← Chapters

ဂုဏ်သရေရှိတဲ့ ဓား ... ငရဲသစ်ခွခြံ။

Vol. 157 Ch. 2195

ဂုဏ်သရေရှိတဲ့ ဓား ... ငရဲသစ်ခွခြံ။

Vol. 157 Ch. 2195

အစီရင်ကို တိုက်ခိုက်နေသော ယဲ့မိသားစုဝင်များက ငရဲမီးတောက်ကို မြင်သော အခါ လျင်မြန်စွာ ရှောင်တိမ်း သွားကြသည်။

၎င်းသည် ငြိမ်းရခက် ချေ၏။ အနက်ရောင် မီးတောက်များက အတားအဆီးပေါ် ကျရောက် လောင်ကျွမ်း ကုန်တော့သည်။

အသက်စွမ်းအားများ တိုက်စားခံရ သဖြင့် သစ်ခွပန်းများ ညှိုးနွမ်းပြီး အစီရင်၌ အပေါက် ကြီးများ ဖြစ်ပေါ်လာသည်။

“ ဖေဖေ ... အခု ဆေးကြိုအိုးကို သုံးဖို့ အချိန်ရောက်ပြီလား။ ”

ယန်ကျောက်ဆောင် သူတော်စင် သခင် တစ်ယောက် စိတ်လှုပ်ရှား နေ၏။ ကောင်းကင် မီးတောက် ဆေးအိုးကြီးသည် အုပ်စိုးရှင် သူတော်စင်လက်ရာ ရတနာ ဖြစ်သည်။

၎င်းရတနာဖြင့် မဟာ သူတော်စင် တစ်ပါးအပေါ် ဒဏ်ရာရအောင် ပြုလုပ်နိုင် ခဲ့ဖူး၏။

လင်းယွန်၌လည်း ထိုအဆင့် အုပ်စိုးရှင် ထီးတစ်လက် ရှိသော်လည်း ကျင့်ကြံမှုကြောင့် စွမ်းအားမှာ အကန့်အသတ် ရှိနေသည်။

“ အလျင်လို နေစရာ မလိုပါဘူး။ ”

ယဲ့ဘိုးဘေးမှ ပြောကြား လာ၏။ ငရဲသစ်ခွ ပန်းပွင့်များ လျင်မြန်စွာ ပြန်လည် ကောင်းမွန် လာသည်ကို သူ မြင်နေရသည်။

အတုမဲ့ ငရဲ သူတော်စင် ဘုရင်သည် သူ့ဝှက်ဖဲကို ထုတ်မပေးသေး သောကြောင့် ဆက်လက် စောင့်ဆိုင်း ရပေမည်။

“ ငရဲ ဖျက်ဆီးခြင်း ... ။ ”

ကြည့်နေဆဲ မှာပင် အတုမဲ့ ငရဲ သူတော်စင်ဘုရင်က အော်ငေါက် လိုက်သည်။ များမကြာခင် အစီရင်၌ တွင်းနက်ကြီး တစ်ခု ပေါ်လာခဲ့၏။

သူ့ နဖူးတွင်လည်း ချွေးများ ဖုံးလွှမ်း လာတော့သည်။ ဤအဆင့် တိုက်ခိုက်မှုကို ထုတ်ဖော်ရန် လွယ်ပုံမရချေ။

သူတော်စင် ဘုရင် ရောင်ဝါများဖြင့် တာအိုပန်းများ ပွင့်လာကာ ကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက်များ လွင့်ထွက် သွား၏။

ဤသည်မှာ မြင့်မြတ်သော ပျက်စီးခြင်း ဟူသော မရဏရောင်ဝါ ဖြစ်သည်။

“ ဝုန်း ... ဝုန်း ... ။ ”

အနက်ရောင် စုပ်ဝဲ တစ်ခုသည် အစီရင် စွမ်းအင်အမိုးခုံးကို ထိမှန်သွားသော အခါတွင် ပေါက်ကွဲမှုများ ဖြစ်ပေါ်လာ၏။

ပတ်ဝန်းကျင်ရှိ တောင်တန်းများကို ပြိုကျသွားစေသည်။ ငရဲသစ်ခွပန်းများမှာ လျင်မြန်စွာ ညှိုးနွမ်း လာပြန်၏။

“ ကောင်းကင် မီးတောက် ဆေးအိုး။ ”

ဤတစ်ကြိမ်၌ ယန်ကျောက်ဆောင် သူတော်စင် သခင်မှ မစောင့်နိုင် တော့ချေ။ ကောင်းကင်ပေါ် ခုန်တက်ကာ ရှေးဟောင်း အိုးတစ်လုံးကို ပစ်လွှတ်လိုက်သည်။

“ ခရစ် ... ။ ”

ကောင်းကင် (၃၆)လွှာ ကွဲအက်လျက် နတ်သားရဲ အသွင်ရှိသော အုပ်စိုးရှင် နက္ခတ် တစ်လုံးမှ ငုံ့ကြည့်လာသည်။

ဤသည်မှာ ဒဏ္ဍာရီလာ ရိုင်းစိုင်းသော နတ်သားရဲ မီးငှက်ဖြစ်၏။ ကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက်များက ဒေသ တစ်ခုလုံး အပေါ် ဖုံးလွှမ်း လာသည်။

ကြီးမားသော ဖိအားဖြင့် မီးငှက်က ကောင်းကင် မီးတောက် ဆေးအိုးကို လှမ်း ပုတ်လိုက်သည်။

“ ဝှစ် ... ။ ”

ဆေးအိုး မျက်နှာပြင်ပေါ်ရှိ ရူရ်များ တောက်လာပြီး ငရဲသစ်ခွ ဓားအစီရင် ထံသို့ ပြေးဝင်သွားတော့၏။

“ ဖျစ် ... ။ ”

အစီရင်၌ မီးပွားများ ပွင့်ထွက်လာသည်။ ဆေးအိုး တစ်ခုလုံး မီးလျှံများ တောက်လောင် နေပြီး မြေပြင်ပေါ် ဆက်၍ ပြုတ်ကျသွား၏။

“ ဝုန်း ... ။ ”

သူ့အနားတဝိုက် မြေပြင်၌ ချက်ချင်း မီးစွဲလောင်ကာ အရှိန်အဟုန်ဖြင့် အရာအားလုံး အပေါ် လောင်ကျွမ်း ပစ်တော့သည်။

“ ခရစ် ... ။ ”

ဤမြင်ကွင်းသည် ကမ္ဘာကြီး လောင်မီးကျ နေသာ အသွင်အပြင်မျိုး ဖြစ်ချေ၏။ တရွေ့ရွေ့ ပြန်၍ ပိတ်နေသော စွမ်းအင် အမိုးခုံးသည် ယိမ်းထိုး အက်ကွဲလာသည်။

“ ဝုန်း ... ။ ”

တစ်ချိန်တည်းမှာပင် အဆောက်အဦး များစွာ ပြိုကျပြီး မြေပြင် တုန်ဟည်းလာ သဖြင့် ပိုင်ရှုရင်မှ ပြန်လှည့်ကြည့် လိုက်သည်။

“ အစီရင် ပျက်သွားပြီ ... ။ ”

ယဲ့မိသားစုများက ဝမ်းသာ အားရစွာဖြင့် အော်ဟစ်သည်။ ဤအစီရင်သည် သူတို့ အပေါ် အချိန် အတော်ကြာ သည့်တိုင် ဟန့်တားခဲ့ သောကြောင့် ဒေါသ ထွက်စရာ ဖြစ်၏။

ထိုအချိန်တွင် ငရဲသစ်ခွခြံဝင်း၏ ဓားထမ်းအကြီးအကဲ တစ်ဦးက ကောင်းကင် ပေါ်သို့ ပျံတက်လာပြီး၊

“ ငရဲသစ်ခွ ဟူသည် ထာဝရ ပွင့်နေမည်။ ”

-ဟု ကြွေးကြော်လိုက်သည်။ အမှောင်ထဲမှ စွမ်းအင်များ အလွန် လျင်မြန်စွာ ပြေးထွက်လာ တော့၏။

“ ခြံရှေ့မှာ ပွင့်နေတဲ့ ... သစ်ခွပန်းက လေပြေ ဝင်လာတာကို စောင့်နေတယ်၊ အမှန် တရားက ကောင်းကင်နဲ့ မြေကြီးကြားမှာ မရှိဘူး။ ”

“ ဂုဏ်သရေရှိတဲ့ ဓား ... ၊ ငရဲသစ်ခွခြံ။ ”

“ ဂုဏ်သရေရှိတဲ့ ဓား ... ၊ ငရဲသစ်ခွခြံ။ ”

“ ဂုဏ်သရေရှိတဲ့ ဓား ... ၊ ငရဲသစ်ခွခြံ။ ”

ပိုင်မိသားစုဝင် တိုင်းက ကောင်းကင်ပေါ် ခုန်တက်ကာ ကြယ်များ ကဲ့သို့ ကျယ်လောင်စွာ ကြွေးကြော်လိုက် ကြ၏။

မြေပြင်တွင် သွေ့ခြောက်နေသော ငရဲသစ်ခွပန်းများ တစ်ဖန် ပြန်၍ ပွင့်လန်းလာ ကြသည်။

အံ့ဩဖွယ် ကောင်းသော အမှန်တရား ရောင်ဝါများ သူတို့၏ ခန္ဓာကိုယ်မှ ထွက်သွားပြီး ငရဲသစ်ခွပန်း ဆီသို့ စီးဝင်ကုန်၏။

“ ထန် ... ။ ”

“ ဝေါ့ ... ။ ”

ထိုအချိန်၌ ကောင်းကင် မီးတောက် ဆေးအိုးမှာ တွန်းထုတ် ခံလိုက်ရပြီး ပိုင်ရှင်ကို သွေးအန်သွား စေသည်။

“ ကောင်းကင်နဲ့ မြေကြီးကြားမှာ ရှိတဲ့ မတရားမှုတွေက .. ငါတို့ရဲ့ ဦးခေါင်းတွေ အပေါ် ဖိနှိပ်ခွင့် မရှိ။ ”

“ ဂုဏ်သရေရှိတဲ့ ဓား ... ၊ ငရဲသစ်ခွခြံ။ ”

“ ဂုဏ်သရေရှိတဲ့ ဓား ... ၊ ငရဲသစ်ခွခြံ။ ”

“ ဂုဏ်သရေရှိတဲ့ ဓား ... ၊ ငရဲသစ်ခွခြံ။ ”

ငရဲ သစ်ခွ ခြံဝင်းအတွင်း သစ္စာတရား၏ ရောင်ဝါများ ပြန့်ကျဲလျက် အသံများ ဆက်၍ ပဲ့တင်ထပ် နေခဲ့၏။

သူတို့၏ သစ္စာတရားသည် ငရဲသစ်ခွ ဓားအစီရင်ကို နောက်တစ်ကြိမ် အသက်ဝင် လာစေသည်။

“ ငါ့ပိုင်မိသားစုရဲ့ အကာအကွယ်ကို ဖျက်စီးချင် နေတာလား ... အိပ်မက် မက်နေ လိုက်ပါ။ ”

ပင်မခန်းဆောင် အတွင်းရှိ ပိုင်ဘိုးဘေး၏ မျက်နှာပေါ်တွင် အပြုံးများ ပွင့်လန်း လာခဲ့၏။ အုပ်စိုးရှင် သူတော်စင် လက်ရာကို အသုံးပြုပြီး သည့်တိုင် အစီရင် မပျက်စီးချေ။

ဆိုလိုသည်မှာ ဤနေရာ၌ ထိုင်နေရုံဖြင့် အကျိုးကျေးဇူးများ ခံစားခွင့် ရနိုင်တော့ မည်ဟု အဓိပ္ပါယ်ရသည်။

“ ဂုဏ်သရေရှိတဲ့ ဓား ... ၊ ငရဲသစ်ခွခြံ။ ”

“ ဂုဏ်သရေရှိတဲ့ ဓား ... ၊ ငရဲသစ်ခွခြံ။ ”

“ ဂုဏ်သရေရှိတဲ့ ဓား ... ၊ ငရဲသစ်ခွခြံ။ ”

အစောပိုင်းက ပိုင်ရှုရင်ကို ကာကွယ် လိုသော ငှက်မွေး သူတော်စင်သခင်မှ အော်ဟစ် နေသူများထံ ကြည့်သည်။

“ ဓားသမား ဆိုတာ အစွယ် ရှိရမယ်၊ ငရဲသစ်ခွ ဓားအစီရင်က စီနီယာတွေ ထားရစ် ခဲ့တဲ့ ဂုဏ်ကျက်သရေ တစ်ခုပါပဲ၊ ဒီလိုသာ ပုန်းနေမယ် ဆိုရင် ပြဿနာ ရှိလာနိုင်တယ်။ ”

သူက မှတ်ချက်ပေးပြီး အစီရင်ကို တံခါးစောင့် အဖြစ်သာ ထားပြီး ထွက်တိုက်ရန် ဘိုးဘေးကို ထပ်မံ အကြံပြု လိုက်၏။

အစီရင်၏ အစွမ်းကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းမှ ကာကွယ်ပေးခြင်း အပေါ်သာ အသုံးပြု သင့်ချေပြီ။

ယခုအချိန်၌ ခြံဝင်းကို ထိန်းထား နိုင်သော်လည်း ပိုင်မျိုးဆက်သစ် လူငယ်များ၏ ဘဝ အသက်တာ အတွက် သစ္စာတရား ရောင်ဝါကို စွန့်ထုတ်ခဲ့ရ၏။

“ ရှုပ်ထွေးအောင် မလုပ်နဲ့ ... ငါတို့ ဘိုးဘေးရဲ့ အစီအစဉ်က ကောင်းတယ်၊ အခုလို ဆက်ပြီး ကာကွယ် ထားဖို့ပဲ လိုတယ်၊ အချိန် ကြာလေ ငါတို့အတွက် ပိုအကျိုး ရှိလေပဲ။ ”

“ မှန်တယ် ... ထွက်တိုက်ရင် ငါတို့ရဲ့ ချို့ယွင်းချက်တွေ ပေါ်သွားနိုင်တယ်၊ ပြီးတော့ ဘိုးဘေးသာ ဒဏ်ရာရသွားရင် ပြီးသွားမယ်။ ”

အခြားသော သူတော်စင် အကြီးအကဲများမှလည်း ပြစ်တင် ရှုတ်ချလာ ခဲ့သည်။ ပိုင်-ဘိုးဘေးက ပြုံးပြီး၊

“ ငှက်မွှေး ... မင်း စိတ်ကူးကို ဒီမှာပဲ ... အဆုံးသတ် လိုက်၊ ငါတို့ အခု အားသာချက်ကို ဆုပ်ကိုင်ထား နိုင်ပြီ၊ ယဲ့အိုကြီး တစ်ယောက် အားနည်းချက် ထုတ်ပြလာမဲ့ အချိန်ကို စောင့်နေရုံပဲ။ ”

-ဟု တုန့်ပြန် ဖြေကြား၏။

“ ဘိုးဘေးက ဆန္ဒမရှိရင် ... အစီရင်ကို တိုက်စစ်အဖြစ် ပြောင်းလဲဖို့ ကျွန်တော် ဦးစီးနိုင် ပါတယ်။ ”

ငှက်မွေး သူတော်စင် သခင်မှ လက်မလျော့ချေ။ ပိုင်ဘိုးဘေးက မကျေမနပ် ဟန်ဖြင့် မျက်မှောင်ကြုတ် လိုက်ပြီး၊

“ မင်းက ဘာလို့ ဒီလောက် ခေါင်းမာ နေရတာလဲ ... စောစောတုန်းက ဒီအကြံကို တင်ပြ လာတည်းက ငါမင်းကို ငြင်းခဲ့ပြီးပြီ၊ အခုထပ်ပြော ပြန်နေပြီလား၊ ဟမ့် ... ။ ”

“ ဒါဟာ အမှန်ပဲ၊ ... ငါတို့မြေကို ကောင်းကောင်း ထိန်းထားဖို့ပဲ လိုပါတယ်၊ လက်တုံ့ ပြန်ရင် ... ချို့ယွင်းချက်တွေကို ဖော်ထုတ်မိ လိမ့်မယ်။ ”

“ ငှက်မွေး သူတော်စင် သခင် ... မင်းက အရမ်း မောက်မာ နေပုံရတယ်၊ ဘိုးဘေးတောင် အားနည်းချက် ပြမိမှာ ဆိုးတာ မင်းကိုယ်တိုင် သွားလို့ အောင်နိုင်မယ် ထင်လား။ ”

သူတော်စင်များမှ မကျေမနပ်ဖြင့် ပြန်ကြည့်လာ ကြသည်။ ဤမြင်ကွင်းသည် ငှက်မွှေး သူတော်စင် သခင်ကို အေးခဲသွား စေ၏။

“ ခရစ် ... ။ ”

စကား ထပ်မပြော ဝံ့တော့ချေ။ ထိုအချိန်တွင် ခန်းဆောင်ကြီး တစ်ခုလုံး တုန်ခါလျက် အက်ကွဲ ကြောင်းများ ထွက်ပေါ်လာသည်။

“ ဝုန်း ... ။ ”

တစ်ချိန်တည်းမှာပင် ငရဲသစ်ခွခြံဝင်း အနောက်မြောက်ဘက်ရှိ အချိန်နှင့် အာကာသ ပြိုကျသွားသည်။

“ ဘာတွေ ဖြစ်နေတာလဲ ... ။ ”

“ ဝှစ် ... ။ ”

ပိုင်သူတော်စင်များ အားလုံး ချက်ခြင်း တုန်လှုပ် ခြောက်ခြားသွားပြီး ခန်းဆောင်၏ ခေါင်မိုးပေါ်သို့ တက်ကြည့် လိုက်ကြသည်။

အဝေးမှ ဖြစ်ပျက်နေသော မြင်ကွင်း တစ်ခုက သူတို့ အားလုံးကို အသက်မဲ့ သွားစေ တော့၏။

“ ဒါ ... ဒါက ... ။ ”

***

All Chapters