Chapters

ဓား ၉ လက်

Vol. 65 Ch. 1287

ဓား ၉ လက်

Vol. 65 Ch. 1287

ချီဖေးနှင့်ချီလန်တို့သည် ထိုသို့မတွေးကြပေ။ ထိုတောက်ပသော ယူနီကွန် ငွေရောင်သားရဲသည် နတ်မိစ္ဆာဝိညာဉ်၏ ပေးအပ်ခြင်းကိုခံရသည်ဟု ဆိုရမည်။ အဆင့်တူသားရဲများနှင့်ယှဉ်လျှင် ခုခံမှုနှင့် တိုက်ခိုက်ရေးစွမ်းအားတို့ သည် အနည်းငယ်ညံ့သည်။ သို့သော် ပတ္တမြားကမ္ဘာထဲတွင် အဆင့်တူသည့် သားရဲအများအပြားမရှိပေ။

သားရဲချင်းယှဉ်မည်ဆိုပါက ပေထင်းဟွမ် လက်သာနိုင်မလားဆိုသည်ကို ပေထင်းကျင်နှင့်တခြားသူများမသိပေ။ သူတို့၏မျက်လုံးများသည် ကောင်းကင် အထက်မှ တိုက်ပွဲအခြေအနေကို စိတ်လှုပ်ရှားစွာနှင့်စိုက်ကြည့်နေသည်။ ပေထင်းဟွမ်သည် သားရဲဆင့်ခေါ်နိုင်မည်ကို မျှော်လင့်နေကြသည်။

ပေထင်းဟွမ်သည် သူတို့ကို ကြာကြာမစောင့်ခိုင်းပေ။ တစ်ဖက်လူ၏ အလင်းစီးကြောင်း ကဲ့သို့ တောက်ပသောယူနီကွန်ငွေရောင်သားရဲသည် မင်ဟွမ်၏ခန္ဓာကိုယ်ဆီသို့ လျင်မြန်စွာပြေးသွားပြီး ငွေရောင်စီးကြောင်းကဲ့သို့ သူ၏ခန္ဓာကိုယ်အား လှည့်ပတ်လေသည်။ သူ ငွေရောင်စစ်နတ်ဘုရားကဲ့သို့ ဖြစ် နေချိန်တွင် ပေထင်းဟွမ်သည် နောက်ဆုံးတွင် လက်မြှောက်ကာ ခန္ဓာကိုယ်ထဲ မှ ရွှေရောင်စွမ်းအင်လှိုင်းကို လှုံ့ဆော်လိုက်သည်။

“နတ်ဘုရားအဆင့်၊ ဘုရားရေ နတ်ဘုရားတွေရဲ့ဘုရင်တော့ မဖြစ်နိုင်ဘူး မလား”

ပေထင်းဟွမ်၏ခန္ဓာကိုယ်မှ ထွက်လာသည့် သန့်စင်သောရွှေရောင် စွမ်းအင်ကိုကြည့်ပြီး ရှည်လျားသောလမ်းတစ်ခုလုံးပေါ်မှလူများသည် ဂနာမငြိမ်ဖြစ်လာပြီး မိုးပေါ်သို့ကြည့်ကြလေသည်။ ၁၅ နှစ်အရွယ် နတ်ဘုရား အဆင့်သည် လူများကိုကြောက်လန့်စေသည်။ ၁၅ နှစ်အရွယ် နတ်ဘုရားဘုရင် သည် သူတို့အား ကန်ထဲသို့ခုန်ချစေလောက်အောင် အရှက်ရစေသည်။

ပေထင်းဟွမ်၏ခြေထောက်တွင် သတ္တဂံလက်လာသည်။ မိုးပေါ်မှ ကြီးမားသောသတ္တဂံကိုကြည့်ပြီး အားလုံးသည် စိတ်သက်သာရာရစွာနှင့် သက်ပြင်းချလေသည်။ ကောင်းသည်။ အဌဂံမဟုတ်သော်လည်း နောက်ဆုံး တွင် သူတို့အတွက် လမ်းတစ်ခုကျန်၏။

“ဟီး ဟီး ငါပြောရမယ် သခင်ပေထင်းဟွမ်က နတ်ဘုရားဘုရင်ဆိုရင် ငါ သူ့ကို အခုချက်ချင်း သတ်ပစ်မှာပဲ” ရှည်လျားသောလမ်းအထက်တွင် ပြုံးပြီးပြောလေသည်။

“ဟေး ငါလည်း နေ့တိုင်း သေရေးရှင်ရေးအတွက် ရုန်းကန်နေရတာပဲ၊ သူသာ နတ်ဘုရားဘုရင်ဆိုရင် ငါတကယ်သေတော့မှာ” နောက်တစ်ယောက် သည် စနောက်လေသည်။

“ဟီးဟီး” သူ့ဘေးမှလူသည် နှာမှုတ်လေသည် “တကယ်တော့ မင်း အခု သေလို့ရပြီ”

“ဘာအဓိပ္ပာယ်လဲ...”

သူတို့နှစ်ယောက်သည် ထိုလူပြောသည့်စကားကိုကြားပြီးနောက် ဒေါသ ထွက်လေသည်။ သို့သော် သူတို့၏မျက်လုံးများသည် ကောင်းကင်အထက်တွင် ငေးကြည့်နေရာ စကားပင်မပြောနိုင်တော့ပေ။

ပေထင်းကျင်နှင့်တခြားသူများသည် ပေထင်းဟွမ်၏ခြေထောက်အောက် မှ သတ္တဂံကြယ်အစီအရင်ကိုမြင်သောအခါ သူတို့၏စိတ်သည် တောင်ကြား အောက်ခြေထိကျသွားလေသည်။ သူတို့သည် ပေထင်းဟွမ်အပေါ် မပြင်းထန် သင့်ကြောင်းနှင့် သူ့ကိုဖိအားမပေးသင့်ကြောင်းကိုသိသည်။ သို့သော် နတ်ဘုရားဘုရင်ကဲ့သို့ သန်မာသောလူနှင့်တွေ့လျှင် သူမသည် အံ့ဩမှုများ သယ်ဆောင်လာကာ သူတို့အား စိုးရိမ်ခြင်းမဖြစ်စေမည်ကို မျှော်လင့်မိသည်။

သူသည် ပေထင်းဟွမ်နှင့်ပတ်သက်၍စိတ်ပျက်သွားခြင်းမဟုတ်ပေ။ သို့သော် သူမကို စိုးရိမ်နေခြင်းဖြစ်သည်။ သို့ကြောင့် သူမကို သန်မာလာစေချင် ခြင်းပင်။

“ရှောင်ကျို့လည်း နတ်ဘုရားဘုရင်ဆိုရင်ကောင်းမှာပဲ”

တုန်ဖန်းကျောက်၏စကားမဆုံးခင် ကောင်းကင်အထက်၌ သန့်စင်သော ဓားငယ် ၉ ချောင်းကိုမြင်လိုက်ရ၏။ ပေထင်းဟွမ်နင်းထားသည့် ဓား ၉ လက် သည်တဖြည်းဖြည်းလှည့်နေပြီး အလင်းသည်တောက်ပနေ၏။ သူ၏ရင်သည် တဟုန်ထိုး ထိုးတက်သွား၏။

“ဓား ၉ လက်လား” တိတ်ဆိတ်နေသောလမ်းမအထက်တွင် အာမေဋိတ် သံများထွက်ပေါ်လာရာ အားလုံး၏ ရင်ကိုသွားထိစေသည်။ ထင်ယောင်ထင်မှားဟုထင်နေသည့်လူများသည် နောက်ဆုံးမှပင် သူတို့ရှေ့မှ မြင်ကွင်းသည် အစစ်အမှန်ဖြစ်သည်ကို နားလည်သွားကြတော့သည်။

တိတ်ဆိတ်မှုပြိုကွဲသွားပြီး အားလုံးသည် တုန်လှုပ်သွားကာ ပေထင်းဟွမ် သည် နတ်ဘုရားဘုရင်ဖြစ်သည်ဟု ထင်ကြေးပေးစဉ်ကထက် ပို၍ကျယ်လောင်လာသည်။

“မဟုတ်ဘူး ငါ မှားဖတ်မိတာဖြစ်မယ်၊ လွန်ခဲ့တဲ့နှစ်လက သခင်ပေထင်းဟွမ်က နတ်ဘုရားအဆင့်ပဲရှိသေးတာ၊ ငါကိုယ်တိုင်မျက်လုံးနဲ့ မြင်ခဲ့တယ်၊ နှစ်လအတွင်းမှာ ဘယ်လိုလုပ် ဓား ၉ လက် နတ်ဘုရားအဆင့် ဖြစ် သွားရတာလဲ” ယန်ချန်းကို အခုလေးတင်မှရောက်လာသောလူသည် ရှင်းလင်း စွာမြင်နိုင်ရန် မျက်လုံးများကို အသည်းအသန်ပွတ်ကြည့်လေသည်။