Chapters

ဒီပေထင်းဟွမ်က တကယ်ထူးခြားတဲ့သူပဲ

Vol. 65 Ch. 1290

ဒီပေထင်းဟွမ်က တကယ်ထူးခြားတဲ့သူပဲ

Vol. 65 Ch. 1290

“မင်းက အပလောကလိပ်လား” မင်ဟွမ်၏မျက်လုံးများမှာ ကြောက်လန့်မှုအရောင်လက်သွားသည်။ သို့သော် အနည်းငယ် စိတ်အေးသွား ၏။ ထို့ကြောင့်ပင် ပေထင်းဟွမ်၏ခွန်အားသည် နတ်ဘုရားအဆင့်မှ ဓား ၉ လက် နတ်ဘုရားအဆင့်သို့ တစ်ခါတည်းခုန်တက်သွားခြင်းပင်။ ဤကဲ့သို့ အားကောင်းသည့် သားရဲလည်းရှိနေသည် “ဟားဟားဟား ပေမင် မင်းက ပိုပိုပြီးအသုံးမကျလာတာပဲ၊ မင်းက နတ်ဘုရားအဆင့်လောက်နဲ့ စာချုပ် တည်ထောင်လိုက်တယ်ပေါ့၊ ၃၃ ကောင်းကင်ဘုံနဲ့ ဘယ်လိုရင်ဆိုင်တော့မှာလဲ”

အပလောကပင်လယ်လိပ်သည် ပေထင်းဟွမ်၏သရုပ်မှန်ကိုမသိလျှင် ထို စကားကိုကြားပြီးနောက် ပုန်ကန်ချင်ပုန်ကန်မိမည်။ သို့သော် ယခုအခါ ပေထင်းဟွမ်သည် သူ၏သခင်မဖြစ်ထိုက်ဟု မတွေးပေ။ ပေထင်းဟွမ်၏ အသက်စာချုပ်သားရဲသည် ကိုးရေင်အမြင့်ဆုံးအုပ်စိုးသူဖြစ်သည်။ အတိတ်က ၃၃ ကောင်းကင်ဘုံတွင် အားအကောင်းဆုံး အမြင့်ဆုံးပင်။ ဝိညာဉ်နတ်ဘုရား မျိုးနွယ်သာ မကောင်းသည့်နည်းလမ်းများသာမသုံးလျှင် မင်းသမီးဟွမ်ကျို့နှင့် ယှဉ်နိုင်မည်မဟုတ်ပေ။

အပလောကလိပ်၏သွေးသားသည် ကောင်းကင်ကို ဆန့်ကျင်နေသော် လည်း အပလောကလိပ်နှင့် ဤတောက်ပသောယူနီကွန်ငွေရောင်သားရဲတို့ နှစ်ယောက်လုံးသည် ကိုးရောင်အမြင့်ဆုံးနှင့်မယှဉ်နိုင်ကြပေ။

ကိုးရောင်အမြင့်ဆုံးသည် ဖန်ဆင်းရေးနတ်ဘုရား၏ ပထမဆုံးသားရဲဖြစ် ကာ ထိုသားရဲများသာ သူ့ရှေ့တွင် ဒူးထောက်ပြီး ရိုကျိုးကြသည်။ အပလောက လိပ်နှင့် ယူနီကွန်ငွေရောင်သားရဲပင်လျှင် ထိုနည်းလည်းကောင်းပင်။

ဤကဲ့သို့သားရဲ ဦးဆောင်သည်မှာ ကမ္ဘာပေါ်မှ သားရဲများလိုချင်သည့် ဂုဏ်တစ်ခုဖြစ်သည်။ အပလောကပင်လယ်လိပ်သည် အနာဂတ် ၃၃ ကောင်းကင်ဘုံတွင် မျက်နှာပျက်စရာရှိသည်ဟု မတွေးပေ။ သူသည် ရယ်မော မိသည်။ သေချာပေါက်ပင် သူသည် ပေထင်းဟွမ်၏သရုပ်မှန်ကို ထောက်မပြ ပေ။ သို့သော် မင်ဟွမ်နှင့် သူ၏ယူနီကွန်ငွေရောင်သားရဲကို အထင်သေးသည်။ “၃၃ ကောင်းကင်ဘုံကို အသာထားလိုက်ဦး၊ အခု မင်းအသက်ကိုသာ အရင် စိုးရိမ်”

လိပ်တစ်ကောင် ကောင်းကင်ပေါ်တွင်ရုတ်တရက်ပေါ်လာပြီး မင်ဟွမ်နှင့် ထိုလိပ်တို့အကြားမှ ပြောဆိုနေသည်များကိုကြားသောအခါ ဘာမှမသိသော ရှီရှောင်မိုသည် ထိတ်လန့်မိသည်။ ချီဖေးနှင့် ချီလန်တို့သည် စကားမပြောနိုင် လောက်အောင် ဆွံ့အမိကြသည်။ ၃၃ ကောင်းကင်ဘုံ၏ ကျော်ကြားသော အပလောကပင်လယ်လိပ်သည် ပေထင်းဟွမ်၏ အောင်နိုင်ခြင်းကိုခံရပြီး သူမ၏ စာချုပ်သားရဲဖြစ်လာလိမ့်မည်ဟု ထင်မထားပေ။

“အဲဒါကြောင့် သူက ဒီလောက်ယုံကြည်ချက်ရှိနေတာကိုး၊ ဒီလိုသားရဲမျိုး ရှိနေတာကိုး” ချီဖေး၏မျက်လုံးများသည် တွန့်ကြုတ်သွားကာ မယုံနိုင်လောက် အောင်ခံစားမိပြီး ခေါင်းခါမိလေသည် “ဒီပေထင်းဟွမ်က တကယ်ကိုထူးခြားတဲ့ ကာရိုက်တာပဲ”

ချီလန်သည် မျက်လုံးများကို အသည်းအသန်ပွတ်မိလေသည် “ငါ မှားမြင် တာလား၊ အဖေပြောဖူးတဲ့ အားကောင်းတဲ့လိပ်ကို မြင်ရတာ လက်တွေ့မဆန် သလိုပဲ”

ပေထင်းကျင်နှင့်တခြားသူများသည် ကောင်းကင်ကို စိုက်ကြည့်နေသည်။ သူတို့သည် အပလောကလိပ်၏ ဇစ်မြစ်ကိုမသိသော်လည်း ဤလိပ်သည် ယူနီကွန်ငွေရောင်သားရဲကို မကြောက်သည်ကို သူတို့ပြောနိုင်ကြသည်။ လိပ် ပေါ်လာသည့်အချိန်တွင် ယူနီကွန်ငွေရောင်သားရဲ၏မျက်လုံးထဲ၌ ကြောက်ရွံ့မှု အနည်းငယ်ရှိနေသဖြင့် သူ စိတ်အေးမိသည်။

စစ်မြေပြင်မှလေထုသည် ပေါက်ကွဲလုနီးပါးဖြစ်ကာ မုန်တိုင်းမလာခင် လေငြိမ်နေသည့်အနေအထားဖြစ်နေသည်။ လမ်းမရှည်တစ်ခုလုံးနှင့် ၎င်း၏ ပတ်ပတ်လည်သည် လူထူထဲလျက်ရှိပြီး အားလုံးသည် သူတို့၏ နောက်ဆုံး တိုက်ပွဲတွင် ရှိစဉ်ကထက် ပိုစိတ်လှုပ်ရှားမိသဖြင့် အသက်အောင့်ထားမိကြ သည်။ သူတို့၏မျက်လုံးများသည် ကောင်းကင်ကိုမော့ကြည့်နေပြီး အားလုံး သည် ကြောက်လန့်နေကြသည်။

“မင်းမှာ အရှင်ကြီးအဆင့်သားရဲရှိတာနဲ့ပဲ ငါ့ကိုနိုင်မယ်လို့ထင်လား” မင်ဟွမ်သည် အပလောကလိပ်အား အထင်သေးစွာကြည့်သည်။ သူ၏ လှောင်ပြောင်သောရယ်သံသည် ကောင်းကင်နှင့်မြေကြီးအကြားတွင် စူးရှစွာ နှင့် ထွက်လာသည်။ “မင်း ဒီသားရဲလောက်နဲ့ ငါ့ကိုအနိုင်ယူချင်တယ်ဆိုရင် တွက်ကိန်းမှားသွားပြီ”

မင်ဟွမ် စကားအဆုံးတွင် လက်မြှောက်လိုက်ရာ သူ၏ခြေထောက် အောက်တွင် မြေကြီးကွဲသွားပြီး နဂါးတစ်ကောင်ထွက်ပေါ်လာသည်။ သူ ပြော၍သာ နဂါးဟုထင်ရသည်။ ၎င်း၏ခန္ဓာကိုယ်ကို ပန်းကန်လုံးတစ်လုံးစာ အဝါရောင်ကြေးခွံများဖြင့် ဖုံးအုပ်ထားပြီး ဦးခေါင်းတွင် ဦးချိုတစ်ချောင်းသာ ရှိ လေသည်။ နတ်သားကဲ့သို့သန့်စင်သော ယူနီကွန်ငွေရောင်သားရဲနှင့်ယှဉ်လျှင် ရက်စက်ပြီး တစ္ဆေတစ်ကောင်ကဲ့သို့ အကျည်းတန်လှသည်။