← Chapters

ဝိညာဉ်ပညာလား

Vol. 65 Ch. 1295

ဝိညာဉ်ပညာလား

Vol. 65 Ch. 1295

သူတို့သည်နောက်ပြန်ဆုတ်လိုက်ရာ နှစ်ယောက်ကြားမှအကွာအဝေး သည် ဟသွားပြန်သည်။ သူတို့ဆီမှ ထွက်လာသောနတ်စွမ်းအားသည် နှစ်ယောက်လုံးအား မီးတောက်သဖွယ်တောက်လောင်ပြန်သည်။ ထိုကဲ့သို့ ခမ်းနားသည့်ခွန်အားသည် အပြင်လူများအားလုံးကိုတုန်ယင်သွားစေသည်။ သူတို့မျက်လုံးထဲတွင် ကြောက်လန့်မှုကြီးဖြစ်ပေါ်လာ၏။

“ရှောင်ကျို့က ဓား ၉ လက်နတ်ဘုရားဆိုပေမဲ့ မင်ဟွမ်ကိုသတ်ဖို့မဖြစ် နိုင်ဘူး”

သခင်ကြီးလေးဦးသည်လည်း နတ်ဘုရားပင်ဖြစ်သည်။ သူတို့တွင် ထူခြားသောအမြင်ရှိသည်။ အစောက နတ်စွမ်းအားပြိုင်ပွဲတွင် ပြိုင်ဘက်သည် ထိတ်လန့်ကာနောက်ဆုတ်သွားဟန်တူသည်။ သို့သော် ပေထင်းဟွမ်သည် အသာစီးရနေတုန်းပင်။ ဓား ၉ လက်နတ်ဘုရား၏ခွန်အားနှင့် ဓား ၃ လက် နတ်ဘုရားဘုရင်တို့တွင် မလျှော့သည့်သူအနိုင်ရမည်ဖြစ်သည်။

မြေပေါ်တွင် ဤကဲ့သို့သခင်များ မနည်းပေ။ ပထမဆုံးအကြိမ် တိုက်ခိုက် ရေးတွင် အားလုံးသည် ပေထင်းဟွမ်အား နောက်တစ်ခါ ကြည့်ပြန်သည်။ သူတို့ ၏ မျက်လုံးများသည် မတူတော့ပေ။ ကြောက်လန့်မှုအကြားတွင် ဂုဏ်ယူသည့် အလင်းတန်းမြင့်တက်လာသည်။ ထို့အပြင် ပေထင်းဟွမ်သည် ပင်မတိုက်ကြီးမှ ဖြစ်သည်။

“ပေထင်းဟွမ် မင်းက အရမ်းသန်မာတာကို ဒီဘုရင်ဝန်ခံပါတယ်၊ ပြီးတော့ ပင်မတိုက်ကြီးလိုမျိုး ပျက်စီးနေတဲ့နေရာမှာ ဒီအဆင့်ထိကျင့်ကြံနိုင် တယ်ဆိုရင် မင်းအသက်ကိုမင်း တန်ဖိုးထားသင့်တယ်”

တောက်ပသောအလင်းသည် လေထဲတွင်မျောနေပြီး မြင်းတစ်ကောင်ကဲ့ သို့ နတ်စွမ်းအားသည် သူ၏ခန္ဓာကိုယ်ထဲမှထွက်လာပြီး ပြင်းထန်သောရေစီး ကဲ့သို့ သူ့ကိုဝိုင်းပတ်လေသည်။ ကောင်းကင်နှင့်မြေကြီးရောင်ဝါသည် သူ့ဆီသို့ လျင်မြန်စွာရွေ့လျားသွားပြီး ရှည်လျားသောငွေရောင်ဆံပင်သည် လေထဲတွင် လွင့်ပနေပြီး စစ်နတ်ဘုရား ဆင်းသက်လာသကဲ့သို့ဖြစ်နေသည်။

သားရဲများဖြင့် ချပ်ဝတ်တန်ဆာဝတ်ဆင်လိုက်သည်နှင့် သူ၏ရွှေရောင် မျက်အိမ်များသည် ငွေရောင်အဖြစ်ပြောင်းသွားကာ ပေထင်းဟွမ်အား စိုက်ကြည့်နေသည်။ သူ၏ အထင်သေးသောစကားလုံးများသည် ကောင်းကင် နှင့်မြေကြီးအကြားတွင် ပဲ့တင်ထပ်သွားသည်။

“မင်ဟွမ် အသုံးမဝင်တာတွေပြောမနေနဲ့” ပေထင်းဟွမ်သည် ထိုအချိန် တွင် မင်ဟွမ်နှင့် စကားမပြောချင်တော့ပေ။ သူမလက်ထဲမှ ဓားပျော့သည် မြင့်မြင့်မြောက်သွားကာ နှင်းဖြူရောင်ဓားပျော့သည် ကိုးရောင်အလင်းလက် နေပြီး ပန်းများပွင့်လာသလိုဖြစ်နေ၏။

မင်ဟွမ်သည် ပေထင်းဟွမ်၏စကားများကြောင့် ဒေါသထွက်သွားပြန် သည်။ သူသည် အေးစက်စွာနှာမှုတ်လိုက်ကာ လက်ထဲမှ စီရင်ချက်လှံတံကို ကောင်းကင်ဆီသို့မြှောက်လိုက်သည်။ လှံထိပ်ဖျားမှ ပတ္တမြားနှင့်တူသော စွမ်းအားသည် မိုးပေါ်သို့မျှော်တက်လေသည်။ မှင်ရောင်တိမ်တိုက်အကြားတွင် ကြယ်တစ်ပွင့်နှင့် ကြယ်ကြွေဆင်းမှုတို့ ပေါင်းစပ်ပြီး သူ၏ခန္ဓာကိုယ်မှ ထူဆန်း သောစွမ်းအင်ထွက်ပေါ်လာကာ ၎င်းအား မြူခိုးကဲ့သို့ လွှမ်းမိုးလေသည်။

ဟူး...

ကောင်းကင်နှင့်မြေကြီးအကြားမှ ဝိညာဉ်စွမ်းအားသည် ထိုအချိန်တွင် လည်ပတ်နေပြီး သူ့ဆီသို့ မြင်းတစ်ကောင်အလား ပြေးဝင်လာကာ ကောင်းကင်ပေါ်သို့ အသံဖြင့်ထိုးဖောက်လေသည်။ ထိုအခိုက်အတန့်တွင် ကမ္ဘာတစ်ခုလုံးသည် အဆုံးသတ်တော့မည့်အလား ရုန့်ရင်းဆန်ခတ်ဖြစ်နေ၏။

မင်ဟွမ် လှံတံလှုပ်ယမ်းကာ လှံတံပေါ်မှ ပတ္တမြားကိုသုံးပြီး ကြယ်ကြွေရန် မိုးပေါ်တွင် ထူးဆန်းသည့်ပုံစံတစ်ခုဆွဲကာ ဆွဲဆောင်လိုက်သည် ကို အားလုံးမြင်လိုက်ရသည်။ ပြီးပြည့်စုံသည့်ပုံစံဆွဲသည့်လုပ်ငန်းစဉ်တွင် ယန်ချန်းအထက်မှ မည်းနက်နေသောကောင်းကင်ရှိ တိမ်တိုက်များသည် တဖြည်းဖြည်းလွင့်ပျယ်သွားသည်ကို အားလုံးမြင်လိုက်ရသည်။ ကြယ်ကြွေ သွားပြီး ပြင်းထန်သောစွမ်းအားကိုသယ်ဆောင်ကာ မင်ဟွမ်၏ခန္ဓာကိုယ်ထဲသို့ ရေစီးကဲ့သို့စီးဝင်လေသည်။

ကြယ်ကြွေစွမ်းအားသည် ရူးသွပ်စွာနှင့် မင်ဟွမ်၏ခန္ဓာကိုယ်ထဲသို့ တိုးဝင် လေသည်။ သူ့လက်ထဲမှ စီရင်ချက်လှံတံသည် ရုတ်တရက် အလင်းအဖြစ် ပေါက်ကွဲထွက်ပြီး မရေတွက်နိုင်သော ပုံရိပ်များသည် စီရင်ချက်လှံတံမှ ထွက် လာကာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင် လိုက်လာလေသည်။ ထို အာရုံပုံရိပ်များသည် အတက်အကျရှိနေသည်။

“ဒါက... ဒါက... ဒါ..” ယန်ချန်း၏အကြီးအကဲကြီးသည် တံတွေးကို ခက်ခက်ခဲခဲမျိုချကာ ယန်ယဲ့အား ခိုးကြည့်ပြီး တိုးညင်းသောအသံဖြင့် သတိ ပေးလိုက်သည် “ဝိညာဉ်နတ်ဘုရားမျိုးနွယ်က ဝိညာဉ်နတ်ဘုရားပညာကို မင်းသားမင်ဟွမ်ကို လက်ဆင့်ကမ်းပေးလိုက်တာပဲ”

“ဝိညာဉ်ပညာလား”

ထိုစကားများကိုကြားသောအခါ ပေထင်းကျင်သည် တုန်ယင်သွားပြီး ခေါင်မိုးပေါ်မှ ကျလုမတတ်ဖြစ်သွားလေသည်။ ဤကဲ့သို့ မှော်ပုံသေနည်းကို မတွေ့ဖူးလျှင် ထိုစကားများကိုကြားသည့်တိုင်အောင် ၎င်းသည် ဖန်ဆင်းရေး နတ်ဘုရားမှချန်ထားခဲ့ပြီး စွမ်းအားမှာ တွေးမရနိုင်လောက်အောင် ကြီးမားသည်ကို သိမည်မဟုတ်ပေ။

All Chapters