← Chapters

သခင်၊ သခင်လေး ၉ နဲ့ မင်ဟွမ်တို့ တိုက်ခိုက်နေပြီ

Vol. 65 Ch. 1288

သခင်၊ သခင်လေး ၉ နဲ့ မင်ဟွမ်တို့ တိုက်ခိုက်နေပြီ

Vol. 65 Ch. 1288

ထိုအချိန်တွင် တိုက်ပွဲသည် ယန်ချန်းတစ်မြို့လုံးကို အချက်ပြပြီးသား ဖြစ်လေ၏။ ကောင်းကင်အဆင့် သို့မဟုတ် နတ်ဘုရားအဆင့်မရွေး အားလုံး သည် စစ်မြေပြင်နှင့်နီးစပ်ရာသို့ မြေပြင်မှအပြေးသွားကြသည်။ မည်သူမှ ကောင်းကင်မှ မပျံရဲကြပေ။ စစ်မြေပြင်မှလူသည် သူတို့အား ပြိုင်ဘက်၏ အကူ အဖြစ် အထင်မှားပြီး တိုက်ခိုက်လာနိုင်သည်။

မိုးပေါ်တွင် ဓား ၃ လက်နတ်ဘုရားဘုရင်နှင့် ဓား ၉ လက်နတ်ဘုရား ရှိသည်။ ခွန်အားရှိသည့်မည်သူမဆို ဤတိုက်ကြီးကို အပိုင်သိမ်းနိုင်သည်. အားအကောင်းဆုံးလူပင်လျှင် ထိုအစွန်အဖျားကို မကြိုးစားရဲပေ။

မိုးပေါ်မှ ပေထင်းဟွမ်၏ခြေထောက်အောက်တွင် လည်နေသော သန့်စင် သောဓား ၉ လက်ကိုကြည့်ပြီး ပေထင်းကျင်နှင့်တခြားသူများသည် မယုံနိုင်ဖြစ် လေသည်။ တုန်ဖန်းကျောက်သည် ဓားသေး ၉ လက်ကို မျက်တောင်မခတ်ဘဲ ကြည့်နေသည်။ သူသည် စိတ်လှုပ်ရှားစွာနှင့် အသက်ကိုခပ်မြန်မြန်ရှူနေသည် “ရှောင်ကျို့ မင်းက နတ်ဘုရားဘုရင်ဖြစ်ဖို့ တစ်လှမ်းတစ်ဝက်ပဲလိုတော့တယ်”

“ရှောင်ကျို့က အဲလူကိုမနိုင်ရင်တောင် ဒဏ်ရာအကြီးအကျယ်ရအောင် တော့လုပ်နိုင်မှာပဲ” ထိုအခိုက်အတန့်တွင် ပေထင်းကျင်သည် အနည်းငယ် ယုံကြည်ချက်ရှိနေသည်။

“မိုးနတ်မင်းရေ ငါ့ညီအစ်ကိုက မိုက်လိုက်တာ၊ သူက ၁၅ နှစ်ပဲရှိသေးတာ ကို ဓား ၉ လက်နတ်ဘုရားဖြစ်နေပြီ၊ ငါ ၁၅ နှစ်တုန်းက ဘာလုပ်နေခဲ့တာပါ လိမ့်” ရှီရှောင်မိုသည် ပေထင်းဟွမ်နှင့် အနည်းငယ်နီးလိုသည့်အလား မြေကြီးပေါ်တွင် ခုန်ပေါက်နေသည်။ သူမသည် ကောင်းကင်ပေါ်သို့ ပျံသွား၍ မရပေ။ ၎င်းသည် နှစ်ဦးနှစ်ဖက်တိုက်ခိုက်သူများအတွက် မလေးစားရာရောက် သည်။

ဝိညာဉ်ကိုးပါးခန်းမထဲတွင် ပေထင်းဟွမ်နှင့်တခြားသူများထွက်သွား ပြီးနောက် ယန်ယဲ့သည် ယန်းမြို့မှ အဆင့်မြင့်အရာရှိများကို ဦးဆောင်ပြီး ဇာမဏီမြို့မှ ခေါင်းဆောင်နန်လင်း၊ ဂိုဏ်းထောက်ကြီးလေးဦး၊ ပေထင်းဟွမ်၏ ဦးလေး၊ အဒေါ်တို့နှင့်အတူ အရေးကြီးကိစ္စများကိုဆွေးနွေးလျက်ရှိသည်။

“ချန်းမိုက ၃၃ ကောင်းကင်ဘုံကိုသွားချင်တယ်လို့ပြောတယ်၊ သူက အခု နတ်ဘုရားအဆင့်ဖြစ်နေပြီ၊ အဲဒီကိုလူတစ်စုခေါ်သွားလို့တော့ရပါတယ်၊ အဲဒီက ပတ်ဝန်းကျင်နဲ့ အရင်ကျင့်သားရအောင်လုပ်ရမယ်၊ အနည်းဆုံးတော့ ရှောင်ကျို့ သွားတဲ့အချိန်ကျ မျက်စိပွင့်နားပွင့်ဖြစ်တာပေါ့” နန်လင်းသည် ဟွမ်ချန်းကိုယ်စား ထင်မြင်ချက်များကို ပြောပြနေသည် “ညအရှင်သခင်ရော ဘယ်လိုဖြစ်စေချင်လဲမသိဘူး”

ယန်ယဲ့သည် ခမ်းနားစွာနှင့် ခေါင်းဆောင်နေရာတွင်ထိုင်နေသည်။ သူ သည် လက်ရန်းကို လက်ချောင်းများဖြင့် အသာခေါက်နေသည်။ ခန်းမတစ်ခု လုံးတွင် ထိုခေါက်သံတစ်ခုကိုသာ ကြားနိုင်လေသည် “အခုချိန်ထိ လျှို့ဝှက်မြေ က မိသားစုကြီးလေးခုက မိသားစုကြီးလေးခုက ဆက်ခံသူတွေကို အာရုံစိုက် နေကြတာ၊ နှစ်ပေါင်းထောင်ချီကြာတဲ့အထိ အခွင့်အရေးရတိုင်း သူတို့တွေက လူလွှတ်ပြီး ကြည့်ခိုင်းကြတာ...”

မိသားစုကြီးလေးခုဟောင်း၏ ခေါင်းဆောင်များကိုကြည့်ပြီး လက်ရှိ ဂိုဏ်းထောက်ကြီးလေးယောက်သည် ထိတ်လန့်သွားကာ သူတို့၏မျက်နှာတွင် မယုံကြည်နိုင်သည့်အကြည့်များဖြင့် ပြည့်နေသည်။ ထင်ရှားစွာပင် မိသားစုကြီးလေးခုသည် ဤကိစ္စကို လုံးဝမသိပေ။

ယန်ယဲ့ သဲ့သဲ့ပြုံးလိုက်သည်။ လျှို့ဝှက်မြေသည် မိသားစုကြီးလေးခုကို ဤကိစ္စများကို အသိမခံပေ။ သူတို့သည် တိုက်ခိုက်ရေးစိတ်ဓာတ်ကျရှုံးမည်ကို ကြောက်ရွံ့ခြင်းကြောင့်ပင်ဖြစ်သည်။ ယန်ယဲ့ ဂရုမစိုက်ပေ “မိသားစုကြီးလေးခု က လူလွှတ်နိုင်မယ်ဆိုရင် လျှို့ဝှက်မြေကိုသွားလို့ရတယ်၊ ခင်ဗျားတို့က သားရဲ အဖွဲ့ဝင်ဆိုရင် အမှောင်နတ်မိစ္ဆာနန်းတော်ကိုဝင်လို့ရတယ်၊ သေချာပေါက်ပဲ ၃၃ ကောင်းကင်ဘုံမှာ ကိုယ်ပိုင်စွမ်းအားတည်ထောင်လို့ရတယ် ဒါပေမဲ့ ဒီနည်း အတိုင်းဆိုရင် နည်းနည်းတော့ခက်လိမ့်မယ်”

နန်လင်းသည် ခေတ္တမျှစဉ်းစားပြီးနောက် ခေါင်းကိုဖြည်းဖြည်းခါယမ်း လိုက်သည် “လျှို့ဝှက်မြူခိုးမြေနဲ့ ဆက်သွယ်လို့ရပါတယ်၊ အမှောင်နတ်မိစ္ဆာ နန်းတော်နဲ့လည်း မဟာမိတ်တည်ထောင်လို့ရတယ်၊ ဒါပေမဲ့ ကျုပ်တို့က ကိုယ်ပိုင်စွမ်းအားကို တည်ထောင်ချင်တုန်းပဲ၊ ရှောင်ကျို့က ဘယ်အင်အားစုနဲ့ မှ သွားပြီး မကပ်ချင်တာတော့ ကျုပ်ယုံတယ်”

နန်လင်းပြောပြီးနောက်တွင် ယန်ယဲ့အား အဓိပ္ပာယ်ပါပါကြည့်လိုက်၏။ ယန်ယဲ့သည်လည်း ထိုအကြည့်၏အဓိပ္ပာယ်ကို ကောင်းကောင်းနားလည် သည်။ ပေထင်းဟွမ်သည် ယန်ယဲ့ကိုပင် တွယ်တာမှုကင်းလိုသည်ဟု နန်လင်း ပြောချင်မိသည်။

သူ့ကို မည်သူမှ ယခုလိုမစော်ကားရဲပေ။ သို့သော် ယန်ယဲ့သည် မပြစ်မှား ပေ။ ဆန့်ကျင်ဘက်အနေနှင့် နန်လင်းသည် ပေထင်းဟွမ်အား ယခုလို ကာကွယ်ပေးသည့်အတွက် သူပျော်မိသည်။

ထိုအခိုက်အတန့်တွင် ဝိညာဉ်ကိုးပါးခန်းမအပြင်ဘက်မှ ချုံချီသည် လျင်မြန်စွာပြေးဝင်လာပြီး အလောကြီးသည့်အသံနေအသံထားနှင့်ပြောလေ သည် “သခင် သခင် သခင်လေး ၉ နဲ့မင်ဟွမ်တို့ တိုက်ခိုက်နေကြတယ်”

All Chapters