← Chapters

ငါ့ကိုသတ်ချင်တာက အိပ်မက်ပဲဖြစ်မယ်

Vol. 65 Ch. 1285

ငါ့ကိုသတ်ချင်တာက အိပ်မက်ပဲဖြစ်မယ်

Vol. 65 Ch. 1285

“လိမ္မာတဲ့ကောင်လေး”

မင်ဟွမ်သည် ပြုံးလိုက်သည်။ ဤကောင်လေးသည် အမှန်တကယ်ပင် သတ္တိရှိသည်။ သူသည် ဦးဆောင်တိုကခိုက်ရဲသည်။ မင်ဟွမ်သည် မလှုပ်မယှက် ရှိနေတုန်းပင်။ ပေထင်းဟွမ်သည် သူ၏တိုက်ခိုက်မှုနှင့် မထိုက်တန်လှဟု မတွေးပေ။ သူသည် ပေထင်းဟွမ်၏တိုက်ခိုက်မှုကို စောင့်နေခြင်းသာ။ သူ တွဲဖက်သည့်စွမ်းအားသည် ပေထင်းဟွမ်အား သတ်ရန်လုံလောက်သည်။

ကြီးမားသောတောင်ကြီးတစ်လုံး သူ့ဆီသို့ရောက်မလာခင်အထိ စူးရှသောအသံသည် ဟိန်းတက်လာပြီး ပေထင်းဟွမ်၏ခန္ဓာကိုယ်သည် မိုးပေါ် တွင် တစ္ဆေအလင်းကဲ့သို့ ပုံရိပ်ယောင်များသာချန်ထားခဲ့သည်။ သူ၏မျက်လုံး များသည် ပြူးကျယ်သွားပြီး သူ့ဆီသို့ စွန်တစ်စင်းအလား ပျံဝဲလာသည့် လူငယ် အားမယုံနိုင်သလိုကြည့်လေသည်။

မင်ဟွမ်သည် လက်ထဲမှလှ့တံကိုမြှောက်လျက်ရှိသည်။ နတ်စွမ်းအင်နှင့် ထည့်လိုက်ကာ မြင့်မြင့်မြှောက်ပြီး ပေထင်းဟွမ်၏ ဓားချက်ကို ခက်ထန်စွာ ခုတ်ချလေသည်။

ထိုအခိုက်အတန့်တွင် လေဟာနယ်လှုပ်ခတ်မှုဖြစ်ပြီး ကြည့်နေသော လူအုပ်၏မျက်လုံးထဲတွင် ရေလှိုင်းကဲ့သို့ လှိုင်းဂယက်များသည် ကောင်းကင် တစ်ခုလုံးတွင် ရွှေရောင်အလင်းဖြင့် ထင်ဟပ်လျက်ရှိနေရာ အားလုံးသည် ရှင်းလင်းစွာမြင်နေရသည်။ ပေထင်းဟွမ်၏ဓားပျော့သည် မင်ဟွမ်၏ စီရင်ချက် လှံတံကို လှုပ်ခါသွားစေပြီး ဓားပျော့သည် မင်ဟွမ်၏လည်ပင်းဆီသို့ ထူးဆန်း သော ကွေးချက်ဖြင့် ခုတ်လေသည်။

ဆယ်ကျော်သက်ကောင်လေး မလှုပ်ရှားလျှင် သူလှုပ်ရှားမည်ဖြစ်သည်။ သူ လှုပ်ရှားမည်ဆိုလျှင်လည်း သေစေလောက်သည့် လှုပ်ရှားမှုပင်ဖြစ်လိမ့် မည်။

မင်ဟွမ်သည် ၃၃ ကောင်းကင်ဘုံတွင် အရှင်ကြီးခွန်အားရှိသည့် လူတစ် ယောက်အနေနှင့် ဖြစ်ထိုက်ပါက သူ၏တုံ့ပြန်မှုသည် အလွန်ပင်စူးရှလှသည်။ သေဆုံးခြင်းအရိပ်အောက်တွင် သူသည် အလွန်ပင်ရက်စက်သည်။ သူသည် ပေထင်းဟွမ်၏ဓားပျော့အား ခုတ်ချပြီးနောက် ပေထင်းဟွမ်၏မျက်နှာရှိရာသို့ ချိန်ရွယ်လေသည်။

ဝေ့နှင့်ကျောက်ပတ်ပတ်လည်တွင် သုံးသွားသည့်တစ်ကွက်သည် အလွန် ပင်လှပသည်။ မင်ဟွမ်သည် ပေထင်းဟွမ်၏ဓားချက်မှ သူ၏လည်ပင်းကို ကယ်တင်လိုက်ခြင်းပင်။

ပေထင်းဟွမ်၏ခြေထောက်သည်လည်း မင်ဟွမ်အား ကန်လိုက်သည်။ သူမ၏ဒူးသည် မင်ဟွမ်အား ပြင်းထန်စွာ တွတ်မိလေသည်။ မင်ဟွမ်သည် လျင်မြန်စွာပင် သူမ၏ဒူးနှင့်တွေ့ပြီးနောက် အားကောင်းသော စွမ်းအင်တုန်ခါမှု လှိုင်းသည် ဒူးနှစ်ခု တိုက်မိရာမှထွက်လာလေသည်။ ခန္ဓာကိုယ်သည်လည်း ထို ပေါက်ကွဲမှုအပြီးတွင် လျင်မြန်စွာ ကွဲသွားကြလေသည်။

ပေထင်းဟွမ်၏မျက်လုံးထဲတွင် ဖုံးဖိမရသောနှမြောတသစိတ်ရှိနေသည်။ တစ်ချိန်တည်းမှာပင် စိတ်သက်သာရာရမိသည်။ သူမသည် ဤတိုက်ကွက်ဖြင့် မင်ဟွမ်အား မဖျက်ဆီးနိုင်သဖြင့် စိတ်တိုသွားပုံရသည်။ သို့သော် တစ်ချိန်တည်းမှာပင် နတ်ဘုရားဘုရင်ကို တစ်ချက်တည်းနှင့်သတ်နိုင်ပါက လက်တွေ့မဆန်ဟုလည်း တွေးမိသည်။

“သူက အရမ်းသန်မာတယ်၊ ဓား ၃ လက်ဘုရင်ဖြစ်ထိုက်ပါတယ်၊ ဒါပေမဲ့ သူ့ကိုသတ်ဖို့မဖြစ်နိုင်ဘူး” ပေထင်းဟွမ်သည် ဆူပွက်နေသော သွေးများကို ငြိမ်ကျသွားစေရန် နတ်စွမ်းအားကိုအသုံးပြပြီး လက်ထဲမှ ဓားပျော့ကို တင်းကြပ်စွာကိုင်ထားလေသည်။

တိုက်ကွက်တစ်ချက်တည်းနှင့် ပေထင်းဟွမ်သည် အောင်မြင်နိုင်ပုံမရ ပေ။ သို့သော် ပုခုံးပေါ်မှတစ်ဆင့်ကျလာသော ဆံပင်မွေးသည် လျှောကျသွား ပြီးနောက် လွင့်သွားသည်ကိုကြည့်ပြီး မင်ဟွမ်သည် ရင်ထဲမှထိတ်လန့်မှုကို ဖိနှိပ်ထားရသည်။ သူသည် လုံးဝထင်မှတ်မထားပေ။ သူ အမြဲတမ်းအထင်သေး ခဲ့သည့်လူငယ်သည် ဤကဲ့သို့အားကောင်းသောစွမ်းအားရှိလိမ့်မည်ဟု ထင်မထားပေ။

“ဒါပေမဲ့ ငါ့ကိုသတ်ချင်တာက အိပ်မက်တစ်ခုထက်မပိုဘူး” မင်ဟွမ်သည် အသက်ကိုပြင်းပြင်းရှူလိုက်သည်။ ဤကဲ့သို့သန်မာသောလူနှင့် ရင်ဆိုင်ရသည် မှာ လက်ထဲတွင် အစီအစဉ်ချန်ထား၍မဖြစ်ပေ “ငါ ဒီလိုနေရာမှာ ဒဏ်ရာရရင် သွားလို့မရတော့ဘူး”

ပေထင်းဟွမ်၏မျက်လုံးထဲမှ ခက်ထန်သော ဝံပုလွေ၏ မျက်လုံးကဲ့သို့ အမုန်းတရားများကို ရှောင်လွှဲ၍မရပေ။ မင်ဟွမ်သည် ရှင်းလင်းစွာသိသည်။ ရှီရှောင်မို၏ လိုက်ခြင်းနှင့်ယှဉ်လျှင် ပေထင်းဟွမ်သည် ကိုင်တွယ်ရန်လွယ်မည် မဟုတ်ပေ။ ထိုအခိုက်အတန့်တွင် သူသည် အနည်းငယ်နောင်တရမိသည်။ သူသည် ကျိမင်၏ စကားများကိုနားထောင်ပြီး ဟွမ်ချန်းအား မဖျက်ဆီးလိုက် သင့်ပေ။

“ဒီကလေးက ရက်စက်တယ် နှင်းပြင်၊ ရေခဲတွေကြားက နှင်းဝံပုလွေ ထက်တောင်မှ ကိုင်တွယ်ရခက်တယ်၊ တကယ်ပဲ သူနဲ့သွားရှုပ်မိတာ ကံဆိုးတာ ပဲ” မင်ဟွမ်သည် ခေတ္တမျှစိတ်တိုသွားသည်။ ထို့နောက် ပေထင်းဟွမ်၏ မျက်လုံးထဲမှ အကြည့်များကိုပင် မကြည့်ရဲပေ။

All Chapters