ယန်ချန်းမှာ တိုက်ခိုက်တာကို ခွင့်မပြုဘူးမလား
Vol. 65 Ch. 1289
ယန်ယဲ့သည် ချက်ချင်းပင် နေရာမှထလိုက်သည်။ ပေထင်းဟွမ် တစ်ယောက်သာ သူ၏တည်ငြိမ်မှုမှ ပျက်ယွင်းအောင်လုပ်နိုင်သည်။ ခြေလှမ်း တစ်ချက်တည်းနှင့် သူ၏ခန္ဓာကိုယ်သည် အားလုံး၏ရှေ့မှပျောက်ကွယ်သွား လေသည်။ ထိုအမြန်နှုန်းနှင့်ခွန်အားသည် သူ၏တည်ငြိမ်မှုကို ပျက်ပြားစေ သည်။ ၎င်းသည် နန်လင်းနှင့်တခြားသူများကို ထိတ်လန့်သွားစေသည်။
ဒါ ယန်ယဲ့ရဲ့ တကယ့်ခွန်အား အစစ်အမှန်လား။
ပေထင်းချင်းသည် ချုံချီပြောသည့်စကားကို အတန်ကြာမှပင် သတိဝင် လာ၏။ သူသည် မယုံနိုင်စွာနှင့် သူ့ကိုယ်သူရေရွတ်လိုက်သည် “ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ယန်ချန်းမှာ တိုက်ခိုက်လို့မရဘူးလို့ ပြောတယ်မလား၊ အဲဒီ ကောင်မင်ဟွမ်က ရှောင်ကျို့နဲ့ တိုက်ခိုက်ရဲတယ်ပေါ့”
အကြီးအကဲကြီးသည် ယန်ချန်းတွင် အတိုက်အခိုက်ခွင့်မပြုသည့် အကြောင်းကိုပြောချင်သော်လည်း သခင်လေး ၉ မည်သို့ရှိသည်ကို သူ မကြည့် ချင်ဘဲနေမည်လား။ မင်ဟွမ်အား သခင်လေး ၉ သည် ဓားနှင့်သတ်နိုင်မည် မဟုတ်ပေ။ သို့သော် သခင်လေး ၉ သည် ခုတ်နိုင်ဦးမည်ဖြစ်သည်။
ယခုအချိန်တွင် စကားပြောနေလျှင် အဓိပ္ပာယ်ရှိမည်မဟုတ်။ ယန်ယဲ့ သည် သွားနေပြီဖြစ်ရာ နန်လင်းနှင့်တခြားသူများသည် အကြီးအကဲကြီး၏ ဦးဆောင်မှုအောက်တွင် လမ်းမရှည်ကြီးဆီသို့ ပျံသွားရလေတော့သည်။ ပေထင်းရွေ့နှင့်ပေထင်းလင်တို့သည် အနည်းငယ်နှေးသည်။ သို့သော် အတွင်းမြို့မှ ထွက်သွားပြီးနောက် သူတို့သည် ကောင်းကင်အထက်တွင် ရွှေရောင်အလင်းထွက်နေသည့် လူနှစ်ယောက်ကို တစ်ချက်တည်းကြည့်ရုံနှင့် မြင်နိုင်လေသည်။
“ရှောင်ကျို့က ဓား ၉ လက် နတ်ဘုရားအဆင့်ကိုရောက်နေပြီပဲ” ပေထင်းလင်သည် အဝေးရှိကောင်းကင်တွင်ရှိနေသည့် ခြေထောက်အောက် တွင် ဓားငယ် ၉ လက်ရှိနေပြီး ပေထင်းဟွမ်အား အံ့ဩသောမျက်လုံးများဖြင့် မယုံနိုင်စွာကြည့်လေသည်။
အကြီးအကဲကြီးနှင့်တခြားသူများအားလုံး ထိတ်လန့်နေကြသည်။ နတ်ဘုရားများအနေနှင့် သူတို့၏အမြင်အာရုံသည် ပေထင်းလင်ထက်ပင် အားကောင်းသည်။ သူတို့သည် ပေထင်းဟွမ်၏ခွန်အားကို မြင်နိုင်လေသည်။ မည်သူမှထိုသို့မတွေးမိကြပေ။ နှစ်လအတွင်းမှာပင် ပေထင်းဟွမ်သည် ဓား ၉ လက်အမြင့်သို့ ရောက်နေပြီဖြစ်သည်။
“ဒီအဘိုးကြီးက ရှောင်ကျို့ထက်တောင် နတ်ဘုရားအဆင့်ကို အရင်တက်ခဲ့တာ၊ ဒါပေမဲ့ ဓား ၂ လက် နတ်ဘုရာအးဆင့်ကိုတောင်မရောက်နိုင် သေးဘူး ဘယ်လိုဖြစ်တာလဲ” တုန်ဖန်းလုသည် မေးစေ့မှ မုတ်ဆိတ်ကို ပွတ်သပ်ပြီး အော်မိသည်။ လူကို ဒီလိုရိုက်ချရသလား။
သို့သော် ထိုသို့တွေးသည်မှာ တုန်ဖန်းလုတစ်ယောက်သာမဟုတ်ပေ။ နန်ကုန်းချန်းနှင့် ရှီမန်ကျင်၊ ပေထင်းချင်းပင်လျှင် ဤအချိန်တွင် မသက်မသာ ဖြစ်မိသည်။ ပေထင်းဟွမ်အားကြည့်သည့်မျက်လုံးများတွင် အနည်းငယ် ဝမ်းနည်းသောအရိပ်အယောင်ရှိလေသည်။
အကြီးအကဲကြီးသည် ခေတ္တမျှ ရယ်မောသည်။ သူသည် တုန်ဖန်းလုနှင့် တခြားသူများကို လှောင်ပြောင်ခြင်းမဟုတ်ဘဲ ပေထင်းဟွမ်ရှိသည့်နေရာကို ညွှန်ပြလေသည် “အဲဒီကိုအရင်သွားကြတာပေါ့၊ နတ်ဘုရားအဆင့်ရောက်ပြီး သွားရင် ဓားအဆင့်တူရင်တောင် ခွန်အားကွာခြားချက်က အရမ်းကြီးတယ်၊ သူတို့ကြားက တိုက်ပွဲကိုကြည့်ပြီးရင် ခေါင်းဆောင်နန်လင်းနဲ့ အကြီးအကဲတွေ လည်း အမြင်တစ်ခုရလာမှာပါ”
ပေထင်းဟွမ်၏ဆရာအနေနှင့် နန်လင်းသည် သူမလောက် မသန်မာသေး ပေ။ သူသည် ရှက်ရွံ့သည်ဟု မခံစားရပေ။ ဆန့်ကျင်ဘက်အနေနှင့် သူသည် ဤကဲ့သို့ကျောင်းသားရှိနေခြင်းအတွက် ဂုဏ်ယူမိသည်။ ပေထင်းဟွမ်၏ အရည်အချင်းမှာ ပင်မတိုက်ကြီးတွင်မဆိုထားနှင့် ပတ္တမြားကမ္ဘာတစ်ခုလုံးတွင် ပင်လျှင် တစ်ဦးတည်းသာရှိမည်။
လူတစ်စုသည် နောက်မှလိုက်သွားရာ ယန်ယဲ့သည် သီးသန့်အိမ်၏ ခေါင်းမိုးပေါ်တွင်ဆင်းသက်ကာ ကောင်းကင်ပေါ်သို့ မော့ကြည့်နေသည်ကို မြင်လိုက်ရသည်။ သူတို့လည်း အနီးအနားက ခေါင်မိုးကိုရွေးချယ်ပြီး ကောင်းကင်ကိုအတူမော့ကြည့်လိုက်သည်။
ထိုအချိန်တွင် ပေထင်းဟွမ်၏ခန္ဓာကိုယ်၌ ငွေရောင်အလင်းတစ်ခု လက် သွားလေသည်။ လိပ်အိုကြီးသည် သူမ၏ခြေထောက်အောက်တွင် ပေါ်လာသည်။ သေချာပေါက်ပင် ထိုလိပ်အိုကြီး၏ ခွန်အားကိုမည်သူမှ မမြင်နိုင်ကြပေ။ ပေထင်းဟွမ်သည်လည်း စာချုပ်သားရဲကိုဆင့်ခေါ်လိုက်သည် ကိုကြည့်ပြီးနောက် မင်ဟွမ်သည် တွေးရင်း မျက်မှောင်ကြုတ်လိုက်သည်။
မျက်နှာချင်းဆိုင်မှ မျက်နှာကိုကြည့်ပြီး ပေထင်းဟွမ်ဆင့်ခေါ်လိုက်သည့် စိတ်ဆိုးမာန်ဆိုးဖြစ်နေသည့် ပေမင်သည် ရုတ်တရက် မျက်လုံးထဲတွင် အလင်း လက်လာပြီး သူ၏အက်ကွဲသောအသံသည် အားလုံး၏နားထဲတိုးဝင်လာလေ သည် “ဟေး ဒါက ဝိညာဉ်နတ်ဘုရားမျိုးနွယ်မလား၊ ဒါကမင်းသားလေးလား၊ ဘာလို့ ဒီမှာရောက်နေတာလဲ၊ သူ့အဖေကို အကြွေးကူဆပ်ပေးနေတာလား၊ သူ့အိမ်ထဲက လင်ရှောင်ပန်းကိုစားတုန်းက သူ့အဖေက သောင်းကျန်းခဲ့တာ၊ ဒီနေ့ ငါ ဒီကလေးရဲ့အသက်နဲ့ အတိုးပေါင်းတောင်းရမယ်”