ဖြတ်တောက်ခြင်း
Vol. 65 Ch. 1300
ထိုစွမ်းအားမျိုးကို သူ ၃၃ ကောင်းကင်ဘုံတွင် တွေ့လျှင် ကြောက်လန့်မိ မည်ဖြစ်သည်။ သို့သော် ယခုအချိန်တွင် သူ လုံးဝမကြောက်ပေ။ ထိုလက်ကြီး တဖြည်းဖြည်းနီးနီးလာသည်ကိုကြည့်ပြီး မင်ဟွမ်၏ ညာဘက်သည် စီရင်ချက် လှံတံကို ကိုင်မြှောက်ထားကာ ဘယ်လက်သည် သူ၏ခန္ဓာကိုယ်မှ ကံတရား ကတ်ကိုညှစ်ထားပြီးဖြစ်သည်။
“ဟွမ်အာ သူ ထွက်ပြေးချင်နေပြီ”
ယန်ယဲ့၏စူးရှသောမျက်လုံးများသည် ထိုအချိန်တွင် မင်ဟွမ်ဆီသို့ ရောက်နေသည်။ သို့သော် တစ်ဖက်လူသည် စွမ်းအင်ခန္ဓာကိုယ်သက်သက်သာ ဖြစ်သည်။ သူသည် ပင်မတိုက်ကြီးတွင်နေရန် ဆွပေးသလို မင်ဟွမ်၏ မျက်လုံးများကို ကြည့်လိုက်သည်။ သို့သော် ယန်ယဲ့လက်ထဲတွင် စုပုံလာသော အမှောင်စွမ်းအင်သည် လှံတံအဖြစ်ပြောင်းပြီး အမှောင်မီးတောက်အဖြစ် တောက်ပကာ အလင်းဆီသို့ ပစ်လွှတ်လေသည်။
ယန်ယဲ့စကားသံမဆုံးခင်မှာပင် ငွေရောင်ချည်မျှင်သည် ထိုလက်ကြီးကို ထိုးဖောက်လေသည်။ ၎င်း၏အရှိန်သည် စကားလုံးများနှင့်ဖော်ပြ၍ပင်မရပေ။ မင်ဟွမ်၏လက်သည် အသက်ကတ်ပြားကို ဖိလိုက်သည်။ သူ အသာလေး ဖိရုံနှင့် ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းသည် သူ၏ခန္ဓာကိုယ်ထဲသို့ စွမ်းအင် ကူးပြောင်းပေးကာ ၃၃ ကောင်းကင်ဘုံသို့ ပို့ပေးမည်ဖြစ်သည်။
သူ အသက်ကတ်ပြားကို ဖိရန်ပြင်ဆင်သည့်အချိန်သည် သူ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားသော ငွေချည်လောက်မမြန်ခြင်းပင်။ သူ၏မျက်လုံးထဲတွင် ငွေချည်လက်သွားကာ ပါးစပ်ပွင့်ဟပြီးသားဖြစ်လေသည်။ သူ မအော်လိုက်ရ ခင်မှာပင် ငွေချည်သည် သူ၏မျက်ခုံးကြားသို့ ဖြတ်သွားကာ လက်သည် အသက်ကတ်ပြားကို ဖိနေတုန်းဖြစ်သော်လည်း စွမ်းအားမထည့်ရသေးပေ။
အရာအားလုံးသည် မြန်ဆန်လှသည်။ သူ ငွေချည်ကိုမြင်လိုက်သည့် အခိုက်အတန့်တွင် မင်ဟွမ်၏စိတ်ထဲ၌ ပုံရိပ်တစ်ခု ဖျတ်ခနဲပေါ်လာသည်။ အနီရောင်တိုက်ခိုက်ရေးဝတ်စုံဝတ်ဆင်ထားသည့် မင်းသမီးဟွမ်ကျို့သည် နေရောင်အောက်တွင် လက်ထဲ၌ နှင်းဖြူရောင်ဓားပျော့ကို ကိုင်ဆောင်ထား သည်။ ငွေချည်သည် စစ်မြေပြင်ကို ဖြတ်သွားကာ မရေတွက်နိုင်သော လူများ၏ဦးခေါင်းကို ဖြတ်သွားလေသည်။
“ဟွမ်... ဟွမ်ကျို့...”
ငွေချည်သည် မျက်ခုံးနှစ်ခုကြားသို့ ထိုးဖောက်သွားကာ မင်ဟွမ်၏လက် သည် အသက်ကတ်ပြားကို ဖိထားပြီး အနည်းငယ်ကျန်သောအားဖြင့် ထို အသက်ကတ်ပြားကို ချေမွှရန်ကြိုးစားလေသည်။ ထိုအချိန်တွင် အသက် ကတ်ပြားကို ဖျက်ဆီးရန် အားသုံးရန်ပင်မလိုတော့ပေ။ သူ၏ဦးခေါင်းအား ငွေချည်ဖြတ်သွားသည့်အချိန်၌ အသက်ကတ်ပြားသည် ကြေပြီးပြာဖြစ်သွားနှင့် ၏။ သူ၏စွမ်းအင်ခန္ဓာကိုယ်သည် ယန်ယဲ့၏အနက်ရောင်မီးခိုးရောက်လာချိန် တွင် အပြာရောင်မီးခိုးအဖြစ်ပြောင်းကာ ယန်ချန်း၏လမ်းမရှည်ပေါ်၌ ပြန့်ကျဲ နေသော အသက်ကတ်ပြားအပိုင်းအစများနှင့်အတူ ပျောက်ကွယ်သွားလေ သည်။
အရာအားလုံးသည် ရုတ်ခြည်းဖြစ်သွားသည်။ သေဆုံးသူမှာ ပေထင်းဟွမ် မဟုတ်ဘဲ မင်ဟွမ်သာဖြစ်သည်။ ယခုအချိန်ထိ အားလုံး၏မျက်လုံးထဲတွင် ထိုပန်းချီကားချပ်သည် ထပ်ခါထပ်ခါပြသနေသည်။ ကောင်းကင်တစ်ခုလုံးတွင် ကြယ်များဖြင့်ပြည့်နှက်ကာ ကြယ်တာရာများကျလာပြီး မယှဉ်နိုင်သော စီရင်ချက်လှံတံသည် ပေထင်းဟွမ်ဆီသို့ ထိုးဝင်လေသည်။
ထိုကြီးမားသောစွမ်းအင်သည် စဉ်းစားကြည့်လိုက်ရုံနှင့် လူအများကို တုန်ယင်သွားစေသည်။ ဤကဲ့သို့အားကောင်းသောစွမ်းအားနှင့် ဆင်းသက်သူ သည် ပင်မတိုက်ကြီး၏ ၁၅ နှစ်အရွယ်ကောင်လေး၏ ခေါင်းဖြတ်ခြင်းကိုခံ လိုက်ရလိမ့်မည်ဟု မည်သူမှထင်မထားကြပေ။
သန်မာလွန်းသည်။
ထိုအခိုက်အတန့်တွင် တိုက်ကြီးတစ်ခုလုံးနီးပါးသည် ထိုလူငယ်အား ကြည့်ကြလေသည်။ သူမကိုကြည့်သည့်အကြည့်များသည် ကြောက်လန့်မှုများ ပါဝင်နေသည်ကို သူတို့ကိုယ် သူတို့ပင် သတိမထားမိကြပေ။ ဇာမဏီသည် ဘုရင်တစ်ပါးဖြစ်ပြီး အောင်နိုင်ခြင်းကိုရရှိသည်။
အားလုံးသည် မိုးပေါ်သို့ကြည့်လိုက်ကြသည်။ မိုးပေါ်တွင် ကောင်လေး၏ ခန္ဓာကိုယ်မှ ချပ်ဝတ်တန်ဆာကွာသွားပြီး အနီရောင်ဘရိုကိတ်ဝတ်ရုံသည် ည လေတွင် လွင့်နေသည်။ ဝတ်ရုံပေါ်မှ ပီအန်းပန်းကိုးလွှာသည် တစ်လွှာပြီး တစ်လွှာ ပွင့်လာသလိုထင်ရသည်။ သူမ၏ ရှည်လျားသောဆံနွယ်နက်နက် များသည် လေနှင့်အတူလွင့်နေပြီး မျက်လုံးနက်တစ်စုံသည် အလင်းပျောက် ကွယ်သွားသည့် လေဟာနယ်အား စိုက်ကြည့်နေဆဲပင်။
အတန်ကြာပြီးနောက် သူမ၏မျက်လုံးများသည် တောက်ပနေပြီး နှုတ်ခမ်းထောင့်များသည် တဖြည်းဖြည်းကွေးတက်သွားသည်။ သူမလက်တစ် ချက်လှုပ်ရှားလိုက်သည်နှင့် ကောင်းကင်၌ ရပ်တန့်နေသော ငွေချည်သည် သူမ၏လက်ဆီသို့ ပြန်လာရာ သူမသည် ဓားပျော့ကဲ့သို့ပင် ဆုပ်ကိုင်လိုက်လေ သည်။