← Chapters

အဖွဲ့လိုက်တိုက်တိုက်တာလား အဲဒါမကောင်းဘူးမလား

Vol. 65 Ch. 1284

အဖွဲ့လိုက်တိုက်တိုက်တာလား အဲဒါမကောင်းဘူးမလား

Vol. 65 Ch. 1284

ရှီရှောင်မိုသည် အလွန်စိတ်လှုပ်ရှားလျက်ရှိသည်။ ပေထင်းဟွမ်သည် သူမ အသိအမှတ်ပြုသည့် ပထမဆုံးညီအစ်ကိုဖြစ်သည်။ သူမနှင့်အတူ အချိန် ကြာမြင့်စွာမကုန်ဆုံးရသေးသော်လည်း သူမသည် ပေထင်းဟွမ်အား အလွန် သဘောတွေ့သည်။ သူမ၏မျက်စိရှေ့တွင် ပေထင်းဟွမ်အား မတော်တဆ အဖြစ်ခံမည်မဟုတ်ပေ “ချီဖေး ချီလန် ငါ ဂရုမစိုက်တော့ဘူး၊ ငါ့ညီအစ်ကို မနိုင် ရင် မင်းတို့ငါ့ကိုကူညီရမယ်၊ ငါတို့လေးယောက်ဆို ဒီကောင့်ကိုနိုင်မှာပါ”

“ဘာ..”

ချီလန်သည် နားကြားမှားသည်ဟုပင် တွေးမိလိုက်သည်။ သူသည် အနည်းငယ် ရိုးစင်းသည်။ သူသည် နတ်ဓားတောင်ရိုး၏ အမြင့်ဆုံးသခင်၏ သားနှစ်ယောက်ထဲမှတစ်ယောက်ဖြစ်သော်လည်း အားနည်းသူကို အနိုင်မကျင့် ဖူးပေ။ တခြားသူများ နှစ်ယောက်တွဲတိုက်ခိုက်ချိန်မှသာ ဖျန်ဖြေဖူးသည်။ အဖွဲ့လိုက်တိုက်ခိုက်ရန်မဆိုထားနှင့် ဤကဲ့သို့အရာမျိုးကို တစ်ခါမှမတွေးဖူး ပေ “ဒါ.. ကောင်းပါ့မလား”

ချီဖေးသည်လည်း စိတ်ပိုင်းဆိုင်ရာအတားအဆီးရှိနေသည်။ ရှီရှောင်မို အား တောင်းပန်ရိုကျိုးသည့်မျက်လုံးများဖြင့် စိုက်ကြည့်လေသည် “မင်းရဲ့ ညီအစ်ကိုရှောင်ကျို့က တော်တော်သေချာနေတယ်နဲ့တူတယ်၊ မင်း အဲလောက် စိုးရိမ်ဖို့မလိုဘူးထင်တယ်”

“အရင်တစ်ခေါက်က ရှီရှောင်မို သားရဲဖမ်းတုန်းက ငါ့ကိုကူညီပေးခဲ့တယ်” သူမ၏ မျက်လုံးနက်နက်ထဲသည် သလင်းကျောက်စပျစ်ခိုင်ကဲ့သို့ တောက်ပ လာသည်။

“ဟုတ်တယ်” ချီလန်သည် နားမလည်စွာနှင့်ခေါင်းညိတ်လေသည်။ သားရဲထိန်းကျောင်းမည့်အချိန်က သူ နတ်ဘုရားကွမ်ယန်း၏တိုက်ခိုက်ခြင်းကို ခံခဲ့ရကာ မတော်တဆမှုကြီးဖြစ်လုနီးပါးပင်။

“မင်ဟွမ်နဲ့ သားရဲကြားမှာ ကွာခြားချက်ရှိသေးလို့လား၊ နှစ်ယောက်လုံး လူသားတွေပဲမလား” ရှီရှောင်မိုသည် ပြုံးပြီးပြောလေသည် “အဲတော့ ဘာကွာ ခြားမှုမှမရှိတာ၊ ငါတို့အခုလုပ်ရမှာက ငါ့ညီအစ်ကို ဒဏ်ရာရတာနေ ကာကွယ် အောင်လုပ်ဖို့ပဲ မင်ဟွမ်ကိုသတ်တာကတော့ အဓိကအချက်ပေါ့”

မင်ဟွမ်ကို သတ်ရမယ်ဟုတ်လား။ စဉ်းစားကြည့်ရာ ချီလန်နှင့် ချီဖေးတို့ နှစ်ယောက်လုံး ဖိအားအောက်တွင်ရောက်နေသည်။ သူတို့သည် မင်ဟုန်တကျိကျွင်း၏ အချစ်ခံရဆုံးသားများဖြစ်သည်။ နတ်မိစ္ဆာဝိညာဉ်၏ ထပ်ဆုံးထဲမှ တစ်ယောက်သည် ဤဆင်းသက်သူအား ခေါင်းဖြတ်ရန် အလွန်ယုံကြည်ချက်ရှိနေမည်လား။

ကံကောင်းစွာပင် ပေထင်းဟွမ်၏ အစွမ်းအစသည် လူငယ်တစ်ယောက် အနေနှင့် မင်ဟွမ်အား သတ်ရန်မဖြစ်နိုင်ပေ။ သူတို့ ရှီရှောင်မိုအား တားနိုင်လျှင် အံ့ဩစရာကောင်းမည်။ ပေထင်းဟွမ်အား မတော်တဆမှုဖြစ်ပွားခြင်းမှ တားဆီးနိုင်လျှင် အဆင်ပြေမည်။

ညီအစ်ကိုနှစ်ယောက်တို့သည် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ တစ် ယောက်နှင့်တစ်ယောက် ဆက်သွယ်ပြီးနောက် ခေါင်းမော့ကာ မိုးပေါ်သို့ ကြည့် ကြလေသည်။

ကောင်းကင်အထက်တွင် မင်ဟွမ်သည် မည်သည့်သားရဲမှ ဆင့်ခေါ်ခြင်း မရှိဘဲ လက်ထဲတွင် စီရင်ချက်လှံတံကိုသာ ကိုင်ဆောင်ထားလေသည်။ ထိုလှံတံသည် လက်ကိုင်တွင် ကျောက်မျက်ရတနာစွမ်းအင် သလင်းကျောက် အနီမှလွဲပြီး ကျန်အရာများသည် ကျိမင်၏လှံတံနှင့်တူသည်။ နီရဲပြီးထူးဆန်း သည့်အလင်းတောက်ပမှုနှင့်အတူ သူသည် အလွန်အန္တရာယ်များသည့်မျက်လုံး တစ်စုံကို မှေးပြီး ပေထင်းဟွမ်အား စိုက်ကြည့်ကာ အလွန်ပင် မကျေနပ်သည့် လေသံနှင့်ပြောလေသည် “ပုပ်နံ့ထွက်နေတဲ့ကော်ငလေး မင်းက ဒီဘုရင်ကို ဒေါသထွက်အောင်လုပ်လိုက်ပြီ သေဖို့သာပြင်ထားပေတော့၊ မင်းက ဒီဘုရင်ရဲ့ စီရင်ချက်လှံတံအောက်မှာ သေရမှာ ကံကောင်းတာပဲ”

လေထုသည် ပေါက်ကွဲတတ်မတတ်ဖြစ်နေပြီး ကောင်းကင်တွင် မှင်ရောင်တိမ်တိုက်များဖြင့် ကာထားလေသည်။ နောက်သုံးရက်ဆိုလျှင် ပြည့်တော့မည့် တောက်ပသောလကို ယခုအခါ ထူထဲသောတိမ်တိုက်များဖြင့် ဖုံးအုပ်လျက်ရှိသည်။ ကောင်းကင်တစ်ခုလုံးသည် မည်းမှောင်လျက်ရှိသည်။ အဝေးမှ ကြယ်အလင်းသာ သူတို့နှစ်ယောက်ပေါ်သို့ အနည်းငယ် ကျရောက် လျက်ရှိ၏။ နတ်ဘုရားနှင့် ရှူရာတို့အကြားမှ ထိပ်တိုက်တွေ့သည့်အတိုင်းပင်။

“မင်ဟွမ် စကားတွေများမနေနဲ့” ပေထင်းဟွမ်သည် အနီရောင်ဝတ်ရုံ ဝတ်ဆင်ထားကာ မည်သည့်သားရဲကိုမှ ဆင့်မခေါ်ပေ။ သူမသည် လက်ထဲမှ ဓားပျော့ကို ယမ်းလိုက်သည်။ သူမ၏ ခန္ဓာကိုယ်သည် သစ်ကျုတ်ကဲ့သို့ ငုံ့ကာ ပြင်ဆင်လိုက်သည်။

“ကောင်းတယ် အရမ်းကောင်းတယ်”

မင်ဟွမ်သည် ပေထင်းဟွမ်အား ဒေါသထွက်လေသည်။ သူသည် ကောင်လေးအား အထင်သေးသည့်အကြည့်ဖြင့်ကြည့်လိုက်သည်။ ဤကောင် လေးသည် အမှန်တကယ်ပင် စိတ်လွတ်သွားသည်ဟု ထင်မိသည်။ နတ်ဘုရား ဘုရင်အား သားရဲပင်ဆင့်မခေါ်ဘဲ ဓားသုံးလက်တည်းနှင့် ရင်ဆိုင်သည်။ သို့သော် ဆင့်ခေါ်လျှင်တောင် အသုံးမဝင်ပေ။ အသက် ၁၅ နှစ်တွင် ကောင်းကင်အဆင့်ဖြစ်လျှင်တောင် ကောင်းကင်ကိုဆန့်ကျင်သည့် အရည်အချင်းရှိနေပြီဖြစ်သည်။ ဓား ၃ လက်ဘုရင်၏ ရိုက်ချက်ကို အထွတ်အမြတ်သားရဲပင် တောင့်မခံနိုင်ပေ။

မင်ဟွမ် စကားမဆုံးခင်မှာပင် ပေထင်းဟွမ်၏ခန္ဓာကိုယ်သည် ပေါက်ကွဲ လုမတတ်ပင်။ သူ၏လက်ထဲရှိဓားပျော့ပေါ်တွင် မီးခိုးတငွေ့ငွေ့ရွေ့လျားနေ သည်။ မည်းနက်နေသောကောင်းကင်အောက်တွင် ကိုးရောင်မီးတောက်၏ လေဟာနယ်သည် ပုံပျက်နေပြီး သူမ၏လက်သည် ဖြောင့်တန်းလျက်ရှိသည်။ သူ၏ဓားပျော့သည် မင်ဟွမ်ဆီသို့ အားပါပါ ခုတ်ချလေသည်။

All Chapters