← Chapters

ရွှမ်မင်လက်နှင့် နဂါးငွေ့တန်း

Vol. 65 Ch. 1299

ရွှမ်မင်လက်နှင့် နဂါးငွေ့တန်း

Vol. 65 Ch. 1299

ဘုန်း

အဝေးတွင်ခေါင်းလောင်းတစ်လုံးသည် ကောင်းကင်ကို ထိုးတက်ပြီး မြည်ဟီးလေသည်။ ကောင်းကင်တစ်ခုလုံးမှ ရောင်ဝါသည် ထိုအခိုက်အတန့် တွင် တန့်နေသည်။ ထိုအထဲတွင် စီရင်ချက်လှံတံသည် ကြောက်စရာကောင်း သော စွမ်းအင်၊ တိတ်ဆိတ်မှုထဲမှ လူသတ်မည့်ရည်ရွယ်ချက်တို့နှင့်အတူ နဂါးငွေ့တန်းဆီသို့ တိုက်ခိုက်ရာ ပြင်းထန်စွာ လှုပ်ခါကြလေသည်။

ဘုန်း

စွမ်းအင်နှစ်ခု ပြင်းထန်စွာလှုပ်ခတ်သည့် အခိုက်အတန့်တွင် ကမ္ဘာတစ်ခု လုံး တိတ်ဆိတ်သွားကာ ကောင်းကင်အထက်မှ ကြယ်များသည် အနည်းငယ် လှုပ်ခါသွားသကဲ့သို့ အရောင်ပင်မလက်နိုင်တော့ပေ။ ဗုဒ္ဓလက်သည် စီရင်ချက် လှံတံကို ပြင်းထန်စွာ ရိုက်ချလေသည်။ ၎င်းသည် စွမ်းအင်မှအသွင်ပြောင်း လိုက်သော စိတ်လှည့်စားမှုဖြစ်သည်မှာ သေချာသော်လည်း ဗုဒ္ဓလူက်နှင့် စီရင်ချက်လှံတံတို့သည် သတ္တုများဖြင့်ပြုလုပ်ထားသဖြင့် မီးပွားများနှင့်အတူ တိုက်မိခြင်းပင်။

အနက်နှင့်ရွှေတို့သည် မီးရှူးမီးပန်းများသဖွယ် အားလုံး၏ မျက်လုံးထဲ တွင် ပွင့်ထွက်လေသည်။

သို့သော် ဗုဒ္ဓလက်နှင့်တိုက်မိသောအခါ အမှောင်အလင်းတန်းပွင့်ထွက် ပြီး စီရင်ချက်လှံတံပေါ်သို့ အလင်းများပြန့်ကျဲကာ အမှောင်ပျောက်ကွယ်သွား ပြီး ကိုးရောင်အလင်းတန်းသည် ပန်းများသဖွယ်ပွင့်လန်းလာသည်မှာ စီရင်ချက် လှံတံမှအသွင်ပြောင်းထားသည့် ရွှေရောင်စွမ်းအင်ကို စားသုံးလိုက်သည့် အလားပင်။

ဤကဲ့သို့ကျူးကျော်ခြင်းသည် တိုက်မိသည့်အချက်၌ အထင်ရှားဆုံးဖြစ် သည်။ အလွန်အမင်းမည်းနက်နေသည့် ဗုဒ္ဓလက်သည် ကိုးရောင်မီးတောက် များပျံ့သွားသည့်အတိုင်းပင်။

လူအားလုံးသည် ကောင်းကင်သို့မော့ကြည့်ကြလေသည်။ ထိုအခိုက်အတန့်တွင် သူတို့၏မျက်လုံးများသည် ကြောက်လန့်မှုအပြည့်နှင့် ဝိညာဉ်များသည် အနက်ရှိုင်းဆုံးထိ တုန်ယင်ကြသည်။ သူတို့၏ခန္ဓာကိုယ်မှ ခွန်အား အားလုံးသည် ကြောက်ရွံ့မှုကြောင့် ပင်ပန်းနေကာ သူတို့၏ဝိညာဉ်များ သည် သူတို့အပိုင်မဟုတ်တော့သလိုပင်။

ကောင်းကင်အထက်တွင် ကြီးမားသောစွမ်းအင်၏ ကြောက်စရာကောင်း သော သက်ရောက်မှုသည် ကန်ထဲမှ ရေလှိုင်းများကဲ့သို့ဖြစ်ပေါ်ပြီး သေမင်း တံစဉ်းကဲ့သို့ လူအများရှိရာသို့ ဝေ့ယမ်းလာမှပင် အားလုံး သတိပြန်ဝင်လာကြ သည်။

ကံကောင်းစွာပင် ထိုအချိန်တွင် လွှမ်းမိုးထားသော အမှောင်စွမ်းအင် သည် မြူခိုးများသဖွယ် ကောင်းကင်တစ်ခုလုံးပျံ့နှံ့သွားကာ အမှောင်စွမ်းအင် ဖုံးအုပ်သည့်အလား တစ်လမ်းလုံးကို လွှမ်းမိုးရာ ကြီးမားသော စွမ်းအင် သက်ရောက်မှုကို ဖယ်ရှားလိုက်သဖြင့် အားလုံးသည် အနည်းငယ် အသက်ရှူ ချောင်သွားသည်။

စွမ်းအင်လှိုင်းသည် အမှောင်စွမ်းအင်ဒိုင်းကာကို ရိုက်ချကာ စွမ်းအင် ဒိုင်းကာသည် ကျုံ့နိုင်သည့်အလား အားကောင်းသောစွမ်းအင်များအားလုံးကို စုပ်ယူလေသည်။ သို့သော် အားလုံး၏ရင်မှာ တက်လိုက်ကျလိုက်နှင့် ခုန်နေရ သည်။

ကြီးမားသောစွမ်းအင်ဆဲသွားသည်နှင့် ကောင်းကင်ပေါ်တွင် မင်ဟွမ်နှင့် ပေထင်းဟွမ်တို့၏ ပုံရိပ်သည် အားလုံးရှေ့တွင် ထပ်မံပေါ်လာပြန်သည်။ သူတို့ နှစ်ယောက်၏ ဦးခေါင်းအထက်ရှိ လေဟာနယ်တွင် ကြီးမားသောတွင်းနက်ကြီး ပေါ်လာပြီး ဓာတ်ငွေ့ထုဖြင့် ထူထဲစွာဖုံးအုပ်လိုက်သည်။ ကောင်းကင်သည် အပေါက်များဖြင့် ပဟေဠိဆန်နေသည်။ ထိုမြင်ကွင်းအားကြည့်ပြီး အားလုံး သည် ကျွတ်သပ်မိကြသည်။

သို့သော် ထိုအချိန်တွင် ထိုအရာများသည် အားလုံး၏ အာရုံကိုဆွဲဆောင် နိုင်သည့်အရာများမဟုတ်ပေ။ စွမ်းအင်များလျော့နည်းသွားသည်နှင့် လေဟာ နယ် အပေါက်သည် တဖြည်းဖြည်းကျုံ့သွားလေသည်။ ကောင်းကင်အထက်မှ သူတို့နှစ်ယောက်ကို သေချာကြည့်လျှင် ပေထင်းဟွမ်သည် ဂုဏ်ယူစွာနှင့်ရပ် နေပြီး မင်ဟွမ်၏ခန္ဓာကိုယ်ပေါ်မှ ကြယ်အလင်းတန်းသည် ပျောက်ကွယ်သွား လေ၏။ သူ၏ခန္ဓာကိုယ်သည် အားလုံး၏ရှေ့တွင် ရှင်းလင်းစွာတည်ရှိနေသည်။

ထိုအချိန်တွင် စီရင်ချက်လှံတံကို ဖျက်ဆီးလိုက်သော လက်ကြီးသည် အနည်းငယ် ယို့ယွင်းသွားသော်လည်း အရင်းခံပုံစံကိုတော့ ထိန်းသိမ်းထားနိုင် ဆဲဖြစ်သည်။ ပြင်းထန်သောစွမ်းအင်မုန်တိုင်းထဲတွင် အနည်းငယ်တုန်ခါပြီး နောက် ၎င်းသည် တောက်ပသောအလင်းဆီသို့ ရွေ့လျားသည်။

ထိုလက်ကြီးသည် သူ့အား ညှာတာမှုကင်းစွာ တိုက်ခိုက်သည်ကိုကြည့်ပြီး မင်ဟွမ်၏ဖြူဖျော့နေသောမျက်နှာနှင့် ငွေရောင်မျက်အိမ်သည် နောက်ဆုံးတွင် အားကောင်းသော ကြောက်လန့်သည့်အကြည့်ကိုပြသလေသည်။ စီရင်ချက် လှံတံ အဆုံးသတ်သွားချိန်တွင် သူ၏ခွန်အားလည်း ပျက်စီးနေပြီဖြစ်သည်။ ကစဥ့်ကလျားသားရဲထိန်းချုပ်ပညာသည် ဤကဲ့သို့ကြီးမားသော စွမ်းအင်ရှိလိမ့် မည်ဟု သူထင်မထားပေ။ သူ၏ 'ကြယ်ဖျက်ဆီး' နှင့် တွေ့ပြီးနောက်ပင်လျှင် ဤကဲ့သို့ အားကောင်းသောစွမ်းအင်နေသေးသည်။

All Chapters