← Chapters

ပေထင်းဟွမ်နှင့် မင်ဟွမ်

Vol. 65 Ch. 1283

ပေထင်းဟွမ်နှင့် မင်ဟွမ်

Vol. 65 Ch. 1283

ပေထင်းဟွမ်နှင့် ရှီရှောင်မို၏လက်ကိုလွှတ်လိုက်သည်။ ထိုအခိုက်အတန့် တွင် သူမ၏ခန္ဓာကိုယ်ပေါ်မှ ရောင်ဝါသည် ရုတ်တရက်ပြောင်းသွားလေသည်။ ပေထင်းဟွမ်၏အသံမှာ ရေခဲကဲ့သို့အေးစက်နေကာ လမ်းမရှည်ကြီးတစ်ခုလုံး တွင် လေများတဝှီးဝှီးတိုက်နေသော်လည်း လူငယ်၏အသံကို မဖိနှိပ်နိုင်ပေ “ဟုတ်တယ် ဒါဟာသဟုတ်မဟုတ်ကို မကြာခင် သိရမှာပါ၊ အဲအချိန်ကျရင် ရယ်နိုင်ဖို့ပဲမျှော်လင့်ပါတယ်”

ပေထင်းဟွမ် အလေးအနက်လုပ်တော့မည်ကို ကြည့်ပြီး ရှီရှောင်မိုလည်း အနည်းငယ် စိတ်ပူပန်လာသည်။ ပေထင်းဟွမ်ကို ယခုလိုပုံစံအတိုင်းမြင်ရ သည်မှာ ယနေ့ မင်ဟွမ်ကို မသတ်ရမချင်း လက်လျော့မည်မဟုတ်ပေ။ သူမ သည် အနည်းငယ် ပျာယာခတ်သွားသည် “ရှောင်ကျို့ သူ ဒီကိုအရင်လာဖို့ ဖိအားပေးလိုက်ရင်ရော၊ ယန်ချန်းအပြင်ဘက်သွားရအောင်၊ ယန်ချန်းမှာ တကယ် ဘာမှလုပ်ခွင့်မပြုထားဘူး”

ပေထင်းဟွမ်သည် ခေါင်းပင်ပြန်မလှည့်ဘဲ မင်ဟွမ်အား မျက်စိမှေးကြည့် လေသည်။ မင်ဟွမ်၏မျက်နှာပေါ်မှ ဝင့်ကြွားသောအကြည့်ကိုကြည့်ပြီး သူမ သည် နှာမှုတ်ကာပြောလေသည် “မလိုဘူး ယန်ချန်းမှာ ဘယ်သူ့ကိုမှ လူသတ် ခွင့်မပြုထားဘူး၊ ဒါပေမဲ့ ငါတော့မဟုတ်ဘူး မင်ဟွမ် အခွင့်အရေးလာမယူနဲ့ ဒီနေ့က မင်းသေနေ့ပဲ”

ပြောပြီးသည်နှင့် ပေထင်းဟွမ်သည် လက်ထဲတွင် ဓားရှည်ကိုင်ထားပြီး ကောင်းကင်ပေါ်သို့ တိုက်ရိုက်ပျံသွားကာ မင်ဟွမ်အား ရေခဲဖြင့်သွင်းထုထား သော ရက်စက်သည့်မျက်လုံးများဖြင့် သေလူတစ်ယောက်လိုကြည့်လေသည်။ ဤကဲ့သို့မျက်လုံးများသည် မင်ဟွမ်အား စိတ်တိုသွားစေသည်။ သူသည် လုပ်ခွင့်ပြုသည်၊ မပြုသည့် ယန်ချန်းအား လုံးဝဂရုမစိုက်ပေ။ မြေကြီးကို ခြေဖျားဖြင့်ထောက်ပြီး မိုးပေါ်မှ ပေထင်းဟွမ်နောက်သို့လိုက်လေသည်။

မင်ဟွမ်သည် ဓား ၃ လက်နတ်ဘုရားဘုရင်ဖြစ်သည်။ ထိုအချက်ကို ပေထင်းဟွမ် သိထားသည်မှာကြာပြီဖြစ်သည်။ မင်ဟွမ် ဇာမဏီမြို့ကို ဖျက်ဆီး သည့်မြင်ကွင်းအားလုံးကို မှတ်ဉာဏ်သလင်းကျောက်တွင် ထွင်းထုထားသည်။ ထိုအခိုက်အတန့်ကို ပေထင်းဟွမ်၏စိတ်ထဲတွင် မှတ်ကျောက်တင်ထားသည်။ ဤအခိုက်အတန့်တွင် စွဲမက်ဖွယ်ရာ ဂုဏ်ယူဖွယ်ရာကောင်းသည့် လူငယ်ကို ကြည့်လျှင် ပေထင်းဟွမ်သည် ရင်ထဲတွင် အမုန်းတရားကြီးကို ခံစားမိလေ သည်။

သူ့ကို ဤမျှလောက်မုန်းအောင်လုပ်နိုင်သူ တစ်ယောက်မှမရှိဖူးပေ။

မျက်နှာချင်းဆိုင်တွင် အနီရောင်ဝတ်ရုံဝတ်ဆင်ထားသည့် လူငယ်၏ ဝတ်ရုံသည် လေနှင့်အတူလွင့်ပါနေပြီး ဆံပင်ရှည်သည် လေထဲတွင် ပျံနေကာ မည်းနက်ပြီးအေးစက်သည့်မျက်လုံးတစ်စုံသည် နေ၊လနှင့်ကြယ်များ လိုက်မမှီ နိုင်လောက်အောင် ချောမွေ့နေသည်။ သူ၏မျက်လုံးများသည် မင်ဟွမ်အား စိုက်ကြည့်နေရာ မင်ဟွမ်သည် တစ်ကိုယ်လုံးမှ မွှေးညင်းများ ထောင်သွား လောက်အောင် ခံစားမိလေသည်။

သူ၏လူသတ်မည့်ရောင်ဝါသည် အလွန်အားကောင်းသည်။

၁၅ နှစ်အရွယ်ကောင်လေးသည် ဤကဲ့သို့ လူသတ်မည့်ရောင်ဝါမျိုးကို ကြုံတွေ့နေသည်။ မင်ဟွမ် ၃၃ ကောင်းကင်ဘုံတွင်ရှိလျှင်တောင် သူတွေ့ခဲ့ သည့်များပြားလှသောလူများထဲတွင် မည်သူမှ ပေထင်းဟွမ်အား လိုက်မမှီနိုင် ဟု ပင်ပြောရလိမ့်မည်။

လမ်းမရှည်ကြီးတစ်ခုလုံးတွင် အားလုံးနီးပါး မိုးပေါ်သို့ ပြေးထွက်ကြည့် ကြလေသည်။ ထိုလူများထဲတွင် နတ်ဘုရားများရှိလျှင်တောင် ထိုအချိန်တွင် မည်သူမှ ကောင်းကင်ဆီသို့ မသွားရဲကြပေ။ ပေထင်းဟွမ်၏ ခွန်အား၊ မည်သည့်အဆင့်သို့ရောက်နေသည်ကို မည်သူမှ မမြင်နိုင်သော်လည်း ဤလူငယ်သည် ယုံကြည်မှုလွန်ကဲထိုက်သည်။

“ရွှေရောင်ဝတ်ရုံနဲ့ အဲဒီလူငယ်က ဓား ၃ လက်နတ်ဘုရားဘုရင်ပဲ၊ အဲလူငယ်ရဲ့ခွန်အားက ဘယ်လိုလဲဆိုတာတော့ မသိဘူး၊ သူက နတ်ဘုရားဖြစ် လိမ့်မယ်” ယန်ချန်းတွင် အားကောင်းသည့်လူမရှားပေ။ ထူးချွန်သောခွန်အား ရှိသူတချို့သည် မင်ဟွမ်၏ခွန်အားကို ထောက်ပြနိုင်လောက်အောင် အမြင် အားကောင်းသည်။

“ဓား ၃ လက်နတ်ဘုရားဘုရင်ဟုတ်လား” မင်ဟွမ်သည် ဓား ၃ ဘက် နတ်ဘုရား ဘုရင်ဆိုသည်ကိုကြားပြီးနောက် မင်ဟွမ်၏ ခွန်အားကို မသိကြ သည့် ပေထင်းကျင်တို့သည် ပေထင်းဟွမ်အတွက် ချက်ချင်းပင် နိုးနိုးကြားကြား ဖြစ်လာကြသည်။ ထိုလူအား ရင်ဆိုင်တွေ့ရန် ပေထင်းဟွမ်ကို ခွင့်မပြုလိုက် သင့်ပေ။

“ဘယ်လိုလုပ်ရမလဲ၊ ဒီအတိုင်းသွားလို့ ခေါင်းဆောင် အဆင်ပြေပါ့မလား” နန်ကုန်းချန်းမိုသည် တစ်ကိုယ်လုံးတုန်ယင်လာသည့်တိုင်အောင် စိတ်လှုပ်ရှား လာသည်။ နန်ကုန်းချန်းရှီးအား ကိုင်ထားသည့်လက်များပင် တုန်ယင်လျက် ရှိ သည် “ညီမလေး ခေါင်းဆောင်အဆင်ပြေမယ်ထင်လား”

နန်ကုန်းချန်းရှီး မည်သို့သိမည်နည်း။ သူမသည်လည်း ပေထင်းဟွမ် အတွက် အသက်ရှူရခက်လောက်အောင် စိတ်လှုပ်ရှားနေသည်။ ပြိုင်ဘက် သည် နတ်ဘုရားဘုရင်ဖြစ်သည်။ မဟာမိတ်အင်ပါယာသည် နတ်ဘုရားအဆင့် ၉ ယောက်ရှိသော်လည်း တစ်ဖက်ရှိ နတ်ဘုရားဘုရင်လောက် မတော်ကြပေ။

All Chapters