← Chapters

လွတ်တဲ့သူက ပေထင်းဟွမ်ဖြစ်မလား

Vol. 65 Ch. 1286

လွတ်တဲ့သူက ပေထင်းဟွမ်ဖြစ်မလား

Vol. 65 Ch. 1286

သူတို့နှစ်ယောက်၏ ပေါက်ကွဲမှုကိုမြင်ပြီးနောက် မြေပြင်မှ ရှီရှောင်မို သည် စိတ်သက်သာရာရစွာနှင့် လေမှုတ်ထုတ်လိုက်သည်။ သူမသည် ချီဖေးနှင့် ချီလန်တို့အား ပျော်ရွှင်စွာနှင့်ပြောလိုက်သည် “ငါ့ညီအစ်ကိုက အသက်အန္တရာယ်တော့ရှိတဲ့ပုံမပေါ်ဘူး ဒါပေမဲ့ အဲဒီကောင် လွတ်သွားနိုင်တယ်”

ချီဖေးနှင့်ချီလန်တို့သည် ခေတ္တမျှ ဆွံ့အမိသည်။ အဲတော့ လွတ်သွားတဲ့သူ က ပေထင်းဟွမ်ဖြစ်တာကို ကြည့်ရတော့မှာလား။

ပေထင်းဟွမ်၏ခွန်အားသည် နတ်ဘုရားအဆင့်ဖြစ်သည်ကို ပေထင်းကျင်နှင့်တခြားသူများမသိပေ။ သို့သော် ဓား ၁ လက်နတ်ဘုရားအဆင့် ဖြစ်နိုင်ဟုသာထင်ထားကြသည်။ ထို့အပြင် နှစ်လအတွင်းတွင် နတ်ဘုရား အဆင့်ဘုံသို့ မည်သူမှ အဆင့်မတက်နိုင်ကြပေ။

မြေကြီးအဆင့်မှ ကောင်းကင်အဆင့်အထိ ကောင်းကင်နှင့်မြေကြီး စည်းမျဉ်းမှ ကန့်သတ်ထားရာ အဆင့်မြင့်လေလေ အဆင့်တက်ရန်ခက်ခဲလေ ဖြစ်သည်။ ပြောရလျှင် လူတစ်ယောက်၏ခွန်အား တိုးတက်မှုမြန်ချိန်တွင် ၎င်း သည် မြေပြင်အဆင့်သာဖြစ်သည်။

နတ်ဘုရားအဆင့်သို့တက်ပြီးနောက် လူတစ်ယောက်သည် ဝိညာဉ် ခွန်အားဖြင့် ကျင့်ကြံနိုင်သည်။ ကမ္ဘာပေါ်တွင် အဆင့်တစ်ဆင့်တက်မှုကို ထောက်ပံ့နိုင် သည့် ကောင်းကင်ပစ္စည်းနှင့် မြေကြီးရတနာတချို့ရှိသည်။ ထို့အပြင် ဝိညာဉ်စွမ်းအားသည် ဒြပ်မရှိသည့်အရာဖြစ်ရာ ကောင်းကင်နှင့် မြေကြီးအဆင့်မဆိုထားနှင့် ဆေးများမှစွမ်းအင်စုပ်ယူနိုင်သလို သဘာဝပစ္စည်း နှင့် မြေကြီးရတနာ၏ ကျင့်ကြံခြင်းအဆီအနှစ်ကိုလည်း စုပ်ယူနိုင်လေသည်။

“ဒီလူငယ်က အားမနည်းဘူး၊ သူ့ကြည့်ရတာ ငယ်တဲ့ပုံပေါက်ပေမဲ့ နတ်ဘုရားပဲ” သူတို့ထဲတွင် အားမနည်းသောလူတစ်ယောက်သည် ပေထင်းဟွမ်အား မယုံနိုင်စွာကြည့်ပြီး သက်ပြင်းချလိုက်သည်။

“နတ်ဘုရားအဆင့်ဟုတ်လား၊ ဦးလေးလီ သေချာကြည့်လိုက်ရဲ့လား သူက တကယ်ပဲ နတ်ဘုရားအဆင့်လား၊ သူက ၁၅ နှစ်ပဲရှိသေးတယ်ထင်တယ်” သူ့ဘေးမှလူတစ်ယောက်သည် လှောင်ပြောင်လေသည်။ မည်သို့ဖြစ်နိုင်မည် နည်း။ ပင်မတိုက်ကြီးမှလူသည် ငယ်ငယ်ရွယ်ရွယ်နှင့် မည်သို့ နတ်ဘုရားအဆင့် ရောက်နိုင်မည်နည်း။

“မဖြစ်နိုင်တာမရှိဘူး မင်းက ခုနက မကြည့်လိုက်လို့၊ ဒီလူငယ်က ဟွမ်ချန်းရဲ့မြို့စားပဲ၊ သူက ပေထင်းမိသားစုရဲ့ သခင်လေး ၉ ဖြစ်ခဲ့တာ၊ လွန်ခဲ့ တဲ့နှစ်လက နတ်ဘုရားအဆင့်ကို တက်ခဲ့တာ မေ့သွားပြီလား” ချက်ချင်းပင် လူတစ်ယောက်သည် ပေထင်းဟွမ်၏သရုပ်မှန်ကိုထောက်ပြပြီး သူ၏ ဇစ်မြစ် ကို ပြောရာ လူအုပ်သည် အံ့အားသင့်သွားကြ၏။

“အဲဒါကြောင့် ခုနကထိ တိုက်ခိုက်တာတစ်ချီရှိနေပြီကို ယန်ချန်း ဥပဒေ တပ်စုက ရောက်မလာကြသေးတာပဲ”

ယန်ချန်းနှင့်ဟွမ်ချန်းတို့အကြားမှ ဆက်ဆံရေးကို အားလုံးသိကြသည်။ သို့သော် နှစ်ပေါင်းများစွာကြာပြီးနောက် ဤကဲ့သို့ လှုပ်လှုပ်ရှားရှားမြင်ကွင်း ဖြစ်နေရာ ယန်ချန်းမှ မည်သူမှဝင်မနှောင့်ယှက်ရန် သူတို့လည်းမျှော်လင့်နေကြ သည်။

ထိုအချိန် မိုးပေါ်တွင် မင်ဟွမ်၏ခန္ဓာကိုယ်မှ ရွှေရော်အလင်းဖျော့ဖျော့ ထွက်လာသည်။ ထို့နောက် သူ၏ခြေထောက်အောက်တွင် အဌဂံပုံအစီအရင် ပေါ်လာသည်။ ရွှေရောင်ကြက်ခြေခတ်ဓားသည်လည်း တောက်ပစွာလင်းလာ သည်။

ကောင်းကင်အထက်တွင် ရွှေရောင်နေ ရုတ်တရက်ပေါ်ထွက်လာ သကဲ့သို့ အားလုံး၏မျက်လုံးများသည် ရွှေရောင်အလွှာရှိသည့် မိုးပေါ်သို့ မော့ ကြည့်ကြလေသည်။ ထိုအချိန်တွင် အားလုံး၏မျက်လုံးထဲ၌ နှင်းဖြူရောင် မြင့်မြတ်ပြီးသန့်စင်သော ယူနီကွန်သည် ရုတ်တရက် ရွှေရောင်အလင်း အစီအရင်မှ ထွက်လာသည်ကိုမြင်လိုက်ရသည်။

ရွှေရောင်မျက်လုံးအစုံသည် မြေပေါ်မှလူများကို ပုရွက်စိတ်တစ်ကောင် အလား ပေါ့ပါးစွာကြည့်ရာ ထိုယူနီကွန်သည် ရှေးဟောင်းတောထဲမှ သန့်စင်သောသားရဲသွေးကို ဆက်ခံသည့်သားရဲဖြစ်သည်ဟု အားလုံးခံစားလိုက် ရသည်။

ထိုတောက်ပသောယူနီကိုကိုကြည့်ပြီး သူ၏ခန္ဓာကိုယ်မှ သန့်စင်သော သွေးကိုခံစားမိကာ ရှီရှောင်မို၏မျက်လုံးများသည် အံ့ဩနေမိသည်။ သူမ၏ အသံနေအသံထားသည် ချဉ်နေ၏ “ဒီလူကတော့ ဘာလို့ ဒီလိုသားရဲရှိနေတာ လဲ၊ ဟင်း ပိုက်ဆံဖြုန်းလိုက်တာ”

ချီဖေးနှင့်ချီလန်တို့သည် ဓားသခင်များဖြစ်ကာ ဝိညာဉ်သခင်တစ်ဦး၏ အားကောင်းသော သားရဲများအပေါ် တပ်မက်မှုကို မသိပေ။ သူတို့ ပြောလိုက် လေသည် “မင်းရဲ့မီးဇာမဏီက သူ့ထက်တောင်ပိုဆိုးသေးတယ်”

“ဟုတ်တယ် ဒီလိုတောက်ပတဲ့ ယူနီကွန်က သဘောကျစရာကောင်းပေမဲ့ အသုံးမဝင်ဘူး ငါ့မီးဇာမဏီကိုမမှီနိုင်ပါဘူး” ရှီရှောင်မို၏ ခံစားချက်သည် ချက်ချင်းပင် ရုတ်တရက်ကောင်းလာသည် “အားကောင်းတဲ့ ကုသမှု စွမ်းရည် ကိုထပ်ပေါင်းရင် စာချုပ်ရှင်ရဲ့ ကျင့်ကြံမှုက နှစ်ဆဖြစ်သွားမယ်၊ တိုက်ခိုက်မှု စွမ်းအားလည်း နှစ်ဆဖြစ်သွားမှာ၊ အဲလိုဆို ကာကွယ်ရေးမှာ အဓိပ္ပာယ်မရှိတော့ဘူး၊ အဲဒါကို ဂရုစိုက်မနေတော့ဘူး”

All Chapters