← Chapters

ဘယ်သူက ပါရမီရှင် မဟုတ်လို့လဲ။

Vol. 157 Ch. 2198

ဘယ်သူက ပါရမီရှင် မဟုတ်လို့လဲ။

Vol. 157 Ch. 2198

ဓားရောင်ဝါသည် ငရဲသစ်ခွ ရင်ပြင်ရှိ အမှောင်ထု အားလုံးကို မောင်းထုတ် ပစ်လိုက် သည်။၏

“ ရွှပ် ... ။ ”

လက်ကောက်ဝတ်ကို လှန်လိုက်သော အခါတွင် သူတော်စင် ရောင်ဝါဖြင့် ပေါင်းစပ် နေသည့် ဓားအလင်း ပြေးထွက်လာ၏။

“ ဝေါ့ ... ။ ”

ယဲ့မျိုးနွယ် အမည်ခံ သူတော်စင်များ အားလုံး သွေးအန်လျက် သတိလစ် လဲကျကုန် တော့သည်။

မဟာ သူတော်စင် တစ်ပါး အနေဖြင့် သတိပေးခြင်း မရှိဘဲ လှုပ်ရှားခြင်း ဟူသည် အလွန် အရှက်ကင်းမဲ့ ချေပြီ။

သို့သော် သူတော်စင်များက စကားမပြော နိုင်သေးဘဲ ဓားရောင်ခြည်ကို အလျင်အမြန် ခုခံ ကာကွယ် လိုက်ရသည်။

“ ဝုန်း ... ။ ”

ကြီးမားသော ပေါက်ကွဲမှု တစ်ခု အောက်တွင် သူတော်စင် ဘုရင်များနှင့် သခင် တစ္ဆေမှာ မျက်နှာများ ပျက်ယွင်းလျက် ခြေလှမ်း ဆယ်လှမ်း နောက်ပြန် ဆုတ်သွားရ၏။

နှစ်ဖက်ကြား မြေပြင်မှာ ကျယ်ပြောသော ဧရိယာ အဖြစ်သို့ ပြောင်းလဲသွားသည်။ ယင်းက ပိုင်မိသားစု ဝင်များကို ဖိအားများ သက်သာ စေခဲ့၏။

“ ကျေးဇူး တင်ပါတယ်၊ အသူရာ မြစ်ဓား သူတော်စင် ဘုရင် ... အိုး မဟုတ်ဘူး မဟာ သူတော်စင်။ ”

ပိုင်ဘိုးဘေးက ပထမဆုံး အရိုအသေပြု လိုက်သည်။ စိတ်လှုပ်ရှားလွန်း သဖြင့် အသံများ တုန်ယင်နေခဲ့၏။

“ အကူအညီ အတွက် အသူရာ မြစ်ဓား မဟာ သူတော်စင်ကို ကျေးဇူးတင် ပါတယ်။ ”

အခြားသော ပိုင်မိသားစု သူတော်စင် များကလည်း အာရုံများ ပြန်ရောက်လာပြီး ကျေးဇူးတင် စကားဆို ကြသည်။

“ ငါ့ကို အသူရာ မြစ်ဓား သူတော်စင်ပဲ ခေါ်ပါ၊ ကျေးဇူးတင်နေစရာ မလိုပါဘူး၊ မင်းတို့ ဒဏ်ရာတွေကို ကုသဖို့ အာရုံ အရင်စိုက်။ ”

ပိုင်မိသားစု သူတော်စင် တစ်ဝက်နီးပါး ဒဏ်ရာ အပြင်းအထန် ရရှိထားပြီး ပိုင်ဘိုးဘေး သည်ပင် မလွတ်ချေ။

သူ့စကားကြောင့် လူတိုင်း သူတော်စင် ဆေးလုံးများ သောက်ကာ ဒဏ်ရာများ စတင် ကုသ တော့၏။

ဤမြင်ကွင်းက စစ်ကူ အဖြစ် ရောက်ရှိ လာသော ကျန်းဘိုးဘေးကို သက်သာရာ ရသွား စေသည်။

သို့သော် တစ်စုံတစ်ရာ သတိရ သွားပြီး ယဲ့ကူဟန်ထံ ပြန်ကြည့်မိသည်။ ယဲ့မိသားစု၏ ဒုတိယမြောက် မဟာ သူတော်စင် ဖြစ်သည် မဟုတ်ပါလော။

ဤယဲ့ကူဟန် သည်သာ ကျောက်ဆောင် သူတော်စင် ဘုရင်ထံ ပူးပေါင်းပါက အားလုံး ပြီးဆုံးသွား နိုင်မည်။ ကံကောင်းချေ၏။

ယဲ့မိသားစုဝင် များက ပြန်လည် ကုသနေသော ပိုင်မိသားစုထံ တိုက်ခိုက်ရန် ပြင်လိုက်ကြသည်။

“ ရပ် နေ ... ။ ”

ယဲ့ကူဟန်က လက်ညှိုးညွှန်ပြကာ ဓားရောင်ခြည်ဖြင့် စည်းတစ်ခု တားလိုက်သည်။ ယဲ့မိသားစု သူတော်စင်များ အားလုံး ချက်ချင်း နောက်ဆုတ် သွား၏။

“ မင်းသစ္စာဖောက် ... ။ ”

ယဲ့ဘိုးဘေး တစ်ယောက် ဒေါသ အရမ်းထွက်လာပြီ ဖြစ်သည်။

“ သစ္စာဖောက် ဟုတ်လား ... ။ ”

ယဲ့ကူဟန်က ပြုံးသည်။

“ ဒီဝေါဟာရကို ... မင်း အရမ်း ကြိုက်နေပုံရတယ်၊ မေ့သွားပြီလား ... မင်းနဲ့ မင်းသားက ငါ့ကို ယဲ့မိသားစုထဲကနေ ...

... နှင်ထုတ် ခဲ့တာလေ၊ ဒါဆို ငါက ဘယ်လိုလုပ် သစ္စာဖောက် ဖြစ်ရတာလဲ ... တကယ်တော့ ငါရခဲ့တဲ့ အရင်းအမြစ် တိုင်းက ငါ့ဆရာဆီက လာတာပါ၊ မင်းတို့ဆီက ရတဲ့ အရင်းအမြစ် အနည်းငယ် အတွက်၊ ...

... စောစောက ဓားနဲ့ ဒီဓားက ပြန်ဆပ် လိုက်တာပဲ၊ မင်းတို့ အခု ထွက်သွားပါ ... ငါ့မှာ အချိန်မရှိဘူး။ ”

ပြုံးနေခဲ့ သော်လည်း ယဲ့ကူဟန်၏ မျက်လုံးများ အေးစက်နေသည်။ သူ့ဓားသည် ကရုဏာကို ပြသထားပြီး ဖြစ်၏။

မဟုတ်သော် ယဲ့မိသားစု၏ အမည်ခံ သူတော်စင်များ အားလုံး ပွဲချင်းပြီး သေဆုံး သွား ပေမည်။

“ ဟား ဟား ဟား ... မင်း တစ်ယောက်တည်းနဲ့ ... ငါတို့ကို နောက်ဆုတ် စေချင်တာလား ဟာသပဲ ... ။ ”

ယဲ့ဘိုးဘေးမှ အထင်အမြင် သေးစွာဖြင့် ရယ်မော လိုက်သည်။ သူသည် ဘိုးဘေး ရာထူး ယူထားသော်လည်း အသက် နှစ်ထောင်သာ ရှိသေးသည်။

သူတော်စင် ဘုရင် အထွတ်အထိပ် အဆင့်တွင် တွယ်ကပ်နေသည် မှာလည်း နှစ်အနည်းငယ် ကြာပြီ ဖြစ်၏။

ထို့ကြောင့် မဟာ သူတော်စင် ကနဦး အဆင့်၌သာ ဖြစ်သော ယဲ့ကူဟန်ကို မကြောက် လှချေ။

“ ငါတစ်ယောက်တည်းလို့ ... ဘယ်သူ ပြောလဲ၊ ငါ့မှာ အသူရာမြစ် ရှိတယ်။ ”

ယဲ့ကူဟန်မှ ပြုံးကာ ဓားကို မြှောက်ပြ လိုက်သည်။

“ ဘိုးဘေး ... ဒီကောင်က သူ့ကိုယ်သူ တကယ်ပဲ မဟာ သူတော်စင်လို့ ထင်နေတာ၊ ငါ သူနဲ့ ပျော်ပါရစေ။ ”

သခင် တစ္ဆေက ပြုံးကာ တောင်းဆို လိုက်သည်။ သူသည် ယဲ့ကူဟန် မည်မျှ သန်မာ သည်ကို စမ်းသပ် ကြည့်ချင်၏။

အနိုင် မယူနိုင် လျှင်ပင် မောက်မာမှုကို ချိုးနှိမ်နိုင်မည်ဟု ယုံကြည်မိသည်။ ကြေးရုပ် အလောင်း (၃)လောင်းက ရှေ့လှမ်းတက် လာ၏။

“ ဘုန်း ... ဘုန်း ... ။ ”

ခြေလှမ်းတိုင်းက မြေပြင်ကို တုန်လှုပ် စေကာ ပြင်းထန်သော ရောင်ဝါများ ထွက်ပေါ် လာခဲ့သည်။

ကြေးရုပ်အလောင်း တစ်လောင်း၏ မျက်နှာပြင်ပေါ်တွင် သူတော်စင် ရူရ်များပင် ရေးထွင်းထား၏။

“ ယဲ့ကူဟန် ... ငါ ဒီကြေးရုပ် အလောင်း ကောင်တွေကို ဆယ်စုနှစ်နဲ့ချီပြီး သန့်စင်ထား ရတယ်၊ သူတို့ရဲ့ မူလက လူရိုင်းမျိုးနွယ်စုပဲ ... ဒါကြောင့် ကိုယ်လုံး ကိုယ်ထည်က အသက်ရှင် နေချိန်တုန်းကထက် ပိုမာကျောနေပြီ၊ ...

... သက်တံဓား သူတော်စင်က မင်းကို ဘယ်လောက်ထိ သင်ပေးထားလဲ ငါကြည့်ချင် ပါတယ်။ ”

တံဆိပ် တစ်ခုကို ထုလုပ်လိုက်ရာ ကြေးရုပ် သုံးကောင်၏ မျက်ဝန်းများထဲတွင် အနက်ရောင် မီးလျှံများ တောက်ပလာသည်။

ထို့နောက် ၎င်းတို့က အသက် ပြန်ရှင်လာ သကဲ့သို့ ခေါင်းကို မြှောက်လာ၏။ ဦးတည်ရာ အရပ်သည် ယဲ့ကူဟန် ဖြစ်သည်။

“ အသူရာ မြစ်ဓား ... ။ ”

ကြေးရုပ် အလောင်းများ မည်မျှ ဒုက္ခ ပေးနိုင်သည်ကို သိသောကြောင့် ပိုင်ဘိုးဘေးမှ ကူညီလို၏။

“ ငါ အဆင်ပြေတယ်။ ”

သို့သော် ယဲ့ကူဟန်က ပြုံးလျက် ပြေးတက်သွားပြီး ကြေးရုပ် အလောင်း (၃) လောင်းနှင့် ထိပ်တိုက် တွေ့တော့သည်။

ကြေးရုပ် အလောင်းများက တိုက်ခိုက်ဝင် အစီရင်တစ်ခု အသွင် လှုပ်ရှားလာခြင်း ဖြစ်၏။ လျင်မြန်ပြီး လက်သီးချက်များက ပတ်ဝန်းကျင် လေဟာနယ်ကို အက်ကွဲကြောင်းများ ဖြစ်ပေါ် လာစေသည်။

“ ထန် ... ထန် ... ။ ”

ယဲ့ကူဟန် ဓားသည် ကြေးရုပ် အလောင်းများ ပေါ်သို့ ကျရောက် သွားသည့် အချိန်တိုင်း မီးပွားများ ပွင့်ထွက်နေ၏။

“ ကောင်လေး ... ဒါ မင်းလုပ်နိုင်တာ အကောင်းဆုံးပဲလား။ ”

ကျောက်ဆောင် သူတော်စင် ဘုရင်မှ လူသတ်လိုသော ရည်ရွယ်ချက်ဖြင့် ဟစ်အော် လိုက်သည်။

“ အဖေ ... ငါတို့က သစ္စာဖောက်ကို သနားနေလို့ မသင့်ဘူး၊ သူ့ရဲ့ သူတော်စင် မူလ ထုတ်ယူ ပါရစေ။ ”

မဟာ သူတော်စင် တစ်ပါး၏ သူတော်စင် မူလသည် အဖိုးတန်၏။ အထူးသဖြင့် ဓားသူတော်စင် ဖြစ်သည်။

“ ဒါက သူ့အတွက် လွယ်လွန်းပါတယ်။ ”

ကျောက်ဆောင် သူတော်စင် ဘုရင်က အမုန်းတရား များဖြင့် အေးစက်စွာ ပြောသည်။ ယဲ့ကူဟန်ကို ယဲ့ချင်းယွီထက် ပို၍ သတ်ချင်၏။

ထိုအချိန်တွင် ယဲ့ကူဟန် နောက်၌ ရွှေဓားတစ်လက် ပွင့်လာကာ တောင်ကုန်းကြီး တစ်ခု ထိုးတက်လာသည်။

“ အရိယာ ဓား ... ။ ”

ဤအရာက သခင် တစ္ဆေကို မျက်မှောင်ကြုတ် သွားစေကာ ကြေးရုပ် အလောင်း သုံးလောင်း အပေါ် စိုးရိမ်စိတ်များ ဝင်လာစေ၏။

သို့သော် အလောင်းများ မျက်နှာပြင်တွင် သေးငယ်သော ဒဏ်ရာ အချို့သာ ထင်ကျန်ခဲ့ သဖြင့် သက်သာရာ ရသွားသည်။

“ ဘယ်လိုများ သနားစရာ ... ကောင်းလိုက်တဲ့ လှည့်ကွက်တွေလဲ၊ ငါ မင်းကို ဘယ်လို ဖျက်ဆီးမလဲ ကြည့်စမ်း။ ”

ဝမ်းသာအားရဖြင့် ကြေးရုပ်များကို ယဲ့ကူဟန် ခုန်တက်သွားရာ ကောင်းကင်သို့ လိုက်ပါစေ လိုက်သည်။

“ ဝုန်း ... ။ ”

သို့သော် ကြေးရုပ် အလောင်း (၃) လောင်းသည် လေထဲ၌ပင် တစ်ပြိုင်နက်တည်း အပိုင်းပိုင်း ပြိုကွဲသွား တော့သည်။

ဤအရာက လူတိုင်း အထူးသဖြင့် ယဲ့မိသားစုမှ သူတော်စင်များကို ထိတ်လန့် တုန်လှုပ်သွား စေ၏။

“ ဒါ ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ မင်းက မကြာသေးမီကမှ မဟာ သူတော်စင် ဖြစ်လာတာ မဟုတ်လား။ ”

သခင်တစ္ဆေ ခမျာ အရိုး ထိအောင် ကြောက်ရွံ့ လာခဲ့သည်။ ခေါင်းမော့ကြည့်လိုက် ချိန်၌ ယဲ့ကူဟန်မှ ပြုံးပြီး၊

“ ဘယ်သူက ဉာဏ်ကြီးရှင် မဟုတ်လို့လဲ။ ”

-ဟု ပြန်လည် ပြောကြားလိုက်၏။

“ ဟမ့် ... သစ္စာဖောက် ... ။ ”

အဆုံးတွင် ကျောက်ဆောင် သူတော်စင် ဘုရင်မှာ သူ့ကိုယ်သူ မထိန်းနိုင်ဘဲ ခွန်အားကို အပြည့်အဝ စွန့်လွှတ်တော့သည်။

သူတော်စင် ဘုရင် အထွတ်အထိပ် နယ်ပယ်တွင် ရှိနေသဖြင့် သူ့ရောင်ဝါသည် မဟာ သူတော်စင်နှင့် ယှဉ်နိုင်နေ၏။

ထို့ကြောင့် ယဲ့ကူဟန်၏ ဓားရောင်ဝါကို တွန်းလှန်လျက် အနက်ရောင် အလင်းတန်း အသွင် ပြေးဝင်နိုင် ခဲ့သည်။

“ ဟိတ် ... ။ ”

မျက်စိတစ်မှိတ် အတွင်း လှုပ်ရှားမှု (၁၀)ကြိမ်ခန့် ထုတ်ဖော် လိုက်၏။ သူ့နောက်၌ ကြောက်စရာ ကောင်းသော ဖြစ်စဉ်များနှင့် အတူ တာအိုပန်းများ ပွင့်လန်းလာသည်။

တိုက်ခိုက်မှု တိုင်းက ယဲ့ကူဟန်ကို နောက်ပြန် ဆုတ်ရန် ဖိအား ပေးခဲ့လေသည်။ (၁၅)ကြိမ် လှုပ်ရှားပြီးနောက် ယဲ့ကူဟန် ရောင်ဝါမှာ နိမ့်ဆင်းသွားတော့သည်။

ထို့ကြောင့် အေးစက်သော အသွင်ဖြင့် နောက်ဆုံး တိုက်ခိုက်မှုကို ထုတ်ဖော်တော့မည့် အချိန်တွင် ယဲ့ကူဟန် နောက်၌ ဓားတစ်စင်း ထပ်မံ ထွက်ပေါ်လာသည်။

“ ..... ။ ”

ဓားနှစ်လက် ပေါ်လာသော အခါ နောက်ဆုတ်စရာ မလိုတော့ဘဲ သူ့တိုက်ခိုက်မှု များကို အလွယ်တကူ ပိတ်ဆို့သွား၏။

“ ဟား ဟား ဟား ... ။ ”

ယဲ့ကူဟန်မှ ကျေနပ်စွာ ရယ်မောလိုက်ပြီး ကြက်သွေးရောင် ဓားကို ထပ်မံ ထုတ်လွှတ်ပြန် တော့၏။

“ ဝှစ် ... ။ ”

“ ခရစ် ... ။ ”

ဓားသုံးလက်ကြောင့် ယဲ့ကူဟန်၏ တိုက်ခိုက်မှုသည် ကျောက်ဆောင် သူတော်စင် ဘုရင် ချပ်ဝတ်ကို အက်ကွဲကြောင်းများ ဖြစ်ပေါ်လာစေသည်။

အက်ကွဲရာမှ စီးကျလာသော သွေးများကို ကြည့်ပြီး ကျောက်ဆောင် သူတော်စင် ဘုရင်မှ ဒေါသ ထွက်လာ၏။ သူ ဒဏ်ရာ မရတော့ သည်မှာ နှစ်မည်မျှ ကြာသွားပြီ မသိချေ။

“ လာ ဦး မယ် ... ။ ”

ယဲ့ကူဟန်က နောက်ထပ် ဓားရိပ်များ ဖန်တီးလိုက်၏။ များမကြာခင် ဓားခုနစ်လက် ဖြစ်ပေါ်လာ ခဲ့သည်။

ထို့ကြောင့် သူ့ဓား ရည်ရွယ်ချက်မှာ ကြောက်မက်ဖွယ် ကောင်းသော အမြင့်သို့ ရောက်ရှိ သွားခဲ့၏။

“ မဟာ တော်ဝင် ဓားကျမ်း ... ။ ”

ကျန်းနှင့် ပိုင်မိသားစုက အံ့သြတကြီး အော်ဟစ် လိုက်သည်။ ဤသည်မှာ ဓားဂိုဏ်း၏ မူပိုင် ဓားကျမ်း ဖြစ်၏။

ကျောက်ဆောင် သူတော်စင် ဘုရင် သည်လည်း မြေပြင်ပေါ် ပြန်လည် ဆင်းသက် လာပြီး၊ နှုတ်ခမ်းများ တုန်ရီကုန်သည်။

“ ယဲ့ကူဟန် ... ငါက မင်းရဲ့ ဘိုးဘေးပါ။ ”

-ဟု သတိပေး လိုက်သည်။

“ ငါ့ကို အသူရာ မြစ်ဓားလို့ ခေါ်တာ ပိုကောင်းပါတယ်၊ ငါတို့က တစ်ယောက်နဲ့ တစ်ယောက် မရင်းနှီးဘူး၊ မင်း ... ငါ့ကို လေးစားသင့်တယ်၊ နာမည် မခေါ်နဲ့။ ”

ပြောပြီးသည့် အခိုက်တွင် ယဲ့မိသားစု၏ သူတော်စင် ဘုရင် ငါးပါးထံ ဓားခုနစ်လက်ကို ဖြန့်ထုတ် ပစ်လိုက်၏။

သူတော်စင်သခင် များက လှုပ်ရှားချင် သော်လည်း အနား မကပ်နိုင်ခင် ဓားရောင်ဝါ များကြောင့် ဒဏ်ရာ ရရှိသွားသည်။

သူတို့တွင် သခင်တစ္ဆေ အပါအ၀င် သူတော်စင် ဘုရင် ငါးပါး ရှိလေသည်။ သို့သော် ယဲ့ကူဟန် တစ်ယောက် ကိုပင် အနိုင် မယူနိုင် ဖြစ်နေ၏။

ဓားခုနစ်လက်သည် ခမ်းနားသော ဓားအစီရင်အဖြစ် ပြောင်းလဲကာ သူတော်စင် ဘုရင် ငါးပါးကို နှိမ်နင်းတော့သည်။

“ ဟား ဟား ဟား ... ဘယ်သူက ဉာဏ်ကြီးရှင် မဟုတ်လို့လဲ။ ”

ဓားကို လွှဲချလိုက်ချိန်၌ တောင်ခုနစ်လုံး ပေါင်းစပ်သွားသည်။ ကောင်းကင်ကြီး ပြုတ်ကျ သကဲ့သို့ သူတော်စင် ဘုရင် ငါးပါးလုံး သွေးများ အန်ထွက်ကုန်၏။

ထို့နောက်တွင် ဓားရောင်ဝါ အတွင်း ကျမ်းစာများ ဖြစ်ပေါ် လာပြီး၊ တဟုန်းဟုန်း တောက်လောင် လာရာ၊ သူတော်စင် ဘုရင် ငါးပါးကို ဒူးထောက် ကျသွားစေသည်။

“ ကောင်းပြီ ... ဘိုးဘေး ဆီက ဒီလောက် လေးနက်တဲ့ အရိုအသေပေးမှုကို လက်ခံရတာ တကယ့်ကို ဂုဏ်ယူ မိပါတယ်။ ”

ယဲ့ကူဟန်၏ အပြုံးက ပြန်လည် ထွက်ပေါ်လာသည်။ ဤတစ်ကြိမ်၌ သူ့အပြုံး များသည် လျှို့ဝှက်လွန်း၏။

သို့သော် ကျောက်ဆောင် သူတော်စင် ဘုရင်မှ ယဲ့ဂူဟန်ကို ကြောက်သည်ဟု ထင်ကာ သက်ပြင်း တစ်ချက်ချ လိုက်သည်။

“ ရွှပ် ... ။ ”

ထိုစဉ်အချိန်မှာပင် ဓားရောင်ခြည် တစ်စင်းက ယဲ့ဘိုးဘေး ရင်ဘတ်ထံ ထိုးဖောက် ဝင်ရောက် လာ၏။

ယင်းက သူ့ခန္ဓာကိုယ် ကြီးကို သယ်ဆောင်သွားကာ ကျောက်တောင်ကြီး၌ သပ်ကဲ့သို့ ရိုက်နှိပ်ထား လေသည်။

“ ဒါ ... ။ ”

ပိုင်မိသားစုနှင့် ကျန်းမိသားစုဝင် များမှာ ထိုအမြင်ကွင်းကြောင့် ထိတ်လန့် တုန်လှုပ်ကုန် တော့၏။ ဤသည်မှာ သက်တံဓား သူတော်စင် တပည့်ကြီး၏ ခွန်အား ပင်လော။

***

All Chapters