← Chapters

နေရာ အနှံ့ တိုက်ပွဲများ ... ။

Vol. 157 Ch. 2193

နေရာ အနှံ့ တိုက်ပွဲများ ... ။

Vol. 157 Ch. 2193

သာမန် ဝိညာဉ် နတ်မိစ္ဆာများ သည်ပင် ကြောက်မက်ဖွယ် ကောင်းပြီး အလောင်းကောင် များကို ထိန်းချုပ်နိုင်၏။

ငွေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာ မှာမူ သေသွားသော်မှ သူတို့ကိုယ် သူတို့ ပြန်လည် ရှင်သန်နိုင်သည်။

ယင်းကို ရှေးဟောင်း အပျက်အစီး မြေများတွင် မကြာမကြာ တွေ့ရတတ်သည်။ လင်းယွန်ပင် ငွေမျက်လုံး အလောင်းကောင် နှစ်ကောင်နှင့် ဆုံဖူး၏။

နှစ်ပေါင်းများစွာ သေဆုံး သွားသည့် တိုင်အောင် ပြန်လည် ရှှင်သန် နိုင်စွမ်းသည် ကြောက်မက်ဖွယ် ကောင်းနေသေးသည်။

ရွှေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာ အတွက်မူ ဖော်ပြရန် စကားလုံး မရှိတော့ချေ။ ၎င်းတို့နှင့် ပတ်သတ်၍ အချက်အလက် များစွာ မရှိကြဘဲ၊ ခွန်လွန် ပြင်ပမှ စွမ်းအားစုများ ဖြစ်ကြောင်း ကိုသာ ပြောနိုင်သည်။

၎င်းတို့သည် ရွှေခေတ်၏ အဆုံးနှင့် အမှောင်ခေတ် တစ်လျှောက်တွင် ခွန်လွန်ရှိ လူသား မျိုးနွယ်ကို ကျွန်ပြုခဲ့သည်။

“ ဒီခေတ်မှာ ရွှေမျက်လုံး နတ်မိစ္ဆာ တစ်ကောင် ရှိနေ သေးတာလား၊ ကြည့်ရတာ ခွန်လွန်က မကြာခင် ပရမ်းပတာ ဖြစ်တော့မယ့်ပုံရတယ်။ ”

လက်သီး တစ်ထောင် မဟာ သူတော်စင်က ရွှေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာထံ ရှုပ်ထွေးစွာ လှမ်းကြည့်သည်။

ဝိညာဉ်နတ်မိစ္ဆာ မိသားစုသည် တတိယ မျက်လုံး အရောင်ပေါ် အခြေခံ၍ ခွန်အားနှင့် အလားအလာများကို ခွဲခြားကြသည်။

၎င်းသည် ခွန်လွန်ရှိ သူတော်စင် ခန္ဓာကိုယ်များနှင့် ဆင်တူသော်လည်း ထပ်တူ မကျခေျ။

ဧကရာဇ် ကိုးပါးက ခွန်လွန်သို့ ဝင်ရောက် လာသော ရွှေမျက်လုံး ဝိညာဉ်နတ်မိစ္ဆာ အချို့ကို သတ်ဖြတ်ပြီး၊ အချို့ကို ချိပ်ပိတ်ထား ခဲ့ရ၏။

ထို့ကြောင့် အနှစ် သုံးထောင် ကုန်လွန်ပြီးနောက် အချို့မှာ လွတ်မြောက် လာပုံ ရသည်။

“ မင်းမှာ ခွန်လွန်အကြောင်း စဉ်းစားဖို့ နှလုံးသား ရှိနေတုန်းပါလား၊ တကယ်ဆိုရင် ကိုယ့်ကိုယ်ကို ဂရုစိုက်သင့်တယ်။ ”

မုန်တိုင်း မဟာ သူတော်စင်မှ အေးစက်စွာ ပြောကြားလိုက်သည်။ သူ့ဒဏ်ရာမှာ ပြင်းထန် သော်လည်း မသေနိုင်ချေ။

မဟာ သူတော်စင်များ အတွက် ပြန်လည် ကောင်းမွန်လာရန် အချိန် တစ်ခုသာ လိုပေ၏။

“ ငါ သူ့ကို ထိန်းထားမယ် ... မင်းတို့တွေ ထွက်သွားကြ။ ”

လက်သီး တစ်ထောင် မဟာ သူတော်စင်မှ ပြောကြားလာသည်။

“ ဟား ဟား ဟား ... မင်းတို့အားလုံး ဒီမှာပဲ နေသင့်တယ်။ ”

ရွှေမျက်လုံး နတ်မိစ္ဆာက ပတ်ဝန်းကျင်နှင့် သီးခြား ဖြစ်တည်နေသော ရွှေရောင် နယ်မြေကို ဖန်တီးလျက် ရယ်မော လိုက်သည်။

“ ဟိတ် ... ။ ”

မူလနဂါး မဟာ သူတော်စင်က စကားမပြောတော့ချေ။ ဦးစွာ လှုပ်ရှားလိုက်၏။ သူ့ခန္ဓာကိုယ်သည် အုပ်စိုးရှင် သူတော်စင် လက်ရာကို ယှဉ်နိုင်သည်။

သို့သော် သူ့လက်သီးကို ပစ်လွှတ် လိုက်သောအခါတွင် ရွှေရောင် နယ်မြေအတွင်း လှိုင်းဂယက်များသာ ဖြစ်ပေါ်လာ၏။ အက်ကြောင်းပင် မထင်ချေ။

“ ဟား ဟား ဟား ... ကြိုးစားကြည့် ... ငါမင်းတို့ကို တားဖို့ သတ္တိရှိတဲ့ အတွက် ငါ့မှာ သဘာဝ အတိုင်း ခွန်အားရှိတယ်၊ မင်းတို့သာ နာခံမှုအပြည့်နဲ့ ဒီမှာ နေမယ်ဆိုရင် ... ငါ လှုပ်ရှားဖို့ ဆန္ဒမရှိဘူး။ ”

သို့သော် မူလ နဂါး မဟာ သူတော်စင်မှ လက်သီးဖြင့်သာ တုန့်ပြန်သည်။ လက်သီးသည် တောက်ပသော အလင်းများ နှင့်အတူ ကြယ် တစ်လုံးကိုပင် ဖြိုခွဲနိုင်၏။

သူတော်စင် ဘုရင်ကိုပင် သတ်နိုင်သည့် လက်သီးချက်ဖြစ်သည်။ ဤသည်မှာ အမြည်း မျှသာ ဖြစ်၏။

“ ငါ့ကို ထိအောင်ထိုး ... ။ ”

သို့သော် ရွှေမျက်လုံး နတ်မိစ္ဆာက ပြုံးပြပြီး ထိုနေရာတွင် မကြောက်မရွံ့ မတ်တပ်ရပ်နေ၏။ သူတော်စင် ရောင်ဝါပင် မထုတ်ဖော်ချေ။

“ ခွပ် ... ။ ”

ရွှေမျက်လုံးမှ ရူရ်တစ်လုံး ပွင့်လာကာ လက်သီးဖြင့် ပြန်လည် ထိုးနှက် သွားသည်။ ထိပ်တိုက် တွေ့ဆုံမှု အတွင်း လေဟာနယ် အက်ကွဲ ကြောင်းများ ထွက်ပေါ်လာ၏။

နှစ်ဦးစလုံးသည် ၎င်းတို့၏ ကိုယ်လုံး ကိုယ်ထည် ခွန်အားကို ထိပ်တိုက် တွေ့ကြခြင်း ဖြစ်၏။

ရလာဒ် အနေဖြင့် မူလနဂါး မဟာ သူတော်စင်ခမျာ ခြေသုံးလှမ်း ဆုတ်ခွာလျက် တည်ငြိမ်အောင် ထိန်းယူ လိုက်ရသည်။

ထို့နောက် ပြိုင်ဘက်ထံ အလွန်ထိတ်လန့်စွာ ပြန်မော့ကြည့်မိ၏။

“ မူလနဂါး မဟာ သူတော်စင် ဆိုတာ အရှေ့ဘက် ပျက်စီးမြေကြီးရဲ့ အသန်မာဆုံး ခန္ဓာကိုယ် ပိုင်ရှင်လို့ ငါကြားဖူးတယ်၊ မင်း ငါ့ကိုရော ဘယ်လိုမြင်လဲ။ ”

ရွှေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာက ပြုံးပြီး မေးမြန်းလာ၏။ မူလနဂါး မဟာ သူတော်စင်မှ ပြန်မဖြေချေ။ ဤသည်မှာ စမ်းသပ်မှု မျှသာ ဖြစ်သော်လည်း သူရှုံးနိမ့်သွားသည်။

ရုတ်တရက် ကျမ်းတစ် ရွတ်ဆိုသံများ ထွက်ပေါ်လာတော့သည်။ သတ်ဖြတ်ခြင်း မဟာ သူတော်စင် ထံမှ ဖြစ်၏။

မြင့်မြတ်သော ရောင်ခြည်တော်များ ခန်းမအပြည့် ထွက်ပေါ်လာပြီး အသံလှိုင်းက ပဲ့တင်ထပ်နေသည်။ သူမ နောက်တွင် ဗုဒ္ဓ ပေါ်လာ၏။

ထို့နောက် သတ်ဖြတ်ခြင်း မဟာ သူတော်စင်က မျက်လုံး ပြန်ဖွင့်ကာ လက်ဝါးကို ဆန့်ထုတ်လိုက်သည်။

ကျမ်းစာလုံးများ ဖုံးအုပ်ထားသော ရွှေရောင်လက်ဖဝါးက ဒေသတစ်ခုလုံးကို ချေမှုန်းရန် ပြေးထွက်လာ၏။

သို့သော် ရွှေမျက်လုံး နတ်မိစ္ဆာ နောက်၏ ရုပ်သဏ္ဍာန် တစ်ခု ဖြစ်ပေါ်လာပြီး အနက်ရောင် လက်ဖဝါး တစ်ချက်နှင့် ပြန်လည် တုန့်ပြန် လာသည်။

“ ဖပ် ... ။ ”

ထိုလက်ဖဝါး နှစ်ဖက် ထိမိသွားသော အခါတွင် နှစ်ဦးစလုံး၏ ဖြစ်စဉ်များ ပြိုကျသွား တော့၏။ လက်ရည်တူ နေသည်။

ထို့ကြောင့် သတ်ဖြတ်ခြင်း မဟာ သူတော်စင်နှင့် မူလနဂါး မဟာ သူတော်စင်မှာ မျက်နှာ ပျက်ယွင်းကုန်သည်။

အဘယ်ကြောင့်ဆိုသော် ပြိုင်ဘက်သည် သူတို့နှစ်ဦးလုံးကို ရင်ဆိုင်ရန် ရုန်ခွန်အားကိုသာ သုံးနေသောကြောင့် ဖြစ်သည်။

“ ရွှပ် ... ။ ”

သို့သော် ရွှေမျက်လုံး နတ်မိစ္ဆာမှ ပြုံးပြပြီး စကားပြောခါနီးတွင် ဓားရောင်ခြည် တစ်စင်းက သူ့ထံ လွင့်ဝဲလာပြန်၏။

ဤဓားသည် မြန်၏။ မြန်သောကြောင့် ခြေရာခံနိုင်ခြင်း မရှိချေ။ ဦးတည်ရာကို သိချိန်၌ ရှောင်ရန် နောင်ကျ နေချေပြီ။

ထို့ကြောင့် ညာဘက် ပခုံးဖြင့် ခံယူလိုက်ရသည်။ ထိုမြင်ကွင်းသည် မုန်တိုင်း မဟာ သူတော်စင်ကို ကြောက်ရွံ့လာစေ၏။

ရွှေမျက်လုံး နတ်မိစ္ဆာ သည်ပင် တည်ငြိမ်အောင် မနည်း ပြင်ယူ လိုက်ရသည်။ ပြန်ပိတ်သွားသော ပြတ်ရှရာထံမှ မျက်နှာလွှဲပြီး ကျောက်စိမ်းဓား သူတော်စင်ထံ ကြည့်မိ၏။

“ အရှေ့ဘက် ပျက်စီးမြေရဲ့ ... ဓားသူတော်စင် သုံးပါးထဲက တစ်ပါးက မျှော်လင့်ထား သလိုပါပဲ၊ ငါ့ရဲ့ ကိုယ်လုံး ကိုယ်ပေါက် ကိုတောင်၊ ...

... ထိုးဖောက် နိုင်တယ်။ ငါ့ခန္ဓာကိုယ်က ကြက်သွေးရောင် သွေးသူတော်စင် ခန္ဓာကိုယ် ဖြစ်နေပြီ၊ သွေးဧကရာဇ်ရဲ့ အမွေပဲ။ ”

ရွှေမျက်လုံး နတ်မိစ္ဆာက စကား ခေတ္တရပ်လိုက်ပြီး၊

“ ငါ့မှာလည်း မင်းအတွက် ဓားတစ်လက် ရှိတယ်။ ”

-ဟု ဆိုကာ လက်နှစ်ချောင်းဖြင့် ရွှေဓားရောင်ခြည်တော်ကို ထုတ်လွှတ်လာခဲ့၏။

ဤအရာက မဟာ သူတော်စင် (၄)ပါးကို တုန်လှုပ်စေသည်။ တိုက်ခိုက်မှုကို တားဆီးရန် အလျင်အမြန် လှုပ်ရှားလိုက်ရ၏။

“ ဝေါ့ ... ။ ”

လက်သီး တစ်ထောင် မဟာ သူတော်စင်ခမျာ သွေးတစ်လုတ်ကို ထွေးထုတ် လိုက်ပြီး၊ မူလနဂါးနှင့် သတ်ဖြတ်ခြင်း မဟာသူတော်စင်တို့မှာ နောက်ပြန် ဆုတ်လိုက်ရသည်။

ကျောက်စိမ်းဓား သူတော်စင် သာလျှင် ထိုဓားရောင်ခြည်ကို တားနိုင်ခဲ့၏။

“ မြေခွေးအိုကြီး ... မင်းဒဏ်ရာက မသက်သာသေးပုံရတယ်။ ”

မုန်တိုင်း မဟာ သူတော်စင်က ကျေနပ်စွာ ပြုံးလိုက်သည်။ လက်သီး တစ်ထောင် မဟာ သူတော်စင် မျက်နှာမှာ မည်းမှောင်နေပြီး တုန့်ပြန်စကား မဆိုခဲ့ချေ။

“ ကျောက်စိမ်းဓား သူတော်စင် ... ငါ့ဓားကို မင်းဘယ်လိုထင်လဲ။ ”

ရွှေမျက်လုံး နတ်မိစ္ဆာက မေးသည်။ မဟာ သူတော်စင် သုံးပါး၏ ပေါင်းစပ် ခွန်အားထက် အားမနည်းချေ။

လက်သီး တစ်ထောင် မဟာ သူတော်စင်နှင့် မုန်တိုင်း မဟာ သူတော်စင်မှာ တစ်ယောက်ကို တစ်ယောက် စောင့်ကြည့် နေသည်။

ထိုအချိန်တွင် ကောင်းကင် တာအိုဂိုဏ်းသည် ယုန်တစ်ကောင် ကဲ့သို့ ကူကယ်ရာ မဲ့စွာ ထိတ်လန့် နေခဲ့သည်။

တောင်ထိပ် (၇၂)လုံး၏ တပည့်များနှင့် တောင်ထိပ် သခင်များကို ဝစွက်ဖက်ရန် ခွင့်မပြု ထားသည့် အတွက် စောင့်ကြည့်နေရ၏။

လူအများစုသည် မည်သည့် အရာများ ဖြစ်ပျက် နေသည်ကိုပင် မသိခဲ့ကြချေ။ ကြီးကြီး မားမား ဖြစ်ပျက် နေသည်ဟု အကြီးအကဲများ မျက်နှာကြည့်၍သာ သိ၏။

ကျောက်ဆောင် သူတော်စင် ဘုရင်က ယဲ့မိသားစု နှင့်အတူ ငရဲသစ်ခွခြံဝင်း အပေါ် တိုက်ခိုက် တော့သည်။

ပိုင်ဘိုးဘေးမှာ အသင့်အနေအထားတွင် ရှိနေသည့်အတွက် ကံကောင်းစွာ ဟန့်တားနိုင် ခဲ့သည်။ ခြံတစ်ခုလုံးကို စောင့်ကြပ်ထားသည့် အစီရင်မှာ အသက်ဝင် နေ၏။

“ ဘိုးဘေး ... အစီရင် ပျက်စီးဖို့ အချိန်တစ်ခုပဲ လိုတော့တယ်။ ”

ပင်မ ခန်းမဆောင်၌ ကြောက်ရွံ့နေသော အမည်ခံ သူတော်စင် အများအပြား ရှိနေသည်။ ပိုင်ဘိုးဘေးက ရွှေအစောင့်များထံ တစ်ချက် လှမ်းကြည့်၏။

ဤသည်မှာ ဝှက်ဖဲ ဖြစ်သည်။ ငရဲသစ်ခွ ခြံဝင်းအပြင် ရွှေအစောင့်များကို ကြာမြင့်စွာ တည်းကပင် မွေးမြူခဲ့သည်။

အဘယ့်ကြောင့် ဆိုသော် ငရဲ သစ်ခွခြံဝင်းသည် ကျောက်စိမ်းဓား သူတော်စင် အပိုင်ဖြစ်ပြီး သူတို့ စွက်ဖက်နိုင်ခွင့် မရှိချေ။

ရွှေအစောင့်များသည် ကောင်းကင် တာအိုဂိုဏ်း၌ အလယ်အလတ် အင်အားစု တစ်ခု ဖြစ်သည်။

၎င်းတို့သည် အထက်တန်းစားများ ဖြစ်ကာ၊ အသက်တစ်ရာ မကျော်မီ အမည်ခံ သူတော်စင် နယ်ပယ်သို့ ရောက်ရှိထားသည်။

“ ဒီဆိတ်အိုကြီးက ပုန်ကန်ဖို့ စိတ် ပိုင်းဖြတ်ထားပုံရတယ်၊ သူ့မြေခွေး အရေခွံကို ခြုံဖို့ ဆန္ဒမရှိတော့ဘူး၊ သွေးလ ဂိုဏ်းက အောင်နိုင်မယ်လို့ တကယ် ယုံနေတယ်။ ”

အခြားလူများနှင့် မတူဘဲ ပိုင်ဘိုးဘေးက ထိတ်လန့်မှုမရှိချေ။

“ ဒါပေမယ့် သူတို့က ငါ့ပိုင်မိသားစုကို တိုက်ခိုက်ချင်တာလား ... အဲဒါက မလွယ်ပါဘူး၊ ရွှေအစောင့်တွေ ကာကွယ်ရေးကို အစီရင်ကို ခင်းကျင်းပါ သူတို့ကို လုံးဝ ဝင်ခွင့်မပြုနဲ့ အကြီးအကဲတွေက ပင်မခန်းမကို ...

... စောင့်ရှောက်ပါ မလိုအပ်ရင် ဝင်ရောက် မစွက်ဖက်နဲ့ ... အစီရင် မကျိုးအောင် အမြဲတမ်း စောင့်ကြည့်ထား ... သွားကြစို့၊ ငရဲ သစ်ခွ ခြံဝင်းကို ဖျက်ဆီးချင်ကြတာလား။ ”

ဤအရာများကို တွက်ချက်ထားပြီး ဖြစ်သောကြောင့် ပိုင်ဘိုးဘေးမှ တည်ငြိမ်နေ တော့သည်။

ပိုင်ရှုရင်က မျက်မှောင်ကြုတ်ပြီး၊

“ ဘိုးဘေး ... ကောင်းကင် ရေကန်ကို စောင့်ကြပ်ဖို့ သူတော်စင်တွေ လွှတ်ပေးသင့် တယ်လို့ ထင်ပါတယ်။ ”

-ဟု ဝင်ပြောလိုက်သည်။

“ ကောင်းကင် ရေကန်လား ... အစီရင် ပျက်သွားရင် ပင်မခန်းမက ပိုအရေးကြီးပါတယ်၊ ကောင်းကင် ရေကန်ဆိုတာ ကျင့်ကြံရေး နယ်မြေတစ်ခုပဲ။ ”

သူ့စကားကို အကြီးအကဲများက သဘောတူသည်။ ခြံဝင်း အစီရင် ပျက်စီးပါက ပင်မခန်းဆောင်၏ အစီရင် အသက်ဝင် လာပေမည်။

ထိုအစီရင် သည်သာ အစွမ်း အထက်ဆုံးဖြစ်ပြီး၊ အတွင်း၌ နေခြင်းသည် ပိုရ လုံခြုံ၏။

သူတော်စင်များသည် တိုက်ပွဲတစ်ခု၏ အဓိက စွမ်းအားများ ဖြစ်ပြီး တစ်ပါးရှိသည်နှင့် ရလဒ်ကို ပြောင်းလဲ နိုင်သည်။ ထို့ကြောင့် ပြင်ပ စေလွှတ်ကာ အင်အားကို မဖြန့်နိုင်ချေ။

သူတို့အားလုံး အတွက် တာဝန်သည် ပင်မခန်းဆောင်သို့ ပြန်လည် ဆုတ်ခွာကာ ခုခံရန် ဖြစ်သည်။

ဤနေရာတွင် ကောင်းကင် တာအို ဂိုဏ်းကြီးထံမှ ထွက်ခွာလိုသော လမ်းကြောင်း သည်လည်း ရှိသည်။ ယင်းကို ပိုင်ရှုရင်အပေါ် ရှင်းပြနေရန် မလိုဟု ပိုင်ဘိုးဘေးက မြင်၏။

“ ဒါပေမယ့် ကျောက်စိမ်းဓား သူတော်စင်က ဒီလိုညွှန်ကြားထားခဲ့တာ။ ”

ပိုင်ရှုရင်က အံကြိတ်ပြီး ပြောလိုက်သည်။ ထိုအမည်ကြောင့် ပိုင်ဘိုးဘေးမှ မကျေမနပ်နှင့် မျက်မှောင်ကြုတ် သွား၏။

အကယ်၍သာ ကျောက်စိမ်းဓား သူတော်စင်၏ အကာအကွယ် ပေးမှုကြောင့်သာ မဟုတ်ပါက ပိုင်ရှုရင်ကို ရှေးသူတော်စင် မျိုးနွယ်စုနှင့် လက်ထပ်ပေးပြီး ဖြစ်သည်။

ယခုကဲ့သို့ လူယုတ်မာ ယဲ့ချင်းရှန်နှင့် အရှုပ်အထွေးမျိုး သတင်းထွက်လာ နေစရာ အကြောင်း မရှိချေ။

“ ဒါဆို ပိုင်ရှောင်နဲ့ ... ရွှေအစောင့် တချို့ကို ခေါ်ပြီး မင်းသွား ကာကွယ်ပါ။ ”

ပိုင်ဘိုးဘေးက စကားများများ မပြောတော့ဘဲ၊ လက်ဝှေ့ယမ်းပြ လိုက်သည်။ ဤမိန်းကလေးကို သူ့အနား ခေါ်ထားချင် သော်လည်း စွန့်လွှတ် လိုက်၏။

မည်သို့ပင် ဆိုစေကာမူ ပိုင်မင်းသမီး ရာထူးကို သူမထံမှ ပြန်လည် သိမ်းယူခဲ့သည်မှာ၊ ကြာပြီ ဖြစ်သည်။

ယဲ့မိသားစု၏ အဓိက ရည်ရွယ်ချက်မှာ ကောင်းကင် ရေကန် ဖြစ်နိုင်သည် ဟူသော အချက်ကို ပိုင်ရှုရင်မှ တွေးမိသည်။

“ ဝှစ် ... ။ ”

ထို့ကြောင့် စကား မဆိုတော့ဘဲ ချက်ချင်း ပျံသန်းသွားခဲ့၏။ ပိုင်ရှောင်နှင့် လူအနည်းငယ်မှ သူမ နောက်သို့ အမြန် လိုက်ပါလာသည်။

“ ဘိုးဘေး ... ဒီကောင်မလေးက အကြောင်းပြချက် မရှိဘဲ ကောင်းကင် ရေကန် အပေါ် ကာကွယ်မှာ မဟုတ်ဘူး၊ ပြီးတော့ ...

... ဒါကို ကျောက်စိမ်းဓား သူတော်စင် အမိန့်ပေးခဲ့တယ် ဆိုတော့ ... ငါတို့ ကာကွယ် သင့်တယ် မဟုတ်လား။ ”

သူတော်စင် တစ်ပါးက ဆိုသည်။

“ ငှက်မွေး သူတော်စင် သခင် ... ငါတို့ ပိုင်မိသားစုမှာ ... သူတော်စင် (၁၃)ပါးပဲ ရှိတယ်၊ (၂)ပါးကို ကျောက်စိမ်းဓား သူတော်စင် ခေါ်သွားတယ်၊ ...

... ကျန်အင်အားလေးနဲ့ ... ယဲ့မိသားစု တစ်ခုလုံးကို ခုခံနိုင်စွမ်း မရှိဘူး၊ ဒါကြောင့် ထပ်ပြီး လူခွဲပေးလို့ မရတာ၊ ပြီးတော့ ...

... ကောင်းကင် ရေကန်ကို ဘယ်သူက စိတ်ဝင်စားမှာလဲ ... အဲဒါက တားမြစ်နယ်မြေပါ၊ ဒါဆို ဒီအချိန် အာရုံစိုက်မဲ့လူ ရှိပါ့ဦးမလား။ ”

ထိုစကားကို ကြားသော် ငှက်မွှေး သူတော်စင် သခင်မှ အသံ တိတ်ကျ သွား၏။ ဘိုးဘေးသည် လိမ္မာပါးနပ်စွာဖြင့် ပိုင်မိသားစု အင်အားကို ထိန်းသိမ်းထားရန် ရည်ရွယ်ချက် ရှိနေသည်။

လက်သီး တစ်ထောင် မဟာ သူတော်စင် သည်သာ ရှုံးနိမ့်သော် ပိုင်သူတော်စင် များနှင့် ပါရမီရှင်များကို ခေါ်ပြီး၊ ဂိုဏ်းမှ ထွက်ခွာ သွားမည် ဖြစ်၏။

ထိုအချိန်တွင် ကောင်းကင် တာအိုဂိုဏ်း ပျက်စီးခြင်းသည် ပိုင်မိသားစုနှင့် မသက်ဆိုင် တော့ချေ။

အကယ်၍ လက်သီး တစ်ထောင် သူတော်စင်သာ အနိုင်ရခဲ့ပါက ပိုင်မိသားစုသည် အကျိုးအမြတ် အရှိဆုံး မိသားစု ဖြစ်လာ ပေမည်။

သူတို့သည် ရှေးဟောင်း သူတော်စင် မိသားစုဖြစ်ပြီး သဘာဝအားဖြင့် အုတ်မြစ်ကို ကောင်းကင် တာအိုဂိုဏ်း၌ အလုံးစုံ မထားခဲ့ချေ။

ရှေးဟောင်း သူတော်စင် မိသားစု တစ်ခု အနေဖြင့် ကိုယ်ပိုင် အုတ်မြစ်နှင့် ရည်ရွယ်ချက် အချို့ ရှိလေသည်။ ထို့ကြောင့်သာ ခေတ်များကို ကျော်ဖြတ်ပြီး ဤမျှ သက်တမ်း အထိ တည်မြဲနေခြင်း ဖြစ်၏။

ငှက်မွေး သူတော်စင် သခင်၏ အထက်ပါ အတွေးများကို မြင်နေဟန်ဖြင့် ပိုင်ဘိုးဘေးက ခေါင်းညိတ်ပြ လိုက်သည်။

“ အဲဒီ မိန်းကလေးရဲ့... အသက်နဲ့ သေခြင်းအကြောင်း အတွက်ကတော့ ... သူနဲ့ အတူ ရွှေအစောင့်တွေ ထည့်ပေးထားတယ်၊ ဒါက လုံလောက် နေပါပြီ။ ”

***

=

All Chapters