Chapters

ဝိညာဉ်ပညာ၊ ကြယ်ဖျက်ဆီးခြင်း

Vol. 65 Ch. 1297

ဝိညာဉ်ပညာ၊ ကြယ်ဖျက်ဆီးခြင်း

Vol. 65 Ch. 1297

ထိုအခိုက်အတန့်တွင် တခြားပုံရိပ်တစ်ခုပေါ်လာပြီး ကြီးမားသော ရွှေရောင်ရှေးဟောင်းမျောက်ဝံနှင့် တခြားသားရဲနှစ်ကောင်၏ပုံရိပ်တို့သည် ပေထင်းဟွမ်အား အတူတကွဝိုင်းပတ်လိုက်သည်။ ပုံရိပ်သုံးခုဖြစ်သည့်တိုင် အောင် သူတို့ထဲတွင် ကြီးမားသောစွမ်းအင်ပါဝင်သေည်။ ကောင်းကင်နှင့် မြေကြီး ဝိညာဉ်စွမ်းအင်သည် ၎င်းတို့ထဲတွင် ပေါက်ဖွားလာကာ ကြယ်များ၏ စွမ်းအားကို ဆွဲဆောင်နိုင်သော တောက်ပသောအလင်းဖြစ်သဖြင့် သူတို့၏ မျက်လုံးထဲတွင် ထိတ်လန့်မှုများ ဖြစ်ပေါ်လာပြန်သည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်သည် ပိုပိုပြီးမည်းနက်လာသည်။ ၎င်းသည် မင်ဟွမ်၏ကြယ်စွမ်းအားကြောင့်ဖြစ်လျှင်တောင် ကောင်းကင်တွင် ဖြစ်လာသည့် နက္ခတ်တာရာများသည် ရုတ်ရုတ်သဲသဲလှိမ့်လာသော အမှောင် ထုကို မခုခံနိုင်ပေ။

ထိုအပြောင်းအလဲသည် မြေပြင်တွင် စိတ်လှုပ်ရှားစွာနှင့် ကြည့်နေသော လူများကို ကြောက်လန့်သွားစေသည်။ မရေမတွက်နိုင်သောမျက်လုံးများသည် ပေထင်းဟွမ်၏ အနောက်သို့ စုပြုံကြလေသည်။ သားရဲများ၏ပုံရိပ်သုံးခု၊ တစ်ခုမှာ အရှင်ကြီးခွန်အားရှိပြီး တခြားနှစ်ကောင်မှာ နတ်ဘုရားစွမ်းအားရှိကြ သည်။ သားရဲများအသွင်ပြောင်းထားရာ သူတို့ထဲတွင် ကြောက်စရာကောင်း သော စွမ်းအင်အတက်အကျကို ခံစားမိလေသည်။

ပေထင်းဟွမ်သည် ဤတိုက်ကြီးတွင် အားအကောင်းဆုံးလူပီသသည်။

သူ့တွင် ဤတိုက်ကြီးကို အုပ်စိုးနိုင်သည့်စွမ်းအားရှိသည်။ ဤအခိုက်အတန့်တွင် ယန်ချန်းမှလူဖြစ်စေ ယန်ချန်းအပြင်မှလာသော ပင်မတိုက်ကြီးမှလူဖြစ်စေ ဤလူငယ်ကို ကျိန်းသေပေါက် မှတ်မိသွားမည်ဖြစ် သည်။ နှစ်ပေါင်းများစွာကြာပြီးသော်လည်း ယနေ့ကို မှတ်မိမည့်သူ များလိမ့် မည်။

“ကံကောင်းလို့ ငါ သူနဲ့ ဘာပဋိပက္ခမှမဖြစ်မိတာ၊ ဒီလူက ကြောက်စရာ ကောင်းလောက်အောင် အားကောင်းတာပဲ”

“ကံကောင်းလို့ ငါတို့အဖွဲ့အစည်းက ဟွမ်ချန်းနဲ့ ဆက်ဆံရေးကောင်း တယ်၊ သူတို့ သဘောမကျရင်တောင် သူတို့ကို မပြစ်မှားမိဘူး”

လူများသည် စိတ်ထဲတွင် ထိုသို့တွေးနေကြသည်။ ထို့အပြင် ပေထင်းဟွမ် ဆီမှ ဤရိုက်ချက်ကို တိုက်ကြီးပေါ်ရှိ မည်သည့်အဖွဲ့အစည်းမှ မခံနိုင်ကြပေ။ ဤလူငယ်တွင် သန့်စင်သောမြို့ကို ဖျက်ဆီးရန် စွမ်းအားရှိလျှင်တောင် နှစ်ပေါင်းများစွာ ဆင်းသက်လာသော စွမ်းအားကို နတ်ဘုရားအဆင့်မရောက် ခင်တွင် ပိုင်ဆိုင်နေပြီဖြစ်သည်။

ကောင်းကင်အထက်တွင် မင်ဟွမ်၏တစ်ကိုယ်လုံးကို ကြယ်အလွှာဖြင့် ဖုံးအုပ်ထားသည်။ သူသည် ကောင်းကင်နှင့်မြေကြီးရောင်ဝါကို စီရင်ချက်လှံတံ ထဲသို့အကုန်လောင်းထည့်လိုက်သည်နှင့် ကြယ်စွမ်းအားသည် လှုံ့ဆော်ပြီးသား ဖြစ်လေသည်။ အားကောင်းသောစွမ်းအားစုစည်းလာသည်နှင့် စီရင်ချက်လှံတံ ကိုလည်း ကြယ်အလင်းတန်းအလွှာဖြင့် ဝန်းပတ်လေသည်။ ၎င်းသည် တည်ငြိမ်ပုံပေါက်ပြီး ကမ္ဘာပေါ်တွင် ရောင်ခြည်တန်းစွမ်းအင်အတက်အကျ ဖြစ်ပေါ်လာသည်။

ယန်ယဲ့နှင့်တခြားသူများတွင် အဆိပ်ပြင်းသော အမြင်ရှိသည်။ စီရင်ချက် လှံတံတွင်ပါဝင်သည့် သေစေလောက်သောစွမ်းအင်မှာ မည်မျှအားကောင်း ကြောင်းကို သေချာပေါက်ပင် သူတို့လည်းမြင်နိုင်ကြသည်။ ဤအခိုက်အတန့် တွင် ယန်ယဲ့၏လက်ဖဝါးထဲတွင် ပင်ပေါင်ဘောလုံးအရွယ်အစားရှိ အနက်ရောင်အလင်းလုံးသည် တဖြည်းဖြည်းလှည့်ပတ်လာသည်။ သူ၏ပစ္စည်း များမှာ မှော်စွမ်းအားထက်သန်မာသော အလင်းတစ်ခုဖြစ်သည်ကို အားလုံးမြင် နိုင်ကြလိမ့်မည်။ သန့်စင်သောနဂါးနက် ကူးခတ်လေလေ ရံဖန်ရံခါတွင် မာန်ဟိန်းသံပေါ်ထွက်လာသည်။ မည်သည့်အသံမကြားရသော်လည်း ကမ္ဘာ ကြီးကို ဖျက်ဆီးသည့်စွမ်းအင်ကို ခံစားနိုင်လေသည်။

သူသည် အချိန်မရွေးတိုက်ခိုက်ရန် အသင့်ဖြစ်နေပြီး သူ၏မိန်းကလေးကို သူ့ရှေ့တွင် ထပ်မံကျဆုံးခွင့်မပြုပေ။

မင်ဟွမ်၏မျက်လုံးများ ပေထင်းဟွမ်၏အနောက်ရှိ ကြီးမားသောသားရဲ ပုံရိပ်များဆီသို့ ရောက်သောအခါ မထိန်းချုပ်နိုင်လောက်အောင် လှုပ်ခတ်သွား ကာ လှိုင်းဂယက်များဖြစ်ပေါ်လာသဖြင့် အလျင်အမြန်ပင် ဖိနှိပ်လိုက်သည်။ ထို အခိုက်အတန့်တွင် ခံစားချက်အနည်းငယ်ကပင် သေဆုံးသည်အထိ တွန်းပို့နိုင် သည်။

သူသည် လက်ကိုဖြည်းဖြည်းမြှောက်လိုက်သည်။ စီရင်ချက်လှံတံ အထက်တွင် ပတ္တမြားနှင့်တူသော စွမ်းအင်သည် တောက်ပသောကြေးမုံ တစ်ချပ်ကဲ့သို့ ကြယ်အလင်းတန်းထွက်ပေါ်ကာ ကောင်းကင်ပေါ်မှ ကြယ်များ အားလုံးသည် အလယ်တွင် ရောင်ပြန်ဟပ်နေသည်။ သူ့လက်ထဲမှ လှံတံနှင့် အတူ ပေထင်းဟွမ်ရှိရာသို့ ခြေထောက်ဖြင့်ထောက်ကာသွားလေသည်။ ပေထင်းဟွမ်ဆီသို့ ကြယ်မြစ်တစ်စင်း တိုးဝင်လေသည်။

“လင်ရှန့်ကျိုးကြယ် ဖျက်ဆီး”