ရှောင်ကျို့၊ ငါ့ကြောင့်ပါ၊ ငါ တကယ်တေင်းပန်ပါတယ်
Vol. 65 Ch. 1282
“ဟေ့ကောင် ငါ့အစ်ကိုအကြောင်း မင်းကို ဘယ်သူပြောလိုက်တာလဲ မင်ဟွမ် မင်းက အသက်ရှင်ရတာ ငြီးငွေ့နေပြီထင်တယ်”
မင်ဟွမ်၏အနောက်တွင် ပုံရိပ်သုံးခုသည် လျှပ်စီးကဲ့သို့ လက်လာပြီး ရှေ့မှပြေးထွက်လာသူသည် ရှီရှောင်မိုဖြစ်သည်။ သူသည် မင်ဟွမ်ကို ငေါက်ငမ်းပြီးနောက် ပေထင်းဟွမ်အား အကြည့်လွှဲနေသည်။ နောက်ဆုံးမှပင် သတ္တိမွေးပြီး ပေထင်းဟွမ်ကို ကြည့်လေသည်။ ကြည့်ရင်းနှင့် သူ နှုတ်ဆက်လေ သည် “ရှောင်ကျို့ ငါ့ကြောင့်ပါ တကယ်တောင်းပန်ပါတယ်”
ထိုတောင်းပန်စကားသည် ပေထင်းဟွမ်၏ နှလုံးသားကို နွေးသွားစေ သည်။ ရှီရှောင်မိုသည် ပေထင်းဟွမ်ကို တောင်းပန်ရန်မလိုပေ။ ပေထင်းဟွမ် သည် သူမ၏ ကြင်နာမှုကို သူမပိုင်သည်။ သူမသည် ဟွမ်ချန်းကို ကယ်တင်ခဲ့ သည်။ သူမသာ မင်ဟွမ်ကို လမ်းတစ်ဝက်တွင် မတားနိုင်ပါက ဟွမ်ချန်းသည် ပျက်စီးရုံသာမကဘဲ ဆရာနန်လင်းနှင့်တခြားသူများပင် ထိုနေရာ၌ သေသွား နိုင်သည်။
ညီအစ်ကိုများအကြားတွင် ထိုစကားများ ပြောရန်မလိုပေ။ ပေထင်းဟွမ် သည် သဲ့သဲ့ပြုံးလိုက်သည်။ အရာအားလုံးသည် သူမ၏မျက်လုံးနှင့် ဆက်သွယ် နေကြသည်။
အရှေ့တွင် ပေထင်းဟွမ်ရှိပြီး အနောက်တွင် ရှီရှောင်မိုရှိသည်။ သို့သော် မင်ဟွမ်သည် ကြောက်ရွံ့ပုံ လုံးဝမပေါ်ပေ။ ထိုအစား သူသည် တည်ငြိမ်စွာဖြင့် လက်ကိုနောက်ပစ်ရပ်နေကာ ဘေးသို့လှည့်ပြီး ပေထင်းဟွမ်ကိုမကြည့်သလို ရှီရှောင်မိုအားလည်း မကြည့်ပေ။ သို့သော် သူတို့ မည်သည့်အရာကိုလုပ်မည် နည်းဆိုသည့်အကြည့်နှင့်သာကြည့်လေသည်။ တစ်လေသံတည်းထွက်လာပြန် သည် “ယန်ချန်းမှာ တိုက်ခိုက်တာကိုခွင့်မပြုထားဘူး၊ မင်းတို့မှာ အရည်အချင်း ရှိရင် ငါ့ကိုလာတိုက်ခိုက်လေ”
ရှီရှောင်မို၏ အကျင့်သည် စိတ်မရှည်တတ်သည့်သဘောရှိသည်။ သူမ သည် မင်ဟွမ်နောက်သို့ နှစ်လအတွင်း တစ်ချိန်လုံးလိုက်လာခဲ့သည်။ နှစ်လ အတွင်းတွင် သူမ မင်ဟွမ်နှင့် အကြိမ်ပေါင်းမည်မျှ တိုက်ခိုက်ခဲ့သည်ကို မသိ တော့ပေ။ သူ အကြိမ်မည်မျှ ထွက်ပြေးခဲ့သည်ကိုလည်း မသိတော့ပေ။ ထိုသို့ ပြောရတော့မည်။ ၃၃ ကောင်းကင်ဘုံတွင် သက်တမ်းအရှည်ဆုံးအမွေအနှစ်ရှိ သည့် မျိုးနွယ်အနေနှင့် မင်ဟွမ်သည် ဝိညာဉ်နတ်ဘုရားမျိုးနွယ်၏ အချစ်ခံရ ဆုံးမင်းသားတစ်ပါးဖြစ်ရာ သူ့လက်ထဲတွင် ဝှက်ဖဲများစွာရှိသည်။
ထိုအရာကပင် ရှီရှောင်မိုအား စိတ်ရှည်မှုကို ကုန်ခမ်းသွားစေသည်။ သူမသည် နှစ်ကြိမ်မျှ စိတ်အနှောင့်အယှက်ဖြစ်သွားသည်။ သို့သော် ရှေ့သို့ တက်လာခဲ့သည် “တိုက်ခိုက်တာကို ခွင့်မပြုတော့ ဘာဖြစ်လဲ၊ ယန်ချန်းက နှင်ထုတ်ခံရတော့ဘာဖြစ်လဲ၊ ဘယ်လိုပဲဖြစ်ဖြစ် ယန်ချန်းမှာ နေ့တစ်ဝက် လောက်လည်ပတ်ပြီးပြီ၊ ဝယ်သင့်တာအကုန်ဝယ်ပြီးပြီ၊ ငါလည်း အမြဲအပြင် သွားချင်နေတာ၊ အဲတော့ မသွားခင် မင်းကို သတ်သွားမယ်”
“ငါ့ကို သတ်မယ်ဟုတ်လား” မင်ဟွမ်သည် ပေထင်းဟွမ်အား အာရုံမထား ပေ။ သူ၏အာရုံအလုံးစုံသည် ရှီရှောင်မိုအပေါ်တွင်သာရှိလေသည် “မင်းက နှစ်လကြာအောင် လိုက်လာပြီး သတ်ချင်တာလား၊ မင်းက သက်သက်ဒုက္ခပေး နေတာပဲ”
“အား..” ရှီရှောင်မိုသည် ရူးသွားလောက်အောင် ဒေါသထွက်လေသည်။ ထိုအခိုက်အတန့်တွင် လမ်းမရှည်ကြီးပေါ်မှ လူအားလုံးသည် စိတ်လှုပ်ရှားစွာ နှင့် ထွက်ကြည့်ကြလေသည်။ ယန်ချန်းမှလူများသည် အေးချမ်းသည့်ဘဝတွင် နေထိုင်ကြသည်ဟု ဆိုနိုင်သည်။ ဤကဲ့သို့ လှုပ်လှုပ်ရှားရှားမြင်ကွင်းတွင် ရှီရှောင်မိုသည် လူအများရှေ့တွင် ရှက်လာသည်။ သူမ မည်သို့ ဒေါသမထွက်ဘဲ နေမည်နည်း။ လက်ကိုခါယမ်းလိုက်ရာ လက်ကိုဖုံးအုပ်ထားသည့် ဘီးသည် မင်ဟွမ်အား လှီးဖြတ်တော့မည့်အတိုင်းပင် “ငါ မင်းကို သတ်တာကိုကြည့်လိုက် မင်းကို သတ်ကိုသတ်မယ်”
ပေထင်းဟွမ်သည် ခြေလှမ်းအနည်းငယ်ရွေ့လျားသွားကာ ရှီရှောင်မို၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။ သူမ၏ မျက်လုံးများသည် မင်ဟွမ် ပေါ်သို့ အေးစက်စွာကျရောက်နေသည် “ရှောင်မို ဒီလူ့ကို ငါ့ကိုအပ်ထားလိုက် သူ့ကို ငါ့လက်နဲ့ကိုယ်တိုင်သတ်မယ်”
သူမသည် လေးနက်သည်။ သူမသည် အမှန်တကယ်ပင် ထိုသို့တွေးထား သည်။
ပေထင်းဟွမ်ပြောသည့်စကားကိုကြားလိုက်ရသလို ရှီရှောင်မို၏ ဒေါသကို လက်တစ်ဖက်တည်းနှင့် တားလိုက်ရာ ဤအခိုက်အတန့်တွင် အားလုံးသည် ဤလူငယ်အားကြည့်မိကြသည်။ မင်ဟွမ်၏အကြည့်များပင်လျှင် ကောင်လေး၏ ခန္ဓာကိုယ်ဆီသို့ ရောက်သွားလေသည်။ ခန္ဓာကိုယ်ပေါ်တွင် သူ၏ ထူးခြားသောမျက်နှာကိုမကြည့်လျှင် သန်းခေါင်ယံကဲ့သို့ မည်းနက်သော မျက်လုံးနက်နက်ထဲမှ ပြင်းထန်သောလူသတ်မည့်ရောင်ဝါ ထူထပ်နေသည်မှာ ဤအသက်အရွယ်တွင်မရှိသင့်သည့် အကြည့်ပင်။
“ဟွမ်ချန်း.. မြို့စားလား” မင်ဟွမ်သည် တစ်လုံးချင်းစီပြောလေသည်။ “ပေထင်းဟွမ်လား၊ သန့်စင်သောမြို့ကို မီးရှို့ခဲ့တဲ့တစ်ယောက်”
ထိုအခါမှပင် သူ၏မျက်လုံးများထဲတွင် ပေထင်းဟွမ်တစ်ယောက်ကိုသာ မြင်တော့သည်။ ပေထင်းဟွမ်အား အထက်အောက်ကြည့်ပြီး နှစ်ကြိမ်မျှ နှာမှုတ်ကာ လှောင်ပြောင်သောအသံနေအသံထားဖြင့် ပြောလေသည် “မင်းက ငါ့အသက်ကိုလိုချင်တာလား၊ ငါ့ဘဝမှာ ကြားဖူးသမျှထဲမှာ အရယ်ရဆုံးဟာသ ဖြစ်လိမ့်မယ်”