မင်ဟွမ် မင်းအသက်ကိုယူမယ်
Vol. 65 Ch. 1281
ထိုအသံကိုကြားပြီး ပေထင်းဟွမ်၏ တစ်ကိုယ်လုံးသည် ခေတ္တမျှ အေးခဲ ရပ်တန့်သွားလုနီးပါးပင်။ သူမ၏ ထူးဆန်းမှုကို သတိထားမိပြီး ရှီမန်ဆုန်း မေးမည်အပြုတွင် မြားတစ်စင်းကဲ့သို့ လမ်းဆီသို့ အော်ဟစ်ပြီး ထွက်သွားသည် ကိုမြင်လိုက်ရသည် “မင်ဟွမ် မင်းအသက်ကို ယူမယ်”
ဈေးထဲတွင် လူအားလုံးသည် ထိုမြေကြီးကိုလှုပ်ခါစေသည့်အော်သံ ကြောင့် ထိတ်လန့်သွားကြလေသည်။ အနီရောင်ဝတ်ဆင်ထားသောလူငယ် သည် ဈေးထဲတွင် ပုံရိပ်များသာချန်ထားခဲ့ကာ လမ်းဆီသို့ဦးတည်သွားသည်ကို သတိထားမိလိုက်ကြသည်။ ထိုနေရာသို့အလောတကြီးလာနေသူသည် လူငယ်လေးကိုမြင်သောအခါ ကျောက်ရုပ်ကဲ့သို့ ထိတ်လန့်နေပြီး မလှုပ်မယှက် ရှိနေသည်။
“မင်း.. မင်းက ဇာမဏီမြို့ရဲ့ မြို့စားလား”
ထိုထူသည် လက်ချောင်း ငါးချောင်းနဂါးကို ရွှေချည်ဖြင့် ထိုးထားသည့် ရွှေရောင်ဝတ်ရုံဝတ်ဆင်ထားသည်။ သူ၏ချောမောသောမျက်နှာနှင့် ရွှေရောင် မျက်လုံးများသည် လမ်းမီးများအောက်တွင် တောက်ပနေသည်။
“ဟား ဟား ဟား” ထိုလူ၏မေးခွန်းကိုကြားပြီးနောက် လူငယ်သည် ရူးသွားသည့်အတိုင်းပင်။ သူသည် ကျယ်လောင်စွာရယ်မောလိုက်ပြီး ထိန်းမနိုင် လောက်အောင် ဒေါသထွက်လေ၏။ ထို့နောက် လက်ထဲတွင်ဓားပျော့ကို ကိုင် ဆောင်ထားသည် “မင်ဟွမ် ကမ္ဘာပေါ်မှာ မင်းထက် တုံးအတဲ့သူမရှိတော့ဘူး၊ ဝက်တောင်မှ မင်းထက် ဉာဏ်ကောင်းလိမ့်မယ်၊ အခုမှ ငါ့ကို စဉ်းစားမိတယ် ပေါ့၊ မင်း ငါ့ဇာမဏီမြို့ကို ဖျက်ဆီးတုန်းက ၃၃ ကောင်းကင်ဘုံကို အသက်ရှင် လျက်ပြန်သွားနိုင်မယ်လို့ထင်နေတာလား”
မင်ဟွမ်သည် ခေတ္တမျှ မှင်တက်မိလေသည်။ သို့သော် ပေထင်းဟွမ်၏ မောက်မာသောစကားလုံးများကြောင့်မဟုတ်ဘဲ သူ့ရှေ့မှ ထူးခြားပြီး အချိုးအစားကျသည့်လူငယ်၏မျက်နှာကြောင့်ပင်။ သူ၏မျက်နှာကို ရင်းနှီး သလိုရှိသော်လည်း လုံးဝစဉ်းစားမရပေ။ ရင်းနှီးသလိုရှိသည့်လူငယ်ကို သူ မည်သည့်နေရာတွင် တွေ့ဖူးသနည်း။
မင်ဟွမ်သည် မျက်မှောင်ကြုတ်လိုက်သည်။ သူ့အနောက်တွင် သူ့နောက် လိုက်သည့် လူသုံးယောက်ရှိသည်။ သူသည် အရှိန်မြှင့်ကာ ပေထင်းဟွမ်၏ ပိတ်ဆို့မှုကို လျစ်လျူရှုလေသည် “မင်း ဘယ်သူလဲဆိုတာကို ငါ ဂရုမစိုက်ဘူး၊ အခု ငါ မင်းအသက်ကိုမလိုချင်ဘူး၊ လမ်းဖယ် မဟုတ်ရင် ရိုင်းတဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့”
ပေထင်းဟွမ်သည် ဒေါသတကြီး ရယ်မိတော့လုနီးပါးပင်။ သူ့ကို လျစ်လျူ ရှုသည်။ ကောင်းသည် အလွန်ကောင်းသည်။ သူ့အသက်ကို မည်သို့ရိတ်သိမ်း မည်ကိုကြည့်ကြမည်။
သူ့အနောက်တွင် ဟွမ်ချန်းမှလူများ ဝိုင်းလာပြီး ဇာမဏီမြို့တစ်မြို့လုံး၏ ကံကြမ္မာကို ပြောင်းပြန်လှန်ပစ်ခဲ့သည့်ဤလူမှာ သူတို့လက်ထဲရောက်လာ ကိုကြည့်ပြီး ရုတ်တရက် ပူဆွေးမှုနှင့် နာကြည်းမှုတို့ခံစားလာရလေသည်။ အားလုံးသည် လက်ထဲတွင် လက်နက်များကိုင်ဆောင်ထားကြသည်။
ဤလူငယ်သည် သူတို့ကိုင်လှုပ်နိုင်သူမဟုတ်သည်ကို သိသော်လည်း မြို့ ဖျက်ဆီးသည့်အတွက် လက်စားချေခြင်းသည် သူတို့၏အသက်ကိုပေးရလျှင် တောင် လက်မလျှော့နိုင်ပေ။
သူ့အနောက်မှလူများ ချည်းကပ်လာသည်ကို ပေထင်းဟွမ်ခံစားမိကာ လက်ထဲမှ ဓားပျော့ကို ရုတ်တရက် ဆွဲထုတ်လိုက်သည်။ သူ၏အသံသည် အနည်းငယ် တိုးညင်းနေသည် “အစ်ကို အစ်ကိုတုန်ဖန်း အစ်ကိုရှီမန် မင်းတို့ အနောက်မှာနေ ကပ်မလာနဲ့၊ ဒီလူ့ကို ဒီနေ့ ငါရှင်းမယ်၊ ဘေးကနေပဲ ကြည့်နေ ကြ”
ပေထင်းဟွမ်၏ မျက်ခုံးနှင့် မျက်လုံးများမှာ စူးရှနေပြီး လက်ထဲမှ ဓားပျော့သည် အေးစက်မှုများ ထွက်နေသည်။ နောက်ဆုံးတွင် မင်ဟွမ်သည် ဤလူငယ် နောက်ပြောင်နေခြင်းမဟုတ်သည်ကို သိလိုက်ရသည်။ သူသည် ရယ်မိသည်။ ရှီရှောင်မိုနှင့် ချီဖေးချီလန်တို့ သူတို့အနောက်တွင်ရှိသည်ကို ဂရုမစိုက်ပေ။ သို့သော် လက်အုပ်ချီပြီး ပေထင်းဟွမ်အား လှောင်ပြောင်သည့် အနေနှင့် အထင်သေးလေသည် “ဆံပင်တောင်မပေါက်သေးတဲ့ ကောင်လေး ငါ့ကိုလာနောက်နေတာလား၊ မင်းက စိတ်မရှည်တော့ဘူးလား၊ ဇာမဏီမြို့က ဘယ်လိုမျိုးပါလိမ့်၊ အိမ်ထဲမှာ ကလေးတွေဆော့နေသလိုပဲ၊ သူတို့က မင်းလို မလောက်လေးမလောက်စားကို တကယ်ပဲ မြို့စားခန့်ထားတာပဲ”
ပေထင်းဟွမ်သည် မင်ဟွမ်အား အေးစက်စွာ စိုက်ကြည့်လေသည်။ ထင်ထားသည့်အတိုင်းပင် သူသည် မင်ဟုန်၏ အချစ်ဆုံးသားပင်။ အသွင်အပြင်အရ သူသည် မင်ဟုန်ကဲ့သို့ အေးစက်ပြီး ဝက်ခေါင်းဖြစ်နေသည် မှာလည်း မင်ဟုန်နှင့်တူသည်။ မင်ဟွမ်သည် စကားလုံးများနှင့် တိုက်ခိုက်နေ သည်။ ယနေ့ သူသည် မင်ဟွမ်ကို ဤနေရာတွင်သတ်ရမည်။