Chapters

ဗုဒ္ဓအမျက်

Vol. 65 Ch. 1298

ဗုဒ္ဓအမျက်

Vol. 65 Ch. 1298

ကြယ်တာရာအလင်းတန်းတစ်ခုလုံးသည် ပေထင်းဟွမ်ဆီသို့ ဦးတည် လေသည်။ ထိုအခိုက်အတန့်တွင် မရေတွက်နိုင်သောကြယ်များသည် အလယ် တွင် တစ်နေရာတည်းသို့လာဆုံကာ လှိုင်းဂယက်များဖြစ်ပေါ်လေသည်။ စွမ်းအင်လှိုင်းဂယက်များသည် ကြမ်းတမ်းစွာ တုန်ခါပြီး ရေထဲသို့ ကျောက်တုံး ကြီးပစ်ချလိုက်သကဲ့သို့ စွမ်းအင်လှိုင်းဂယက်များ လှုပ်ခတ်သွားသည်ကို မြင်နိုင် လေသည်။

ကြယ်အလင်းတန်းရုတ်တရက် ပြိုကွဲသွားပြီး ထောင်ချီသော အလင်း တန်းများသည် နေရောာင်အလင်းတန်းကဲ့သို့ ပျံ့သွားလေသည်။ အလင်းတန်း တိုင်းသည် လူများကို မျက်စိစူးသွားစေသည်။ သို့သော် ဤအခိုက်အတန့်တွင် မည်သူမှ မျက်လုံးမမှိတ်လိုကြပေ။ မျက်စိကန်းသွားလျှင်တောင် စွန့်စားလိုကြ ကာ ပေထင်းဟွမ်ဆီသို့ ကြယ်တာရာတန်း ရွေ့လျားသွားသည်ကို စိုက်ကြည့် နေတုန်းပင်ဖြစ်သည်။

ကြယ်တာရာတန်းကျသွားရာ ထိုအခိုက်အတန့်တွင် စွမ်းအင်လှိုင်းသည် ရုတ်တရက် လှုပ်ခတ်သွားပြီး အားလုံး၏မျက်လုံးများသည် ရုတ်တရက် ထင်ယောင်ထင်မှားမြင်လိုက်ရသလိုပင်ဖြစ်လေသည်။ ကြယ်တာရာတန်းတွင် ရွှေရောင်စီရင်ချက်ဗိမာန်သည် ရွှေရောင်ထုတ်လွှတ်ပြီး တဖြည်းဖြည်းထွက် လာကာ နတ်ဘုရား၏လက်ကဲ့သို့ အလွန်ကြီးမားလာပြီး စကြာဝဠာကို လှုပ်ခတ်နိုင်သည့်စွမ်းအားနှင့်အတူ ပေထင်းဟွမ်အား ပြင်းထန်စွာ ရိုက်ချလေ သည်။

ဘုန်း..

စီရင်ချက်လှံတံသည် အလွန်ကြီးမားသည်။ တောက်ပသော ရွှေရောင် အလင်းနှင့်အတူ ဦးတည်ချက်တစ်ဖက်တည်းသို့ ရွေ့လျားသွားပြီး ကြီးမားသော အက်ကွဲကြောင်းနှင့်အတူ လေဟာနယ်ပြိုလဲလေသည်။

မရေတွက်နိုင်သောလူများ၏ မျက်လုံးထဲတွင် ထုံထိုင်းသောမျက်နှာထား ပေါ်လာသည်။ ထိုအခိုက်အတန့်တွင် သူတို့၏ ဝိညာဉ်များသည် ကြောက်လန့် နေကြသည်။ ကြယ်စွမ်းအားစုစည်းလိုက်သည့် စီရင်ချက်လှ့တံသည် ဤမျှ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု မည်သူမှထင်မထားကြပေ။

ကောင်းကင်နှင့်မြေကြီး တုန်ခါသွားပြီး ဟာရီကိန်းသည် ကောင်းကင်နှင့် မြေကြီးအကြားတွင် ဟိန်းတက်လာသည်။ ပေထင်းဟွမ်၏ ခန္ဓာကိုယ်သည် ပြိုကျနေသော နေရာထဲတွင် ရပ်နေဆဲဖြစ်သည်။ ဘယ်တော့မှမပြိုလဲသည့် တောင်တစ်လုံးကဲ့သို့ သူမ၏မျက်လုံးများသည် တိုက်ခိုက်လာသော စီရင်ချက် လှံတံကိုကြည့်နေသည်။ ထိုအခိုက်တွင် သူမ၏ခန္ဓာကိုယ်ထဲမှ နတ်စွမ်းအား လည်း မြင့်တက်လာသည်။

ပေထင်းဟွမ်၏ မည်းနက်သောမျက်လုံးများထဲတွင် လေနှင့်တိမ်တိုက် များ ပေါင်းစပ်သွားပြီး မြင်းတစ်ကောင်ကဲ့သို့ လူသတ်နိုင်သည့်ရောင်ဝါ အဆီအနှစ်သည် သူ၏မျက်လုံးထဲမှ ရေစီးကြောင်းကဲ့သို့ ထွက်လာသည်။ လူသတ်မည့်ရည်ရွယ်ချက် လှိမ့်တက်လာပြီး တိုက်ခိုက်ချင်စိတ်များသည် နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းကိုပင် နားလည်စေလောက်သည်။ သားရဲသုံးကောင် ၏ ပုံရိပ်များသည် မာန်ဟိန်းလိုက်ကာ လူသတ်မည့်ရောင်ဝါလှိမ့်တက်လာပြီး ဤကမ္ဘာမှလူများကို ရှေးဟောင်းစစ်မြေပြင်ကဲ့သို့ထင်မှတ်စေသည်။

ပေထင်းဟွမ်၏ မည်းနက်သောမျက်လုံးများသည် ထိုအချိန်တွင် သွေးနီ ရောင်များဖြင့် ပြည့်နှက်နေသည်။ သူမ၏ခန္ဓာကိုယ်မှ နတ်စွမ်းအားသည် အနောက်မှ သားရဲသုံးကောင်၏ပုံရိပ်ဆီသို့ ပြေးဝင်သွားပြီး ၎င်းတို့ကို အစစ်အမှန်များအဖြစ် မြင်ရစေသည်။

အပလောကလိပ်သည် လေဟာနယ်ကိုဖြတ်ကာ ထွက်လာသည်။ ရွှေရောင်ရှေးဟောင်းမျောက်ဝံသည် မိုးပေါ်သို့မျှော်ကြည့်ကာ ဟိန်းလိုက် သည်။ အနီရောင်အမြီးကိုးချောင်းမြေခွေးသည် အနည်းငယ်ခါယမ်းလိုက်ရာ မီးတောက်များသည် မိုးပေါ်သို့တက်သွားကာ လူသတ်မည့်ဝိညာဉ်ဖြစ်ပေါ်လာ သည်။ လူများသည် ရှူရာမြေပြင်သို့ရောက်နေသည့်အလား ကြောက်လန့်မှု အပြည့်ပင်။

“ဗုဒ္ဓအမျက် ရွှမ်မင်လက်”

ပေထင်းဟွမ်၏အသံသည် ဇာမဏီအော်သံကဲ့သို့ ကောင်းကင်နှင့်မြေကြီး အကြားတွင်ပဲ့တင်ထပ်သွားသည်။ ပေထင်းဟွမ်သည် လက်ထဲမှ ဓားပျော့ကို မြင့်မြင့်မြှောက်ကာ ပြင်းထန်စွာလွှဲယမ်းလိုက်သည်။ သူမအနောက်တွင် သားရဲ သုံးကောင်၏ပုံရိပ်သည် ရုတ်တရက် ပျောက်ကွယ်သွားလေသည်။

သို့သော် သားရဲသုံးကောင်၏ပုံရိပ်မှာ အမှန်တကယ်ပျောက်ကွယ်သွား သည်ဟု မည်သူမှမထင်ကြပေ။ ထိုအခိုက်အတန့်တွင် ကောင်းကင်ပြိုသွား သကဲ့သို့ခံစားချက်နှင့် ကြီးမားသောတိုက်မှုသည် အားလုံး၏စိတ်ကို တုန်ခါ သွားစေသည်။ လူများသည် ရင်တုန်သည်ကိုပင် ချုပ်တည်းထားရသည်။

နက်ရှိုင်းသောမာန်ဟိန်းသံသည် မည်းမှောင်သောကောင်းကင်ကို ထိုးဖောက်လာကာ ကောင်းကင်မှတဖြည်းဖြည်းဆင်းသက်လာသည်။ အမှောင်ထုသည် ကမ္ဘာမြေကို လွှမ်းမိုးပြီး အနောက်ဘုရားကျောင်းမှထွက် လာသည့် ဗုဒ္ဓလက်သည် အချိန်နှင့်နေရာကိုဖြတ်ကာ ရုတ်တရက်ကောင်းကင် တွင်ပေါ်လာလေသည်။