← Chapters

ကောင်းကင် စက်ဝန်း ဘုံကျောင်း။

Vol. 157 Ch. 2196

ကောင်းကင် စက်ဝန်း ဘုံကျောင်း။

Vol. 157 Ch. 2196

ပိုင်မိသားစုမှ သူတော်စင်များသည် ကောင်းကင်ပေါ် ကြွတက်လာသော ဘုံကျောင်း ကြီးကြောင့် ထိတ်လန့်သွား ကြသည်။

ထိုဒေသရှိ အချိန်နှင့် အာကာသမှာ ကမောက်ကမ ဖြစ်လာ၏။ မိုင်တစ်ရာ အတွင်း တောင်များနှင့် ဘုံဗိမာန်များ အားလုံး ပြိုကျ ကုန်သည်။

ယင်းသည် မြေပြိုကျမှု များကြောင့် မဟုတ်ဘဲ၊ အချိန်-အာကာသ တိုက်စားမှု များကြောင့် ဖြစ်၏။

လေပြေ တိုက်ခတ်လာသော အခါတွင် တောင်တန်းများက သဲမှုန်များအဖြစ် ပြိုကျကာ လွင့်ပါး သွားကုန်သည်။ ကြောက်စရာ ကောင်းသော မြင်ကွင်းမျိုး ပေပင်။

ထိုဒေသရှိ ကောင်းကင်ကြီးတွင် အဆုံးမရှိသော ကြယ်ရောင်များ တောက်ပစွာ လင်းလက် နေခဲ့၏။

ဘုံကျောင်းက မြေပြင်မှ လွတ်သည်နှင့် ကြောက်မက်ဖွယ် စွမ်းအင် အတက်အကျများ ဖြာထွက်လာသည်။

“ ခရစ် ... ။ ”

ငရဲသစ်ခွခြံဝင်းတွင် အက်ကြောင်းများ စတင်ပေါ်လာပြီး အစီရင်ကို ထိန်းချုပ်နေသော အမည်ခံ သူတော်စင်များ ဒဏ်ရာ ရရှိကုန်၏။

“ ဒါက ဘာလို့ ပျံတက်လာတာလဲ။ ”

“ ကောင်းကင် စက်ဝန်း ဘုံကျောင်းမှာ စောင့်အကြပ်တွေ များပြားပါတယ်၊ အစောင့် မရှိရင်တောင် ယူဖို့ မလွယ်ဘူး။ ”

“ ဒါက ထူးဆန်းတယ်။ ”

“ ဘိုးဘေး ... ငါတို့ အခု ဘာလုပ်သင့်လဲ။ ”

ပိုင်မိသားစု၏ သူတော်စင်များက နားမလည်နိုင် ဖြစ်နေပြီး ကောင်းကင် ပန်းပွင့် သူတော်စင် ဘုရင်ကို ကြည့်မိသည်။ (ပိုင်-ဘိုးဘေး။)

ကောင်းကင်ပန်းပွင့် သူတော်စင် ဘုရင် သည်လည်း အံ့အားသင့် ထိတ်လန့်သွားကာ၊ မှင်တတ် နေခဲ့၏။

သူ ထင်မြင်ချက် အရ ဘုံကျောင်းသည် ကောင်းကင် တာအိုဂိုဏ်း၏ တောင်ကြီးနှစ်လုံး ကဲ့သို့ ရွေ့ပြောင်း မရချေ။ ( ယန်တောင်နှင့် ယင်တောင်။)

“ ကြည့်စမ်း ... အဲဒီကောင်မလေးက ဝမ်မူယန် မဟုတ်လား။ ”

ငှက်မွေး သူတော်စင် သခင်မှ အော်ဟစ် လိုက်သည်။ လျှပ်စီး လက်နေသည့် ဘုံကျောင်း အထက်တွင် အမျိုးသမီး တစ်ယောက် ရပ်နေသည်။

ကျောက်ဆောင် သူတော်စင် ဘုရင်၊ ယင်ကျောက်ဆောင် သူတော်စင် သခင်နှင့် အတုမဲ့ ငရဲ သူတော်စင် ဘုရင်တို့မှာ ဝမ်းသာ ရွှင်မြူးကုန်၏။

နောက်ဆုံးတွင် ဝှက်ဖဲများ အားလုံး အသုံးပြုပြီး သည့်တိုင် အစီရင်ကို တစ်စုံတစ်ရာ မလုပ်နိုင်ခဲ့ချေ။

“ ဟား ဟား ဟား ... မုန်တိုင်း မဟာ သူတော်စင်က ... ငါ့ကို စိတ်မပျက်စေဘူးပဲ၊ ယဲ့မိသားစု အကြီးအကဲ တွေနဲ့ ...

... အမည်ခံ သူတော်စင် အားလုံးကို စုရုံးထားလိုက်ပါ၊ သခင်တစ္ဆေ ဝင်ဖို့ အသင့် ဖြစ်ပြီလား။ ”

ယင်ကျောက်ဆောင် သူတော်စင် သခင်မှ သူ့အဖေစကား အတိုင်း ချက်ချင်း အမိန့်ပေး လိုက်သည်။

“ ဘိုးဘေး ... အဲဒီ ကောင်မလေးက ဒီကို လာနေပြီ။ ”

ငှက်မွှေး သူတော်စင် ဘုရင်မှ စိုးရိမ်စွာ အော်ဟစ်လိုက်၏။ ဤအချင်းအရာက သူတို့ကို ကျောရိုးများ အေးစက်လာစေသည်။

“ ဂျိန်း ... ။ ”

ဝမ်မူယန်က သူမ လက်များကို ကောင်းကင်ပေါ် မြှောက်လိုက်သော အခါ မိုးကြိုးမုန်တိုင်းကြီး ဖြစ်ပေါ်လာသည်။

သူမ၏ ထိန်းချုပ်မှု အောက်တွင်၊ ကောင်းကင် စက်ဝန်း ဘုံကျောင်းမှာ ဆက်၍ မြင့်တက်နေပြီး ကောင်းကင် အလွှာများကို ထိုးခွဲနေခဲ့၏။

(၃၆)လွှာကို ဖြတ်ကျော်သွားချိန်တွင် အချိန်နှင့် အာကာသဆိုင်ရာ ဒြပ်စင်များက သက်တံ တစ်စင်းကဲ့သို့ စီးဝင်လာ၏။

“ ချိုး ဖြတ် ... ။ ”

ဟောက်သံနှင့်အတူ၊ ကောင်းကင် ဘုံကျောင်းသည် မြှားတစ်စင်း အလား ပြန်၍ ပြုတ်ကျ လာသည်။ အရှိန်သည် မြန်လွန်းသဖြင့် သူတော်စင်များပင် လိုက်မမီ နိုင်ချေ။

“ မကောင်းတော့ဘူး ... ။ ”

ပိုင်ဘိုးဘေး တစ်ယောက် မျက်နှာသည် ပြောင်းသွားပြီး အစီရင်ကို ကိုယ်တိုင် ကိုယ်ကျ ဦးစီးလိုသော ဆန္ဒဖြင့် ကောင်းကင်ပေါ် ပျံတက်သွားသည်။

သို့သော် နောက်ကျ သွား၏။ ဘုံကျောင်း ကျဆင်းနှုန်းသည် ပျံတက်နိုင် နှုန်းထက် အဆ တစ်ရာ သာနေ၏။

“ ဝုန်း ... ။ ”

ငရဲသစ်ခွ ဓားအစီရင် ခမျာ မိုးကြိုးများ ထိမှန်လျက် ကွဲအက်သွား ပြီးနောက် အမည်ခံ သူတော်စင် အများအပြား ဒဏ်ရာ ရရှိကုန်၏။

“ ဘုန်း ... ။ ”

ဘုံကျောင်းကြီးက ပင်မခန်းဆောင် ဆီသို့ တည့်တည့် ပြုတ်ကျသွားသည်။ ဤအရာသည် သူတော်စင်များ အားလုံးကို ရုတ်တရတ် တုန်လှုပ် သွားစေ၏။

ဝင်လာသော ဘုံကျောင်းကို အလျင်အမြန် ရှောင်တိမ်း လိုက်ရသည်။ ဘုံကေျာင်း အောက်၌ ပင်မခန်းဆောင်ကြီး တစ်ခုလုံး စိစိညက်ညက် ကြေသွား၏။

ကမ္ဘာကြီး ပြိုလဲသွား သလို ပေပင်။ ဖုန်မှုန့်များ ကြားမှ စွမ်းအင် အတက်အကျ လှိုင်းများ ပျံ့ကားသွား ကုန်သည်။

“ တား ထား လိုက် ... ။ ”

ကောင်းကင်ပန်းပွင့် သူတော်စင် ဘုရင်မှ သတိပြန်ဝင်လာသည်။ ဤလှိုင်း ပျံ့ကားခဲ့ပါက လူမည်မျှ သေမည်ကို မသိနိုင်ချေ။

သူတော်စင် ဆယ်ပါးမှ လှိုင်းလုံးကြီးကို ဖြိုခွဲရန် ချက်ချင်း ကြိုးပမ်း လိုက်ကြတော့၏။ သို့သော် ထိခိုက် ဒဏ်ရာ ရရှိဆဲ ဖြစ်သည်။

ကောင်းကင် စက်ဝင်း ဘုံကျောင်း စေတီတော်သည် တောင်ကြီး တစ်လုံး ကဲ့သို့ ဖုန်မှုန့်များ ကြား၌ မားမားကြီး တည်ရှိနေ၏။

ငရဲသစ်ခွ ခြံဝင်း၏ ဧရိယာသည် အင်အားကြီးဂိုဏ်း တစ်ခုထက် ပို၍ ကျယ်ပြော ချေသည်။

ထိုကြောင့် အဆောက်အဦများ ပြိုကျပြီး နေရာအနှံ့ မီးတောက်များ ပြန့်ကျဲ နေခဲ့သော ဤမြင်ကွင်းသည် ရှေးဟောင်း အပျက်အစီး နယ်မြေများကို ပြန်၍ သတိရစေ၏။

ပိုင် ဘိုးဘေး၏ ခြေလက်များ တုန်တုန် ယင်ယင်ဖြစ်လာကာ သူ့မျက်နှာတွင် သွေးမရှိ တော့ချေ။

ဤပင်မခန်းဆောင်သည် နောက်ဆုံး အမာခံနယ်မြေ ဖြစ်သောကြောင့် ပိုင်မိသားစု အုတ်မြစ် ပြီးဆုံးသွားပြီ ဖြစ်ကြောင်း သိလိုက်သည်။

အရေးကြီးသော အခိုက်အတန့် အတွင်း သူတို့ကို အဝေးသို့ ပို့ဆောင်နိုင်သည့် ရှေးခေတ် တည်နေရာ ရွေ့ပြောင်း အစီရင်တစ်ခု ရှိသည်။

ယခုမူကား ကောင်းကင် စင်ဝန်း ဘုံကျောင်းကြောင့် ပျက်သုဉ်းသွားချေပြီ။

“ သူတို့ကို သတ် ... ။ ”

ယဲ့မိသားစုက စဉ်းစားရန် အချိန်များစွာ မပေးဘဲ၊ သူတော်စင် ဘုရင် လေးပါး စေလွှတ် လာသည်။

၎င်းတို့နောက်၌ အမည်ခံ သူတော်စင်များ လိုက်ပါလာသည်။ ရုတ်တရက် ပေတစ်ရာကျော် မြင့်မားသော ကြေးရုပ် အလောင်း သုံးလောင်း ကောင်းကင်မှ ပြုတ်ကျ လာသည်။

ကြေးရုပ်များက ခြေလှမ်း တစ်လှမ်း လှမ်းလိုက်တိုင်း မြေပြင်ကို တုန်လှုပ်သွား စေ၏။ ၎င်းတို့ထံမှ မဟာ သူတော်စင် ရောင်ဝါများ ထွက်နေသည်။

ဤသည်မှာ သခင်တစ္ဆေမှ ထိန်းချုပ် သန့်စင်ထားသော အလောင်းများ ဖြစ်ချေ၏။ အလောင်း ကျင့်ကြံ သူများကို ရှေးဦးခေတ် ကတည်းက သုတ်သင်ပစ် ခဲ့ကြသည်။

သခင် တစ္ဆေသည် ၎င်းအလောင်း တံခါး ဂိုဏ်းထံမှ အမွေရထားသော အကြွင်းအကျန် တစ်ယောက် မျှသာ ဖြစ်ချေ၏။

အစီရင် ချိုးဖြတ်ခံရ ပြီးနောက် နေရာတိုင်းတွင် သွေးနှင့်မီးလျှံများ တောက်ကာ ပရမ်းပတာ ဖြစ်ကုန်သည်။

တောင်ပေါ်၌ ကျောက်တျန်းယွီနှင့် ကူရှင်းယွီက ဤမြင်ကွင်း အပေါ် အဝေးမှ လှမ်းကြည့် နေခဲ့၏။

“ ဂိုဏ်းချုပ် ရောက်လာပြီလား။ ”

ကျောက်တျန်းယွီမှ မေးလိုက်သည်။ ကူရှင်းယွီ တစ်ယောက် စိတ်လှုပ်ရှား စွာဖြင့် ခေါင်းညိမ့် ပြလာ၏။

“ ဒါပေမယ့် ကိုယ်ပွား တစ်ယောက်ပဲ၊ ခွန်အား ပြန်မရခင် အချိန်တစ်ခု လိုအပ်တယ်၊ နတ်သားတော် စိတ်မပူနဲ့ ... ငါ့မှာ သွေးတွေ အလုံအလောက် ပြင်ဆင်ထားပြီးပြီ ... အဆင်ပြေပါလိမ့်မယ်။ ”

ကျောက်တျန်းယွီမှ ခေါင်းညိတ်၏။ ထို့နောက် ပျက်စီးနေသော ငရဲသစ်ခွခြံဝင်းကို ခံစားချက် အပြည့်ဖြင့် ငေးကြည့်ကာ၊

“ ကောင်းကင် တာအိုဂိုဏ်းရဲ့ ... ခြံဝင်း(၃)ခုကို ... ရှေးခေတ် နတ်ဘုရားတွေက တည်ထောင် ပေးခဲ့ပြီး ... ငရဲသစ်ခွ အစီရင်က ဧကရာဇ် တစ်ပါး ကိုတောင် သတ်နိုင်တယ်၊ အခုတော့ ... ။ ”

-ဟု ညည်းတွား လိုက်တော့သည်။

“ နတ်သမီးတော် လှုပ်ရှားလိုက်လို့ သာပေါ့၊ ယဲ့မိသားစု ကိုသာ အားကိုးနေရင် အဆင်ပြေမှာ မဟုတ်ဘူး။ ”

ကူရှင်းယွီမှ သက်ပြင်းချပြီး ဝင်ပြော၏။

“ ဒါကြောင့်မို့လို့ လူတွေကို ယုံကြည့်လို့ မရသလို အစီရင်တွေ ကိုလည်း ... ယုံကြည်လို့ မရဘူး ဆိုတာ ...

... မှတ်ထားသင့်တယ်၊ ပိုင်မိသားစုက အစီရင်ကို အားကိုးပြီး အေးအေး ဆေးဆေး ထိုင်နေခဲ့တာ ပထမ အမှားပဲ။ ”

“ ဝှစ် ... ။ ”

ထိုအချိန်တွင် သူတို့ရှေ့သို့ ပုံရိပ်တစ်ရိပ် ကျဆင်းလာသည်။ ဤပုဂ္ဂိုလ်မှာ အစောပိုင်းက ကောင်းကင် စက်ဝန်း ဘုံကျောင်းကို ထိန်းချုပ် နေသော ဝမ်မူယန် ဖြစ်၏။

အေးစက်သော စိတ်ထားဖြင့် သူမ၏ မျက်ခုံးများ အလယ်မှ နတ်ဘုရား အရိပ်အမြွက် အချို့ ဖြာထွက်နေသည်။ သူမ၏ သာမာန် အသွင်အပြင်နှင့် လုံးဝ ကွဲပြားချေ၏။

ကျောက်တျန်းယွီနှင့် ကူရှင်းယွီ ကိုပင် ကြီးမားသော ဖိအားများ ခံစားလာရ စေသည်။

“ နင့်ရဲ့လူက ဘယ်မှာလဲ။ ”

ဝမ်မူယန်မှ မေးသည်။

“ အလျင်လို နေစရာ မလိုပါဘူး ... ၊ အချိန်တန်ရင် သူလာဖို့ ... ငါ အကြောင်းကြား ပေးမယ်။ ”

“ ဒါဆို သူက ... ။ ”

ဆိုလိုရင်းကို ဝမ်မူယန် နားလည်သွားသည်။ ကျောက်တျန်းယွီက သူမ အတွေးကို အတည်ပြု သည့်အနေဖြင့် ခေါင်းညိမ့်ပြ လိုက်၏။

ထိုသူသည် ဝိညာဉ် နတ်မိစ္ဆာ မိသားစုမှ ဖြစ်သည်။ သူတို့သာ တက်စွမ်းသော် အပြင်လူ များကို ဤကိစ္စအတွင်း မပါဝင် စေလိုချေ။

“ အခုလို ပရမ်းပတာ အခြေအနေမှာ ကောင်းကင် ရေကန်ကို ဘယ်သူမှ အာရုံ မစိုက် နိုင်တော့ဘူး၊ ယဲ့မိသားစု မသိအောင် ထိန်းထိန်း သိမ်းသိမ်း လုပ်ရမယ်။ ”

ကျောက်တျန်းယွီ စကားဆုံး သည်နှင့် သုံးယောက်သား ငရဲသစ်ခွ ခြံဝင်း အတွင်းသို့ တိတ်ဆိတ်စွာ ပျံသန်းသွား လိုက်၏။ ထို့နောက် ကောင်းကင် ရေကန် တောင်ခြေသို့ ရောက်ရှိ လာခဲ့သည်။

“ ဒီမှာ ဘယ်သူမှ မရှိပါလား။ ”

ကူရှင်းယွီမှ တိတ်ဆိတ်နေသော တောင်ကြီးကို လှမ်းကြည့်ကာ ပြုံးလိုက်သည်။ တောင်ထိပ်တွင် ရေကန် တစ်ကန်ရှိ၏။

“ သွားကြရအောင်။ ”

သတိ အနေအထားဖြင့် ကျောက်တျန်းယွီမှ ဦးဆောင်လာ ခဲ့သည်။ ထိုအချိန်တွင် ယဲ့ကူဟန်၊ လင်းယွန်နှင့် ရှင်းယန်က ငရဲသစ်ခွ ခြံဝင်းထံ ထိတ်လန့်စွာ မော့ကြည့် လိုက်တော့၏။

***

All Chapters