← Chapters

ငရဲ သစ်ခွ ခြံဝင်း။

Vol. 157 Ch. 2194

ငရဲ သစ်ခွ ခြံဝင်း။

Vol. 157 Ch. 2194

“ သန့်ရှင်းသော သမီးတော် ကောင်းကင် ရေကန်က အရေးကြီးလား။ ”

ပင်မခန်းဆောင် အပြင်ဘက်ရောက် သည်နှင့် ပိုင်ရှောင်မှ မေးလိုက်သည်။ သူသည် အတွင်းရေးကို မသိသောကြောင့် အကြီးအကဲ များ၏ အတွေးများနှင့် အတူတူ ဖြစ်၏။

သူ့အမြင်အရ ယဲ့နှင့်ဝမ် မိသားစုတို့သည် ဤမျှ ကြီးမားသော ရုန်းရင်း ဆန်ခတ်မှုများကို ဖန်တီးရသည့် အကြောင်းမှာ ပိုင်မိသားစုအပေါ် ဖိနှိမ်ကာ ကောင်းကင် တာအိုဂိုဏ်းမှ နှင်ထုတ် လိုခြင်း ဖြစ်သည်။

ပိုင်မိသားစု၏ အကျိုးစီးပွားများနှင့် ရာထူးကို သိမ်းပိုက်ပြီးနောက် ဂိုဏ်းအတွင်း မငြိမ်မသက်မှုများ ပြီးဆုံးသွား ပေမည်။

ကောင်းကင် တာအိုဂိုဏ်း အတွင်း အုတ်မြစ်ကို ဆုံးရှုံးပြီးနောက် ကောင်းကင် ရေကန်သည် ပိုင်မိသားစု အတွက် အဓိပ္ပါယ်မရှိနိုင်။

ထိုအချိန်တွင် လူတိုင်း၏ နားထဲသို့ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာ ခဲ့၏။

“ ..... ။ ”

ခြံဝင်းကို ကာကွယ်ပေး ထားသော အစီရင်သည် စက်ဝိုင်းအသွင် စွမ်းအင် အမိုးခုံး တစ်ခု ထုတ်ပေးလာသည်။

အဝေးမှ ကြည့်သော် ရူရ်များသည် ရှုပ်ထွေးပြီး ကြီးမားသော ငရဲသစ်ခွပန်း တစ်ပွင့်နှင့် တူနေ၏။

ငရဲသစ်ခွ ပန်းများကို ခြံဝင်းအတွင်း နေရာတိုင်း၌ တွေ့မြင်နိုင်ပြီး အတားအဆီးပေါ် ၎င်းတို့မှ ဓားရောင်ဝါများ ပေးပို့သည်။

ဤသည်မှာ ခြံဝင်းတစ်ခုလုံးကို ကာကွယ် ပေးသည့် အစီရင်တစ်ခု ဖြစ်ချေ၏။ ကြီးမားပြီး တိုက်ခိုက်မှုတိုင်းအပေါ် ခုခံကာကွယ်နိုင်မည်။

ပိုင်ရှုရင်နှင့် ပိုင်ရှောင်တို့သည် ကြောက်စရာ ကောင်းသော စွမ်းအင် အတက်အကျ လှိုင်းများ ပျံ့ကားလာသည်ကို သတိ ပြုမိသောအခါ ထိတ်လန့် သွားကြသည်။

ပိုင်-သူတော်စင်များသည် အစီရင်၏ ဆုံမှတ်များကို ကာကွယ်ပေး၏။ ထိုမြင်ကွင်းက ပိုင်ရှုရင်ကို မျက်မှောင်ကြုတ် စေသည်။

“ ယဲ့မိသားစုရဲ့ အမြင်မှာ ... ဒီနေရာက အရေးမကြီးဘူး။ ”

ပိုင်ရှောင်က သက်ပြင်း တစ်ချက်ချကာ၊

“ အဲဒါကြောင့် ပင်မ ခန်းဆောင်ကို ပြန်ကြရအောင်။ ”

-ဟု ပြန်လည် ပြောကြား လာ၏။

သူမ လုံခြုံရေး အတွက် စိုးရိမ်နေခြင်း ဖြစ်သည်။ ပိုင်-မိသားစု၏ ထွက်လမ်းသည် ပင်မ ခန်းဆောင်တွင် ရှိကြောင်း သူသိ၏။

လူအများအပြား ဆုံးရှုံး လျှင်ပင် သန့်ရှင်းသော သမီးတော် အရည်အချင်းအပေါ် အခြေခံ၍ အနာဂတ်တွင် ပြန်လာနိုင်မည်ဟု ယုံကြည်သည်။

“ ယဲ့-မိသားစုက မသိပေမယ့် ... သိတဲ့ လူတွေ အတွက်တော့ ကောင်းကင် ရေကန်က အရမ်း အရေးပါတယ်။ ”

ကောင်းကင် ရေကန်၏ လျှို့ဝှက်ချက်ကို သိသူ အများအပြား မရှိချေ။

“ ဒါဆို ဘိုးဘေးတွေကို ပြောပြရအောင်။ ”

ပိုင်ရှောင်မှ ရိုးသားစွာ အကြံပြုသည်။ ပိုင်ရှုရင်က ဒေါသတကြီး ပြုံးလိုက်၏။ နေ-လ နတ်ရူရ်သည် အုပ်စိုးရှင် အဆင့် ဖြစ်သည်။

ထို့ကြောင့် ဘိုးဘေးသာ သိက ၎င်းကို ကောင်းကင် တာအိုဂိုဏ်းတွင် ဆက်ထားရန် ခွင့်ပြုရမည် မဟုတ်ချေ။

“ အဲဒီအဆင့်ကို မရောက်သေးပါဘူး၊ ရွှေအစောင့်တွေကို ... သွားစုဆောင်း လာခဲ့၊ ကောင်းကင် ရေကန်မှာ အစီရင် ရှိတယ်၊ ဒါကြောင့် အမည်ခံ သူတော်စင် လောက်နဲ့ ကာကွယ်ဖို့ လုံလောက်ပါတယ်။ ”

အုပ်စိုးရှင် နတ်ရူရ် အကြောင်း လူများစွာ မသိချေ။ မဟုတ်သော် မဟာမိတ် ဖွဲ့ထားသော ဝမ်မိသားစုနှင့် ယဲ့မိသားစု၏ ဆက်ဆံရေးပင် ယို့ယွင်းသွား နိုင်၏။

ထိုအချိန်တွင် ထွက်ခွာရန် စီစဉ် ထားကြသော ပိုင်မိသားစုသည်ပင် ဝင်ရောက် စွက်ဖက်လာ နိုင်သည်။

ပိုင်ရှောင်မှ အမိန့်ကို လက်ခံပြီး လှည့်ထွက်သွား၏။ ပိုင်ရှုရင်က တောင်ခြေ၌ တစ်ယောက်တည်း ရပ်စောင့် နေခဲ့သည်။

အခမ်းအနား ပြီးဆုံးသည့် အချိန်၌ ယဲ့ချင်းရှန်ကို စကား ပြောချင် သော်လည်း အခွင့် မသာချေ။ မိနစ်အနည်းငယ် အကြာတွင် ရွှေအစောင့် နှစ်ဆယ်နှင့်အတူ ပိုင်ရှောင် ပြန်ရောက် လာသည်။

ရွှေအစောင့်များသည် ကောင်းကင် တာအိုဂိုဏ်း၏ သူတော်စင် တပည့်များ အကြား အထက် တန်းစားများ ဖြစ်ချေ၏။

သူတို့ အားလုံးသည် ငယ်ရွယ်သော အသွင်အပြင်နှင့် အသက် တစ်ရာကျော် မျှသာ ရှိကြသည်။

“ သန်ရှင်းသော သမီးတော် ... ဒါ လူအကုန်ပါပဲ၊ နေရာတိုင်းမှာ လူအင်အားတွေ ဖြည့်တင်းပေး နေရတယ်။ ”

“ သန့်ရှင်းသော သမီးတော်ကို နှုတ်ခွန်း ဆက်ပါတယ်။ ”

ရွှေအစောင့်များက လက်ဝှေ့ယမ်းကာ တပြိုက်နက်တည်း အရိုအသေပေး လိုက်ကြ တော့သည်။

ပိုင်-မိသားစု၏ အသက်ကြီးပိုင်းများ သည်သာ ပိုင်ရှုရင်ကို မနှစ်သက်ကြခြင်း ဖြစ်၏။ မျိုးဆက်သစ် လူငယ်များ အတွက်မူ လေးစားစရာ ပေပင်။

ပင်ကိုယ် စွမ်းရည် အပြင်၊ သူမ၏ ဆရာသခင်သည် ကျောက်စိမ်းဓား သူတော်စင် ဖြစ်နေသည်။

“ ဒီလူတွေ ခေါ်လာတဲ့ အတွက် ငရဲသစ်ခွ အစီရင်ကို ထိခိုက်မှာ မဟုတ်ဘူး ... ဟုတ်တယ် မလား။ ”

ပိုင်ရှုရင်မှ မေး၏။

“ ဟုတ်ကဲ့ ... ။ ”

ပိုင်ရှောင်မှ အမြန် ပြန်ဖြေသည်။ ဤနေရာအတွက် လူများစွာ ခေါ်ယူခြင်းသည် ပင်မခန်းဆောင် အစီရင် အပေါ် အကျိုး သက်ရောက်မှု ရှိပေလိမ့်မည်။

“ ဒါဆို မင်းတို့ကို ဒုက္ခ ပေးမိပြီ။ ”

“ သခင်မလေး ... စိတ်ချပါ၊ ငါတို့ဒီမှာ စခန်းချမယ်၊ သူတော်စင် တစ်ပါး ရောက်လာ ရင်တောင် နောင်တရသွား စေရမယ်။ ”

ရွှေအစောင့် ကိုယ်ရံတော်များက စိတ်ပိုင်းဖြတ် ထားသည့်အတိုင်း တစ်ခဲနက် တည်း တုံ့ပြန်လာခဲ့သည်။

ငရဲသစ်ခွ ခြံဝင်း အပြင်ဘက်တွင် ကျောက်ဆောင် သူတော်စင် ဘုရင်မှ လူ(၂) ယောက် ခြံရံကာ ရပ်နေ၏။

သူတို့ထံမှ ကြောက်မက်ဖွယ်ရာ ကောင်းသော သူတော်စင်ဘုရင် ရောင်ဝါများ ဖြာထွက်နေသည်။

၎င်းသူတို့ သုံးယောက် အနောက်တွင် အမိန့်စောင့်ဆိုင်းနေသော သူတော်စင် သခင် ရှစ်ပါးရှိ၏။

သူတို့ရှေ့ မိုင်တစ်ရာကျော် အကွာတွင် သူတော်စင်ဘုရင် တစ်ပါးက သူတော်စင် သခင် (၇)ပါး နှင့်အတူ၊ အမည်ခံ သူတော်စင် ရာပေါင်း များစွာကို ဦးဆောင်လျက် တိုက်ခိုက်နေ၏။

ယဲ့-မိသားစုသည် ကောင်းကင် တာအို ဂိုဏ်းအတွင်း နက်ရှိုင်းစွာ အမြစ်တွယ် နေခဲ့ပြီး အားကောင်းလှ ချေပြီ။

ယဲ့ကူဟန်နှင့် ယဲ့ချင်းယွီက သည်သာ ပူးပေါင်းသော် အခြားသော မျိုးနွယ်စု သုံးစုကို အလွယ်တကူ နှိမ်နင်းနိုင်မည် ဖြစ်၏။

ငရဲသစ်ခွ ဓားအစီရင်သည် ဧရာမ ငရဲသစ်ခွပန်းကဲ့သို့ ဖြစ်ပြီး ပွင့်ချပ် တစ်ချပ်စီ၌ ဓားရည်ရွယ်ချက်များ ပါရှိသည်။

ထို့ကြောင့် ယဲ့မိသားစုသည် သူတော်စင်လက်နက် များနှင့် လျှို့ဝှက်ရတနာ များကို အသုံးပြုခဲ့သော်မှ မဖျက်ဆီး နိုင်ခဲ့ချေ။

“ ငရဲသစ်ခွ ဓားအစီရင်ကို ဘဝတာအိုနဲ့ ပေါင်းစပ်ထားတယ် ... ပန်းပွင့်ရဲ့ စွမ်းအားက အဆုံးမရှိပဲ၊ မဟာ သူတော်စင် တစ်ပါးတောင် ဖြတ်ကျော်ရ ခက်ခဲလိမ့်မယ်။ ”

ကျောက်ဆောင် သူတော်စင် ဘုရင် ညာဘက်တွင် ရှိသော အဘိုးအိုက စကားပြော လာသည်။

ဤလူသည် အတုမဲ့ ငရဲ သူတော်စင် ဘုရင်ဟု လူသိများသော ယဲ့မိသားစု၏ မဟာ အကြီးအကဲ ဖြစ်၏။

သူ့ခွန်အားမှာ ယဲ့ဘိုးဘေးထက် အားနည်းသည် မဟုတ်ချေ။ ကျန်တစ်ယောက် မှာမူ ယန်ကျောက်ဆောင် သူတော်စင် ဘုရင် ဖြစ်ပြီး ယဲ့ဘိုးဘေး၏ သားဖြစ်၏။

၎င်းသည်ပင် အသက် တစ်ထောင်ကျော် ရှိပြီဖြစ်သည်။

“ အဖေ ... ကောင်းကင် မီးတောက် ဆေးအိုးကို သုံးချင်လား။ ”

“ အလျင်လို နေစရာ မလိုပါဘူး၊ အတုမဲ့ ငရဲ မင်း ... ဘာလို့ မစမ်းကြည့် ရတာလဲ၊ မင်းရဲ့ ငရဲ မီးတောက်ကို နှစ်ပေါင်း ရှစ်ရာလောက် ပြုစု ထားတာ ... အခု လွှတ်ပေးဖို့ အချိန်တန်ပြီ။ ”

ထို့နောက် ကျောက်ဆောင် သူတော်စင် ဘုရင်က အမှောင်ထဲ လှမ်းကြည့်ကာ ပြုံးလျက်

“ သခင်တစ္ဆေ ဆင်သင့် ဖြစ်ပြီလား၊ အစီရင်ကွဲတာနဲ့ ... အဲဒီအရာတွေကို လွှတ်ပေး သင့်တယ်။ ”

-ဟု ပြောကြား လိုက်သည်။

သခင်တစ္ဆေသည် နတ်ဆိုး ကျင့်ကြံသူ တစ်ဦး ဖြစ်ပြီး ယဲ့မိသားစုမှ ငှားရမ်းထားသည့် ဧည့်သည် အကြီးအကဲ ဖြစ်၏။

သူသည် ယဲ့ဘိုးဘေးနှင့် နှစ်ပေါင်းများစွာ ကြာအောင် သူငယ်ချင်း အဖြစ် နေထိုင်ခဲ့သည်။ ထို့ကြောင့် ယနေ့ ကစားပွဲတွင် ထိုဝှက်ဖဲကို သုံးရန် ဆုံးဖြတ်ထား၏။

အကယ်၍သာ အနိုင်ရပါက ကောင်းကင် စက်ဝန်း ဘုံကျောင်းရှိ အရင်းအမြစ် (၃၀%)နှင့် တာအိုနန်းတော်ကို ရရှိပေမည်။

ထို့နောက် ပိုင်-မိသားစုကို သိမ်းသွင်းပြီး၊ သတ်ဖြတ်ခြင်း မဟာ သူတော်စင် ထွက်သွား ပြီးနောက်၊ သမီးတော် ခြံဝင်းကို ဆက်၍ ထိန်းချုပ် နိုင်မည်။

ဤပွဲသည် အကျိုးအမြတ် ကြီးမားလှ သကဲ့သို့ လောင်းကြေးလည်း ကြီးပေသည်။

“ လူတိုင်း ... အဆင်သင့် ဖြစ်နေပြီ မဟုတ်လား ... ဒါဆို အစီရင်ကို ထိုးဖောက် ရအောင်။ ”

ကျောက်ဆောင် သူတော်စင် ဘုရင်မှ စိတ်လှုပ်ရှားစွာ ခေါင်းညိမ့် ပြလိုက်တော့သည်။ ထို့နောက် တာအို နန်းတော်ထံ ကြည့်ပြီး၊

“ တာအို နန်းတော်ရဲ့ တိုက်ပွဲက မပြီးသေးဘူး၊ မုန်တိုင်း မဟာ သူတော်စင်က ဟိုမှာ ကောင်းကောင်း အလုပ် လုပ်နေပုံ ရတယ်။ ”

-ဟု မှတ်ချက် ပေးလိုက်၏။

သွေးလဂိုဏ်းသည် ဝိညာဉ် နတ်မိစ္ဆာ မိသားစုကို ထပ်မံ ဖိတ်ခေါ်ထား ခဲ့မှန်း သူ မသိချေ။

“ ဟိတ် ... ။ ”

အတုမဲ့ငရဲ သူတော်စင် ဘုရင်မှ ကောင်းကင်ပေါ် ခုန်တက်ပြီး အနက်ရောင် မီးလျှံများ တောက်လောင်နေသည့် ငရဲပန်း တစ်ပွင့်ကို ဆင့်ခေါ်လိုက်၏။

ဤသည်မှာ သူ့နက္ခတ် ဖြစ်သည်။ တံဆိပ်တစ်ခုကို ဖန်တီး လိုက်သော အခါတွင် ပတ်ဝန်းကျင်ရှိ အသက် စွမ်းအားများကို ချက်ချင်း စုပ်ယူတော့သည်။

“ သွား ... ။ ”

“ ရွှပ် ... ။ ”

သူ့လက်ညှိုး ညွှန်ပြရာသို့ ငရဲပန်းငယ် တစ်ပွင့် ကြွေလွင့်သွား၏။ ထိုအရပ်၌ ငရဲသစ်ခွ ဓားအစီရင်၏ ဆုံမှတ်ရှိလေသည်။

***

All Chapters