးရှိပြီး ဖျော့တော့သော အသွင်ဖြင့် လူတစ်ယောက် လှဲလျောင်းနေ၏။ ယင်းက လူတစ်ယောက် ဆိုသည်ထက် သက်မဲ့ အလောင်းဆိုက ပိုမှန်သည်။

“ တစ်ခုခုတော့ မှားနေပြီ။ ”

ခန်းမသည် သူ စိတ်ကူးထားသည့် အရာနှင့် မတူသောကြောင့် မုန်တိုင်း မဟာ သူတော်စင်မှ မျက်မှောင်ကြုတ် လိုက်သည်။

ဤသည်မှာ နောက်ဆုံး တိုက်ပွဲအတွက် စစ်မြေပြင် ဖြစ်သော်လည်း ပြိုင်ဘက် မဟာ သူတော်စင် သုံးပါး ရှိမနေခဲ့ချေ။

အကယ်၍သာ ၎င်းတို့သည် ဂိုဏ်းမှ ထွက်ခွာသွား ကြသည်ရှိသော် ဤအလောင်းကို ယူဆောင် သွားရပေမည်။

ထို့ပြင် မဟာ သူတော်စင် တစ်ပါးကို သတ်ရန် မလွယ်ချေ။ မဟာ သူတော်စင်၏ အသက် စွမ်းအားမှာ ကြောက်စရာ ကောင်းလေသည်။

၎င်းတို့သည် သူတော်စင် နယ်ပယ်၏ ကန့်သတ်ချက် ဖြစ်ပြီး၊ တျန်ရွှမ်ဇီမှ မည်မျှပင် ရက်စက် ကြမ်းကြုတ်စွာ တိုက်ခိုက် စေကာမူ၊ ချက်ချင်း မသေနိုင်ဟု ပြောနိုင်သည်။

ရုတ်တရက် အနက်ဝတ် ဝိညာဉ် နတ်မိစ္ဆာ မိသားစု၏ သူတော်စင် ဘုရင်တစ်ပါးက သူတို့ နှစ်ဦးနောက်မှ လှမ်းဝင်လာပြီး ဓားဆွဲ ထုတ်လိုက်သည်။

ထို့နောက် သူတောင်စင် ရောင်ဝါများ သွန်းလောင်းလျက် လက်သီး တစ်ထောင် မဟာ သူတော်စင် အလောင်းကို ဖျက်ဆီးရန် ကြံရွယ် တော့၏။

“ မလုပ်နဲ့ ... ။ ”

မုန်တိုင်း မဟာ သူတော်စင်ဘေးမှ အနက်ဝတ်လူက ထိုသူတော်စင် ဘုရင်ကို ဟန့်တားလိုက်သည်။

“ ဒါက သူ့အလောင်း မဟုတ်ဘဲ ... ထောင်ချောက် ဖြစ်နေရင် ... ပေါက်ကွဲတဲ့ အခါ ငါတို့ အားလုံးသေနိုင်တယ်။ ”

ယင်းသည် ဖြစ်နိုင်ခြေ ရှိသောကြောင့် သူတော်စင် ဘုရင်မှာ တုန်လှုပ် သွားလေသည်။ ၎င်းက ဓားကို ချက်ချင်း ပြန်သိမ်းလိုက်၏။

မုန်တိုင်းမဟာ သူတော်စင်က အခန်းအတွင်း ဝေ့ကြည့်ကာ၊

“ ဒီလူက ခွေးအိုကြီးဆိုတာ ... ငါ အာမခံ ပါတယ်၊ ဒါပေမယ့် ထောင်ချောက်တွေ ရှိလား ဆိုတာတော့ သွားကြည့်ရမယ်။ ”

-ဟု ဆိုလျက် ခြေလှမ်း တစ်လှမ်း လှမ်းတက်ကာ ကျောက်စိမ်းကုတင် အနား ရောက်ရှိ သွားသည်။

လက်နှစ်ဘက်၌ တံဆိပ်များကို အသင့်ဖန်တီးလျက် သတိကြီးစွာဖြင့် လက်သီး တစ်ထောင် မဟာ သူတော်စင် လက်ကောက် ဝတ်ထံ ကောက်ကိုင် လိုက်၏။

“ ဘယ်လိုလဲ ... ။ ”

အနက်ဝတ် လူက လှမ်းမေးသည်။

“ တကယ် သေသွားပြီ ... ။ ”

“ ..... ။ ”

မုန်တိုင်း မဟာ သူတော်စင်မှ ပြန်ဖြေ၏။ သူသည် ဤလူနှင့် ရာစုနှစ်များစွာ တိုင်အောင် အချင်းချင်း ယှဉ်ပြိုင်နေ ခဲ့ဖူးသည်။ ယခုကဲ့သို့ ရုတ်တရက် သေဆုံးသွားသည့် အပေါ် ခံစားချက် အနည်းငယ် ဝင်လာ၏။

“ တျန်ရွှမ်ဇီက တကယ် ရက်စက်တဲ့ လူပဲ။ ”

နဖူးရှိ ဒဏ်ရာကို ပြန်ကြည့်ကာ ညည်းတွားမိသည်။ သူတော်စင် ဝိညာဉ်ကွဲပါက အသက်ရှင်နေသေးလျှင်ပင် သေဆုံးသွားမည် ဖြစ်သည်။

လက်သီး တစ်ထောင် မဟာ သူတော်စင်သည် တျန်ရွှမ်ဇီကို အသုံးပြုကာ အောင်မြင်မှု ရယူလိုသော ဆန္ဒကြောင့် အသက်ပေး လိုက်ရသည်။

“ ဧကရာဇ် ဖြစ်ဖို့ ... ဘယ်လောက်တောင် ခက်ခဲလိုက်လဲ။ ”

မုန်တိုင်း မဟာ သူတော်စင်မှ လှောင်ပြောင် ညည်းတွား လိုက်မိသည်။

“ ဒီအလောင်းကို ... ငါ လိုချင်တယ်၊ အရေးကြီးတာက မဟာ သူတော်စင် (၃) ပါးရဲ့ တည်နေရာကို အတည်ပြုဖို့ပဲ၊ သူတို့ တကယ် သွားပြီ ဆိုရင် ... စိုးရိမ်စရာ မရှိပါဘူး။ ”

အနက်ဝတ် အမျိုးသားက ပြောကြား လာခဲ့သည်။ မုန်တိုင်း မဟာ သူတော်စင်မှ သဘောမတူဘဲ၊

“ အဲဒါကို နောက်မှ ထပ်ပြော ရအောင်။ ”

-ဟု ဆိုလိုက်၏။

“ ဝှစ် ... ။ ”

ဤပတ်ဝန်းကျင်သည် တစ်စုံတစ်ရာ အဆင်မပြေဟု ခံစားနိုင်သည်။ အလောင်းထံမှ ရုတ်တရက် လက်တစ်ဖက် မြှောက်တက် လာပြီး သူ့နှလုံးသားကို ကုပ်ဆွဲလာ၏။

“ ဘာလဲ ... ။ ”

ဤတိုက်ခိုက်မှုသည် လျင်မြန်လွန်းပြီး အချိန်မီ ရှောင်တိမ်းရန် မစွမ်းချေ။ လက်ထိပ်၌ ရွှေရောင် အလင်းများ ရှိနေခဲ့၏။

“ မူလ လက်ချောင်း ... ။ ”

သူ့မျက်လုံးများတွင် အကြောက် တရားများ ထင်ဟပ်လာပြီး လက်ဖဝါးဖြင့် ချက်ချင်း ပုတ်ချ လိုက်ရသည်။

“ ဗြိ ... ။ ”

“ ဘုန်း ... ။ ”

သို့တိုင် သွေးအန်လျက် နံရံပေါ် လွင့်စဉ် ထိမှန်ပြုတ်ကျသွား၏။ ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားပြီ ဖြစ်သည်။

သူ့နံရိုးများပေါ်၌ ကြောက်မက်ဖွယ် ကောင်းသော လက်သည်းရာကြီးများ ထင်ရှား လာ၏။

ကျောက်စိမ်း ကုတင်ပေါ်ရှိ လက်သီး တစ်ထောင် မဟာ သူတော်စင်က ရုတ်တရက် လေထဲပျံဝဲလာသည်။

သူ့ထံမှ ရောင်ဝါသည် အထွတ်အထိပ် ခွန်အားများ ရှိနေသကဲ့သို့ သိပ်သည်း လှချေ၏။ ရုတ်တရက် သူတို့ ရှာဖွေနေသော မဟာ သူတော်စင် သုံးပါး သည်လည်း အခန်းထဲ ဝင်ရောက် လာကြသည်။

သူတို့ နောက်၌ သူတော်စင် အယောက် နှစ်ဆယ်ခန့် လိုက်ပါလာခဲ့ပြီး အခန်း တံခါးကို ပိတ်ချ ပစ်လိုက်၏။

ဤဖွဲ့စည်းမှုသည် မည်သူ့ကို မဆို အံသြ ထိတ်လန့် သွားစေမည်။ သို့တိုင် မုန်တိုင်း မဟာ သူတော်စင်မှ ပြုံးပြီး၊

“ သေတဲ့အထိ ... မင်းနောက် လိုက်ချင် နေတဲ့လူတွေ အများကြီး ရှိနေသေးတာကိုး၊ အံသြမိ ပါတယ်။ ”

“ သွေးလမင်း ဂိုဏ်းရဲ့ ကာကွယ်သူက ကောင်းကင် တာအို ဂိုဏ်းဝင်တွေရဲ့ ခံစားချက် အပေါ် နားလည်နိုင်မှာ မဟုတ်ပါဘူး၊ ဒီနေ့က မင်းအတွက် သေနေ့ပဲ။ ”

လက်သီး တစ်ထောင် မဟာ သူတော်စင်က အေးစက်စွာ ပြောကြား လိုက်တော့၏။ မုန်တိုင်း မဟာ သူတော်စင်သည် ဒဏ်ရာ ပြင်းထန်စွာ ရရှိနေပြီ ဖြစ်သည်။

“ မင်းကိုယ်မင်း ငါးစာအဖြစ် သုံးချင်တာလား၊ မင်းက ငါ့ကို လူမိုက်လို့ ထင်နေပုံ ရတယ်၊ ဒါက မင်းရဲ့ ခွန်အား အကုန်ဖြစ်သင့်တယ် မဟုတ်လား။ ”

ထိုစကားကြောင့် ကျောက်စိမ်းဓား သူတော်စင်ခမျာ တစ်ခုခုကို တွေးမိပြီး မျက်နှာ ပြောင်းသွားသည်။

မုန်တိုင်း မဟာ သူတော်စင်က ပြုံးလျက်၊

“ နောက်ကျသွားပြီ ... ငါ့ကို သတ်ဖို့ အိပ်မက်တောင် မမက်နဲ့ ... ဒီနေ့ မင်းတို့ထဲက ဘယ်သူမှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ ”

-ဟု ပြောကြား လိုက်သည်။

စကားဆုံးသည်နှင့် အနက်ဝတ် လူက မျက်နှာပေါ် အရိပ်ကျနေသော ဝတ်ရုံကြီးကို ဖယ်ခွာလျက် နဖူးပေါ်ရှိ ဒေါင်လိုက်ကြိုးအား ဖွင့်ချလိုက်သည်။

ဤသည်မှာ ရွှေရောင် မျက်လုံးတစ်လုံး ဖြစ်နေ၏။ ယင်းကြောင့် လူတိုင်းကို ထိတ်လန့် ကုန်ကြသည်။

တစ်ချိန်တည်း မှာပင် သူ့နောက်ရှိ သူတော်စင် ဘုရင် နှစ်ပါးကလည်း သူတို့၏ ဝတ်ရုံများကို ဖယ်ခွာလျက် တတိယ ငွေမျက်လုံးများ ဖွင့်ပြလာတော့၏။

ရန်သူ၏ မဟာမိတ်သည် ရှားပါးသော ရွှေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာ တစ်ပါး ဖြစ်နေ ချေပြီ။

***

All Chapters