← Chapters

ဒီဘုရင်က အမြင့်ဆုံးသားရဲထိန်းပဲ

Vol. 65 Ch. 1291

ဒီဘုရင်က အမြင့်ဆုံးသားရဲထိန်းပဲ

Vol. 65 Ch. 1291

သို့သော် ဤမြေကြီးခွဲနဂါး၏ခွန်အားသည် အလွန်သန်မာပြီး အဆင့်မြင့် ဓားနတ်ဘုရား၏ ခွန်အားကြီးကိုပြသသည်။

ဤကဲ့သို့အားကောင်းသောအုပ်စုနှင့်ဆိုလျှင် သူသည် မင်ဟုန်၏ အချစ်ခံ ရဆုံး မင်းသားဖြစ်ထိုက်သည်။

“ဒီဘုရင်က အားကောင်းတဲ့စိတ်စွမ်းအင်နဲ့ အမြင့်ဆုံးသားရဲထိန်းဆိုတာ ကို မင်းတို့ကိုပြောပြလိုက်မယ်၊ မှော်သားရဲငါးကောင်နဲ့ စာချုပ်တည်ထောင်ခွင့် ရှိတယ် ဒါပေမဲ့ ဒီဘုရင် စိတ်ဝင်စားတဲ့ သားရဲဆိုတာ များများစားစားမရှိဘူး” မင်ဟွမ်သည် ယုံကြည်ချက်ရှိလွန်းသည်။ သူသည် ပေထင်းဟွမ်အား မျက်နှာ ချင်းဆိုင်ကာ အထင်သေးစွာပြုံးလိုက်သည်။ သူ လက်မြှောက်လိုက်သည်နှင့် မျက်လုံးသုံးလုံးနှင့် လမာန်ဟိန်းဝံပုလွေတစ်ကောင် ခြေထောက်အောက်မှ ပေါ် လာပြန်သည်။

၎င်းသည်လည်း နတ်ဘုရားအဆင့်သားရဲဖြစ်ကာ ၎င်း၏မျက်လုံးသုံးလုံး သည် အစိမ်းရောင်အလင်းတောက်နေပြီး ညကောင်းကင်ယံတွင် စုန်းတောက် သကဲ့သို့ ရုတ်တရက်ထွန်းတောက်လာသည်။ လမ်းမရှည်ပေါ်မှလူများသည် ၎င်းကိုမြင်ပြီးနောက် အလိုလိုပင် နောက်ဆုတ်ကြလေသည်။

ပေထင်းဟွမ်သည် မျက်လုံးမှေးကာ မင်ဟွမ်၏ခြေထောက်အောက်မှ သားရဲနှစ်ကောင်ကို ကြည့်လိုက်သည်။ သူမ၏တည်ငြိမ်သောမျက်လုံးများထဲ တွင် မင်ဟွမ် မြင်ချင်သည့်ကြောက်ရွံ့မှုတစ်စုံတစ်ရာမရှိပေ။

မင်ဟွမ်၏ နတ်မိစ္ဆာသားရဲနှစ်ကောင်မှာ လေဟာနယ်၏ ဖိနှိပ်ခြင်းကို မခံရပေ။ သူတို့သည် နှစ်ကောင်လုံး နတ်ဘုရားအဆင့်ဖြစ်ကာ ပြဿနတစ်ခု တည်းကိုသာ ဖြေရှင်းနိုင်သည်။ မင်ဟွမ် ၎င်းတို့ကို ထိန်းကျောင်းစဉ်က သူတို့ သည် အထွတ်အမြတ်သားရဲများသာဖြစ်သည်။ ထိုသားရဲနှစ်ကောင်သည် မင်ဟွမ်နှင့်စာချုပ်တည်ထောင်လိုက်ခြင်းကြောင့်ဖြစ်နိုင်သည် နတ်ဘုရား အဆင့်သားရဲများအဖြစ် အဆင့်တက်သွားလေသည်။

မည်သည့်အခြေအနေတွင်မဆို နတ်ဘုရားအဆင့်သားရဲများသည် အလွန်အားကောင်းသည်။ အထူးသဖြင့် ကုသသူနှင့်တွဲဖက်လိုက်သောအခါ ခွန်အားသည် တစ်ခုနှင့်တစ်ခုပေါင်းသလောက် မရိုးရှင်းတော့ပေ။

သို့သော် ၎င်းသည် ပေထင်းဟွမ်၏ရင်ထဲမှ စိတ်ဓာတ်ကို ပိုပိုပြီးပြင်းထန် လာစေသည်။ အားကောင်းသော စိတ်ဓာတ်သည်လွှမ်းမိုးလာပြီး ယန်ချန်းမှ ကောင်းကင်ပင်လျှင် မည်းနက်လာသည်။

လမ်းမရှည်ကြီးတွင် မင်ဟွမ် နတ်ဘုရားအဆင့်သားရဲနှစ်ကောင် ဆင့်ခေါ် သည်ကိုကြည့်ပြီး လေထုတစ်ခုလုံးသည် အသက်ဝင်လာသည်။

“မိုက်လိုက်တာ အကုန်လုံးက နတ်ဘုရားအဆင့်သားရဲပဲ၊ ကောင်းလိုက် တာ၊ ငါ့မှာ သန့်စင်သောသားရဲတစ်ကောင်မှတောင်မရှိဘူး” စွန့်စားသူကဲ့သို့ ဝတ်စားထားသည့်လူတစ်ယောက်သည် လက်ဖြင့်မျက်နှာကို အုပ်ကာ ငိုမိတော့အလားပင်။

“အဲလူတွေက လူတွေကို ပိုဒေါသထွက်အောင်လုပ်နေတာတော့ အမှန်ပဲ ငါဘာလုပ်ရမယ်မသိတော့ဘူး သခင်ပေထင်းဟွမ်ရေ” ယန်ချန်းရှိ ဆိုင်ပိုင်ရှင် တစ်ဦးသည် ပေထင်းဟွမ်အား စိုးရိမ်မိသည်။

ပေထင်းကျင်နှင့်တခြားသူများသည် စိတ်ဓာတ်မတက်ကြွနိုင်တော့ပေ။ ထင်ရှားစွာပင် တစ်ဖက်လူ၏ခွန်အားသည် သူတို့ကိုကြောက်လန့်စေသည်။ ပေထင်းဟွမ်သာ စကားမပြောလျှင် ပေထင်းကျင်နှင့်တခြားသူတို့သည် သူမ အားသွားကူညီတော့မည်ဖြစ်သည်။

သို့သော် ဝိညာဉ်ဂိုဏ်းတွင် ပေထင်းဟွမ်အား ရန်ရှာလျှင် သေလမ်းရှာ ခြင်းပင်ဖြစ်သည်။

“ခေါင်းဆောင် ဘာလုပ်မလဲ၊ ခေါင်းဆောင်မှာ သားရဲတွေအများကြီးရှိ တာလေ၊ မြန်မြန်ဆင့်ခေါ်လိုက်တော့လေ” နန်ကုန်းချန်းမိုသည် စိတ်လှုပ်ရှား စွာနှင့် ထခုန်လေသည်။

“မလောနဲ့လေ” ရှီမန်ဆုန်းသည် ပူပန်နေသော်လည်း တည်ငြိမ်သော မျက်နှာထားရှိဆဲပင် “ရှောင်ကျို့က နတ်ဘုရားအဆင့်ကိုတက်သွားတာ၊ အခု သူက အဆင့်မြင့်ဓားနတ်ဘုရားဖြစ်နေပြီ သူ့သားရဲတွေကလည်း မဆိုးပါဘူး”

သူစကားဆုံးသည်နှင့် ပေထင်းဟွမ်၏ကြည်လင်ပြီး အေးစက်သော အသံကိုကြားလိုက်ရသည်။ ထိုအသံသည် ရေခဲကွဲသွားသကဲ့သို့ ကောင်းကင် နှင့် မြေကြီးအကြားတွင်ထွက်ပေါ်လာသည် “ပေမင် တစ်ကိုယ်လုံးကို ချပ်ဝတ်တန်ဆာဝတ်မယ်၊ လျှပ်စီးက တစ်ပိုင်း၊ မိုးကြိုးက တစ်ပိုင်း၊ ကင်းကောင်က တစ်ပိုင်း၊ ကျို့ယန်က တစ်ပိုင်း”

ပေထင်းဟွမ်ဘေးတွင် အားကောင်းသော အထွတ်အမြတ်သားရဲနှင့် နတ်ဘုရားအဆင့်သားရဲအုပ်လိုက်ပေါ်လာကာ ၎င်းတို့သည် အလင်းစီးကြောင်း အဖြစ်ပြောင်းပြီး ပေထင်းဟွမ်ဆီသို့ ပြေးဝင်ကြသည်။ လမ်းမရှည်ပေါ်မှလူများ သည် ခေတ္တမျှ ငေးငိုင်သွားပြီး ဖိနှိပ်ခံရပြီးဖြစ်လေသည်။ လေထုသည် ဒယ်ပြား ပေါ်သို့ ရေတစ်စက်ကျသွားသကဲ့သို့ နေရာတစ်ခုလုံးမှာ ဆူညံပွက်လောရိုက် သွားသည်။

“အမေရေ ဒီ့ထက်ကောင်းတာမရှိတော့ဘူး၊ ခုနကပဲ မင်ဟွမ်ရဲ့ သားရဲက အားကောင်းတယ်လို့ပြောတုန်းပဲရှိသေးတယ်၊ ဒါက အားအကောင်းဆုံးပဲ”

“မိုးနတ်မင်းရေ နတ်ဘုရားအဆင့်သားရဲနှစ်ကောင်၊ အဆင့်မြင့်ဓား အထွတ်အမြတ်သားရဲနှစ်ကောင် မိုးနတ်မင်းရေ လူတွေကို အရှင်ထားဦးမှာ လား”

All Chapters