ကံမကောင်းစွာနဲ့ပဲ ငါက ရှေးဟောင်းသားရဲထိန်း
Vol. 65 Ch. 1292
ပေထင်းဟွမ်၏ ဓား ၁ လက်နတ်ဘုရားမှ ဓား ၉ လက်နတ်ဘုရားအဆင့် သို့တက်ခြင်းသည် သာမန်အဆင့်တက်ခြင်းမဟုတ်ပေ။ ကောင်းကင်နှင့် မြေကြီးစည်းမျဉ်းမှပေးသနားသည့်စွမ်းအင်သည် သူမ၏သားရဲများကို နောက်မှ လိုက်ရန် တွန်းပို့စေရန်မလုံလောက်ပေ။ သို့သော် ခွန်အားသည် တစ်နည်းတစ် ဖုံ တိုးလာနေသည်။ ထိုအခိုက်အတန့်တွင် သူတို့သည် ပေထင်းဟွမ် ဆင့်ခေါ် လိုက်သည့် ကြီးမားသောသားရဲများကိုမြင်သောအခါ အားလုံး၏မျက်လုံးများ သည် သာမန်အားကျရုံတင်မဟုတ်တော့ပေ။
ယန်ချန်း၏အကြီးအကဲ၊ ဟွမ်ချန်း၏ ဂိုဏ်းထောက်လေးယောက်တို့ပင် လျှင် မျက်လုံးထဲတွင် ကြောက်လန့်မှုများဖြစ်ပေါ်နေ၏။ ထိုမှော်သားရဲများထဲမှ တစ်ကောင်ကို တွေ့ကရာထုတ်ပြီး ပင်မတိုက်ကြီးတွင်ထားမည်ဆိုလျှင်တောင် ကြီးမားသည့်ခွန်အားကို ထောက်ပံ့ရန်လုံလောက်သည်။ သို့သော် ပေထင်းဟွမ် သည် ၅ ကောင်ဆင့်ခေါ်ခဲ့သည်။
“ဒါ.. ဒါ.. ဒါက အရမ်းအားကောင်းတယ်မလား ဟုတ်တယ်မလား” အကြီးအကဲကြီးသည် သူ၏ရာထူးကြောင့် အသိခက်သည်ဟုဆိုရမည်။ သို့သော် သူ၏မျက်လုံးထဲမှ ထိတ်လန့်မှုသည် အချိန်ကြာသွားသည့်တိုင်အောင် မှေးမှိန်သွားခြင်းမရှိပေ။
ထိုအချိန်တွင် ပေထင်းဟွမ်၏ သားရဲများ တစ်ကောင်ပြီးတစ်ကောင် သူမ အား ဖုံးအုပ်ထားသည်ကို မင်ဟွမ်မြင်သောအခါ မျက်လုံးထဲတွင် ကြောက်လန့် မှုများဖြစ်ပေါ်နေသည်။ သူ၏ပြိုင်ဘက်သည် မည်သို့သောသားရဲမျိုးနည်း။
ပေထင်းဟွမ်သည် မင်ဟွမ်၏အမှုမဲ့အမှတ်မဲ့အကြည့်များကို လက်လွှတ် မခံပေ။ သူမသည် သဲ့သဲ့ပြုံးလိုက်ပြီး မင်ဟွမ်ထက်ပင် ပိုသိသာသည့် အထင် သေးသည့်အကြည့်ဖြင့်ကြည့်လိုက်သည် “မင်ဟွမ် ကံမကောင်းစွာနဲ့ပဲ ငါက ရှေးဟောင်းသားရဲထိန်းပဲ ငါ့ကိုယုံလိုက်၊ ငါ မင်းကိုမပြောရင်တောင် မင်းသိမှာ ပါ”
ပေထင်းဟွမ်သည် သူမ၏ခန္ဓာကိုယ်ပေါ်မှ အနက်ရောင်ချပ်ဝတ်တန်ဆာ အလွှာကိုညွှန်ပြလေသည် “နတ်ဘုရားအဆင့်အထက်ရှိတဲ့ သားရဲထိန်းမှ ရှေးဟောင်းသားရဲကို ထိန်းကျောင်းနိုင်တာ ရှင်းရှင်းလင်းလင်းသိမှာပါ”
အရှင်ကြီးအဆင့်သားရဲမှ အသွင်ပြောင်းထားသည့် တိုက်ခိုက်ရေး ချပ်ဝတ်တန်ဆာမှ အနက်ရောင်မြူခိုးသည် ထွန်းပြောင်နေကာ ချပ်ဝတ်တန်ဆာမျက်နှာပြင်တွင် နတ်ကွန်းအရိုးစာများကဲ့သို့စီးဆင်းနေသည့် ကမ္ပည်းစာများသည် ရှေးဟောင်းပန်းချီတစ်ခုလိုပင်။ တုန်ယင်နေသောစွမ်းအင် တိတ်ဆိတ်စွာမြင့်တက်လာပြီး ဤချပ်ဝတ်တန်ဆာ၏ ခုခံရေးစွမ်းအားသည် မည်မျှပင် မှင်တက်စရာကောင်းသည်ကို မည်သူမှသံသယမဝင်တော့ပေ။
ပေထင်းဟွမ်အနောက်တွင် အားလုံးပေါင်း အတက် ၁၂ ပါဝင်သည့် အတောင်ပံရှိနေပြီး ဘယ်တစ်ဖက် ညာတစ်ဖက်နှင့် ဓားတစ်ချောင်းကဲ့သို့ အေးစက်လျက်ရှိသည်။ ညကောင်းကင်တွင် ၎င်းသည်ရေခဲကဲ့သို့ဖြစ်ရာ မကြည့်ရဲလောက်အောင်ဖြစ်စေသည်။ တိမ်ကျားသစ်မှအသွင်ပြောင်းထား သည့် အနက်ရောင်တောင်ပံများသည် ညကောင်းကင်ထက်ပင် ပို၍သန့်စင် လေသည်။
သူမ၏ခြေထောက်ပေါ်တွင် ငွေရောင်မြူခိုးတိမ်တိုက်ရှိနေသည်။ ငွေရေင်ဖိနပ်ပေါ်တွင် မိုးကြိုးသွားလက်လျက်ရှိပြီး မိုးချိန်းသကဲ့သို့ သူမ၏ ခြေချင်းဝတ်ကို ဖုံးအုပ်ထားသည်။ ခြေချောင်းများမှ အတက်နှစ်ချောင်းသည် ဓားတစ်ချောင်းကဲ့သို့ ကောက်ချိတ်လျက်ရှိသည်။ အေးစက်သောအလင်းထဲ တွင် သွေးမြောင်းသည် အေးစက်စွာချွန်ထက်နေသည်။
အနီရောင်အမွေးပွ အမြီးကိုးချောင်းသည် သူမ၏ခါးမှ ပန်းဖွားကဲ့သို့ ကျ လျက်ရှိသည်။ အနီရောင်မြေခွေးအမြီးသည် ချက်ချင်းရှည်သွားကာ ထူးဆန်း သည့်အလင်းထုတ်ပြီး အနက်ရောင်ချပ်ဝတ်တန်ဆာကို ဆန့်ကျင်ကာ အားကောင်းသော ပဋိပက္ခကိုသယ်ဆောင်လာလေသည်။ သို့သော် ထိုအချိန် တွင် မည်သူမှ ပေထင်းဟွမ်အား လေးစားသောအကြည့်များဖြင့် မကြည့်ရဲကြ ပေ။ အမြီးကိုးချောင်းကိုထုတ်လိုက်သည်နှင့် တိုက်ကြီးကို အသန်မာဆုံးအဖြစ် အရောက်ပို့နိုင်မည်ကို အားလုံးကောင်းစွာသိကြသည်။
ပေထင်းဟွမ်၏ လက်ကောက်ဝတ်ကို ရွှေရောင်လက်ပတ်အကာဖြင့် ဖုံးအုပ် ထားပြီးတစ်ခုချင်းစိမှာ ရှေးဟောင်းမျောက်တံ၏ဦခေါင်း ပုံစံငယ်ဖြင့် ပေထင်းဟွမ်၏လက်တွင် အလှဆင်ထားလေသည်။သူမ၏လက်တွင် သုံးမီတာ ရှည်လျားသည့် ဓားပျော့ကိုကိုင်ဆောင်ထားသည်။ နှင်းဖြူရောင်ဓားပျော့ကို အနည်းငယ်လှုပ်ရှားလိုက်သည်နှင့် မြင်းတစ်ကောင်အလား ကြီးမားသော စွမ်းအင်လှိုင်းကိုသယ်ဆောင်လာရာ ကမ္ဘာတစ်ခုလုံးသည် ဝရုန်းသုန်းကား ဖြစ်သွားသလိုပင်။
ပေထင်းဟွမ်သည် တစ်ဖက်လူအား အေးစက်စွာကြည့်လိုက်သည်။ မင်ဟွမ်သည် မျက်လုံးသုံးလုံးမာန်ဟိန်းဝံပုလွေကို တိုက်ခိုက်ရေးဖိနပ်အဖြစ် အသွင်ပြောင်းကာ မြေကြီးခွဲနဂါးအား လက်အိတ်အဖြစ်ပြောင်းပြီး လက်ထဲမှ ပတ္တမြားနှင့်တူသောစွမ်းအင်ဦးချွန်ပါသည့် စီရင်ချက်လှံတံကိုလှုပ်ယမ်းလိုက် သည်။ သူ၏မျက်လုံးများသည် ခက်ထန်စွာနှင့်ပေထင်းဟွမ်ဘက်သို့ လှည့်လိုက်သည် “ပေထင်းဟွမ် မင်းက သန့်စင်သောမြို့တစ်ခုလုံးကို ဖျက်ဆီးခဲ့ တယ်၊ ဒီနေ့ မင်းကို စီရင်ချက်ဗိမာန်ရဲ့ကိုယ်စား ကောင်းကင်ရဲ့အပြစ်ပေးမယ်”