လက်စားချေခြင်း
Vol. 65 Ch. 1293
ဤတိုက်ပွဲကို ရှောင်လွှဲ၍မရပေ။ မင်ဟွမ်သည် ယဉ်ကျေးပျူငှမနေတော့ ပေ။ သူသည် သူ့ပတ်ပတ်လည်မှ အားကောင်းသောရောင်ဝါများစွာကို သတိ ထားမိပြီးသားဖြစ်သည်။ သို့သော် ဘာထူးသနည်း။ ပေထင်းဟွမ်အား ခေါင်းဖြတ်ပြီး အသက်ကတ်ပြားကို ချေမွှပြီးသည်နှင့် ၃၃ ကောင်းကင်ဘုံသို့ တိုက်ရိုက်ပြန်ရုံပင်ဖြစ်သည်။ အရည်အချင်းရှိလျှင် ပေထင်းဟွမ်၏ ဆွေမျိုးနှင့် သူငယ်ချင်းများသည် ၃၃ ကောင်းကင်ဘုံသို့လိုက်လာပြီး သူ့ကို လက်စားချေ နိုင်သည်။
ပေထင်းဟွမ်သည် မင်ဟွမ်၏မျက်လုံးထဲမှ အမူအရာကိုလက်လွှတ်မခံ ပေ။ သို့သော် သူ၏မျက်လုံးထဲတွင် အတွေးများရှိနေသည်ကိုမြင်နေရကာ ရင်ထဲမှ အေးစက်စွာ ညည်းမိသည်။ သူမလက်ထဲကနေ အရှင်လတ်လတ် ထွက်သွားချင်တာက အတွေးသက်သက်ပဲ။ မည်သူမှမြင်လိုက်ရပေ။ သို့သော် ပေထင်းဟွမ် ကောင်းကင်မှဆင်းသက်လာချိန်တွင် ပေထင်းဟွမ်၏ဘေး၌ သွေးနီရောင်အလင်းသည် လွင့်မျောလသည်။ ထင်ရှားစွာပင် ပေထင်းဟွမ်နှင့် အစောက ဆင့်ခေါ်လိုက်သောသားရဲသည် အရန်မဟုတ်ပေ။
ပြီးခဲ့သည့်တိုက်ခိုက်မှုသည် တစ်ယောက်နှင့်တစ်ယောက်၏ ခွန်အားကို စမ်းသပ်ခြင်းသာဖြစ်သည်ကို သူတို့နှစ်ယောက်လုံး သိကြသည်။ ယခု လှုပ်ရှားမှုသည် သေရေးရှင်ရေးတိုက်ပွဲတစ်ခုသာဖြစ်သည်။ ပေထင်းဟွမ် စွမ်းအင် မပြင်ဆင်ရသေးခင်တွင် မင်ဟွမ်သည် မဖုံးကွယ်နိုင်ပေ။ ယနေ့တိုက်ပွဲ တွင် သူသာ သတိမမူလိုက်ပါက ဤနေရာတွင် အဆုံးသတ်သွားနိုင်သည်ကို သူ ကောင်းစွာသိသည်။
မင်ဟွမ်၏ရှည်လျားသောငွေရောင်ဆံပင်သည် လေထဲတွင် ကခုန်နေ ကာ မျက်လုံးများသည် ပေထင်းဟွမ်အား မြားတစ်စင်းအလား ပစ်လွှတ်နေ သည်။ သူသည် ခန္ဓာကိုယ်ကို သစ်ကျုတ်ကဲ့သို့ အနည်းငယ်ညွှတ်ကာ မျက်လုံး ထဲမှ လူသတ်မည့်အကြည့်ဖြင့်ကြည့်လေသည်။ “ဓား ၉ ချောင်းနတ်ဘုရား အဆင့်၊ အရှင်ကြီးအဆင့် သားရဲတစ်ကောင်၊ နတ်ဘုရားအဆင့်သားရဲနှစ် ကောင်၊ အထွတ်အမြတ်သားရဲနှစ်ကောင် ကောင်းတယ် အရမ်းကောင်းတယ်”
ဤကဲ့သို့သားရဲမျိုး၏ခွန်အားနှင့်ဆိုလျှင် ၃၃ ကောင်းကင်ဘုံ၌ပင်လျှင် ပထမတန်းစာအင်အားစု၏ အာရုံကို ဆွဲဆောင်ရန်လုံလောက်သည်။ ထို့ကြောင့်ပင် ဤကလေးသည် ပင်မတိုက်ကြီးကို ငယ်ငယ်ရွယ်ရွယ်နှင့် လွှမ်းမိုးနိုင်ခြင်းပင်။
နှမြောစရာပင်။ ယနေ့ ပေထင်းဟွမ်သည် သူနှင့်မတွေ့သင့်ပေ။ သူသည် ဟွမ်ချန်းကိုတိုက်ခိုက်ပြီးနောက် လက်စားချေသည့်ကိစ္စကိုမတွေးရဲပေ။
ပေထင်းဟွမ်သည်လည်း သက်ပြင်းကြီးချလိုက်သည်။ မင်ဟွမ်သည် သူမ၏အရင်ဘဝနှင့်လက်ရှိဘဝတွင် ကြုံတွေ့ဖူးသည့် အားအကောင်းဆုံး ရန်သူဖြစ်သည်။ သူသည် အလွန်အားကောင်းသည့်ပြိုင်ဘက်ဖြစ်သည်။ သို့သော် သူ့ကိုသတ်လိုသည့်စိတ်ကို ဖုံးမရပေ။
ပေထင်းဟွမ်၏မျက်လုံးများရှေ့တွင် ပုံရိပ်များ တစ်ခုပြီးတစ်ခုပေါ်လာပုံ ပင်။ မိခင်တစ်ဦးသည် ကလေးကိုတွန်းထုတ်ပြီး နတ်အလင်းအောက်သို့ ဝင်ပြီး အသေခံသည်။ ဝိညာဉ်များထဲမှ အော်ဟစ်နေသလိုပင် “သခင်ပေထင်းဟွမ် နောက်လိုက် အနာဂတ်မှာ ငါတို့အတွက် လက်စားချေပေး”
လက်စားချေခြင်း
ဟွမ်ချန်း၏အကြီးအကဲများအတွက် လက်စားချေရန် သူမ၏ဆန္ဒကို မည်သည့်အင်အားကမှ မတားနိုင်ပေ။ ပေထင်းဟွမ်၏လက်ချောင်းငါးချောင်း သည် ဓားပျော့လက်ကိုင်ကို ညင်သာစွာ ကုတ်လိုက်သည်။ အေးစက်သော အလင်းထွက်ပေါ်လာပြီး မီးတောက်နှစ်ခုတောက်လောင်သည့်အလား စိတ်မှ ထုတ်လွှတ်သည့်စွမ်းအားသည် အားကောင်းသည်။
“တိုက်ခိုက်ကြစို့”
ပေထင်းဟွမ်၏ ပြတ်သားသောအသံနှင့်လိုက်ပြီး ကောင်းကင်အထက် တွင် ရုတ်တရက်လေနှင့်တိမ်တိုက်များ တိုက်ခတ်လာပြီး မှင်ရောင်တိမ်တိုက် များ ထပ်မံစုဝေးလာကာ မိုးကြိုးများမိုးပေါ်မှကျလာသည်ကို အားလုံး ခံစားမိ လိုက်ကြသည်။ အားလုံးသည် မိုးပေါ်ရှိအလင်းကိုမော့ကြည့်ရာ လေဟာနယ် ကို ခွဲလိုက်သည့် သေမင်း၏ မျက်လုံးများကဲ့သို့ ကမ္ဘာကိုငုံ့ကြည့်နေသလို ထင်ရသော တွင်းနက်ကြီးကိုမြင်လိုက်ရသည်။
ဆိုးဝါးလှသည်။ အားလုံးသည် ထိုသို့သာတွေးမိကြသည်။
သို့သော် ယခုအချိန်တွင် အားလုံးသည် သတိပြန်ဝင်လာသည်အထိ စောင့်ရန်မဖြစ်နိုင်ပေ။ လေသံနှင့်အတက်အကျများ ဟိန်းထွက်လာပြီး မြေပြင် မှ မီတာထောင်ချီထွက်လာလျှင်တောင် အားလုံးသည် မြေကြီးဆီသို့ဖိနှပ်လိုက် သည့် လေလှိုင်းကိုခံစားမိတုန်းပင်။ ကောင်းကင်အထက်တွင် ကောင်းကင်နှင့် မြေကြီး၏ အားကောင်းသောခွန်အားသည် မိုးပေါ်တွင် ဗုံတီးလိုက်သကဲ့သို့ အသံများထွက်ပေါ်စေသည်။
“တကယ်ပဲ နတ်ဘုရားအဆင့်ပဲ” အကြီးအကဲသည် ဖုံးကွယ်မှုနှင့်အတူ တိုးညင်းစွာရေရွတ်လိုက်သည်။ သူ၏အသံကို ယန်ချန်း၏ နတ်ဘုရားအဆင့် များသည် ကြားလိုက်ရကာ ရင်ထဲတွင် တလှပ်လှပ်ခံစားရလေသည်။