ငါ့ကိုတွေ့ရင် သေဖို့တန်ပြီ
Vol. 65 Ch. 1294
မင်ဟွမ်၏လက်ထဲမှ စီရင်ချက်လှံတံသည် လေထဲတွင်ကွေးသွားကာ ပေထင်းဟွမ်၏ဓားပျော့သည် ဆတ်ခနဲလှုပ်ရှားသွားသည်။ ကြီးမားသော မြင်းတစ်ကောင်ကို လက်နက်နှစ်ခုမှ ဖမ်းလိုက်သည့်အလား ကောင်းကင်နှင့် မြေကြီး၏စွမ်းအင်နှစ်ခုကို အားလုံးမြင်လိုက်ရ၏။ လက်နက်ပေါ်သို့ ဆွဲအား သည် အသီးသီးရောက်ရှိသွားပြီး ကြီးမားသောနဂါးနှစ်ကောင်ဖြစ်ပေါ်ကာ တစ် ဦးနှင့်တစ်ဦးဆီသို့ ပြေးဝင်လေသည်။
သူတို့၏ဂုဏ်သတင်းမှာ မပြောင်းမလဲပင်။ သူတို့နှစ်ယောက်လုံးသည် သားကောင်ကိုအမဲလိုက်သည့် သစ်ကျုတ်များကဲ့သို့ စူးရှသည့်မျက်လုံးများမှာ တစ်ယောက်နှင့်တစ်ယောက်ကြည့်ပြီး ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်နှစ် ခုကို ပြင်းထန်စွာထိပ်တိုက်တွေ့ခွင့်ပြုလိုက်သည်။ ဟိန်းထွက်လာသောအသံ သည် မြေကြီးကို လှုပ်ခါစေပြီး မီးတောက်ပွင့်ထွက်ကာ လူနှစ်ယောက်ကြားမှ လေထုကို တင်းမာပြီး မွန်းကြပ်စေသည်။
မျက်လုံးများအားလုံးသည် သူတို့နှစ်ယောက်ဆီသို့ ကျရောက်နေကြ သည်။ ဤကဲ့သို့ခွန်အားသည် ကောင်းကင်နှင့်မြေကြီးစွမ်းအားပါဝင်ပြီး လှုပ်ရှားမှုတိုင်းသည် အားလုံးကို တုန်ယင်သွားစေသည်။ ဤကဲ့သို့ခွန်အား သည် ပင်လယ်နှင့်တောင်များကို ဖြိုဖျက်ရန် လုံလောက်သည်ကို မည်သူမှ သံသယမဝင်ကြပေ။ ၎င်းသည် စစ်မှန်သောနတ်ဘုရားအဆင့်ဖြစ်သည်။ တုန်ယင်နေသော မျက်လုံးတစ်စုံသည် အားကောင်းသောအလင်းကို ထုတ်လွှတ်နေပြီး အားလုံးမှာ အသက်ရှူကြပ်လျက်ရှိသည်။ ဤကဲ့သို့ အခြေအနေအောက်တွင် အသံထွက်ခွင့်မရှိသည်ကို အားလုံးသိထားကြသည်။
ရုတ်တရက် လေတိုက်လာပြီး ကောင်းကင်နှင့်မြေကြီးစွမ်းအားသည် ကောင်းကင်ကို ဖုံးအုပ်လိုက်သည့်အလား ရုတ်တရက် သူတို့နှစ်ယောက်ဆီသို့ စုဝေးလေသည်။ ထိုအချိန်တွင် သူတို့နှစ်ယောက်၏မျက်လုံးများသည် ပိုပိုပြီး လူသတ်မည့်ရည်ရွယ်ချက်ကို ပြသလေသည်။ အားလုံး၏မျက်လုံးများသည် သူတို့နှစ်ယောက်ဆီသို့ ကျရောက်နေသော်လည်း ထိုအခိုက်အတန့်တွင် ဗလာကျင်းသွားကာ လူနှစ်ယောက်၏ ပုံရိပ်ယောင်များကိုသာ မြင်လိုက်ရလေ သည်။
ရွှီး
မြန်ဆန်သည်။ အရှိန်မှာ အလွန်အမင်းမြန်ဆန်သည်။ ပုံရိပ်နှစ်ခုသည် လျှပ်စီးကဲ့သို့လက်နေပြီး တစ်ယောက်နှင့်တစ်ယောက်ဆီသို့ အလျင်စလိုလာ နေသည်။ စွမ်းအင်နှစ်ခုသည် လေထဲတွင် ကောင်းကင်အား လှုပ်ခါစေသည်။ ရွှေရောင်ရောထားသည့်ကိုးရောင်အလင်းတန်းနှင့် မီးတောက်ကဲ့သို့ တောက်လောင်နေသည့်စွမ်းအား စီးကြောင်းနှစ်ခုသည် အတူတကွ ရိုက်မိလေ သည်။
ဘုန်း..
ကောင်းကင်သည် လှုပ်ရှားသွားကာ မြေကြီးမှာ လှုပ်ခတ်သွားသည်။ တချို့အိမ်များပင်ပြိုကျ ကွဲအက်လေသည်။ လမ်းပေါ်မှ သစ်ပင်အိုများသည် လှုပ်ယမ်းပြီး ပြိုလဲကြသည်။ နတ်စွမ်းအင်နှစ်ခု ပြင်းထန်စွာတိုက်ပြီးနောက် တွင် ကောင်းကင်နှင့်မြေကြီးကြားမှ မုန်တိုင်းသည် ကောင်းကင်မှ မီတာထောင် ချီ ပြေးဝင်လေသည်။
သန့်စင်သောစွမ်းအင်တိုက်မှုပင်။ ရွှေရောင်စွမ်းအင်နှင့် ရွှေရောင်အနည်း ငယ်ပါဝင်သော ကိုးရောင်တို့သည် ပြီးပြည့်စုံသောအားကောင်းသည့် တိုက်မှု ပင်။ ကြီးမားသောနဂါးနှစ်ကောင်သည် ဟိန်းဟောက်ပြီး ကောင်းကင်ကိုဖြတ် သွားနေသည်။ အင်အားနှစ်ခုတိုက်သည့်နေရာတွင် မူလကအသာစီးရနေသော မင်ဟွမ်သည် ထိုအခိုက်တွင် ပြင်းထန်စွာတွန့်သွားမိသည်။ သူသည် နတ်စွမ်းအားနှစ်ခုတိုက်သည့် လုပ်ငန်းစဉ်တွင် သူ့နတ်စွမ်းအားမှာ တိတ်တိတ် လေးပျောက်ကွယ်သွားသည်ကို သူ ခံစားမိနေသည်။
ဓား ၃ လက်၏ နတ်ဘုရားဘုရင်အနေနှင့် အလွန်အရည်အချင်းရှိသော မင်ဟွမ်သည် ပေထင်းဟွမ်ထက် နတ်စွမ်းအားတစ်ဆင့်မြင့်သည်။ ဓား ၉ လက် နတ်ဘုရားဖြစ်သော်လည်း ပေထင်းဟွမ်၏နတ်စွမ်းအားတွင်ပါဝင်သော စွမ်းအင်သည် အလွန်အားကောင်းသည်။ သူ၏နတ်စွမ်းအားပြလိုက်ချိန်တွင် စွမ်းအားသည် အလွန်ပင်ပြင်းထန်သည်။ နတ်စွမ်းအားတိုက်မှုအောက်တွင် သူသည် တောက်လောင်သောနာကျင်မှုကိုခံစားရလေသည်။
“ဒီလူက အရည်အချင်းတော့ရှိသေးသားပဲ၊ ဟင်း ဒီလိုကလေးက ပင်မတိုက်ကြီးလိုနေရာမှာပေါ်လာရတယ်လို့၊ ငါနဲ့သာတွေ့ရင် သေဖို့တန်ပါတယ်”
မင်ဟွမ်သည် ရင်ထဲမှ အေးစက်စွာနှာမှုတ်လိုက်သည်။ ဝိညာဉ်နတ်ဘုရား မျိုးနွယ်၏ မင်းသားတစ်ယောက်အနေနှင့် သူသည် နတ်မိစ္ဆာဝိညာဉ်၏ တန်ဖိုး ထားခြင်းကိုခံရသည်။ သူသည် အမြင့်ဆုံးအုပ်စိုးသူမင်ဟုန်၏ ရတနာတစ်ပါး လည်းဖြစသည်။
သူတို့နှစ်ယောက်ကြားမှ ထိပ်တိုက်တွေ့ခြင်းသည် တစ်ယောက်နှင့် တစ် ယောက်အတွက် ကောင်းကျိုးမရှိခြင်းသာ။ ပြင်းထန်သည့်တိုက်မှုအပြီးတွင် မင်ဟွမ်သည် ပေထင်းဟွမ်၏ထူးဆန်းသော နတ်စွမ်းအားကြောင့် ထိတ်လန့် သွားကာ ဆက်တိုက်နောက်ဆုတ်လေသည်။ ပေထင်းဟွမ်သည်လည်း မင်ဟွမ် ၏ ခမ်းနားသော နတ်စွမ်းအားကြောင့် နောက်ဆုတ်လေသည်။